PNSP Private High School

PNSP Private High School စည်းကမ်းကောင်းမွန်ပြီးသင်ကြားရေးပြည့်စုံသည့်ကိုယ်ပိုင်ကျောင်း

13/05/2026

ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ
၂၀၂၆ ခုနှစ် အခြေခံပညာဦးစီးဌာန #ဗဟိုအဆင့် ဘက်စုံလူရည်ချွန် Grade-11 သမီး လေး
#မဆုမြတ်ဦး ၏ interview လေးပါ

#လူရည်ချွန်
#ပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း
#သာကေတမြို့နယ်

ယနေ့နှစ်သစ်မှစတင်၍ လူသစ်၊ စိတ်သစ်၊ အင်အားသစ်များဖြင့် ရှေ့ဆက်နိုင်ကြပါစေ။ အမှောင်ကိုခွင်း၍ အလင်းကိုဆောင်သော 'ပညာ' ဖြင့် ...
17/04/2026

ယနေ့နှစ်သစ်မှစတင်၍ လူသစ်၊ စိတ်သစ်၊ အင်အားသစ်များဖြင့် ရှေ့ဆက်နိုင်ကြပါစေ။ အမှောင်ကိုခွင်း၍ အလင်းကိုဆောင်သော 'ပညာ' ဖြင့် မိမိတို့ရဲ့ အနာဂတ်ကို ပိုမိုတောက်ပအောင် ထုဆစ်နိုင်မည့် နှစ်သစ်တစ်ခု ဖြစ်ပါစေကြောင်း ပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်… #ဆုတောင်းမေတ္တာ

မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊...
10/04/2026

မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာ၍ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်…

နှစ်သစ်မှာ အေးမြတဲ့ အတာရေနဲ့အတူ အောင်မြင်မှုအသစ်တွေကို ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ…

#ပညာရွှေပြည် #အတာသင်္ကြန်

👨‍🏫  အလယ်တန်းပြ မြန်မာစာ ဆရာ/ဆရာမများ လျှောက်ထားနိုင်ပါသည် 👩‍🏫 ပညာရွှေပြည်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် အလယ်တန်...
02/04/2026

👨‍🏫 အလယ်တန်းပြ မြန်မာစာ ဆရာ/ဆရာမများ လျှောက်ထားနိုင်ပါသည် 👩‍🏫

ပညာရွှေပြည်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် အလယ်တန်းပြ မြန်မာစာ ဆရာ/ဆရာမ များလိုအပ်ပါသည်။

လိုအပ်သည့်အရည်အချင်းများမှာ -

✅ မြန်မာစာနှင့် ဘွဲ့ရသူ (သို့) ဘွဲ့တစ်ခုခု ရရှိထားသူ
✅ သင်ကြားမှုအတွေ့အကြုံ (၂) နှစ် နှင့်အထက် ရှိသူ
✅ ဦးဆောင်သင်ကြားနိုင်သူ
✅ ဆရာသမားဂုဏ်နှင့်လျှော်ညီစွာ ဝတ်စားဆင်ယင်ပြောဆိုနိုင်သူ ဖြစ်ရပါမည်။

လျှောက်ထားလိုသူများသည် မိမိ၏ကိုယ်ရေးအကျဉ်း ( CV From ), သက်ဆိုင်ရာ ပညာရေးအထောက်အထားများနှင့် အတူ ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း (၁) တည်ရှိရာ
📍အမှတ် (၇၂၁) ဇင်္ဂမလမ်း (၁) ထူပါရုံရပ်ကွက် သာကေတမြို့နယ် ( အနော်မာမှတ်တိုင်နှင့် ထူပါရုံမှတ်တိုင် ကြား) သို့ 🚨“ရုံးချိန်အတွင်း” လူကိုယ်တိုင် 🚨 လာရောက် လျှောက်ထားနိုင်ပါသည်။

စုံစမ်းရန် - ၀၉၉၇၁၁၁၁၃၄၅ ၊ ၀၉၇၇၈၅၉၆၄၄၉

နွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့အတွက် အကျိုးရှိဆုံးနဲ့ အစုံလင်ဆုံး "Summer Program" စာပေ၊ နည်းပညာနဲ့ အားကစား  အ...
06/03/2026

နွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့အတွက် အကျိုးရှိဆုံးနဲ့ အစုံလင်ဆုံး "Summer Program"

စာပေ၊ နည်းပညာနဲ့ အားကစား အကုန်လုံးကို တစ်နေရာတည်းမှာ စနစ်တကျ လေ့ကျင့်သင်ယူနိုင်ဖို့ ပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း ရဲ့ ၂၀၂၆ ခုနှစ် နွေရာသီသင်တန်းမှာ အောက်ပါဘာသာရပ်တွေကို ဖွင့်လှစ်နေပါပြီ နော်

🗓 သင်တန်းက မနေ့ (၅.၃.၂၀၂၆) ကမှ စတာမို့ နောက်ထပ်ကျောင်းသားအနည်းငယ်ကို ထပ်မံလက်ခံသွားမှာဖြစ်ပါတယ်

✅ English (4 Skills): အင်္ဂလိပ်စာ အရည်အချင်း တိုးတက်စေဖို့
✅ Mathematics: သင်္ချာအခြေခံနဲ့ စဉ်းစားတွေးခေါ်မှု အားကောင်းစေဖို့
✅ Basic Computer: ခေတ်နဲ့အညီ ကွန်ပျူတာ အခြေခံအတတ်ပညာများ
✅ Taekwondo: ကျန်းမာကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စေဖို့
နွေရာသီရဲ့ အချိန်တွေကို အလဟသ မဖြစ်စေဘဲ ကာယ ဉာဏ ဗဟုသုတ စုံစုံလင်လင်နဲ့ ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကြရအောင်....

📅 သင်တန်းရက်: အပတ်စဉ် (တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ)

📍 နေရာ: ပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဇင်္ဂမလမ်း (၁)၊ ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်။

စုံစမ်းရန်:
📞 09 250 280 016 📞 09 795 741 814 📞 09 971 111 345

၂၀၂၆ခုနှစ် အခြေခံပညာဦးစီးဌာန  #ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း မှ #ဗဟိုအဆင့်လူရည်ချွန်🏆 ရွေးချယ်ခြင်း ခံရသော Grad...
28/02/2026

၂၀၂၆ခုနှစ် အခြေခံပညာဦးစီးဌာန
#ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း မှ
#ဗဟိုအဆင့်လူရည်ချွန်🏆 ရွေးချယ်ခြင်း ခံရသော Grade 11မှ သမီးလေး မဆုမြတ်ဦး အား #ဆရာကြီးဦးစိုးအောင် နှင့်တကွ ဆရာ ဆရာမများအားလုံးကနေဂုဏ်ယူဝမ်းမြောက်မှတ်တမ်းတင်အပ်ပါတယ်ရှင်👏👏👏

ဆရာဦးစိုး​အောင် (သင်္ချာ)ဦးစီးတည်ထောင်သော ပညာရွှေပြည်  ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade -5 ကျောင်းသားကျောင်းသူ များအာ...
28/02/2026

ဆရာဦးစိုး​အောင် (သင်္ချာ)ဦးစီးတည်ထောင်သော ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade -5 ကျောင်းသားကျောင်းသူ များအားလုံးလည်း All A ဖြင့် ထူးချွန်စွာ အောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ရှင်။

၂၈.၂.၂၀၂၆ရက်နေ့(Grade -9)စာမေးပွဲ နောက်ဆုံးနေ့ရက်ပညာရွှေပြည် ကိုယ်ပိုင်  အထက်တန်း ကျောင်းမှGrade -9 ကျောင်းသား ကျောင်းသူ...
28/02/2026

၂၈.၂.၂၀၂၆ရက်နေ့
(Grade -9)စာမေးပွဲ နောက်ဆုံးနေ့ရက်ပညာရွှေပြည် ကိုယ်ပိုင် အထက်တန်း ကျောင်းမှGrade -9 ကျောင်းသား ကျောင်းသူများအားလုံး All A ဖြင့်ထူးချွန်စွာ အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။   #ပညာရွှေပြည်
11/02/2026

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

#ပညာရွှေပြည်

Address

Zingama Road, Tharketa
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959250280016

Alerts

Be the first to know and let us send you an email when PNSP Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to PNSP Private High School:

Shortcuts

Share

Category