13/03/2026
Teachersများ အမေးများတဲ့မေးခွန်း 10‼️
Non-B visa ကိုင်ဆောင်ထားသူတွေက လစဉ်tax ဆောင်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့အလုပ်ရှင် (Finance) ကနေ လစာထဲက tax ဆောင်ဖို့အတွက် လစဉ် amount တစ်ခုကို ဖြတ်ထားပါလိမ့်မယ်။
January လလောက်ဆို Withholding Tax (Tax 50) form ကိုထုတ်ပေးပါလိမ့်မယ်။ အဲ့form နဲ့အတူ နီးစပ်ရာ Revenue Tax Office ကိုသွားပြီး Tax Refund လုပ်လို့ရပါတယ်။
ကိုယ့်မှာ အရင်နှစ်က ဝယ်ထားတဲ့ amount များတဲ့ Easy E-receipt ရှိရင်နောက်တစ်နှစ် Tax အတွက်ပြန်claim လို့ရပါတယ်။
Tax refund ဌာနမှာ ကိုယ်သွင်းထားတဲ့ တစ်နှစ်စာ amount ကပိုနေရင် refund ပြန်ရမှာဖြစ်ပြီး လိုနေရင် ထပ်သွင်းပေးရမှာပါ။ ပြီးမှ officer ကနေ Tax 91 form ကိုထုတ်ပေးပါလိမ့်မယ်ရှင့်။
Tax 91 form ကိုထုတ်ခဲ့ဖို့ မဖြစ်မနေလိုပါတယ်နော်၊ Non-B visa renewal လုပ်တဲ့အခါ အဲ့ form က မပါမဖြစ်ပါ။ ဒါကြောင့် copy တောင်းဖို့လိုပါတယ်ရှင့်။
မှတ်ချက်။ တချို့က Tax refund ကို အွန်လိုင်းကနေ လုပ်ကြတာမျိူးလည်းရှိပါတယ်၊ မလုပ်ဖူးလို့ အသေးစိတ်တော့ မသိပါဘူးရှင့်။
အဆင်ပြေကြပါစေ🍀
11/03/2026
Work Permit အတွက် TOEICလိုလာရင်‼
English Proficiency ရှိပြီးသား Teachers များတက်ဖို့ အားမပေးပါဘူး။ အဓိက Listening and Reading skills အတွက် Test-taking Strategiesများကို သေချာလေ့ကျင့်လိုက်ရင် ရပါပြီ။
Rose ကိုယ်တိုင် လေ့ကျင့်ခဲ့တဲ့ Free Website လင့်ခ်ပါ၊ ရလဒ်ကactual test resultနဲ့နီးစပ်ပါတယ်။
Free TOEIC Practice Test
https://toeic-testpro.com/test/full-test/
တခြား "TOEIC Practice Test" websites တွေလည်း အများကြီးရှိတာမို့ များများလေ့ကျင့်လေ ပိုကောင်းပါတယ်။ ကိုယ်လိုချင်တဲ့ Scores ထက်ပိုရတဲ့အထိ Full Test ပုံစံပဲလေ့ကျင့်သင့်ပါတယ်။
အလုပ်မရခင် TOEIC, IELTS, Duolingo လက်မှတ်တစ်ခုမှမရှိသေးတဲ့သူတွေ၊
ငွေကြေးအများကြီးမသုံးချင်ဘူး၊ English Proficiency Level ကို အလုပ်လျှောက်တဲ့အခါမှာ ထည့်ချင်သူတွေအတွက် ဒါလေးသုံးလို့ရပါတယ်။ C1 Level လောက်ရမှ တွဲထည့်ဖို့အကြုံပြုပါတယ်။
Free English Level Test Certificate
https://www.efset.org/4-skill/
တခြားသိချင်တာရှိရင် ကွန်မန့်မှာမေးထားပေးပါရှင့်။
11/03/2026
Teachersများ အမေးများတဲ့မေးခွန်း #7 ‼
TESOL Certificate နဲ့ TOEIC လက်မှတ်က မဖြစ်မနေရှိရမှာလား။
အလုပ်လျှောက်နေတုန်းရှိထားရင် ပိုကောင်းပါတယ်။
