Shinpo Japanese Language Center

Shinpo Japanese Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shinpo Japanese Language Center, School, 184(B). Dhamathuka Street. (7)Ward. Hlaing Township, Yangon.

တိုကျိုကျောင်း coe 6 ယောက်တင်5 ယောက်ရတဲ့အတွက်おめでとう🎉.Reject သမားတွေပြန်လျှောက်တာရတဲ့အတွက်အရမ်း😁🥰ဒီတခါမရခဲ့တဲ့ကျောင်းသား၁ ...
17/08/2024

တိုကျိုကျောင်း coe 6 ယောက်တင်5 ယောက်ရတဲ့အတွက်おめでとう🎉.
Reject သမားတွေပြန်လျှောက်တာရတဲ့အတွက်အရမ်း😁🥰
ဒီတခါမရခဲ့တဲ့ကျောင်းသား၁ ယောက်အတွက်လည်းအစွမ်းကုန်ပြန်ကြိုးစားပေးမယ်နော်.
အစစအရာရာကြိုးစားပေးယုံကြည်ပေးသူများအားလုံးက်ုလည်းကျေးဇူးတင်ရှိပါကြောင်း🙏🙏.

19/05/2023

shinpo ကျောင်းမှ 2023/7intakeတိုကျိုကျောင်းလျှောက်တာ resultသိရပါပြီ။၇ ယောက်တင်၅ ယောက်ရပါတယ်။おめでとう🎉🎊🍾。
2023/7 လပိုင်းတိုကျိုကျောင်းသားcoe အောင်ချက်ကောင်းလို့ဝမ်းသာပါတယ်။
ဒီတခါမရခဲ့တဲ့သူတွေအတွက်လည်းစိတ်ဓါတ်မကိပါနဲ့အတတ်နိုင်ဆုံးပြန်လည်ကြိုးစားပေးမယ်နော်။

စိတ်ဝငါစားသူများ အတွက်
26/04/2023

စိတ်ဝငါစားသူများ အတွက်

(Japanese version is below)
ပညာတော်သင်ဆွေးနွေးပွဲ
【留学アドバイザーによる留学相談会】

ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ မေလ၏ ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်းလျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လူဦးရေများလွန်းပါက အရေအတွက်ကို ကန့်သတ်လက်ခံမည် ဖြစ်ပါသည်။

နေ့ရက်နှင့်အချိန်။ ။
မေလ ၃ ရက် ၂၀၂၃ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
※ဇွန်လ၏အချိန်ဇယားကို မကြာမီ ကြေညာသွားမည် ဖြစ်ပါသည်။

ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)

စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://forms.gle/GMDLWKCrrzuhno9R7

ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။
ဒေါက်တာသင်းအေးအေးကို (MAJA)
ဒေါက်တာသူသူနွယ်အေး (OJEIC Associate Coordinator)

日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。5月の相談会に参希望の方は以下の予約フォームリンクよりお申し込みください。人数が多い場合は、制限させていただくことがあります。

日時: 2023年5月3日(水)14時~16時
    ※6月の日程は後日お知らせ致します。

開催形式: オンライン(Zoom)

予約フォームリンク: https://forms.gle/GMDLWKCrrzuhno9R7

アドバイザー:
Dr. Thin Aye Aye Ko(MAJA役員)
Dr. Thu Thu Nwe Aye(OJEICアソシエイトコーディネーター)

18/01/2023

အောင်စာရင်းတွေထွက်တော့မယ်နော်

စိတ်ဝင်စားသူများနားထောင်ကြည့်ကြပါ
03/01/2023

စိတ်ဝင်စားသူများနားထောင်ကြည့်ကြပါ

🪁Pre-Seminar for Online Study in Japan Fair 2023🪁

💁🏻‍♀️Online Study in Japan Fair 2023 ကို ပါဝင်ချင်တဲ့သူတွေအတွက် 🇲🇲မြန်မာလို Pre-seminar တစ်ခုကိုကျင်းပပေးသွားမှာဖြစ်ပါတယ်။ အခုပဲ Register လုပ်လိုက်ကြရအောင်🤗

🔺Date: January 06 , 2023 (Friday)
🔺Time: 1:30-2:30 (Myanmar Time )
🔺အခမဲ့ စာရင်းပေးသွင်းနိုင်ပါပြီ။
https://forms.gle/Z4Lm96mVJULGtP6C9

————————————————————————————————
✨(အစီအစဉ်)✨

၁။ Study in Japan Fair 2023 Website မိတ်ဆက်ခြင်းနှင့် Website အသုံးပြုပုံကိုရှင်းပြခြင်း။

၂။ OJEIC Associate Coordinator ဒေါက်တာသူသူနွယ်အေးက Recommend ပေးလိုသော ကျောင်းများကိုမိတ်ဆက်ခြင်း။

📌မြန်မာဘာသာနဲ့ ကျင်းပပေးသွားမှာဖြစ်ပါတယ်။

✨“Study in Japan”နဲ့ပတ်သက်တဲ့အကြောင်းတွေကို Telegramမှာလည်း ဖတ်နိုင်ပါပြီ။
🔹https://t.me/ojeicmyanmar🔹

Good luck !!!
03/12/2022

Good luck !!!

