29/01/2020
"မိမိတို့ ကွန်ပျူတာတွေမှာ Virus ရှိနေပီလို့ ခံစားနေရရင်"
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်ကွန်ပျူတာတွေမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတလ်... Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါတလ်.....
အရင်ဆုံးစစ်ဆေးကြည့်ရှု ရမှာကတော့ ...
1️⃣ Tools Menu က Folder Options ပျောက်နေခြင်း
2️⃣ Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျနေခြင်း
3️⃣ Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း
4️⃣ Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း
5️⃣ Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း
6️⃣ Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း
7️⃣ Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း
8️⃣ Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း
9️⃣ My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)
🔟 Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)
အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပျူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။
အရင်ဆုံး System Restore Point တစ်ခုကို ဖန်တီးပါ။
Start > All Programs > Accessories > System Tool > System Restore ကိုဖွင့်ပါ။ Create a restore point ကိုရွေးပြီး Next ကိုနှိပ်ပါ။ Restore point description မှာ နာမည်တစ်ခုပေးပါ။ (ဥပမာ Before Repair ဆိုတာလိုမျိုးပေါ့။) ပြီးရင် Create ကိုနှိပ်ပါ။ Restore Point Created လို့ပေါ်လာရင် Restore point တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ပါပြီ။ Close ကိုနှိပ်ပြီး ထွက်ပါ။
Registry Editor ကိုအသုံပြုပြီး ပြင်ဆင်မှာ ဖြစ်လို့
Registry Database ကို backup လုပ်ထားနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Start > Run ကိုဖွင့်ပါ။ regedit လို့ရိုက်ထည့်ပါ။ File > Export ကိုရွေးပါ။ နာမည်တစ်ခုကို ပေးပြီး save လုပ်ပါ။
Windows ကို Repair လုပ်နိုင်ဖို့ အတွက် Windows ခွေ တစ်ချပ်ရှိထာဖို့လိုပါလိမ့်မယ်။ (❗Windows CD တိုင်းကတော့ Windows ကို Repair လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။)
System Restore Point နဲ့ Registry ကို backup လုပ်ပြီးပြီးဆိုရင် အရေးကြီးတာတစ်ခု လုပ်ရပါလိမ့်မည်။ Data တွေကို Backup လုပ်ထားဖို့ပါပဲ။
Task Manager, Registry Editor &
Folder Options ကိုဖော်ယူခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Task Manager, Registry Editor and Folder Option ကိုဖော်ယူဖို့အတွက် အရင်ဆုံး ကွန်ပြူတာမှာ Virus ကင်းဖို့လိုပါသည်။
ပထဆုံး Task Manager ပွင့်၊ မပွင့် ကြည့်ပါ။ Start > Run မှာ taskmgr လို့ရိုက်ထည့်ပါ။ (Crtl + Alt + Del). Task manger has been disabled by your administrator”
လို့တွေ့ရရင် Task Manger ကို Virus ကတော့ပိတ်သွားပြီလို့ ယူဆနိုင်ပါတယ်။ Task Manager ကို registry ကနေပြန်ဖွင့်ရလိမ့်မယ်။
Start > Run မှာ regedit လို့ရိုက်ထည့်ပါ။ Registry ပွင့်တယ်ဆိုရင် Task Manager and Folder Options ကို Manual ပြန်ဖွင့်လို့ရပါတယ်။ Registry ကိုဖွင့်ပြီး
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\Explorer မှာ No Folder Options ဆိုတဲ့ Key ကိုတွေ့ရင်ဖျက်ပါ။ (Right Click > Delete)