သက်ဆိုင်ရာကျွမ်းကျင်တဲ့ Teaching Experience တစ်ခုထဲသာမက၊ Professional Certificate ပါရှိထားတာ ကောင်းပါတယ်။ အနည်းဆုံး 120-hour TEFL/TESOL certificate ဖြစ်ဖို့တော့လိုပါမယ်။
ကိုယ်က English ဘာသာစကားနဲ့ပဲ အဓိကလုပ်ကိုင်မှာဖြစ်တဲ့အတွက်၊ TOEIC က အနည်းဆုံး 800 scores လောက်ရထားမှ အလုပ်တွဲလျှောက်တာကောင်းပါတယ် (ကိုယ့်အတွက် အခွင့်အရေးပိုများနိုင်တာပါ)၊ အရင်က 600 လောက်ကို စဉ်းစာပေမယ့်အခုက အရမ်း competitive ဖြစ်နေလို့ chance နည်းနိုင်ပါတယ်။
အလုပ်ရရင် TOEIC မဖြစ်မနေဖြေရမှာပဲမို့၊ ငွေကြေးအဆင်ပြေလို့ ကြိုဖြေထားပြီး အလုပ်တွဲလျှောက်လည်းကောင်းပါတယ်ရှင့်။
အသေးစိတ်သိချင်တဲ့ တီချယ်များအတွက် ဒီဗီဒီယိုလေးက အကူအညီဖြစ်မယ်လို့ ယုံကြည်ပါတယ်။
https://youtu.be/eJ_hQ30UAF4?si=jnGGk1pnBshFH1iG
သိချင်တာရှိလည်း မေးခွန်းလေးတွေမန့်ခဲ့လို့ရပါတယ်။
10/03/2026
Teachersများ အမေးများတဲ့မေးခွန်း #6 ‼
5 years 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐋𝐢𝐜𝐞𝐧𝐬𝐞 ကို အလောတကြီးမလျှောက်ပါနဲ့ ⁉
ထိုင်း𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐋𝐢𝐜𝐞𝐧𝐬𝐞 ရဖို့အတွက် အနည်းဆုံးအချိန်တစ်နှစ်ယူဖို့ လိုအပ်ပါတယ်။
ဒီအချက်တစ်ချက်နဲ့ ကိုက်နေတယ်ဆိုမှ 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐋𝐢𝐜𝐞𝐧𝐬𝐞 လျှောက်ဖို့စဉ်းစားပါ။
♦ ထိုင်းမှာ ဆရာမလုပ်တာ ခြောက်နှစ်ပြည့်ခါနီးပြီ။
♦ အလုပ်ပြောင်းတာ (၃)ခုရှိပြီ။
♦ မြန်မာTeaching License ရှိထားပြီးသား။
♦ ထိုင်းမှာ ဆရာမအလုပ်နဲ့ ရေရှည်နေဖို့ စဉ်းစားထားတယ်။
ကျောင်းတစ်ခုမှာ အလုပ်ရတာနဲ့ ကျောင်းကနေ Temporary Teaching License လျှောက်ပေးပါတယ်။ တစ်ခါလျှောက်ရင် သက်တမ်း (2)နှစ်ရပြီးတော့ (3)ကြိမ်အထိ လျှောက်ထားခွင့်ရှိပါတယ်၊
ဒါပေမယ့် ကိုယ်က အလုပ်ပြောင်းရင် နောက်တစ်ခါ License အတွက် ကျောင်းအသစ်က သီးသန့်ထပ်လျှောက်ရတာမို့ (2)ကြိမ်မြောက်လျှောက်ထားတာ ဖြစ်သွားပါလိမ့်မယ်။
ပထမလျှောက်ထားတဲ့ License က သက်တမ်း(၁)နှစ်လောက် ကျန်နေသေးလဲ Auto Cancel ပါ၊ နောက်ကျောင်းမှာ သုံးလို့မရတော့ပါဘူး။ ဒါလေးသိထားဖို့ လိုမယ်နော်။
ကျန်တဲ့ အသေးစိတ်ကိုတော့ ဗီဒီယိုမှာ ဆက်ကြည့်ပေးနော်။
https://youtu.be/Vc1QjsX1JKo?si=-PutHSkuWehkzxlF
သိချင်တာရှိ ကွန်မန့်မှာမေးထားလို့ရပါတယ်ရှင့်။
10/03/2026
Teachersများ အမေးများတဲ့မေးခွန်း #5 ‼
အရေးကြီး စာရွက်စာတမ်းတွေပါ💕
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ဘယ်စာရွက်စာတမ်း Documents တွေကို နိုတြီပြန်ခဲ့ဖို့ လိုအပ်မလဲ?