2022 December JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ၁၈.၁၁.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ Online မှ လျှောက်လွှာတင်ထားသူများ အနေဖြင့်လည်း သတ်မှတ်ရက်အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားများအား Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။

အထူးသတိပြုရန်မှာ -

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါသတ်မှတ်ထားသော သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် လုံးဝ မပြုပါ” ကြောင်း ထပ်မံသတိပေးအပ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြားများ

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

(၂) ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှ လွဲ၍ ကျန်ယာဉ်မောင်းလိုင်စင်များ အားလုံး အကျုံးဝင်ပါသည်။)

(၃) နိုင်ငံကူးလက်မှတ်

(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

(၅) ကျောင်းသားကတ်

(၅ - က) အကျုံးဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ကျောင်းသားကတ်များ
၂။ တက္ကသိုလ်/ကောလိပ် ကျောင်းသားကတ်များ
၃။ ကိုယ်ပိုင်ကျောင်း၊ International Schools နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ကျောင်းသားကတ်များ

(၅ - ခ) အကျုံးမဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အရှေ့စာသင်နှစ်များမှ ကျောင်းသားကတ်များ
၂။ ဘာသာစကားသင်တန်းကျောင်းအပါအဝင် အခြားသင်တန်းကျောင်းများမှ ကျောင်းသားကတ်များ
၃။ တက္ကသိုလ်ဝင်တန်း ယာယီဖြေဆိုခွင့်ကတ်

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

သုံးယောက်တင်တာနှစ်ယောက်ရတဲ့အတွက်ပင်ပန်းရကျိုးနပ်ပါတယ်🥰2022/10 လပိုင်း Coe ရသူများおめでとうございます㊗️㊗️🎉。ကူညီကြိုးစားပေးသူများအာ...
21/08/2022

သုံးယောက်တင်တာနှစ်ယောက်ရတဲ့အတွက်ပင်ပန်းရကျိုးနပ်ပါတယ်🥰
2022/10 လပိုင်း Coe ရသူများおめでとうございます㊗️㊗️🎉。ကူညီကြိုးစားပေးသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ။
ကံ၊ဉာဏ်၊ဝီရိယ အကြောင်းညီညွတ်ပြီးရလဒ်ကောင်းရရှိခဲ့တဲ့အတွက်ဝမ်းသာပါကြောင်း🥰.
ကျောက်းသားများအနာဂတ်အတွက်ဆက်လကိပြီးအကောင်းဆုံးကြိုးစားဆောင်ရွက်ပေးသွားပါမယ်
Coe အောင်တဲ့ကလေးများလည်း ကိုယ့်ရည်မှန်းချက်များအတွက်အစွမ်းကုန်ကြိုးစားကြပါ. 💪💪☺️
ဂျပန်သွားဖို့ကြိုးစားနေသောကလေးများလည်းအချိန်ရှိတုန်းဂျပန်စာကိုကောင်းကောင်းလေ့လာထားကြပါ. 💪💪👏
ဒီကျောင်းကနေဂျပန်စာသင်တန်သစ်များလည်းဖွင့်လှစ်ပေးသွားပါမည်စိတ်ဝင်စားသူများဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်🥰

10 လပိုင်းအတွက်
10/08/2022

10 လပိုင်းအတွက်

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Nat-Test ဂျပန်စာအရည်အချင်းစစ် စာမေးပွဲဖောင်များကို
သြဂုတ်လ (၁၀) ရက်နေ့မှ စပြီး စက်တင်လာလ (၂၃) ရက်နေ့ မနက် (၁၁) နာရီအထိ လက်ခံပေးသွားပါမည်။

စာမေးပွဲလျှောက်ထားရန် လိုအပ်သည့် အချက်များ
----------------------------------------------------------
၁။ စာမေးပွဲလျှောက်လွှာဖောင်
( Online မှ ဒေါင်းယူကာ Print ထုတ်ပြီး ဖြည့်သွင်းပုံနမူနာအတိုင်း လက်ရေးမူဖြင့် ဖြည့်ရန် )
၂။ မှတ်ပုံတင်မိတ္တူ တစ်စောင်
၃။ 30 x 40 mm Colour ဓာတ်ပုံနှစ်ပုံ ( တစ်ပုံမှာ စာမေးပွဲလျှောက်လွှာဖောင်တွင် ကပ်ရန်)
၄။ စာမေးပွဲကြေး ( ၄၂၀၀၀ ) ကျပ်

စာမေးပွဲလျှောက်လွှာဖောင် ဒေါင်းယူရန်လင့်
http://yangon.nat-test.jp/Yangon%20Nat-Test%20Forms%202022.pdf

စာမေးပွဲဖောင်ဖြည့်သွင်းရန် နမူနာပုံ ကြည့်ရန်လင့်
http://yangon.nat-test.jp/

မှတ်ချက်
(၁) စာမေးပွဲဖောင် ဖြည့်သွင်းရာတွင် စာမေးပွဲ နမူနာဖောင်တွင် ဝိုင်းပြထားသော နေရာတွင်သာ ဖြည့်ရန်။
(၂) ဓာတ်ပုံကြည်လင်ပြတ်သားမှု မရှိခြင်း ၊ ပုံဆိုဒ်မှန်ကန်မှု မရှိပါက လက်ခံမည်မဟုတ်ပါ ။
(၃) အချက်အလက် ပြည့်စုံပါက ကိုယ်စားဖောင်လက်ခံပေးပါသည်။
(၄) Online မှ ဖောင်လက်ခံခြင်း မရှိသေးပါ။

အသေးစိတ်သိရှိလိုပါက >>> Nat-Test Center Yangon ရုံး ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ( နေ့ခင်း (၁၂) နာရီမှ (၁) နာရီ အထိ ထမင်းစားနားပါသည်) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အမှတ် B-11 ၊ မြေညီထပ် ၊ အနော်ရထာအိမ်ရာ ၊ လှည်းတန်း (အင်းစိန်လမ်း-လှည်းတန်းမှတ်တိုင်အနီး) ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်

09-789885510, 01-535626, 01-514418

Nat-Test Center, Yangon

05/08/2022

ဒီနေ့ jlpt ဖောင်ဝယ်ဖို့မနက်အစောကြီးထဲကစကြိုးစားပြီးတန်းဆီနေခဲ့တဲ့လူတွေအများကြီးရှိတယ်ဆိုပြီးသတင်းတွေတက်လာတာတွေ့ရပြီး ရန်ကုန်ဖြေဖို့အတွက် online မှသာရောင်းမယ်လို့ MAJA အဖွဲ့ကကြေညာထားတာတွေ့ရတယ် .
​အတော်စိတ်ပျက်ဖို့ကောင်းတဲ့လုပ်ရပ်တွေ .နှစ်ပေါင်းကြာရှိနေပေမယ့် jlpt စာမေးပွဲနဲ့ပတ်သက်ရင်ဖြေမည့်သူများအတွက်စေတနာတစက်ကလေးမထားတဲတဲ့အဖွဲ့အစည်းလို့ခံစားရတယ် .

​ကျောင်းနဲ့သွားမည့်ကလေးများ အခုခေတ်ပျက်င်္ကြီးထဲမှာjlpt အောင်မှမဟုတ်ပါဘူး အခြား jp immigrantion က အသိအမှတ်ပြုတဲ့စာမေးပွဲတွေရှိပါသေးတယ် .
form မရလို့ စိတ်ဓါတ်မကျပါနဲ့ ကိုယ်နဲ့သင်လျော်တဲ့စာမေးပွဲတွေဖြေလို့ရပါသေးတယ် .

စိတ်ဝင်စားသူများအတွက်
30/07/2022

စိတ်ဝင်စားသူများအတွက်

📣📣Online Study in Japan Weeks 2022 ~ အတွက် Registrationစတင်ပြုလုပ်နိုင်ပါပြီ🇲🇲🇯🇵

🤗ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် Aug 8 ရက်နေ့မှ Sep 9 ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် "Online Study in Japan Weeks 2022"မှာ ပါဝင်ဆင်နွှဲဖို့ အောက်ပါလင့်ခ်မှာ Registrationပြုလုပ်နိုင်ပါပြီ🤩🥰

📌Registration Link: http://www.okayama-u.ac.jp/user/myanmar/prepare2022.html

💻Online ကနေတဆင့် 🇯🇵ဂျပန်နိုင်ငံက မိမိစိတ်ဝင်စားရာ တက္ကသိုလ်အသီးသီးနဲ့ တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ပြီး ပညာတော်သင်ဆိုင်ရာ၊ အလုပ်အကိုင်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေရရှိနိုင်မှာဖြစ်လို့ အားလုံးပဲ ဆက်ဆက်ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🤗🤗

👉🏻✨Online Study in Japan Weeks 2022〜မှာ တက္ကသိုလ်တွေနဲ့ group consultationလုပ်ဖို့ Register ပြုလုပ်နည်းတွေ၊ websiteအသုံးပြုနည်းတွေနဲ့ recommendပေးလိုတဲ့ကျောင်းအကြောင်းတွေကို သိရှိနိုင်ဖို့ Aug-10ရက်နေ့မှာလည်း Pre-seminarကျင်းပပေးမှာဖြစ်လို့ pre-seminarကိုလည်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါရစေ။ 🙇‍♀️

🤗pre-seminarအကြောင်းကိုလည်း မကြာခင် OJEIC pageမှာ တင်ပေးမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ 🙇‍♀️🙇‍♀️🙇‍♀️

Address

184(B). Dhamathuka Street. (7)Ward. Hlaing Township
Yangon

Website

Alerts

Be the first to know and let us send you an email when Shinpo Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category