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\System မှာ “Disabled TaskMgr” ဆိုတဲ့ Key ကို တွေ့ရင်လည်းဖျက်ပါ။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Run (AND) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\Run က Key တွေအားလုံးကိုလည်းဖျက်ပါ။ အဲဒါတွေက ကွန်ပြူတာ ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် Program စာရင်းတွေဖြစ်ပါတယ်။ Virus က အဲဒီ နေရာကနေ စတင် Run တာပါ။ အားလုံးပြီးရင်တော့ ကွန်ပြူတာကို Restart ချပါ။ Folder Options and Task Manager ပြန်ရမရစစ်ပါ။ ပြန်မရဘူးဆိုရင် Registry ကိုပြန်ဖွင့်ပြီး HKEY_CURRENT_USER\ Software\ Microsoft\Windows\C urrentVersion\ Policies\ Explorer ကိုပြန်သွားပါ။ “No Folder Options” ပြန်ရောက်နေတယ်ဆိုရင် Virus မသေသေးပါဘူး။ Virus ကိုအရင်သတ်ပါ။
အကယ်၍ Registry ပွင့်ပြီး ကွန်ပြူတာ Restart ကျသွားရင်တော့ ကွန်ပြူတာမှာ Virus ရှိနေပါသေးတယ်။ ပြီးတော့ Run လည်း run နေသေးပါတယ်။ Virus ကင်းအောင် အရင် လုပ်သင့်ပါတယ်။ (Kaspersky ကိုအသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။)
ဒါမှမဟုတ် “Registry editing had been disabled by your administrator” လို့တွေ့ရရင် Registry ကိုလည်း Virus ကပိတ်သွားပါပြီ။ အဲဒါဆိုရင်တော့ Tools တစ်ခုခုသုံးမှအဆင်ပြေနိုင်ပါတော့မည်။ (e.g Cover XP). အဲဒါတွေအပြင် iRepair Man လို့ခေါ်တဲ့ Program လေးတစ်ခုကို အသုံးပြုနိုင်ပါသည်။ သူက Folder Options, Task Manager and Registry ကိုပြန်ဖွင့်ပေးပါလိမ့်မည်။ http://www.isoft.ygn.cc မှာ Download ချယူနိုင်ပါသည်။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း ဖြစ်နေပြီးဆိုရင်တော့ အဲဒီ Folder ဟာ User ရဲ့ Folder
အရောင်ဆောင်ထားတဲ့ Virus တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ File ကို Right click နှိပ်ပြီး Type of file မှာကြည့်ကြည့်ပါ။
File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေတယ်။ User ဟာ Folder ကို Double click လုပ်လိုက်ပြီဆိုတာနှင့် ကွန်ပြူတာထဲကို Virus ကတန်းဝင်သွားပါပြီ။
များသောအားဖြင့် Virus ကိုက်နေတဲ့ စက်မှာ သွားတပ်မိတဲ့ Memory Stick တွေမှာ တွေ့ရများပါသည်။
မှိန်နေတဲ့ Folder တွေကတော့ User ရဲ့ Folder အစစ်တွေပါပဲ။ ထင်းနေတဲ့ Folder တွေကတော့ Folder အယောင်ဆောင် File လေးတွေပဲဖြစ်ပါတယ်။ File ကို Select လုပ်လိုက်တဲ့ အခါ Detail မှာ Application လို့ပေါ်နေတာကို သတိထားမိမှာပါ။ မှိန်နေတာလေးတွေကို မြင်ရတယ်ဆိုရင်တော့ ဒီ Folder တွေပါဝင်တဲ့ Drive တစ်ခုလုံးကို Virus Scan စစ်ပေးပါ။ ထင်းနေတဲ့ အယောင်ဆောင် Virus အားလုံးကိုတော့ Antivirus Software ကဖျက်သွားပါလိမ့်မယ်။ မှိန်နေတဲ့ Folder တွေကို Select လုပ်ပြီး File > Properties ကိုရွေးပါ။ Hidden မှာ Click ဖြုတ်ပါ။ Apply > OK ကိုနှိပ်ပါ။ ပြန်မြင်ရပါလိမ့်မည်။
တကယ်လို့ မမြင်ရတော့ဘူးဆိုရင် Tools > Folder Options > View > Do not show hidden files and folder ကိုရွေးထားမိလို့ မမြင်ရတာပါ။ အဲဒါကို Show hidden files and folder ကို ပြောင်းရွေးရင် Hide ဖြစ်နေတာတွေပြန်မြင်ရလာမှာပါ။ တစ်ခါတစ်လေမှာ Show hidden files and folder ကိုရွေးတာတောင် Tools > Folder Options > View > Do not show hidden files and folders ကိုပြန်ရွေးကြည့်ရင် Do not Show ပဲပြန်ဖြစ်နေတတ်ပါတယ်။ (အဲဒါက Rootkit တွေကြောင့်ဖြစ်တဲ့ ပြဿနာပါ။ Windows ကို repair လုပ်မှပြန်ကောင်း လာတော့မှာ ဖြစ်ပါတယ်။) နောက်ထပ်တစ်ခုကတော့ keyboard ပေါ်က F3 ကိုနှိပ်ပါ။ Search Box တက်လာရင် All files and folders ကိုရွေးပါ။ More advanced Options က Search hidden files and folders ကိုအမှန်ခြစ်လုပ်ပေးပါ။
