ExE Myanmar Technology V2

ExE Myanmar Technology V2

Share

🚀Welcome to ExE Myanmar Technology,🚀

27/03/2025

ကျွန်တော် ဖွင့်မဲ့ အတန်းအတွက် Oriendation ကို Email ကနေတစ်ဆင့် ပို့ပေးထားပါတယ်ခင်ဗျာ။ဆက်သွယ်လို့ရတဲ့သူတွေကိုကျွန်တော် လိုက်ပြောထားပါတယ်။တစ်ချို့ဆက်သွယ်လို့မရတဲ့သူတွေကတော့ Email လေးတစ်ချက်ဖတ်ပေးပါခင်ဗျာ။ Oriendation မှာတော့ သင်တန်းနဲ့ပတ်သတ်တဲ့ Details အချက်အလက်တွေကို ပြောပြပြီးတော့ သင်တန်းအချိန်ရယ် ကျွန်တော် သင်မဲ့ပုံစံကို အသေးစိတ်ဆွေးနွေးသွားမှာပါခင်ဗျာ စိတ်ဝင်စားတဲ့လူရှိသေးရင်လည်းကျွန်တော်ဆီမှာ စာရင်းလာပေးလို့ရပါသေးတယ်။

AWS and Azure Cloud Fundamentals – Comprehensive Course
CloudComputingကိုစပြီးအခြေချဖို့အတွက်စဉ်းစားနေတယ်ဘယ်ကဘယ်လိုစရမှန်းမသိဘူးဖြစ်နေတယ်ပြီးတော့ Cloud နဲ့ပတ်သတ်ပြီးတော့သေသေချာချာ မသိသေးဘူးဖြစ်နေတဲ့လူတွေအတွက် ကျွန်တော် Cloud Computing နဲ့ပတ်သတ်ပြီးတော့ Training Course လေးတစ်ခုလုပ်ပေးချင်ပါတယ်။ဒီသင်တန်းမှာ AWS နဲ့ Azure Cloud ကိုတွဲဖက်ပြီးတော့ သင်ကြားသွားမှာပဲဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မလို့ Public Cloud နဲ့ပတ်သတ်ပြီးတော့Servicesတွေအကြောင်းကိုသေချာချာလေးနားလည်ဖို့ကျွန်တော်ကြိုးစားထားပါတယ်။အဲ့တော့ဒီTrainingကဘယ်လိုလူတွေအတွက်လဲဆိုရင်Cloudနဲ့ပတ်သတ်ပြီးFundamentalပိုင်းကနေစပြီးသေချာလေး Train ချင်တဲ့လူတွေအတွက် သင့်လျော်ပါတယ်။
ဒီ Training မှာဘာတွေလေ့လာခွင့်ရမလဲဆိုရင်-
- AWS Core Services: EC2, S3, RDS, VPC, IAM, Lambda, CloudWatch, and more.
- Azure Core Services: Virtual Machines, SQL Database, Blob Storage, Active Director,y and more.
- Cloud Security and Compliance: Encryption, Monitoring and best practices.
- Multi-Cloud Strategy: Compare and integrate AWS and Azure services effectively.
🚀Training Duration:🚀
- 6 Months (Flexible Schedule)
- 2 Hours Per Day ( Weekday or Weekend Batches Available)
- Live Session
- Hands-On Labs + Real-World Projects included!
🔥ဒီသင်တန်းရဲ့ Highlights ကဘာတွေလဲဆိုရင်🔥
- Hands-On Labs
- Flexible Learning Options
- Final Projects
သင်တန်းကို Live Session နဲ့သင်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ သင်တန်းကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင် ကျွန်တော်ရဲ့ Facebook Personal Account or Page Messenger မှာလာရောက်ဆက်သွယ်လို့ရသလို။ အောက်မှာပေးထားတဲ့ Form မှာလည်းစာရင်းပေးပြီးသင်တန်းလာအပ်ထားလို့ရပါတယ်။သင်တန်းစဖွင့်မဲ့လကတော့ ၄ လပိုင်းလအစမှာစဖွင့်မှာပါခင်ဗျာ။ Course အသေးစိတ်ကိုအောက်မှာလည်းဖတ်ရူနိုင်ပါတယ်ခင်ဗျာ။
https://docs.google.com/forms/d/e/1FAIpQLSdAK5yKSObv5UcQccAzvWGCIusCizXZwQJpyI-mQ66AOyPuGA/viewform?usp=dialog
☁️ Introduction to Cloud Computing and AWS Fundamentals☁️
1. Introduction to Cloud Computing (Public, Private, Hybrid)
2. AWS Global Infrastructure and Core Services (Regions, Availability Zones, IAM, Billing)
3. Compute Services in AWS (EC2, Auto Scaling, Load Balancing, Elastic Beanstalk)
4. Storage Services in AWS (S3, EBS, Glacier)
5. Networking in AWS (VPC, Subnets, Route Tables, Internet Gateways, Security Groups)
6. Database Services in AWS (Amazon RDS, Amazon DynamoDB, Amazon Redshift)
7. Security and Compliance in AWS (KMS, AWS Shield, WAF, Cloud Trail)
8. Monitoring and Automation in AWS (Amazon CloudWatch, AWS CloudFormation, Lambda)
Introduction to Microsoft Azure and Core Services
☁️1. Introduction to Microsoft Azure (Azure Portal, CLI, ARM)☁️
2. Compute Services in Azure (Virtual Machine, App Service, Azure Kubernetes Services)
3. Storage Services in Azure (Blog Storage, File Storage, Disk Storage)
4. Networking in Azure (VNet, NSG, Load Balancer, and Application Gateway)
5. Database Services in Azure (Azure SQL Database, Azure Cosmos DB)
6. Security and Compliance in Azure (Azure Key Vault, Active Directory, Azure Security Center)
7. Monitoring and Automation in Azure (Azure Monitor, Azure Log Analytics, Azure Automation)
🎰Advanced Topics and Final Project🎰
1. Multi-Cloud Architecture (Compare AWS and Azure, Multi-Cloud Strategy)
2. Serverless Computing (AWS Lambda vs Azure Functions)
3. Containers (Docker basics)
4. Final Projects

