Landmark English Center

Landmark English Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Landmark English Center, School, 49/B. Moe Sandar Street, Yangon.

🌎 နိုင်ငံတကာအခွင့်အလမ်းတွေ ဖမ်းဆုပ်နိုင်ဖို့ LMEC နဲ့ English Skills ဖြည့်ကြစို့။ သင့်ကလေးရဲ့ အနာဂတ်ပညာရေးမှာ နိုင်ငံတကာ...
22/08/2026

🌎 နိုင်ငံတကာအခွင့်အလမ်းတွေ ဖမ်းဆုပ်နိုင်ဖို့ LMEC နဲ့ English Skills ဖြည့်ကြစို့။

သင့်ကလေးရဲ့ အနာဂတ်ပညာရေးမှာ
နိုင်ငံတကာအခွင့်အလမ်းတွေကို ယုံကြည်မှုရှိရှိ ဖမ်းဆုပ်နိုင်ဖို့
လိုအပ်တဲ့ English Skills ကို LMEC မှာ စတင်ပြင်ဆင်နိုင်ပါပြီ 🤩

🔰 LMEC ဟာ Cambridge Exam Centre ABSQ မှ တရားဝင်အသိအမှတ်ပြုထားတဲ့ Partnership ဖြစ်ပြီး၊
Master Degree၊ Diploma နှင့် Qualified English Certificates ရရှိထားတဲ့ ဆရာ၊ ဆရာမများမှ
Cambridge သင်ရိုးညွှန်းတမ်းများနဲ့အညီ စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

📌 Cambridge Young Learners English Programme ဖြစ်တဲ့ 𝐒𝐭𝐚𝐫𝐭𝐞𝐫𝐬, 𝐌𝐨𝐯𝐞𝐫𝐬, 𝐅𝐥𝐲𝐞𝐫𝐬 နဲ့
📌 Cambridge English Programme ဖြစ်တဲ့ 𝐊𝐄𝐓, 𝐏𝐄𝐓, 𝐅𝐂𝐄 စတဲ့ အွန်လိုင်းအတန်းများရှိတာကြောင့် Level အလိုက် တက်ရောက်လို့ရပါတယ်။

အွန်လိုင်းအတန်းဆိုပေမဲ့…

✅ သင်ထောက်ကူဆိုင်ရာ Activity၊ Role Play၊ Game တွေနဲ့ ပျော်ပျော်ပါးပါး သင်ကြားပေးမှာပါ။

✅ ကလေးတစ်ဦးချင်းစီရဲ့ တိုးတက်မှုအခြေအနေကို Report Card များ၊ Parent Meetings များ စီစဉ်ပေးပြီး သင်ယူမှုအခြေအနေကို အနီးကပ် Follow Up လုပ်ပေးပါတယ်။

✅ Student Service Team အသင့်ရှိတာကြောင့် မိဘများအနေနဲ့ ပညာရေးလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

✅ ကျောင်းကစစ်ဆေးတဲ့ စာမေးပွဲ ဖြေဆိုအောင်မြင်ပါက LMEC မှပေးအပ်တဲ့ Certificate ရရှိမှာပါ။

✅ Cambridge Exam ဖြေဆိုလိုသူများအတွက်လည်း ကျောင်းမှ တာဝန်ယူပြီး စီစဉ်ဆောင်ရွက်ပေးပါတယ်။

ဒါကြောင့် သင့်ကလေးနဲ့ ကိုက်ညီတဲ့ English Level အမှန်သိရဖို့ 𝐏𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐬𝐭 အခမဲ့ ဖြေဆိုပြီး အခုပဲ Join လိုက်ပါ ❗️

🟢 Starters
=============
◾️ Sat & Sun
◾️ 1:00 PM - 2:30 PM
◾️ 12 Months
◾️ 28.8.2026

🟢 Movers
=============
◾️ Sat & Sun
◾️ 7:00 PM - 8:30 PM
◾️ 12 Months
◾️ 28.8.2026

🟢 Flyers
=============
◾️ Sat & Sun
◾️ 10:30 AM - 12:00 PM
◾️ 12 Months
◾️ 28.8.2026

