သမိုင်းစဉ်လာ သိုင်းပညာ

သမိုင်းစဉ်လာ သိုင်းပညာ

Share

အမျိုး....ဘာသာ...သာသနာကိုကာကွယ်ရန်...
မြ? မြန်မာတိုင်း ကိုယ်လုံ ပညာ ၁ ခုခု တတ်ရမည်

Photos from Myanmar Freedom Martial Arts MFMA's post 02/04/2014

Poem...:-)

02/04/2014

:-)

19/02/2014

ကျနော်ညီလေး ၁ယောက် လုပ်ထားတဲ့ ..E-Library လေးပါ....အင်္ဂလိပ်စာလေ့လာသူတွေအတွက် အထောက်အကူရမယ်လို့ ထင်ပါတယ်...လက်မလေးတွေထောင်ပေးလိုက်ပါဦးဗျာ.....
https://www.facebook.com/pages/Open-Education-Library/214715698734128?id=214715698734128&sk=info

Lotus Beauty - Care Myanmar Beauty Center "Flawless" offers a kind of beauty service for the body health care. There are two centers in Myanmar. One was open in Yangon since 2018 and another one at Muse. We are warmly welcome you to our beauty center.

19/02/2014

.သိုင်း..က၇ာတေး...ဗန်ဒို....လက်ဝှေ့ ..သိုင်းပြောင်းပြန်...မွေထိုင်း..အာကီဒို...ကွန်ဖူး....၀င်ချွမ်း ပညာရှင်တွေ စုပေါင်းပြီး....ရေးသားကြမယ့်  Page လေး ၁ ခုပါ....မြန်မာနိုင်ငံရဲ့ ပထမဆုံး...ကိုယ်ခံပညာပေါင်းစုံ နှင့်  ပညာရှင် ပေါင်းစုံ....ပေါင်းစပ်လက်တွဲ ပြီး...လုပ်ထားတဲ့  Page ကလေး မို့  Like လေး အမြန်လုပ်ထားသင့်ပါတယ်ခင်ဗျာ...
https://www.facebook.com/pages/Myanmar-Freedom-Martial-Arts-MFMA/213845585471883?ref=hl

Myanmar Freedom Martial Arts MFMA Our team of 13 different Martial-artists ( Thaing, ThaingByaungByan, Karate, Arkido, Wing Chun, Kung Fu, Bando,Judo) will post different techniques.

29/01/2014

ဝါသနာပါသူ...သင်ကြားလိုသူများ..ကျောင်းသားလူငယ်များ.....Message Box တွင် Message ပို့ပြီးမေးမြန်းထားနိုင်ပါတယ်ခင်ဗျာ...Message ဖြင့်အကြောင်းပြန်ပေးပါမယ်...ကျေးဇူးတင်ပါတယ်...:-)

Photos 23/01/2014

င်္င်္Funny.... :-P

Photos 23/01/2014

:-( ရိုးရာပညာတွေ မပါသေးဘူး...လူသိအရမ်းနည်းတဲ့  အဖိုးတန်ပညာ

22/01/2014

ကြည့်ရှုအားပေးမှုအတွက် အလွန် ဝမ်းသာပါသည်..မေးမြန်းပြောကြားလို သည်များ...Chat Box မှာ Message ချန်ထားခဲ့နိုင်ပါတယ်ခင်ဗျာ....ရိုင်းစိုင်းသော Comment မပေးရန်မေတ္တာရပ်ခံပါတယ်...ကျေးဇူးတင်ပါတယ်ခင်ဗျာ...:-)

04/01/2014

ကျနော်အရမ်းပြောချင်နေတာကြာပြီဖြစ်တဲ့
အကြောင်းလေးပြောပါရစေ...ဒီနေ့ခေတ်
လူတော်တော်များများရဲ့အတွေးအခေါ်လေးတွေပါ...နည်းနည်းတော့ရှည်မယ်
သည်းခံပြီးဖတ်ရင်းသုံးသပ်ကြည့်ပါ