15/03/2025

03/03/2025

အခု ညနေ မြန်မာအချိန် ၆း၃၀ မှာကျွန်တော် သင်တန်းစပါ့မယ် ခင်ဗျာ စာရင်းပေးထားတဲ့သူတွေကို Email အကုန်ပို့ထားသလို့ ကျွန်တော် သင်တာ စမ်းနားထောင်ချင်သူများအတွက် ဒီနေ့ Meeting Link ကို ချပေးထားပါတယ် စိတ်ပါဝင်စားသူများ ဝင်ပြီးနားထောင်လို့ရပါတယ်။ ကျွန်တော်သင်တန်းမှာ သင်ပေးမဲ့ အကြောင်းအရာကတော့ Networking Basic Course နဲ့ Server Management Course ဖြစ်ပါတယ်။

meet.google.com

17/02/2025

🔥 “Multi-Cloud Networking: Observability & Optimization ကိုဘယ်လိုလုပ်မလဲ?”

ဒီဘက် Cloud Era ခေတ်မှာ Provider တစ်ခုထဲအပေါ်မှာပဲ depend လုပ်လို့မရတော့တဲ့အခါ Multi-Cloud Infra ဟာ Enterprise အတွက် ရွေးချယ်စရာ တစ်ခုဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ application & services တွေကို Cloud Provider အချင်းချင်းကြားထဲမှာ ဘယ်လိုချိတ်ဆက်ပြီး လုပ်ဆောင်သင့်လဲဆိုတာကို
Network ရှုထောင့်ကနေ sharing လုပ်ပေးသွားချင်ပါတယ်

