06/08/2021
၀မ်းနည်းကြေကွဲရခြင်း
ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဗိသုကာဌာနမှ ဧည့်ပါမောက္ခ ဆရာကြီး ဦးစိုးနိုင်အောင်သည် ယနေ့ ဩဂုတ်လ (၆) ရက်နေ့တွင် (၉၆) ပါးသော ရောဂါဝေဒနာဖြင့် ဘ၀တပါးသို့ ကူးပြောင်းရောက်ရှိသွားပါသဖြင့် မိသားစုနှင့်ထပ်တူ ကြေကွဲ၀မ်းနည်းရပါသည်။
ဆရာကြီးသည် ဗိသုကာဌာနတွင် ၎င်း၏အချိန်များကို ပညာမျှဝေခြင်းဖြင့် ကာလရှည်ကြာ ကုန်ဆုံးစေခဲ့သူဖြစ်ရာ လူ့စွမ်းအားအရင်းအမြစ်တစ်ရပ်ကို ဆုံးရှုံးရခြင်းဖြစ်ပါသည်။
ဆရာကြီး ဦးစိုးနိုင်အောင် ကောင်းရာသုဂတိ ရောက်ရှိပါစေ။
25/01/2021
"Accreditation Meeting"
Khowledge sharing by Dr.Aye Mya Nandar Aung
21/01/2021
ဆရာ ဦးငွေစိုးမှ လှူဒါန်းသော စာအုပ်များ။
ကျေးဇူးအများကြီး တင်ပါတယ်ဆရာ။
19/01/2021
ပညာရေးဝန်ကြီးဌာန၏ Myanmar Digital Education Platform ရှိ online ဝန်ဆောင်မှာစနစ်များအား mobile data (zero charges)ဖြင့် အသုံးပြုခွင့်ပေးခြင်းကိစ္စ
13/01/2021
Accreditation Preparation Meeting
12.1.2021, Archi Dept, YTU
11/01/2021
ယခုအပတ်အတွင်း ဗိသုကာဌာနသို့ Collection of A3 Map အုပ်ရေ (၂၀) ပေးပို့ လှူဒါန်းလာသည်အား ဝမ်းမြောက်စွာ လက်ခံရရှိပါသည်။
09/01/2021
ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဗိသုကာဌာန၊
ပါမောက္ခ၊ ဌာနမှူးဒေါက်တာသိင်္ဂီရွှေသည်
B.Arch ဘွဲ့ကို မန္တလေးနည်းပညာတက္ကသိုလ်,
MTU ၌ တက်ရောက်အောင်မြင်ခဲ့ပြီး M.Arch နှင့်
Ph.D ဘွဲ့ကို ရန်ကုန်နည်းပညာတက္ကသိုလ်, YTU ၌
တက်ရောက်အောင်မြင်ခဲ့ပါသည်။
ဒုတိယမြောက် Ph.D ပါရဂူဘွဲ့ကိုမူ ဂျပန်နိုင်ငံ
ကူမာမိုတိုတက္ကသိုလ်၌ ထပ်မံတက်ရောက်
အောင်မြင်ခဲ့ပါသော ဒေါက်တာသိင်္ဂီရွှေသည်
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁ ဇန်နဝါရီ (၈) ရက်ပါ
အမိန့်ကြော်ငြာစာအရ ရန်ကုန်နည်းပညာတက္ကသိုလ်၊
အဆောက်အဦနှင့်ပတ်ဝန်းကျင်အင်ဂျင်နီယာမဟာဌာန
အတွက် ဒုတိယပါမောက္ခချုပ်ရာထူးတိုးမြှင့်ခန့်ထားခြင်း
ခံရသည့်အတွက် ဗိသုကာဌာနမှလွန်စွာဝမ်းမြောက်
ဂုဏ်ယူရပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
ဗိသုကာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်
06/01/2021
ဗိသုကာဌာန စာကြည့်တိုက်သို့ ပေးပို့ လှူဒါန်းလာသော အောက်ဖော်ပြပါ စာအုပ်အား ကျေးဇူးတင်စွာဖြင့် လက်ခံရရှိပါည်။
05/01/2021
"Accreditation Preparation Meeting"
(5.1.2021)
23/12/2020
ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဗိသုကာဌာန
စာကြည့်တိုက်တာဝန်ခံဦးခင်မောင်မြင့် ယနေ့
နံနက် ၂:၀၀ ခန့်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း
ကြားသိရပါသဖြင့် ဗိသုကာဌာနမှ ကွယ်လွန်သူ၏
မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းရပါသည်။
ဗိသုကာဌာန၊ YTU