All or part of the file name မှာ *.* လို့ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ။ မှိန်နေတဲ့ Folder တွေကို select လုပ်ပြီး File > Properties ကိုရွေး၊ Hidden မှာ အမှန်ခြစ်ဖြုတ်ပြီး Apply > OK ကိုရွေးလိုက်ရင် ရပါပြီ။
သူများစက်မှာ သွားတပ်လာတဲ့ Memory stick ကို ကိုယ်စက်မှာတပ်ပြီးရင် Double click မနှိပ်လိုက်ပါနှင့်။ Virus ပါလာတယ်ဆိုရင် ချက်ချင်းကူးနိုင်ပါသည်။ Antivirus Software နှင့် Scan အရင်စစ်ကြည့်ပါ။ Antivirus Software မရှိဘူးဆိုရင် Drive ကို Right Click နှိပ်ကြည့်ပါ။ Open ကထိပ်ဆုံးရောက်နေရင် Memory Stick ထဲမှာ Virus ၀င်နေပါတယ်။
Antinivirus Software တစ်ခုခုတင်ပြီးတော့ Scan လုပ်ကိုလုပ်ရပါတော့မည်။
အားလုံးပဲဆင်ပြေကြပါစေ။
-
28/01/2020
သင့်ကို အသိပညာတိုးစေမယ့် Website (၁၀) ခု
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
လူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။ ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပေမယ့် အဲဒီကနေ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။
ဘာသာစကားအသစ်တွေ လေ့လာမိသလား❓တခြားအရည်အသွေးတွေ မြင့်တက်လာသလား❓
အခု ကျွန်တော်က လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။
ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …
1️⃣ Unplug The TV
°°°°°°°°°°°°°°°°°°°°°
{www.unplugthetv.com}
ဒီ Website ထဲကို တစ်ကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တစ်ခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။
2️⃣ Skillshare
°°°°°°°°°°°°°°°
{www.skillshare.com}
နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။
3️⃣ University of the People
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
{www.uopeople.edu}
အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။
4️⃣ High Brow
°°°°°°°°°°°°°°°°
{www.highbrow.com}
ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။
5️⃣ Investopedia
°°°°°°°°°°°°°°°°°°°
{www.investopedia.com}
Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဉာဏ်တွေကို ရယူနိုင်ပါတယ်။
6️⃣ Brain Pump
°°°°°°°°°°°°°°°°°°
{www.brainpump.net}
ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။
7️⃣ Spreeder
°°°°°°°°°°°°°°°
{www.spreeder.com}
ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။
8️⃣ Coursera
°°°°°°°°°°°°°°°
{www.coursera.org}
Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။
9️⃣ Hemingway Editor
°°°°°°°°°°°°°°°°°°°°°°°°°°
{www.hemingwayapp.com}
လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ချ်ပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။
🔟 edX
°°°°°°°°°
{www.edx.org}
ဒီ Website ထဲမှာ ကမ္ဘာတစ်လွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။
#လေးစားစွာဖြင့်
...