Multi-Cloud ကိုသုံးပြီဆိုရင်တော့ ပထမဆုံးတွေ့ရမယ့် challenge ကတော့ ကျနော်တို့ရဲ့ services and resources တွေကို ဘယ်လို visualization & observability ရှိအောင် လုပ်ရမလဲဆိုတာပါပဲ
Network Level မှာတင် observability မရှိရင် ကျန်တဲ့ issue တွေကို Tshoot ဖို့က အတော်လေးခက်သွားမှာပါ
ဒီလိုမဖြစ်အောင် Datadog နဲ့ Kentik လိုမျိုး platform တွေကနေ ကိုယ့်ရဲ့ multi-cloud resources တွေကို သေချာ monitoring & visualize လုပ်လို့ရပါတယ်

နောက်ထပ် challenge တစ်ခုကတော့ Multi-Cloud ကို deploy လုပ်တဲ့အခါမှာ မလ်ိုလားတဲ့ complex issue တွေ ဘယ်လို avoid လုပ်ရမလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်. ဒီအတွက် solution ကတော့ SD-WAN technology က ဖြေရှင်းပေးပါလိမ့်မယ်.
အကယ်၍ SD-WAN ကိုသာ မသုံးပဲ Cloud providerတွေ အချင်းချင်းကြားထဲမှာ direct connect လိုမျိုး cloud native သီးသန့်ပဲသုံးမယ်ဆိုရင်တော့ Application ရဲ့ Traffic တွေက Public Internet or VPN တွေပေါ်ကနေ ဖြတ်သွားရတာဖြစ်လို့ ကျနော်တို့ infra ရဲ့ network performance ကို unreliable traffic, no dynamic path selection, latency နဲ့ packet loss လိုမျိုး negative impact တွေရှိလာမှာပဲဖြစ်ပါတယ်
ဒါ့အပြင် SD-WAN ကြောင့် ပုံမှန် Cloud Native မှာ manage and configure လုပ်ရမယ့်ဟာတွေအတွက် အများကြီး သက်သာစေပါတယ်

နောက်တစ်ချက်က AWS တစ်ခုထဲ သုံးရင် Intra-AWS Network ဖြစ်တဲ့ AWS Backbone ကိုသုံးပြီးသွားမှာဖြစ်လို့ cost optimization ရှိနိုင်ပေမယ့် Multi-Cloud မှာ Unoptimized Traffic ကြောင့် Bandwidth Cost ပိုမြင့်နိုင်တယ်။.SD-WAN မှာ တော့ MPLS လိုမျိုး technology ကြောင့် Multi-Cloud အတွက် network ကို သီးသန့် optimize လုပ်ပေးစရာ မလိုတော့ပါဘူး
ဆိုတော့ အချုပ်ပြောရရင်
Multi-Cloud မှာ Networking Challenges တွေကို ဖြေရှင်းဖို့ SD-WAN က must-have မဟုတ်ပေမယ့် Good-to-have ပါ။ SD-WAN ကို နားလည်ပြီး သေချာသုံးတတ်မယ်ဆိုရင် Multi-Cloud Networking Complexity ကို တော်တော်လေး လျှော့ချပေးနိုင်ပါတယ်။

အခုနောက်ဆုံးပြောမယ့်အချက်ကတော့ အရေးအကြီးအချက်ပါပဲ.....ဟုတ်ပါတယ် security ပါ
Cloud ဆိုတာ စပေါ်လာထဲက သံသယရှိတဲ့အချက်ဟာ security ကောင်းပါ့မလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်
ဒီနေရာမှာ Provider အသီးသီးကတော့ သူတို့ကိုယ်စီရဲ့ security measures တွေအတွက် အာမခံပေးထားပေမယ့် ကိုယ်စီသုံးထားတဲ့ security protocol တွေက မတူညီတဲ့အတွက် multi-cloud မှာတော့ security concern ဟာလည်း challenge တစ်ခုအနေနဲ့ရှိနေဆဲပါပဲ
SD-WAN ကိုသုံးပြီး security concern ကိုအထိုက်အလျောက်ဖြေရှင်းနိုင်တယ်ဆိုပေမယ့် real world မှာ ဒီထက်ပိုပြီး Layer by Layer security အထောက်အပံ့ဖြစ်တဲ့ security measure တွေကို လိုအပ်နေဆဲဖြစ်ပါတယ်
ဒါကြောင့်မို့ ကိုယ့်ရဲ့ infra မှာ SD-WAN ကိုသုံးနေသည့်တိုင် (Access Token/IAM/Data Encryption/Firewall(IPS/IDS) စတဲ့ Cloud Native ဖြစ်တဲ့ Tech stack တွေကို သုံးပြီး Layer by Layer security ကောင်းအောင် လုပ်ဆောင်ကြပါတယ်.