🟢 KET
=============
◾️ Sat & Sun
◾️ 6:30 PM - 8:00 PM
◾️ 12 Months
◾️ 28.8.2026

🟢 PET
=============
◾️ Sat & Sun
◾️ 10:30 AM - 12:30 PM
◾️ 12 Months
◾️ 28.8.2026

သင်တန်းစုံစမ်းရန်
𝐋𝐌𝐄𝐂 ရဲ့ 💬𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် (သို့မဟုတ်)
📱 09- 456 9999 61 သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

📍 လှည်းတန်း ကျောင်းလိပ်စာ - အမှတ် (49-B)၊ ပထမထပ်၊ မိုးစန္ဒာလမ်း၊ ရန်ကုန်-အင်းစိန်လမ်းမ (လှည်းတန်းနှင့် စံရိပ်ငြိမ်မှတ်တိုင်ကြား)၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်။

စကားပြောရင်း ခေါင်းထဲမှာ စကားလုံး ရုတ်တရက် ပျောက်သွားတာဟာ လုံးဝ အပြစ်မဟုတ်ပါဘူးနော်!​ဒါပေမဲ့ "Umm... Uh..." လို့ အားမလို...
23/07/2026

စကားပြောရင်း ခေါင်းထဲမှာ စကားလုံး ရုတ်တရက် ပျောက်သွားတာဟာ လုံးဝ အပြစ်မဟုတ်ပါဘူးနော်!

ဒါပေမဲ့ "Umm... Uh..." လို့ အားမလိုအားမရ အသံထွက်နေမယ့်အစား နိုင်ငံခြားသားတွေလို
စမတ်ကျကျနဲ့ စကားလုံး ပြန်စဉ်းစားလို့ရမယ့် LMEC ရဲ့ လျှို့ဝှက် Magic Words (၃) ခု ကို မျှဝေပေးလိုက်ပါတယ်။

​ဒီ Magic Words လေးတွေကို သုံးလိုက်ရင် စမတ်လည်းကျသွားမယ်၊ စကားလုံး စဉ်းစားဖို့ အချိန်လည်း ရသွားမယ်နော်! ✨👇

​🧙‍♂️ Magic Word 1 - "Let me see..." (ခဏလေး စဉ်းစားကြည့်ပါရစေဦး...)
​👉 "Umm..." လို့ ပြောမယ့်အစား"Let me see..." လို့ ခပ်အေးအေးလေး ပြောလိုက်ပါ။

​🧙‍♂️ Magic Word 2 - "Well..." (ကဲ... ဆိုတော့...)
​👉 မေးခွန်းတစ်ခုခုကို ချက်ချင်း ဖြေဖို့ စကားလုံး မစဉ်းစားမိရင် "Well..." ဆိုပြီး အသံလေး နည်းနည်းဆွဲပြီး စလိုက်ပါ။
​💡 ဥပမာ: "Well... I like playing football!" (အရှေ့က 'Well' ဆိုတဲ့ စကားလုံးက စကားလုံး စဉ်းစားဖို့ ၂ စက္ကန့်စာ အချိန်ပိုရစေပါတယ်!)

​🧙‍♂️ Magic Word 3 - "How should I put this..." (ဒါကို ဘယ်လိုပြောရမလဲဆိုတော့...)
​👉 ဒါလေး သုံးလိုက်ရင် စကားလုံး စဉ်းစားမရတာမဟုတ်ဘဲ "ပိုကောင်းတဲ့ စကားလုံးကို ရွေးနေတာ" ဆိုတဲ့ Smart Vibe မျိုး ရသွားစေပါတယ်!

အခုပြောပြသွားတဲ့ Magic Words (၃) ခုကို လက်တွေ့မှာ သုံးကြည့်ဖို့ မမေ့နဲ့ဦးနော်။

​အင်္ဂလိပ်စာကို စိတ်ဖိစီးမှုမရှိဘဲ ယုံကြည်မှုအပြည့်နဲ့ စမတ်ကျကျ ပြောတတ်စေဖို့ LMEC ရဲ့ အတန်းလေးတွေကို အခုပဲ စုံစမ်းလိုက်တော့နော် 💙




21/07/2026

ကလေးတွေ ခဏခဏ မှားပြောမိတတ်တဲ့ “Grammar အမှား (၃) ခု”က ဘာတွေဖြစ်မလဲ ❓

​ဒီနေ့မှာတော့ LMEC က ကလေးတွေ ခဏခဏ မှားပြောမိတတ်တဲ့ Grammar အမှား (၃) ခု ကို ဒီ Video ထဲမှာ ပြောပြပေးထားတာဖြစ်လို့

မေမေတို့ရေ အဆုံးထိကြည့်ပြီး အမှန်ပြင်ပေးလိုက်ကြရအောင်ရှင် 😍

ဒီ (၃) ခုထဲက ဘယ်တစ်ခုကို အပြောများဆုံးလဲဆိုတာ ကောမန့်မှာ မန့်ခဲ့ပေးဦးနော် 💬

ကလေးတွေ စိတ်မဖိစီးဘဲ Grammar ကို စနစ်တကျနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့ LMEC ရဲ့ Young Learner Classes တွေမှာ အခုပဲ စုံစမ်းလိုက်ပါဦးနော် 💙




၁၉ ဇူလိုင် မမေ့နိုင်ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် “အာဇာနည်နေ့” တွင် အာဇာနည်များကို လွမ်းဆွတ်တမ်းတခြင်းများစွာဖြင့် ဂါဝ...
19/07/2026

၁၉ ဇူလိုင် မမေ့နိုင်

ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် “အာဇာနည်နေ့” တွင် အာဇာနည်များကို လွမ်းဆွတ်တမ်းတခြင်းများစွာဖြင့် ဂါဝရပြုအပ်လိုက်ပါသည်။ 🙏

#အာဇာနည်နေ့


17/07/2026

Cambridge Exam က ကလေးတွေ စာကျက်ရခက်အောင် နှိပ်စက်တဲ့ စာမေးပွဲကြီးလား ❓

လုံးဝမဟုတ်ပါဘူးနော် ❌
တကယ်တော့ ကလေးတွေအတွက် အပျော်ဆုံးနဲ့ အရေးအကြီးဆုံး 'English Level-up Game' ကြီးတစ်ခုပါ။ 🎮👾"

ဒါဖြင့်…နိုင်ငံတကာက ကလေးတွေရော၊ မိဘတွေပါ Cambridge English Exams (Starters, Movers, Flyers) ကို အသည်းအသန် အရေးတကြီး ဖြေကြတာလဲ❓
ဆိုတာ ဒီဗီဒီယိုထဲမှာ ကြည့်လိုက်ရအောင်နော်။

သင်တို့ရဲ့သားသားမီးမီးတို့ကိုလည်း အများတကာထက် အင်္ဂလိပ်စာ သိသိသာသာ ထူးချွန်ပြီး ယုံကြည်မှုအပြည့် ရှိစေချင်တယ်ဆိုရင်တော့...

🔰LMEC ရဲ့ အတန်းတွေမှာ Cambridge Level အလိုက် စနစ်တကျ ပြင်ဆင်လေ့ကျင့်ပေးနေပါပြီ​။

လာမယ့် အတန်းသစ်တွေအကြောင်း စုံစမ်းဖို့ အခုပဲ LMEC Chat Box (Messenger) ကို လှမ်းခဲ့လိုက်တော့နော်! 📩💙

15/07/2026

'Online ကနေ စာသင်ရတာဆိုတော့ ကလေးတွေ ပျင်းပြီး ငိုက်နေမှာပဲ...၊ အာရုံမလာလောက်ပါဘူး...' လို့ ထင်နေရင်တော့ လုံးဝ (လုံးဝ) မှားသွားမယ်နော်! 🙅‍♂️

တကယ်တော့... 🤫"
မိဘတွေ ထင်ထားသလို မဖြစ်ရအောင် LMEC ရဲ့ Zoom Classroom ထဲမှာ ကလေးတွေ မပျင်းရဘဲ အမြဲတက်ကြွပြီး ပျော်နေရတဲ့ လျှို့ဝှက်ချက် ရှိပါတယ်! ✨💻

ဒီနေ့တော့ အိမ်မှာနေရင်းနဲ့တင် ကျောင်းထက်တောင် ပျော်ဖို့ကောင်းနေတဲ့ LMEC ရဲ့ ကလေးတို့ ကမ္ဘာက အမှတ်တရ ဗီဒီယိုလေးတွေကို မိဘတို့ စိတ်အေးသွားအောင် အားလုံးအတွက် ခိုးပြီး မျှဝေပေးလိုက်ပါတယ်နော်။ 🥰👇

"English Movie တွေကြည့်ရင် Subtitle (စာတန်းထိုး) မပါရင် ဘာပြောမှန်းကို နားမလည်တော့ဘူး ဖြစ်နေလား? မျက်စိက စာတန်းထိုးပဲ လိ...
14/07/2026

"English Movie တွေကြည့်ရင် Subtitle (စာတန်းထိုး) မပါရင် ဘာပြောမှန်းကို နားမလည်တော့ဘူး ဖြစ်နေလား?

မျက်စိက စာတန်းထိုးပဲ လိုက်ဖတ်နေရလို့ ဇာတ်လမ်းရဲ့ အမိုက်စား Visual တွေကို သေချာမကြည့်လိုက်ရတဲ့ ဒုက္ခကနေ ရုန်းထွက်ချင်ပြီဆိုရင်တော့...

​ဒီနေ့ LMEC ကနေပြီး Subtitle မပါဘဲ ရုပ်ရှင်တွေကို အစအဆုံး နားလည်သွားစေမယ့် နည်းလမ်း (၃) ခု ကို မျှဝေပေးလိုက်ပါတယ်။ 😉👇

​နည်းလမ်း (၁) - ၁၀ မိနစ်စာကို နားကြပ်တပ်ပြီး အာရုံစိုက်နားထောင်ပါ (The 10-Minute Ear-Training)

​နည်းလမ်း (၂) - ကလေးကား (Animation) တွေနဲ့ အရင်စကြည့်ပါ (Start with Animations)

နည်းလမ်း (၃) - ကိုယ်ကြည့်ဖူးပြီးသား ဇာတ်လမ်းကို ပြန်ကြည့်ပါ (Rewatch your Favorite Movie)

ကဲ... Subtitle မပါဘဲ ကြည့်နိုင်ဖို့ ဘယ်နည်းလမ်းကို အရင်ဆုံး စမ်းသုံးကြည့်မလဲ?

(မင်မင်ကတော့ နည်းလမ်း ၂ ကို အကြံပြုချင်ပါတယ်! 🙋‍♂️)
ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာ တိုးတက်ချင်တဲ့ ကိုယ့်ရဲ့ Movie Buddy တွေကိုပါ ကွန်မန့်မှာ Tag တွဲပြီး ခေါ်ခဲ့ဦးနော်!

'I think... I think...' 💭အင်္ဂလိပ်လို ကိုယ့်အမြင်ကို ပြောတော့မယ်ဆိုရင် ဒီစကားလုံးတစ်ခုတည်းနဲ့ပဲ အစပြုနေမိတုန်းလား? 😉""I ...
10/07/2026

'I think... I think...' 💭
အင်္ဂလိပ်လို ကိုယ့်အမြင်ကို ပြောတော့မယ်ဆိုရင် ဒီစကားလုံးတစ်ခုတည်းနဲ့ပဲ အစပြုနေမိတုန်းလား? 😉"

"I think" ဆိုတာ မှားတော့မမှားပါဘူး။ ဒါပေမဲ့ Meeting တွေမှာ၊ အလုပ် Interview တွေမှာ ဒါမှမဟုတ် စာမေးပွဲတွေမှာ ဒီတစ်ခုတည်းကိုပဲ ခဏခဏ သုံးနေရင် ကိုယ့်ရဲ့ English Skill က ရိုးအီနေသလို ဖြစ်နေတတ်ပါတယ်။

​ကိုယ့်ရဲ့ စကားပြောပုံကို ပိုပြီး Professional ဆန်သွားစေဖို့၊ လူကြီးလူကောင်း ဆန်သွားစေဖို့ "I think" အစား ပြောင်းသုံးလို့ရမယ့် အမိုက်စား အဆင့်မြင့်စကားလုံး (၃) ခု ကို ဒီနေ့ပဲ LMEC ကနေ မျှဝေပေးလိုက်ပါတယ်။ 😎👇

​✨ 1. In my opinion... (ကျွန်တော့်ရဲ့ အမြင်အရတော့...)
​How to use: "In my opinion, this plan is better." (ကျွန်တော့်အမြင်အရတော့ ဒီအစီအစဉ်က ပိုကောင်းပါတယ်။)

​✨ 2. From my perspective... (ကျွန်တော့်ရဲ့ ရှုထောင့်ကနေ ကြည့်ရရင်တော့...)
​How to use: "From my perspective, we need more time." (ကျွန်တော့်ရှုထောင့်ကကြည့်ရင် ကျွန်တော်တို့ အချိန်ပိုလိုပါတယ်။)

​✨ 3. As far as I'm concerned... (ကျွန်တော့်အသိအရ၊ ကျွန်တော့်အမြင်အရ ပြောရရင်တော့...)
​How to use: "As far as I'm concerned, the system is working perfectly." (ကျွန်တော်သိသလောက်ကတော့ စနစ်က အဆင်ပြေပြေ အလုပ်လုပ်နေပါတယ်။)

ကဲ... ဒီ (၃) ခုထဲမှာ သင်ကော ဘယ်စကားလုံးကို အကြိုက်ဆုံးလဲ?
နောက်တစ်ခါ စကားပြောရင် "I think" ကို ခဏမေ့ထားပြီး ဒီအသုံးအနှုန်းလေးတွေကို သုံးလိုက်တော့နော် 🤩




09/07/2026

ဒီနေ့တော့ Fun Wednesday အနေနဲ့ LMEC ကျောင်းသားတွေကို "Who is the funniest in this class?" စတဲ့ မေးခွန်းလေးတွေကို တိုက်ရိုက် မေးကြည့်လိုက်ပါတယ် 🎙️

အဖြေတွေကတော့... မျှော်လင့်ထားသလိုပါပဲ!
တချို့က သူငယ်ချင်းကို လက်ညှိုးထိုးပြတယ်၊ တချို့က ကိုယ့်ကိုယ်ကိုယ် ပြန်ဝန်ခံတယ်၊ တချို့ကတော့ ဆရာမကိုပါ ပြန်စနောက်ကြတယ်🤭

​ဒီဗီဒီယိုလေးကို ကြည့်ပြီးတာနဲ့ သင်တို့ရဲ့ အတန်းထဲက 'funnyအဖြစ်ဆုံးသူငယ်ချင်း' ကို ချက်ချင်း ပြေးမြင်မိမှာ အသေအချာပါပဲ။ 😂

အခု ဗီဒီယိုကြည့်ပြီးရင် ကိုယ့်ရဲ့ သူငယ်ချင်းထဲမှာ အနောက်ဆုံးသူကို ဒီနေရာမှာ Tag တွဲပြီး "မင်းအကြောင်း ဒီမှာ ဖော်ကောင်လုပ်ထားတယ်" လို့ ပြောလိုက်ကြစို့👇





🎉 Congratulations to Our Cambridge Achievers! 🎉LMEC မှ 2026 Cambridge English Qualifications စာမေးပွဲကို အောင်မြင်စွာ ဖြ...
07/07/2026

🎉 Congratulations to Our Cambridge Achievers! 🎉

LMEC မှ 2026 Cambridge English Qualifications စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများအား အထူးဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါသည်။ 💚

🌟 Linn Latt Shwe Yee - PET
🌟 Waihin Myo Wunna - KET
🌟 Htut Aung Khant - KET

ဒီအောင်မြင်မှုဟာ ကျောင်းသား/သူများရဲ့ ကြိုးစားအားထုတ်မှု၊ မိဘများရဲ့ အားပေးမှုနှင့် ဆရာ/ဆရာမများရဲ့ လမ်းညွှန်မှုတို့ ပေါင်းစည်းထားသော အဖိုးတန်ရလဒ်တစ်ခုဖြစ်ပါတယ်။

💚 Congratulations once again! Wishing you even greater success in the future.

သင်တန်းအကြောင်း အသေးစိတ်စုံစမ်းမေးမြန်းလိုပါက…
𝐋𝐌𝐄𝐂 ရဲ့ 💬𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် (သို့မဟုတ်)
📱 09- 456 9999 61 သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Address

49/B. Moe Sandar Street
Yangon

Telephone

+959777400657

Website

Alerts

Be the first to know and let us send you an email when Landmark English Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Landmark English Center:

Shortcuts

Share

Category