02/09/2019
ဒီနေ့ အချိန်ပေးပီး လာရောက် ကြတဲ့ သင်တန်းသားများ အားလုံး
ကျေးဇူးများကြီးတင်ပါတယ် ခင်ဗျ 🥰🥰
နောက်လည်း ပညာဒါန သင်တန်းတွေ ထပ်ဖွင့်ပေးနိုင်အောင် ကြိုးစားပေးသွားပါ့မယ် 😊
28/08/2019
ပညာဒါန သင်တန်း လေး ကြေညာပေးပါရစေ
(အခကြေးငွေ ပေးစရာ မလိုပါ။)
ကျွန်တော် တို့ Customer တွေရဲ့ တောင်းဆိုချက်အရ ဖွင့်ပေးဖြစ်တာပါ 😊
ဘာတွေ မျှဝေ ပေးမလဲ ဆိုရင်
Computer & Laptop တစ်လုံးမှာ သိသင့်သိထိုက်တဲ့
📌Window
📌Generation
📌CPU
📌Ram
📌HDD
📌Graphic Card
စတာတွေကို မျှဝေပေးမယ်။ တနည်းပြောရရင် A+ လိုမျိုးပဲ။
✖ကွန်ပျူတာ အသုံးပြုနည်း သင်ပေးမှာမဟုတ် ပါဘူးနော်✖
ကွန်ပျူတာ နဲ့ပတ်သတ်ပီး နည်းနည်းပါးပါး သိတာ နဲ့ လာတက်လို့ရပီ 😁 မသိလဲ လာခဲ့ 😍
လာတက်ရင် ဘာထူးသွားမလဲ ဆိုတော့
နောင်တချိန် မိမိ ကွန်ပျူတာ ဝယ်ချင်တာပဲ ဖြစ်ဖြစ် ကွန်ပျူတာ Field ထဲကို ဝင်ချင်တာပဲ ဖြစ်ဖြစ် အဆင်ပြေ သွားမယ်။
စေတနာ သပ်သပ်နဲ့ မျှဝေပေးမှာ ဆိုတော့ တကယ်သိချင်ရင်လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ 🥰
စာတွေ့ သဘောမျိုး သင်မှာ မဟုတ်ပဲ လက်တွေ့ပါ ပြသပေးမှာပါ😊
သင်တန်းသား ၁၅ ဦး ပဲ လက်ခံပါမယ် နော်။
လူအများကြီး လက်မခံလို့ အမြန်စာရင်းပေးသွင်းလိုက်နော်။
တကယ်တက်နိုင်တဲ့သူမှ စာရင်းပေးပါလို့ မေတ္တာရပ်ခံပါရစေ။
ကိုယ်သိတာလေးကို မျှဝေတဲ့ သင်တန်းလေးဖြစ်လို့ ကျွမ်းကျင်ပီးသား လူတွေ လက်မခံဘူးနော် 😱
ဘယ်မှာဖွင့်ပေးမှာလဲ ဆိုတော့ ကျွန်တော်တို့ ဆိုင်ခွဲ ဖြစ်တဲ့ ၃၈လမ်း အလယ်ဘလောက်မှာ ပါပဲ 😊
စာရင်းပေးသွင်းဖို့ 09 440 450 380 ကိုဆက်ပေး
1.9.2019 (Sunday) မနက် ၁၀နာရီ မှ ညနေ ၃နာရီ အထိပါ 😊
လောလောဆယ်တော့ ၁ရက် ပဲ သင်မှာမို့ မြန်မြန် စာရင်းသွင်း လိုက်တော့နော်
ထပ်ပြောပေးမယ် အခကြေးငွေ တပြားမှပေးစရာ မလိုဘူး 😊
👏မည်သူမဆိုလာရောက် တက်နိုင်ပါတယ်။ ယောကျာ်းလေး မိန်းကလေး အကုန် လက်ခံပါတယ် အသက် မကန့်သတ်ပါ။
အမှန်တကယ် သိချင်တက်ချင်တဲ့ စိတ်လေးပဲ ယူလာခဲ့ပါ
ကျွန်တော် တို့ ဘက်က သိသလောက် မျှဝေ ပေးဖို့ အဆင်သင့်ပါ 😁😁
29/07/2019
အစင်းရာလေးတောင် မပါဘူး 🥰🥰🥰
ပါရင် အလကားယူသွား 😅😅
I5 2ndGen
Nvidia Graphic 1gb - 2gb
4gb 500gb (15.6")
ဈေးလျော့ ပေးထားတယ် 09 96 29 0000 3 ကိုဆက်