article လေးကို အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်🙏🏼

နောက်ထပ်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို sharing လုပ်ပေးသွားဦးမှာ ဖြစ်တဲ့အတွက် page ကို like and share လေးနဲ့ ကူညီပေးလို့ရပါတယ်

-Cloud
-Defined WAN

15/02/2025

What is Monolithic vs Microservices?

ကျွန်တော် ဒီနေ့ Sharing လုပ်ပေးချင်တဲ့ အကြောင်းအရာကတော့ Software Architecture နဲ့ပတ်သတ်ပြီး တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ တစ်ခုဖြစ်တဲ့ Monolithic ဆိုတာဘာလဲ Microservices ဆိုတာဘာလဲကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Monolithic Architecture

Monolithic Architecture ဆိုတာ Application တစ်ခုလုံးကို Single Unit တစ်ခုအနေနဲ့ Build Up လုပ်ထား တာပဲ ဖြစ်ပါတယ်။သူဆီမှာ UI, Business Logic, Database Access စတဲ့ Components အားလုံးကို Codebase တစ်ခုတည်းအနေနဲ့ ရှိနေပြီးတော့ Server ပေါ်မှာ Run ထားတာကို Monolithic လို့ခေါ်ဆို နိုင်ပါတယ်။သူရဲ့ အားသာချက်တွေကတော့ ရိုးရှင်းတဲ့အတွက်ကြောင့် Development, Testing,နဲ့ Deployment လုပ်တဲ့အခါမှာ လွယ်ကူပါတယ်။အဲ့အတွက်ကြောင့် Small to Medium sized projects တွေ အတွက်ဆိုရင် သင့်တော်ပါတယ်။သူက Single process ဖြစ်တဲ့အတွက်ကြောင့် Performance ပိုင်းအရမှာ လည်း မလိုအပ်တဲ့ Inter-process communication လုပ်စရာမလိုတာကြောင့် Performance ပိုင်းအရ မြန်ဆန်ပါတယ်။သူရဲ့ အားနက်ချက်တွေကတော့ ကျွန်တော်တို့ Application တစ်ခုလုံးကို Scale up နဲ့ Scale Down လုပ်ရတဲ့ အခါမှာ ခက်ခဲပါတယ်။ပြီးတော့ Maintenance လုပ်တဲ့အခါမှာလည်း Codebase ကြီးလာတာနဲ့ အမျှ Maintenance လုပ်ရတဲ့အခါမှာလည်း ခက်ခဲလာပါတယ်။ Application အတွင်းမှာ အသုံးပြုထားတဲ့ Technology တွေကိုပြောင်းလဲအသုံးပြုချင်တဲ့ အခါတွေမှာလည်း မလွယ်ကူတာကြောင့် Technology Stack ဖြစ်ပါတယ်။