Non-B visa လျှောက်ဖို့အတွက် Notary and MOFA တုံးများလိုအပ်တဲ့ စာရွက်စာတမ်းများအကြောင်း အသေးစိတ်မျှဝေထားပါတယ်။
ဗီဒီယိုကြည့်ပြီးတော့ ထပ်သိချင်တာတွေရှိလည်း မေးခွန်းလေးတွေမန့်ခဲ့လို့ရပါတယ်။
https://youtu.be/a-DZw652SUU?si=Hg1HY-iSN1S-rkYj
10/03/2026
Teachers များ အမေးများတဲ့မေးခွန်း #4 ‼️
ကိုယ်က ထိုင်းမှာအလုပ်ရလို့ Non-B Visa နဲ့ Work Permit ရပြီးသူတွေက ကိုယ့်ရဲ့မိသားစုဝင်ကို ထိုင်းကိုခေါ်ချင်ရင် Non-O visa လျှောက်လို့ရပါတယ်။
🍀 မိဘဆိုရင် ကိုယ်နှင့် မိဘကြားမှာ ဆက်နွယ်မှုရှိကြောင်းပြသတဲ့ မွေးစာရင်း(မဖြစ်မနေ)/ သန်းခေါင်စာရင်း ရှိဖို့လိုပါတယ်။
🍀 လင်မယားဆိုရင် လက်ထက်စာချုပ်ရှိရပါမယ်။
မွေးစာရင်းဖြစ်ဖြစ်၊ လက်ထက်စာချုပ်ဖြစ်ဖြစ် Notary ပြန်ပြီး၊ မြန်မာမှာ MOFA တုံးထုဖို့ လိုအပ်ပါတယ်။
ပြီးမှ သံရုံးမှာ legalization လုပ်ပြီးရင်၊
Thai MOFA ရုံးမှာလည်း legalization သွားလုပ်ပါမယ်။
ဒါက ကိုယ့်ဘက်က Legalization အတွက် အရေးကြီးလိုအပ်တဲ့စာရွက်စာတမ်းတွေပါ။
မွေးချင်း ညီအစ်ကို၊ မောင်နှမကိုတော့ Non-O visa နဲ့ခေါ်လို့မရပါဘူး။
Non-O ရဲ့ အားသာချက်က တစ်နှစ်လုံးမှ visa ကြေး ဘတ် 1900 ပဲသွင်းရပြီးတော့ Non-B visa ကိုင်ထားတဲ့သူရဲ့ visa ရက်အတိုင်း ကိုယ်က တရားဝင်visa ရတာပါ။
တစ်ရက်ထဲ Extension အတူတူတိုးလို့ရတာဖြစ်ပြီး visa extension တိုးရတာ လွယ်ကူပါတယ်။
Non-O visa ကိုင်ထားသူလည်း 90 days report တင်ဖို့ လိုအပ်ပါတယ်။
ကိုယ့်မိသားစုဝင်ကို ခေါ်ချင်တဲ့သူများ အဆင်ပြေကြပါစေရှင့်🍀
တခြားသိချင်တာရှိရင် ကွန်မန့်မှာ မေးခဲ့လို့ရပါတယ်။
09/03/2026
Teachers များ အမေးများတဲ့မေးခွန်း #3 ‼️
လျှောက်လို့ရပါတယ်🥰
အလုပ်လုပ်ဖို့ တရားဝင် Non-B visa နဲ့ Work permit က ကိုယ် အလုပ်အင်တာဗျူးအောင်၊ contract ချုပ်ပြီးမှ ကျောင်း (သို့) company အလုပ်က ထုတ်ပေးတဲ့စာရွက်စာတမ်းနဲ့ပဲ လျှောက်လို့ရတာပါ။
ကိုယ့်အလုပ်က တာဝန်ယူ လျှောက်ပေးတာရှိသလို၊ တချို့က လိုအပ်တဲ့ စာရွက်စာတမ်းပဲ ပေးပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်လျှောက်ရတာမျိူးလည်းရှိနိုင်ပါတယ်။
အလုပ်ရှာနေစဉ်မှာ
TR - Tourist Visa
ED - Education Visa တွေနဲ့ နေပြီး အလုပ်ရှာလို့ရတာမို့ အဲ့ဒါကို စိတ်ပူဖို့မလိုပါဘူး။
လက်ရှိ အလုပ်မရှိသေးပဲ Non-B visa နဲ့ လျှောက်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူးနော်။ ဒါကြောင့် TR or ED visa နဲ့ အလုပ်ရှာလို့ရပါတယ်။ Overstay တော့ဖြစ်နေလို့မရပါဘူး၊ အလုပ်ရရင် visa ပြောင်းဖို့အတွက် အနည်းဆုံး 15ရက်ကျန်ဖို့ လိုအပ်ပါတယ်ရှင့်။
အဆင်ပြေကြပါစေ 🍀
တခြားသိချင်တာရှိရင် ကွန်မန့်မှာမေးလို့ရပါတယ်။
08/03/2026
Teachers များအမေးများတဲ့ မေးခွန်း #2 ‼️
ကျောင်း Emails တွေကို တိုက်ရိုက်လျှောက်တဲ့အခါ
ဘယ် links မှ မထည့်ပါနဲ့‼️
ကျောင်းတွေမှာလည်း spam emails တွေ ရတတ်တာမို့ ကျောင်းထဲအချင်းချင်းပို့ကြတဲ့ လုပ်ငန်းသုံး Email ID နဲ့ပို့တဲ့ စာက links တွေကိုပဲ ဖွင့်ကြည့်ကြပါတယ်။
ကိုယ်က ပြင်ပ personal အီးမေးလ်နဲ့အလုပ်လျှောက်တာမို့ Links တွေပါရင် အများစုက Links တွေကို ဖွင့်မကြည့်ကြပါဘူး၊ hack/virus ခံရတာမျိူးဆို အလုပ်မှာလည်း ပိုအလုပ်ရှုပ်ကြလို့ပါ။
အကောင်းဆုံးကတော့ Videos ဆို email ထဲမှာ attachment အနေနဲ့တွဲထည့်လို့ရတဲ့ 3-5min videos လေးတွေပဲ အဆင်ပြေပါတယ်၊ File size ကြီးလို့ Link နဲ့ ပို့ရင် မကြည့်တာများပါတယ်။
Certificates တွေဆို အကုန်ပေါင်းပြီး PDF file တစ်ခုအနေနဲ့ attachment တွဲပေးရင်ရပါတယ်။
CV လည်း PDF version နဲ့ပို့ပေးပါ၊ word document ဆို formatting ချထားတာတွေ ကိုယ့် laptop မှာပေါ်သလို စက်တိုင်းမှာ ပေါ်တာ မတူပါဘူးနော်၊ အဲ့ဒါကြောင့် PDF အကောင်းဆုံးပါပဲ။
ဖြေရရင် ဘယ် Links မှ မထည့်ပါနဲ့ရှင့်။
အဆင်ပြေကြပါစေ🍀
သိချင်တာရှိ ကွန်မန့်မှာမေးထားလို့ ရပါတယ်နော်။
06/03/2026
Teachers များ အမေးများတဲ့မေးခွန်း #1‼️
Teaching experience ရှိတဲ့အတွက် အလုပ်လျှောက်တဲ့အခါ ပိုကောင်းပါတယ်။
ဒါပေမယ့် ထိုင်းမှာ ဆရာမအဖြစ်တရားဝင် အလုပ်လုပ်ကိုင်ဖို့အတွက် Bachelor ဘွဲ့လက်မှတ်တစ်ခုခု ရှိမှ Non-B visa, work permitလျှောက်ထားလို့ရမှာ ဖြစ်လို့ ဘွဲ့လက်မှတ်က မဖြစ်မနေ လိုအပ်ပါတယ်။
အခြေအနေကြောင့် ပန်းရောင်ကဒ်ပဲရှိတယ်၊ teaching jobကို ကျောင်းတစ်ခုခုက အလုပ်ရရင်တောင်မှ ကိုယ်က တရားဝင်အလုပ်လုပ်ကိုင်သူ မဖြစ်ပါဘူး။ ပြဿာနာဖြစ်လာရင် လုပ်ငန်းရှင်က ဒဏ်ငွေဆောင်ရုံနဲ့ ရနိုင်ပေမယ့် တရားမဝင်လုပ်တဲ့သူအတွက်က ပိုပြီးဆိုးကျိုးများပါတယ်။ အလုပ်ရရင်လည်း တရားမဝင်လုပ်ကိုင်သူမို့ လစာနှိမ်ပြီး အလုပ်ကိုမတန်အောင် လုပ်ရဖို့များပါတယ်။
ဒါကြောင့် Teachers အဖြစ်တရားဝင် လုပ်ကိုင်ချင်ရင်တော့ ဘွဲ့လက်မှတ်မဖြစ်မနေလိုအပ်ပါတယ်ရှင့်။
အဆင်ပြေကြပါစေ🍀
တခြားသိချင်တာရှိ မေးခဲ့လို့ရပါတယ်ရှင့်။