လူတွေက..၉၅ ရာခိုင်နှုန်းလောက်က
ကိုယ်ခံပညာတစ်ခုခုသင်တော့မယ်ဆို..မိဘကအစ...သူငယ်ချင်း..
ချစ်သူ...အားလုံးနီးပါးတားကြတယ်
မကောင်းပြောတယ်..ဘာလို့တားတာလဲ
စိုးရိမ်လို့..ကျိုးပဲ့မှာစိုးလို့..ရန်ဖြစ်မှာစိုးလို့
လူဆိုးဖြစ်မှာစိုးလို့...ဟုတ်ပီ...အဓိကတရားခံကတော့...နယ်ချဲ့တွေကြောင့်ပေါ့ဗျာ..သူတို့ကိုတော်လှန်ပုန်ကန်မှာစိုးလို့..ဓားကိုင်ရင်ဖမ်း...သိုင်းသင်ရင်ဖမ်း
သူပုန်စာရင်းသွင်း..ဆိုတော့...ကျနော်တို့
ဘိုးဘွားတွေလက်ထက်ထဲက..သိုင်းသင်ရင်
လူဆိုးဆိုတဲ့..မထားကောင်းတဲ့အတွေးတွေ
Brain Wash လုပ်ခံခဲ့ရတယ်....ဒါကြီးက
ဒီနေ့ အထိအရိုးစွဲခဲ့ကြတယ်လေ...
ကျနော်တို့နိုင်ငံနှစ်ထောင်ကျော်ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့မားမားရပ်နိုင်ခဲ့တာ ဘာသာတရား နဲ့သိုင်းပညာက..အဓိကပဲ
နိုင်ငံတော်ကာကွယ်ရေးကိစ္စတွေအတွက်
အနော်ရထာလက်ထက်လောက်ထဲက
ကိုယ်ခံပညာကိုသုံးခဲ့ရတာ...သိုင်းသာမတတ်ကြရင်...ခုဆို..ပြစရာနိုင်ငံမြေပုံတောင်ကျန်မှာမဟုတ်ဘူး..ခင်ဗျားတို့.
ကျနော်တို့လဲဘယ်နိုင်ငံသားဖြစ်မလဲမသိဘူး...ထားတော့...ခုနအကြောင်းပြန်ဆက်ရအောင်...အဲလိုဖိနှိပ်ခံခဲ့ရတော့
ကိုယ်ခံပညာကို..အမြင်စောင်းတယ်....အထင်သေးတယ်..မသင်ရဲကြဘူး
တကယ်တော့..လူတစ်ဦးချင်းစီနဲ့ပဲဆိုင်တယ်....ကိုယ်ခံပညာသင်ရင်လူဆိုးဖြစ်တာမဟုတ်ဘူး....ကဲ..အခုဗျာ..ကျနော်
ဘာကိုယ်ခံပညာမှမတတ်ဘူး...သေနတ်တစ်လက်ရလာလို့...ဓားပြတိုက်မယ်...
လူသတ်မယ်...ကျနော်လူကောင်းဖြစ်မလား
.ဒါဆိုမေးစရာရှိလာတယ်....
သိုင်းသမားတိုင်းလူကောင်းလား....မကောင်းနိုင်ပါ...လူပဲဗျာ..အတ္တရှိတယ်...မာနရှိတယ်...
ဒေါသရှိတယ်...မှားမယ်ဆိုအရမ်းလွယ်တာပေါ့...ဒါပေမယ့်...ပညာရဲ့ဂုဏ်...ဆရာဂုဏ်နဲ့
ကိုယ်ချင်းစာတရား...သနားကြင်နာတတ်မှုတွေပေါင်းစပ်ပြီး ထိန်းသိမ်းနေထိုင်ရမှာပဲ..... ပညာအားကိုးနဲ့..ခိုးဆိုးလုယက်နေမယ်..အနန္တောအနန္တ ငါးပါးကိုစော်ကားမယ်ဆိုရင်တော့...ကျိန်းသေပျက်စီးမှာပဲလေ...
ကျနော်မိတ်ဆွေ ကပြောတယ်...ကျနော်ကို
မင်းကွာ..ဒီခေတ်မှာ..သိုင်းသင်ပြီး..
သိုင်းတတ်တော့ ဘာလုပ်ရမှာလဲ....ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်ရင်ပြီးတာပဲ...ကျနော်.သူ့ကိုတော့ဘာမှပြန်မပြောပါဘူး...ဟုတ်ပြီ...ကျနော်..ဥပမာပေးပါမယ်....သူပြောသလို
ခင်ဗျားက Social အရမ်းကောင်းတဲ့သူ...