Microservices Architecture

Microservices Architecture ဆိုတာ Application ကို Small, Independent Services တွေအမျာကြီး အဖြစ်ခွဲခြား ထားတာပဲ ဖြစ်ပါတယ်။အဲ့ဒီ Services တွေကိုလည်း သီးခြားဆီ Deploy လုပ်နိုင်ပြီးတော့ Technology တွေကို ခွဲပြီးအသုံးပြုနိုင်ပါတယ်။အဲ့အတွက်ကြောင့် Technology လည်း Stack မဖြစ်ပါဘူး။ သူရဲ့အားသာချက်တွေကတော့ Services တွေကို သီးခြားခွဲထားတဲ့အတွက် Scale up နဲ့ Scale Down လုပ်နိုင် ပါတယ်။မတူညီတဲ့ Services တွေအတွက် မတူညီတဲ့ Technology Stack ကိုလည်းအသုံးပြုနိုင်ပါတယ်။ Codebase တွေကလည်း Small and Manageable Services အဖြစ်ခွဲထားလို့ရတဲ့အတွက်ကြောင့် Maintenance လုပ်ရတာလည်းလွယ်ကူပါတယ်။သူရဲ့ အားနည်းချက်တွေကတော့ Services တွေတစ်ခုနဲ့ တစ်ခုခွဲထားတဲ့အတွက်ကြောင့် Communication and Coordination လုပ်ရတဲ့အခါမှာ Complex ဖြစ်ပါ တယ်။ Services တွေခွဲထားနိုင်တဲ့အတွက်ကြောင့် Services တစ်ခုခြင်းစီကို Deploy and Monitor လုပ်တဲ့ အခါမှာ အခက်အခဲတွေ ရှိပါတယ်။ပြီးတော့ Services တွေကြားမှာ Network Calls တွေကြောင့် Performance လည်း Monolithic ထက်တော့ နှေးနိုင်ပါတယ်။
အဲ့တော့ ကိုယ်တိုင်က Monolithic သုံးရမလား Microservices သုံးရမလားဆိုတာကတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲရွေးချယ် အသုံးပြုရမှာပါ။ကျွန်တော်အတွေ့အကြုံအရတော့ Monolithic ကို Small to medium project တွေဖြစ်တဲ့ ဥပမာ Traditional web applications တွေမှာဆို သုံးဖို့သင့်တော်ပါတယ်။ Microservices ကိုတော့ Large-scale and complex applications projects တွေဖြစ်တဲ့ ဥပမာ Netflix, Amazon, Uber တို့မှာ အသုံးပြုနိုင်ပါတယ်။နောက်ပိုင်းမှာလည်း ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို တင်ပေးသွားမှာ ဖြစ်လို့ ကျွန်တော် Page လေးကို Like and Share လုပ်ပေးပြီးကူညီပေးကြပါဦး။ အရင် Page အဟောင်းကတော့ 4 နှစ်လောက် Active မဖြစ်တော့တဲ့ အတွက် ကျွန်တော် Page အသစ်နဲ့ ပြန်ပြီး အစကပြန် Run နေပါပြီခင်ဗျာ။အားလုံးပဲ အဆင်ပြေကြပါစေ။

12/02/2025

𝐖𝐡𝐲 𝐰𝐞 𝐮𝐬𝐞 𝐌𝐮𝐥𝐭𝐢-𝐂𝐥𝐨𝐮𝐝 𝐢𝐧 𝐭𝐡𝐢𝐬 𝐞𝐫𝐚?
ဒီနေ့မှာတော့ Muti-Cloud ကို ဒီဘက်ခေတ်မှာ ဘာလို့ အသုံးများလာကြလဲ ဘာကြောင့်သုံးဖို့လိုလာလဲ ဆိုတာနဲ့ပတ်သတ်ပြီး ကျနော်သိသလောက် sharing လေး လုပ်ပေးချင်ပါတယ်

𝟏.𝐕𝐞𝐧𝐝𝐨𝐫 𝐋𝐨𝐜𝐤-𝐈𝐧 ကနေ ရှောင်ရန်
ကျွန်တော်တို့ Organization မှာ Cloud Provider တစ်ခုတည်းကိုပဲအသုံးပြုခြင်းဟာ Vendor lock-in တစ်ခုဖြစ်စေပြီးတော့ Organization ရဲ့ Stable Stage နဲ့ Redundant ဖြစ်တည်မှုအားနည်းစေပါတယ်။ ပြောရမယ်ဆိုရင် Cloud Service တွေရဲ့ API နဲ့ Tooling တွေဟာ Vendor-specific ဖြစ်တဲ့အတွက် တစ်ခုထဲက ထွက်ဖို့အတွက် ခက်ခဲပါတယ်။အဲ့တော့ ကျွန်တော်တို့က Vendor-Lock In မဖြစ်အောင် ကျွန်တော်တို့ Multi-Cloud ကိုအသုံးပြုပြီး မတူညီတဲ့ Cloud Providers တွေရဲ့ Best of breed services တွေကို အတူတစ်ကွ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ဥပမာ- AWS ရဲ့ EC2 ကို Compute အတွက် အသုံးပြုပြီးတော့ Google Cloud ရဲ့ BigQuery ကို Data Analytics အတွက်အသုံးပြုတာမျိုးဆိုရင် ကျွန်တော်တို့ Multi-Cloud အသုံးပြုတာပါပဲ။