လုပ်ငန်းတွဲ လုပ် ချင်ရင် 09 222 5301 ကိုဆက် (ကိုသော်ဇင်)
22/07/2019
(အသစ်စက်စက်)
#အာမခံ၁နှစ် (Official Warranty Card နဲ့နော်)
#နောက်ဆုံးထွက်ဒီဇိုင်းနဲ့ (အရင်လက်ကျန် ပုံတွေနဲ့မတူဘူး)
စိတ်ဝင်စားသွားတယ် ဆိုရင်တော့ စာလေးဆုံးအောင် ဖတ်ကြည့် တခြားဆိုင်တွေထက် အားသာတဲ့ အချက်ပါတယ် 😁
CPU ကတော့ AMD A4-9125 (I3 7thGen နဲ့တူတယ်လို့ ပြောနေကြတဲ့ အလုံးလေးတွေပေါ့ 🥰)
တချို့လဲ ပြောသေးတယ် 2019 ခုနှစ်ထုတ် တဲ့ 🤩
စောနက အပေါ်မှာပြောခဲ့ သလို ကျွန်တော်တို့ ဆီက အလုံးလေး ကဘာတွေ ပိုအားသာလဲ ဆိုတော့
(၁)Official Warranty Card ပါပါတယ် 🥰 (တော်ကီ အာမခံမဟုတ် အမှန်အကန် အာမခံ)
(၂)သူများတွေ HardDisk 500 gb ဈေးနဲ့ ကျွန်တော် တို့ က 1000gb ကိုပေးမယ် 😁
(၃) ဒီဇိုင်းပိုင်းက အရင် လက်ကျန်အလုံးတွေလို ပြောင်ချောကြီး ဖြစ်ပီး လက်ရာ ထင်တဲ့ ဒီဇိုင်းမဟုတ်တော့ဘူး (ကြောင်ခြစ်ဘော်ဒီ နဲ့ Lenovo Logo လေးက အစ ဘေးလေးမှာ ရောက်ပီးလှနေတာ)
(၄)Original အိတ်, Box အစုံအလင်ပေးမှာ 🥰
(၅)လိုချင်တဲ့ Software ကို တထိုင်တည်း စမ်းသုံးပီး အဆင်ပြေမှဝယ်လို့ရတယ် 😁
AMD A4-9125 (i3 7thGen နဲ့ညီ ) 2019 ထုတ်
Ram 4gb/ HardDisk 1000gb
AMD Graphic 2gb/ 14"/Slim Type(DVD ပါ)
Promotion Price - 500,000 ks (အကန့်အသတ်ရှိတယ်နော်)
ဆိုင်ခွဲ များတွင် ဝယ်ယူရရှိနိုင်ပါပီ။
ရန်ကုန် က Customer များအတွက်
(1)အမှတ် (၂၁၂) တိုက် (စီ) အခန်း ၀၀၁ (မြေညီ)၊ရွှေဂုံတိုင်တာဝါ၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
ရွှေဂုံတိုင် KBZ ဘဏ်ဝင်း ထဲမှာပါ ။Merry Brown အနီး
📞 - 09 97 20 87 669
(2)အမှတ် ၁၄၁၊ ၃၈လမ်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဗန္ဓုလလမ်း ဘက်နဲ့ပိုနီးတယ် Innwa Computer ဆိုင်နဲ့ မျက်နှာချင်းဆိုင်
📞 - 09 96 29 0000 3
အသေးစိတ် အတွက် 09 222 5301(ကိုသော်ဇင်) ဆီ ကိုလဲ ဆက်သွယ်နိုင်ပါတယ်
မိတ်ဟောင်း မိတ်သစ်များကို အမြဲ နွေးထွေးစွာ ကြိုဆိုလျက်ပါ 😘😘
" အကောင်းဆုံး ပစ္စည်း,ဝန်ဆောင်မှု နှင့် စိတ်ချမ်းသာစေမှုကို ဦးစားပေးမဲ့ ThawMobile "
26/06/2019
Dell ဆိုလို့လေ 😥
Latitude Serie မှ ဆိုလို့လေ 😥
Core i5 မှ ဆိုလို့လေ 😥
Ram 8GB နဲ့မှ ဆိုလို့လေ 😥
4သိန်းမကျော်ချင်ဘူး ဆိုလို့လေ 😥
ဟွန်.😣😣ခင်များ တို့ အကြိုက် 😔😔
ကြိုက်နေကြပီမလား😓😓 ? မညာချင်စမ်းပါနဲ့☺ ☺
ဖုန်းနံပတ်ပေးမယ် 😥
ဒါက ကျောက်တံတားဆိုင် ဖုန်းနံပတ် 09962900003
ဒါက ရွှေဂုံတိုင်ဆိုင် ဖုန်းနံပတ် 09972087669
ဒါက ဆိုင်လိပ်စာတွေ 😰
(1)အမှတ် (၂၁၂) တိုက် (စီ) အခန်း ၀၀၁ (မြေညီ)၊ရွှေဂုံတိုင်တာဝါ၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
ရွှေဂုံတိုင် KBZ ဘဏ်ဝင်း ထဲမှာပါ ။Merry Brown အနီး
(2)အမှတ် ၁၄၁၊ ၃၈လမ်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဗန္ဓုလလမ်း ဘက်နဲ့ပိုနီးတယ် Innwa Computer ဆိုင်နဲ့ မျက်နှာချင်းဆိုင်
အသေးစိတ် အတွက် 09 222 5301 ကိုလဲ ဆက်သွယ်နိုင်ပါတယ်☺ ☺ ☺
18/06/2019
ကဲ Hp မှ Hp ဆိုတဲ့ Customer တွေအတွက် ☺ ☺
TM က Hp Collection လေး လုပ်ပေးထားပါတယ်နော် ☺ ☺ အဆင်ပြေတာလေးတွေသာ ရွေးကြတော့☺ ☺
Graphic ပိုင်းသုံးမဲ့သူပဲဖြစ်ဖြစ် Engineering အတွက်ပဲဖြစ်ဖြစ် ရုံးသုံးအတွက်ပဲဖြစ်ဖြစ် Game ဆော့ဖို့ အတွက်ပဲ ဖြစ်ဖြစ် ဒီကောင်လေးတွေ အဆင်ပြေပါတယ်နော်✌ ✌ ✌ ☺ ☺
Hp NoteBook
✔ Core i5 6th Gen
✔ Ram 8GB .HDD 1000GB
✔ AMD Graphic 2GB (total 6GB)
✔ 15.6" Full HD Display
✔ Price 700000Ks
Hp NoteBook
✔ Core i7 5th Gen
✔ Ram 4GB .HDD 1000GB
✔ AMD Graphic 2GB (total 4GB)
✔ 15.6" HD Display
✔ Price 680000Ks
Hp NoteBook
✔ Core i5 5th Gen
✔ Ram 8GB .HDD 1000GB
✔ AMD Graphic 2GB (Total 6GB )
✔ 15.6 Full HD Display
✔ Price 600000Ks
Hp NoteBook
✔ Core i3 5th Gen
✔ Ram 8GB .HDD 500GB
✔ AMD Graphic 2GB (Total 6GB )
✔ 15.6 HD Display
✔ Price 550000Ks
Hp NoteBook
✔ Core i3 4th Gen
✔ Ram 8GB.HDD 500GB
✔ Nvidia Graphic 2GB (total 6GB)
✔ 14" HD Display
✔ Price 500000Ks
Hp EliteBook
✔ Core i5 5th Gen
✔ Ram 4GB .HDD 500GB
✔ Intel Graphic 2GB
✔ 14" HD Display
✔ Price 450000Ks
HP EliteBook
✔ Core i5 4th Gen
✔ Ram 8GB .500GB
✔ Intel HD Graphic 4GB
✔ 14" HD Display
✔ Price 480000Ks
#ဝန်ဆောင်မှုအပိုင်းလေးလဲပြောပြပေးမယ်
(1) Software ပိုင်းကတော့ lifetime ပေးတယ်
စတင် ဝယ်ယူတဲ့ အချိန်ထဲက လူကြီးမင်း တို့ လိုချင်တဲ့ Software, Game အစုံအလင်ကို တထိုင်တည်း စောင့်ယူစနစ်နဲ့ စိတ်တိုင်းကျအောင် လုပ်ပေးပါတယ်
နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် window ပြန်တင်ရတာမျိုး software ပြန်သွင်း ရတာမျိုးကိုလည်း ချွင်းချက်မရှိ ပြန်လုပ်ပေးပါတယ်
(2) Hardware ပိုင်းကတော့ အပေါ်မှာပြောခဲ့သလိုပါပဲ အလုံး ပေါ်မူတည်ပီး ၆လ ၁နှစ် ၂နှစ် စသဖြင့် ပေးပါတယ်
ဘယ်လိုအခြေအနေတွေအာမခံ ပေးလဲဆိုတော့ လူကြီးမင်းတို့ကြောင့် ပြုတ်ကျ ကွဲကျေ ရေဝင် ဘုတ်တခုလုံး လောင်သွား တာမျိုးပဲ မပေးတာပါ
အားသွင်းကြိုး ပျက်ရင်တောင် အသစ် တချောင်းနဲ့ ချက်ခြင်းလဲ ယူနိုင်ပါတယ်
(3) တပတ်စမ်းသုံးခွင့် လုပ်ငန်းနဲ့ မကိုက်ညီဘူးဆိုရင် မိမိ ကြိုက်ရာနဲ့ ပြန်လဲ နိုင်ပါတယ်။ ငွေလျော့ခြင်းမရှိပဲ ဆောင်ရွက်ပေးမှာပါ
ရန်ကုန် က Customer များအတွက်
(1)အမှတ် (၂၁၂) တိုက် (စီ) အခန်း ၀၀၁ (မြေညီ)၊ရွှေဂုံတိုင်တာဝါ၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
ရွှေဂုံတိုင် KBZ ဘဏ်ဝင်း ထဲမှာပါ ။Merry Brown အနီး
📞 - 09 97 20 87 669
(2)အမှတ် ၁၄၁၊ ၃၈လမ်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဗန္ဓုလလမ်း ဘက်နဲ့ပိုနီးတယ် Innwa Computer ဆိုင်နဲ့ မျက်နှာချင်းဆိုင်
📞 - 09 96 29 0000 3
အသေးစိတ် အတွက် 09 222 5301 ကိုလဲ ဆက်သွယ်နိုင်ပါတယ်
မိတ်ဟောင်း မိတ်သစ်များကို အမြဲ နွေးထွေးစွာ ကြိုဆိုလျက်ပါ 😘😘
" အကောင်းဆုံး ပစ္စည်း,ဝန်ဆောင်မှု နှင့် စိတ်ချမ်းသာစေမှုကို ဦးစားပေးမဲ့ ThawMobile "
08/06/2019
ုတ်တဲ့ လေးပဲ ကိုင်ကြမယ်လေ 😍😍
၆သိန်း လောက်သုံးမှ i3 6thGen လောက်ပဲ ရနေတဲ့ ခေတ်မှာ ပန်းသီးစစ်စစ် ပဲကိုင်တော့မှာပေါ့ 😁
ပန်းသီး အစစ် (ဈေးသက်သာလို့မယုံမှာစိုးလို့) 😅
ငွေကျပ် ၆သိန်းခွဲ တည်းနဲ့ Apple ရဲ့ အရသာကို မြည်းစမ်းကြည့်ပါ 😘
Window တွေ သုံးနေရတာ ရိုးအီနေပါပီ 😫
Apple ထုတ်လေး ကလဲ ကိုင်ချင် 😫
ဈေးကြီးမှာကလဲ ကြောက်တယ် 😫
ဒါဆိုရင် မပူနဲ့တော့ ThawMobile က ပစ္စည်းမှန် ဈေးမှန် ရောင်းချပေးနေတာ 🥰
Presentation လုပ်ဖို့ လိုအပ်နေတာ ဖြစ်ဖြစ် လုပ်ငန်းသုံးဖို့ လိုအပ်တာပဲ ဖြစ်ဖြစ်
အိတ် ထဲကနေ ထုတ်ကိုင်လိုက်တာ နဲ့ အားလုံး ဝိုင်းငေး နေမှာနော် (အာ့မျိုး အကြည့်ခံနိုင်မှ ကိုင် ဒါပဲ😅)
2012 mid & late
Core i5/ Ram 4GB
HardDisk 500GB
Intel HD Graphic 4000 (1536MB)
13.3" (Box ပါပါတယ်)
အော်ဒါတက်ထားသူတွေ အရင်ရပါမယ် နော်
နောက်ထပ် အလုံးရေ ၂၀ ကျော်ကတော့ လကုန်ရောက်ပါမယ် 😊😊
ရန်ကုန် က Customer များအတွက်
(1)အမှတ် (၂၁၂) တိုက် (စီ) အခန်း ၀၀၁ (မြေညီ)၊ရွှေဂုံတိုင်တာဝါ၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
ရွှေဂုံတိုင် KBZ ဘဏ်ဝင်း ထဲမှာပါ ။Merry Brown အနီး
📞 - 09 97 20 87 669
(2)အမှတ် ၁၄၁၊ ၃၈လမ်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဗန္ဓုလလမ်း ဘက်နဲ့ပိုနီးတယ် Innwa Computer ဆိုင်နဲ့ မျက်နှာချင်းဆိုင်
📞 - 09 96 29 0000 3
ဒီထက်ပိုပီး သိချင်တာ စုံစမ်းစရာ ရှိရင် 09 222 5301 ကိုဆက်ပေး 😊😊
06/06/2019
MacBook Pro 2012 mid & late
Included Box 🤩🤩
Now Available At ThawMobile - Laptop Sale Center
09 222 5301 (ကိုသော်ဇင်)
06/06/2019
#ပစ္စည်းချင်းတူရင်ဈေးသက်သာမယ်
အမှန်တကယ် လိုအပ်နေသူများအတွက် ThawMobile ကရောင်းပေးနေတာ
စူးစမ်းပါလေ့လာ ပါ (ကိုယ့်ရဲ့ ချွေးနည်းစာလေးနဲ့ ဝယ်ရမှာလေ 🙁)
တကယ် တန်စေရမယ် လိုင်းပေါ်တွေ့ထားလို့ အဲ့လိုမျိုးမှ လိုချင်တယ် ဆိုလဲ လာခဲ့ 😁
ဆိုင်မှာရှိတယ် သိလား ဈေးဖြတ်တယ် ဖြစ်မှာစိုးလို့ မတင်တာ 🤫🤫
အောက်က ပို့စ်တင်ထားတဲ့ ပုံလေးနဲ့ Laptop လေး ရောင်းပေးမယ်
ပို့စ်ထပ်တင်ပေးခြင်းပါ ၈လုံးရောက်တယ် ၂လုံးပဲကျန်လို့ မသိလိုက်မဖြစ်ရအောင် 😘
HP Pavilion Series
Core i5/4thGen &5thGen/
Ram 8GB/ HDD 500GB
Nvidia 2gb /Intel 4gb /14"
Drive ပါ/ Slim
💥💥BeatAudio Sound System ပါ💥💥
💥💥Price 550,000 ks 😱😱💥💥
(Normal_ 650,000 ks) Save 100,000ks
ရန်ကုန် က Customer များအတွက်
(1)အမှတ် (၂၁၂) တိုက် (စီ) အခန်း ၀၀၁ (မြေညီ)၊ရွှေဂုံတိုင်တာဝါ၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
ရွှေဂုံတိုင် KBZ ဘဏ်ဝင်း ထဲမှာပါ ။Merry Brown အနီး
📞 - 09 97 20 87 669
(2)အမှတ် ၁၄၁၊ ၃၈လမ်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဗန္ဓုလလမ်း ဘက်နဲ့ပိုနီးတယ် Innwa Computer ဆိုင်နဲ့ မျက်နှာချင်းဆိုင်
📞 - 09 96 29 0000 3