ဘာကိုယ်ခံပညာမှမတတ်ဘူး...ခင်ဗျားလက်ဘက်ဆိုင်..ဘီယာဆိုင်ထိုင်မယ်ဗျာ...လူမိုက်တစ်ယောက်ကခင်ဗျားကို တမင်ရန်စမယ်...ထိုးမယ်ကြိတ်မယ်...ခင်ဗျား..လေပျော့လေးနဲ့ပြောမလား...လောကမှာတောင်းပန်ရင်ကျေအေးသူရှိသလို...တောင်းပန်တာတောင် Hero လုပ်ချင်သူတွေ...လူစွာလုပ်ချင်သူတွေရှိတယ်ဆိုတာ...ခင်ဗျားလဲသိတယ်..အဲ့လူမျိုးဆို..ခင်ဗျားပြုံးပြုးလေးနဲ့အထိုးအကန်ခံလိုက်မလား..နောက်တစ်ခု...ခင်ဗျားနှမ..ခင်ဗျားချစ်သူကို..စနောက်မယ်..ပုံမှန်စကားနဲ့စတာကိုပြောတာ မဟုတ်...သည်းမခံနိုင်အောင်ဗျာ..လူ ၃ ၄ ဆိုတော့..ညစ်ညစ်ပတ်ပတ်ယုတ်ယုတ်မာမာပြောမယ်...ဆွဲလားရမ်းလားလုပ်မယ်
မဖြစ်နိုင်ဘူးမပြောနဲ့...လူပြတ်တဲ့နေရာတွေအများကြီး..ဒုစရိုက်ကျုးလွန်လို့ရမယ့်
အခြေအနေ နေရာတွေအများကြီး...
ကဲ..ခင်ဗျားဘာလုပ်မလဲ...ကိုကြီးတို့ရယ်..ကျနော်.ညီမလေး...ကောင်မလေးဟာ...အရမ်းပဲရှက်တတ်ပါတယ်.
.ကျနော် ကိုယ်တိုင်ကလဲကြောက်တတ်ပါတယ်...ကျေးဇူးပြုပြီးမစပါနဲ့ပြောမလား......ဟုတ်ပြီ..ဟိုကလက်ခံရင်တော့ခင်ဗျားတို့ကံကောင်းတာပေါ့.....လက်မခံဆိုရင်ကောဗျာ
လက်ပိုက်ကြည့်နေမလား...သူတို့ပြောသမျှ
လုပ်သမျှကိုခံမလား.....နောက်တစ်ခု
ဆက်မေးပါမယ်....မိန်းကလေးတစ်ယောက်အလုပ်ကပြန်လာတယ်...လမ်းမှာလူပြတ်တဲ့နေရာ...လက်အတင်းဆွဲမယ်..လုမယ်..
တစ်ခုခု လုပ်မယ်ဆိုပါတော့...မြို့မှာမရှိဘူးမငြင်းနဲ့...ဟိုတလောက
ကန်တော်ကြီး စောင်းကနေဖိုးစိန်လမ်းကိုပြန်တဲ့အချိန် ဖြစ်သွားတာ...မှုခင်းထဲတောင်ပါတယ်...နယ်မှာဆိုပိုဆိုးသေး
မုဒိမ်းမှု တွေ...အရွယ်မရောက်သေးတဲ့
ကလေးတောင်မနေရဘူး...ခင်ဗျားတို့လဲကြားမှာပါ...ဒါဆိုဒီကောင်မလေးဘာလုပ်မလဲ...အကိုကြီးရယ်..သမီး
ကြောက်လို့ပါ...လွတ်ပါ..သမီးမှာရည်းစားရှိတယ်..လို့ပြောမလား...
အစထဲကမကောင်းတာလုပ်ဖို့လာတဲ့သူကို
လေချိုသွေးလို့ရနိုင်လား ....နောက်ဆုံးတစ်ခုထပ်မေးမယ်ဗျာ....ခင်ဗျားက...Company ရဲ့...ငွေတွေကိုင်ပြီးတစ်နေရာသွားရမယ်ဗျာ..ဒါကိုသတင်းရလို့ဖြစ်ဖြစ်..ကြုံကြိုက်လို့ဖြစ်ဖြစ်....လူ ၂ ယောက်လောက်က ဓားထောက်ပြီး..ငွေလုမယ်ဗျာ...ခင်ဗျားဘာလုပ်မလဲ...ခင်ဗျားသေလောက်အောင်အပြောကောင်းနေပါစေ...သူတို့ကအစတည်းကလုဖိုလာတာလေ..သူတို့သိတာ ၂ ခုတည်း....အသာတကြည် လုရမလား...ဓားထိုးပြီးလုရမလား...ခင်ဗျားအပြောကောင်းတာ..အလုပ်မှာဖြေရှင်းရမှာသူတို့မသိဘူး...သူတို့ထောင်ကျမှာနောက် ...လက်ရှိအခြေအနေလေ...
""ညီလေးမှာပိုက်ဆံပါ....ကိုကြီးတို့ကလာလု
ညီလေးကအပြောကောင်း...
ကိုကြီးတို့ကသဘောကျ...ညီလေးကိုပြန်လွှတ်""...ဆိုတာမျိုးက..အကြည်တော် ဝတ္တုထဲမှာပဲရှိမယ်....ကဲကျနော်မေးခွန်း ၄ ခုမေးခဲ့ပါတယ်...သူတို့နေရာမှာဆိုဘာလုပ်မလဲ....ခင်ဗျားဆင်ခြေတက်မယ်....
"မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိ" ""တရားဥပဒေရှိတယ်""
ဆိုပြီး...မှန်ပါတယ်..အချိန်တန်ရင်အဖြေပေါ်
ပေမယ့် တရားဥပဒေနဲ့ ရဲက ကိုယ့်နားမှာအချိန်ပြည့်ရှိနေတာမဟုတ်ဘူးလေ...
လတ်တလော...တရားဥပဒေကော..ရဲတွေကော....မကူညီနိုင်တဲ့အချိန်မှာ...ခင်ဗျားတို့..အမ..ညီမတို့ ဘယ်လိုလုပ်မလဲ..............အထိုးအကန်ခံမည်လား.အရိုက်ခံမလား...ဓားထိုးခံမလား....အလိုမတူပဲ....လက်ဆွဲခံမလား..ပွေ့ဖက်နမ်းရှုံ့တာ...မုဒိမ်းကျင့့်တာခံမလား..စကားရိုင်းသွားရင် တောင်းပန်ပါတယ်...စကားကုန် ပြောတာမလို့ပါ...ကဲ..ဘာလုပ်ကျမလဲ
ကျနော်ယူဆချက်နဲ့ဖြေရှင်းချက်ပေးပါမယ်
အဖြေက ၁ ခုရှိပါတယ်...
ကိုယ်ခံပညာ..တစ်ခုခုတတ်မြောက်ခဲ့သော်
အထက်ပါအဖြစ်မျိုး...ရှောင်ရှားနိုင်ပါမည်
လက်ရှိပြသနာရင်ဆိုင်ရန်မှာ
မိမိကိုယ်သာအားကိုးရာပါခင်ဗျာ...ကျနော်
ပညာကိုအမွှန်းတင်လိုလို့ဆွဲခေါ်လာတာ
မဟုတ်ပါ..စောစောက..ကျနော်ပြောခဲ့တဲ့အခြေအနေကိုသေချာသုံးသပ်ကြည့်ပါ..ကိုယ်သာတစ်ခုခုတတ်ထားရင်အေးဆေးပီးသွားမှာပဲ..ဘယ်သိုင်းသမားမှမလိုအပ်ရင်...ကိုယ့်ကိုလာသတ်သူကိုပြန်မသတ်ပါဘူး...ဆုံးမလိုက်တာပါ..
အဲတော့..ကျနော်ပြောခဲ့တာတွေသဘော ပေါက်ပြီး...ကိုယ်ခံပညာကို..အထင်မလွှဲဖို့
အသုံးဝင်မှုကိုသိရှိဖို့....မျှော်လင့်ပါတယ် ..ကျန်တာတော့..ဆုံးဖြတ်ပေါ့ဗျာ...ခုလို
စာအရှည်ကြီးကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ်....စိတ်ထဲမှာ..ဝင်နေတဲ့...
ကိုယ်ခံပညာရပ်နဲ့တတ်မြောက်သူတွေအပေါ်အဆိုးမြင်နေတဲ့...နယ်ချဲ့ အမွေဆိုးကို
ဖျောက်နိုင်ရင်တော့..
အတိုင်းထက်အလွန်ပေါ့ဗျာ ( နောနော်မဟုတ်ဘူးနော်...သီဟပါ).....

အဲ...ကိုယ်တိုင်ကိုယ်ကျစိတ်ဝင်စားရင်တော့
ကျနော်တို့က Welcome ပါဗျာ
ယောက်ျား..မိန်းမ မရွေး..တကယ်ကိုတတ်သင့်ပါတယ်..အနည်းဆုံးတော့ကျန်းမာရေး
ကောင်းတာပေါ့ဗျာ

Mobile uploads 16/12/2013
Mobile uploads 16/12/2013

Words of Sayar ma gyi Rupa Thein

16/12/2013

Fight For Honor....

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
95