𝟐.𝐇𝐢𝐠𝐡𝐭 𝐀𝐯𝐚𝐢𝐥𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐃𝐢𝐬𝐚𝐬𝐭𝐞𝐫 𝐑𝐞𝐜𝐨𝐯𝐞𝐫𝐲
Cloud Provider တစ်ခုတည်းကိုပဲ အသုံးပြုနေခြင်းက Single Point of Failure တစ်ခုဖြစ်စေနိုင်ပါတယ်။ တစ်ခုခု Outage ဖြစ်ခဲ့ရင် လုပ်ငန်းတစ်ခုလုံး ပျက်စီးနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ Multi-Cloud Architecture ကိုအသုံးပြုခြင်းဖြင့် လုပ်ငန်းတွေကို မတူညီတဲ့ Cloud Regions နဲ့ Providers တွေကို အသုံး ပြုထားခဲ့ရင် High Availability နဲ့ Disaster Recovery ကိုအကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပါတယ်။ဥပမာ အနေနဲ့ AWS RDS ကို Primary Database အဖြစ်အသုံးပြုပြီးတော့ Azure Blog Storage ကို Backup အဖြစ်အသုံးပြုတာမျိုးဆို ပိုပြီးစိတ်ချရပါတယ်။

𝟑. 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐎𝐩𝐭𝐢𝐦𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐫𝐨𝐬𝐬 𝐑𝐞𝐠𝐢𝐨𝐧𝐬
Cloud Provider တစ်ခုမှာ မတူညီတဲ့ Region တွေနဲ့ မတူညီတဲ့ Latency တွေ Performance ပြဿနာတွေ ဖြစ်နိုင်ပါတယ်။အထူးသဖြင့် Global User base ရှိတဲ့ လုပ်ငန်းတွေမှာဆိုရင် ဒီကောင်က ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။အဲ့တော့ ကျွန်တော်တို့ Multi-Cloud ကိုအသုံးပြုလိုက်ရင် Cloud Provider တွေရဲ့ Geographical Advantages တွေကို အသုံးပြုပြီးတော့ Latency ကိုလျှော့ချပြီး Performance တွေကို မြင့်တင်နိုင်ပါတယ်။ဥပမာ Google Cloud ရဲ့ CDN (Content Delivery Network) ကို Static Content တွေအတွက် အသုံးပြုပြီးတော့ AWS Lambda ကို Serverless Computing အတွက် အသုံပြုနိုင်ပါတယ်။

𝟒.𝐂𝐨𝐬𝐭 𝐄𝐟𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐚𝐧𝐝 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 𝐀𝐥𝐥𝐨𝐜𝐚𝐭𝐢𝐨𝐧
Cloud Provider တစ်ခုပဲသုံးတာကလည်း Cost Efficiency မှာ သိသာစေပါတယ်။ Provider တစ်ခုတည်းမှာ Resource တွေကို Over-Provisioning လုပ်ဖို့ လိုလာပြီဆိုရင် ကုန်ကျစရိတ်တွေ ပိုများလာနိုင်ပါတယ်။အဲ့တော့ Multi-Cloud Strategy ကိုအသုံးပြုတဲ့အခါ မတူညီတဲ့ Cloud Provider တွေရဲ့ Pricing Models တွေကို နှိုင်းယှဉ် ပြီး အကုန်အကျစရိတ် သက်သာစေဖို့ Resource Allocation ကို ပိုမို ထိရောက်စွာ စီမံနိုင်ပါတယ်။ဥပမာ AWS Spot Instance ကို Batch Processing အတွက် သုံးပြီး Azure Reserved Instance ကို Long term workloads အတွက် အသုံးပြုနိုင်ပါတယ်။

𝟓. 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐚𝐧𝐝 𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞
Cloud Provider တစ်ခုပဲအသုံးပြုတဲ့အခါမှာ ကျွန်တော်တို့ Security and Compliance ပြဿနာတွေလည်းတက်နိုင်ပါတယ်။အထူးသဖြင့် Sensitive Data တွေကို တစ်ခုထဲမှာ သိမ်းထားခြင်းဟာ Risk တစ်ခုဖြစ်စေနိုင်ပါတယ်။အဲ့တော့ Multi-Cloud ကိုအသုံးပြုတဲ့အခါ Cloud Providers တွေရဲ့ Security Features တွေကို ပေါင်းစပ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။အဲ့ဒါအပြင် Data Sovereignty ပြဿနာ တွေကို ဖြေရှင်းဖို့လည်း အခွင့်အလမ်းတွေ ရှိပါတယ်။ဥပမာ AWS Security Hub ကို Threat Detection အတွက် အသုံးပြုပြီးတော့ Azure Key Vault ကို Encryption Key management အတွက်အသုံးပြုနိုင်ပါတယ်။

𝟔. 𝐇𝐲𝐛𝐫𝐢𝐝 𝐖𝐨𝐫𝐤𝐥𝐨𝐚𝐝𝐬 𝐚𝐧𝐝 𝐌𝐢𝐜𝐫𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞
Modern Application Architectures တွေဟာ Microservices-based ဖြစ်လာတာနဲ့အမျှ တစ်ခုတည်းသော Cloud Provider တစ်ခုပဲ သုံးခြင်းဟာ ပြဿနာတစ်ခုဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် Service တစ်ခုခု Performance မြန်ဆန်စေဖို့ လိုလာနိုင်ပါတယ်။ အဲ့တော့ Multi-Cloud ကိုအသုံးပြုခြင်းဖြင့် Cloud Providers တွေရဲ့ မတူညီတဲ့ Specialized Services တွေကို ပေါင်းစပ်ပြီးတော့ Microservices တွေကို Optimize လုပ်နိုင်ပါတယ်။ဥပမာ Kubernetes Cluster တစ်ခုကို AWS EKS မှာ Run ပြီး အခြား Service တစ်ခုကို Google Cloud Run မှာ run လိုက်ရင် Microservices တွေကို ပိုမြန်ဆန်စေနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် Multi-Cloud Architecture ဟာလုပ်ငန်းတွေကို Flexibility, Scalability, နဲ့ Resilience တွေကို ပိုမိုပေးနိုင် ပါတယ်။ဒီနေ့ခေတ်မှာ လုပ်ငန်းတွေဟာ Cloud Provider တစ်ခုတည်းကိုပဲ မှီခိုနေတာထက် ပိုပြီး Innovative ဖြစ်ဖို့အတွက် Multi-Cloud ကိုပိုပြီးအသုံးများလာကြပါတယ်။အဲ့တော့ ကျွန်တော် နောက် Topic မှာဆိုရင် Multi Cloud နဲ့ပတ်သတ်တဲ့ Content တွေထက်တင်ပေးပါဦးမယ်။

12/02/2025

ကျွန်တော် Page အဟောင်းက Active မဖြစ်တော့တာ ၄ နှစ်ကျော်သွားတဲ့အတွက် ကျွန်တော် Version 2 အနေနဲ့ ဒီ Page လေးကို ပြန် Run ပါရစေခင်ဗျာ။အားလုံးပဲ အရင်လိုကျွန်တော် နည်းပညာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တတ်နိုင်တဲ့ ဘက်ကနေ ပြန်ပြီး Sharing လုပ်သွားမှာ ဖြစ်တဲံ့အတွက်ကြောင့် ကျွန်တော်ကို အရင်လို့ပြန်ပြီး Support လုပ်ပေးကြပါဦးခင်ဗျာ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon