Brainworks International School Thingangyun Myanmar

Brainworks International School Thingangyun Myanmar

Share

Brainworks provides students with excellent preparation for their next step in education, work and life.Our International Curriculum spans from

20/05/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 မှ 𝐏𝐫𝐢𝐦𝐚𝐫𝐲 အတန်းများအပ်နှံနိုင်ရန် စတင်ဖွင့်လှစ်လိုက်ပါပြီ။ 🏫✨

ယနေ့ခေတ်ပညာရေးတွင် ကလေးများအတွက် မှန်ကန်သောကျောင်းရွေးချယ်မှုသည် အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးဆုံးသော အခြေခံဖြစ်ပါသည်။ ကျွန်ုပ်တို့ကျောင်းသည် အရည်သွေးမြင့်သင်ကြားမှုစနစ်၊ခိုင်မာသောစည်းကမ်းနှင့် ကလေးတစ်ဦးချင်းစီ၏ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားကာ ကလေးများ၏ အရည်အချင်းများကိုအပြည့်အဝဖော်ထုတ်ပေးနိုင်ရန် အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။ 📚💪

Primary အဆင့်ကျောင်းသားများအတွက် Basic Academic Foundation ကိုခိုင်မာစွာတည်ဆောက်ပေးနိုင်သော သင်ကြားမှု၊ English Language Skills နှင့် Communication Skills များတိုးတက်လာစေရန် လေ့ကျင့်ပေးခြင်း၊ Creativity နှင့် Critical Thinking Skill များဖွံ့ဖြိုးလာစေရန် အားပေးသော သင်ယူမှုပတ်ဝန်းကျင်၊ International Standard နှင့်ကိုက်ညီသော သင်ရိုးညွှန်းတမ်းများ၊ ကလေးများ၏ အသက်အရွယ်နှင့် သင်ယူနိုင်စွမ်းအလိုက် ဂရုစိုက်လမ်းညွှန်ပေးသော Supportive Teaching Approach တို့ကိုအထူးပြုဆောင်ရွက်လျက်ရှိပါသည်။ 🧠🌍🌟

ထိုအပြင်ကျောင်းသားများ၏ ပညာရေးတိုးတက်မှုသာမက မိမိကိုယ်ပိုင်ယုံကြည်မှု ၊ စည်းကမ်းရှိမှု၊ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုဘဝကျွမ်းကျင်မှုများကိုပါ တပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားပေးလျက်ရှိသောကြောင့် မိဘများအတွက် ယုံကြည်စိတ်ချစွာရွေးချယ်နိုင်သော ကျောင်းတစ်ကျောင်းပဲဖြစ်ပါသည်။

မိမိသားသမီးများ၏ အနာဂတ်အတွက်ခိုင်မာသောအခြေခံပညာရပ်များကို စနစ်တကျတည်ဆောက်ပေးလိုသော မိဘများအားလုံးကို 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 သို့လာရောက်လေ့လာစုံစမ်းပြီး 𝐏𝐫𝐢𝐦𝐚𝐫𝐲 အတန်းများအတွက် အချိန်မီကျောင်းအပ်နှံနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ကျွန်ုပ်တို့ကျောင်းရုံးခန်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 📞

☎️ 09 - 977 756 055
☎️ 09 - 977 756 056

=======================

𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐄𝐧𝐫𝐨𝐥𝐥𝐦𝐞𝐧𝐭 for the 2026-2027 Academic Year is Now Open at 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥. 🏫✨

A child’s future begins with the right education. At 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥, we believe that every child deserves a strong academic foundation, a supportive learning environment, and opportunities to grow with confidence and creativity. 📚💪

Our Primary Program is carefully designed to help students develop academically, socially, and emotionally through:

High-quality, international standard education
Strong focus on English language and communication skills
Interactive and student-centered learning experiences
Development of creativity, critical thinking, and problem-solving skills
Caring and experienced teachers who guide students according to their individual learning needs
A safe, disciplined, and encouraging school environment

Beyond academics, we are dedicated to nurturing students’ confidence, responsibility, teamwork, and social skills to help them become well-rounded individuals prepared for future success. 🧠🌍🌟

We warmly welcome parents to visit 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 and explore how we can support your child’s educational journey. Enrollment for Primary classes is now open, and we encourage parents to register early to secure a place for the upcoming academic year.

For further information, please contact our school office. 📞

☎️ 09 - 977 756 055
☎️ 09 - 977 756 056


Photos from Brainworks International School Thingangyun Myanmar's post 18/05/2026

“A Gift of Clean Water — Magway Teaching Hospital”
17th May 2026

Today, the families of Brainworks – Total My Myanmar International Schools- parents, teachers, and students- came together to donate stainless steel water tanks (1,000L + 500L), accessories, plumbing materials, and 80 bottles of drinking water to Magway Teaching Hospital.
Total donation: 3,000,000 Kyats 🙏
A hospital is a place where people arrive in pain-regardless of race, religion, or background. We wish to all families be free from life’s hardships and blessed with happiness, peace, and joy.

“We give not because we have much-but because we feel the need of others.”

မကွေးသင်ကြားရေးဆေးရုံ သောက်ရေသန့်
စတီးကန်အလှူ(1000 L+500 L)
17.5.26

Brainworks- Total, My Myanmar, International Schools မှ မိဘဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ ကုသိုလ်အလှူတော် အဖြစ် ငွေကျပ်
သိန်းသုံးဆယ်တိတိ ကို ဆေးရုံ လာရောက် ကုသကြသော လူမျိူးဘာသာမရွေး၊သောက်ရေရှာရသော
အပူကိုငြိမ်းအေးစေလို၍ လှုဒန်းခဲ့ပါသည်။ ယခု လှုဒါန်းမှု တွင် ကုသိုလ် ပြုခဲ့ကြသော ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ များ မိသားစုဝင် အားလုံးတို့သည် အစစအရာရာပိုမိုအဆင်ပြေကာ စိတ်နလုံးရွှင်လန်းချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်း တောင်း အပ်လိုက် ပါသည်။

16/05/2026

အောင်မြင်တဲ့ ကလေးတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ အနာဂတ်ကို အရင်ဆုံး ယုံကြည်ပေးတဲ့ မိဘတစ်ယောက် အမြဲရှိပါတယ်။ 👨‍👩‍👧‍👦

သင့်ကလေးကို ကမ္ဘာထိပ်တန်း တက္ကသိုလ်များသို့ တက်ရောက်နိုင်မည့် အရည်အသွေးမြင့် နိုင်ငံတကာပညာရေးဖြင့် သင်ယူရန်၊ တိုးတက်ရန်နှင့် အောင်မြင်စွာ ဖွံ့ဖြိုးနိုင်စေရန် အခွင့်အရေးပေးလိုက်ပါ။ 🌍

ကျွန်ုပ်တို့ 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 မှ ကျောင်းသား၊ ကျောင်းသူများသည် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အဆင့်မြင့် နိုင်ငံတကာတက္ကသိုလ်များတွင် အောင်မြင်စွာ တက်ရောက်လျက်ရှိပါသည်။ 🎓

ထိုကဲ့သို့ အောင်မြင်မှုများကို ရရှိနိုင်ခြင်းမှာ ကျောင်းသားများ၏ ကြိုးစားအားထုတ်မှုသာမက၊ ကျွန်ုပ်တို့ပေးအပ်နေသော အရည်အသွေးမြင့် ပညာရေးစနစ်၊ နိုင်ငံတကာစံချိန်မီ သင်ကြားမှုများ၊ ကျောင်းသားတစ်ဦးချင်းစီ၏ အရည်အချင်းနှင့် အနာဂတ်ရည်မှန်းချက်များကို အနီးကပ် လမ်းညွှန်ပံ့ပိုးပေးနိုင်သော ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းညွှန်ပံ့ပိုးမှုများကြောင့်လည်း ဖြစ်ပါသည်။ 📜

ထို့အပြင် Critical Thinking, Leadership, Communication Skills နှင့် Global Mindset တို့ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးထားသောကြောင့် ကျွန်ုပ်တို့၏ ကျောင်းသားများသည် နိုင်ငံတကာတက္ကသိုလ်များတွင်သာမက အနာဂတ်ဘဝလမ်းကြောင်းများတွင်လည်း ယုံကြည်မှုအပြည့်ဖြင့် အောင်မြင်စွာ ရပ်တည်နိုင်ကြပါသည်။ 💪

နွေးထွေးသော သင်ယူမှုပတ်ဝန်းကျင်၊ အတွေ့အကြုံပြည့်ဝသော ဆရာ၊ ဆရာမများနှင့် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်တို့ဖြင့် ကျောင်းသားများအား ပညာရေးပိုင်းသာမက ဘဝတိုးတက်ရေးပိုင်းပါ ထူးချွန်အောင် လမ်းညွှန်ပေးလျက်ရှိပါသည်။ 🌱

မိဘများအနေဖြင့် သင့်ကလေးအတွက် ထိပ်တန်းတက္ကသိုလ်များသို့ တက်လှမ်းနိုင်မည့် အောင်မြင်ရေးလမ်းကြောင်းကို ဤနေရာမှစ၍ စတင်လိုက်ပါ။ 🚀

☎️ 09 - 977 756 055
☎️ 09 - 977 756 056

===================

At 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥, our students successfully gain admission to prestigious international universities across the globe each year. 🗺

These accomplishments are achieved not only through the hard work and dedication of our students, but also through the high-quality education system we provide, internationally recognised teaching standards, and personalised academic and career guidance that closely supports each student’s strengths and future aspirations. 🤝

In addition, we systematically develop Critical Thinking, Leadership, Communication Skills, and a Global Mindset, enabling our students to excel not only at international universities but also throughout their future careers and life journeys with confidence and success. 🏆

With a warm and supportive learning environment, experienced teachers, and a student-centred approach to education, we guide our students towards excellence not only in academics but also in personal growth and lifelong development. ☀️

Parents, begin your child’s journey towards top universities and a successful future with us today. ✨

☎️ 09 - 977 756 055
☎️ 09 - 977 756 056


Photos from Brainworks International School Thingangyun Myanmar's post 15/05/2026

ကျွန်ုပ်တို့ Brainworks International Schoolမှ ကျောင်းသား/ကျောင်းသူများသည် Checkpoint စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ တစ်နှစ်ပတ်လုံး ကျောင်းသား၊ သူတို့၏ ကြိုးစားအားထုတ်မှု၊ စိတ်အားထက်သန်မှု နှင့်အတူအောင်မြင်မှုကို အတူတကွ ဂုဏ်ပြုခွင့်ရခြင်းအတွက်လည်း အလွန်ဝမ်းသာမိပါသည်။

ဤရလဒ်များသည် ကျောင်းသား/ကျောင်းသူများ၏ နေ့စဉ်ကြိုးစားအားထုတ်မှုများ၏ အကျိုးရလဒ်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ အားထားရသော ဆရာ၊ ဆရာမများနှင့် မိဘများ၏ ပံ့ပိုးအားပေးမှုများလည်း ပါဝင်ပါသည်။ Brainworks ကျောင်း မှ ကျောင်းသားများ ကိုယ်တိုင်ကိုယ်ကျ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး၊ ယုံကြည်မှုများ တိုးတက်လာကာ၊ ထူးချွန်သော အောင်မြင်မှုများ ရရှိလာသည်ကို မြင်တွေ့ရခြင်းကိုဂုဏ်ယူ ဝမ်းမြောက်မိပါသည်။

ဤအောင်မြင်မှုအတွက် ကျောင်းသား/ကျောင်းသူများအားလုံးကို အထူးဂုဏ်ပြုလိုက်ရပါသည်။

We are extremely proud of our students for their amazing achievement on the Checkpoint Exams! Their hard work, commitment, and positive attitude throughout the year truly paid off and we could not be happier to celebrate their success.

These results are a reflection of the effort our students put in every day, along with the support and encouragement from our dedicated teachers and families. At Brainworks, we love seeing our students challenge themselves, grow in confidence, and achieve great things.

Congratulations to all of our students on this wonderful accomplishment, you should be very proud of your achievement!

10/05/2026

ယနေ့တွင် ကျရောက်သော အမေများနေ့မှာ မိခင်များ၏ ချစ်ခြင်းမေတ္တာ၊ ❤️ ကူညီထောက်ပံ့မှုနဲ့ 🤝 စိတ်ရှည်သည်းခံခြင်းတွေကြောင့် 🧘‍♀️ သားသမီးတိုင်းရဲ့ ကမ္ဘာကြီးက ပိုမိုလှပလာစေခဲ့တာဖြစ်လို့ 🌍 ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ 💐

Happy Mother's Day to all the amazing moms out there! ✨ Your love, support, and endless patience make the world a better place. 💖🌟



01/05/2026

မိဘများအတွက် ကလေးတစ်ယောက်၏ ပညာရေးလမ်းကြောင်းကို ရွေးချယ်ခြင်းဆိုသည်မှာ အနာဂတ်ကိုတည်ဆောက်ပေးတဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်ပါသည်။ 🎯👨‍👩‍👧‍👦✨

ကျွန်ုပ်တို့ 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 မှာတော့ ကလေးတစ်ယောက်ချင်းစီရဲ့ အရည်အချင်း၊ စိတ်ဝင်စားမှု၊ အိမ်မက်တွေကို လမ်းပြသင်ကြားပေးပြီး ပညာရေးခရီးအစမှ ဆုံးခန်းတိုင််အောင်တိုးတက်နိုင်တဲ့ ခိုင်မာတဲ့ ပညာရေးလမ်းကြောင်းကို ဖော်ဆောင်ပေးလျက်ရှိပါသည်။ကလေးငယ်များအတွက် ပျော်ရွှင်စွာ သင်ယူနိုင်တဲ့ ကျွန်ုပ်တို့ကျောင်းပတ်ဝန်းကျင်မှာ မူကြိုအရွယ်မှ စ၍၎င်းတို့၏ စူးစမ်းလိုစိတ်၊ သိရှိလိုစိတ်များဖြင့်စတင်ကာ ပညာရေးအုတ်မြစ်ခိုင်မာမှုများဖြင့် ယုံကြည်မှုများတိုးပွားပြီး နိုင်ငံတကာအဆင့်မီ တွေးခေါ်မှု ဖွံ့ဖြိုးမှုများဖြင့် ၎င်းတို့၏ စိတ်ကူးအိမ်မက်လမ်းကြောင်းများအတိုင်း ကျွန်ုပ်တို့ 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 ကျောင်းမှ မိဘများနှင့်အတူ လက်တွဲ၍ သေချာတဲ့ ပညာရေးလမ်းကြောင်းကို ဖော်ဆောင်ပေးနေပါသည်။ 🎓📚🌱🌍💡

သင့်ကလေးအတွက် မှန်ကန်တဲ့ ပညာရေးလမ်းကြောင်းကိုရွေးချယ်ဖို့ အချိန်ရောက်ရှိလာပါပြီ ⏰📌

မှန်ကန်တဲ့ ပတ်ဝန်းကျင်၊ မှန်ကန်တဲ့ လမ်းညွှန်မှုများ ထပ်တူကျမှသာလျှင် ၎င်းတို့၏ အရည်အချင်းများသည် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး အနာဂတ်မှာ ယုံကြည်မှုရှိပြီး ထူးချွန်အောင်မြင်တဲ့သူများဖြစ်လာမှာပဲ ဖြစ်ပါသည်။ 🚀🌟💪

သင့်ကလေး အနာဂတ်ပညာရေးအတွက် အကောင်းဆုံးကျောင်းပတ်ဝန်းကျင်ကို ရှာဖွေနေတယ်ဆိုရင်တော့ ကျွန်ုပ်တို့ 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 သို့လာရောက်စုံစမ်း အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါသည်။ 🏫📩

☎️ 09 - 977 756 055
☎️ 09 - 977 756 056

==================

Choosing a child’s educational pathway is one of the most important decisions in building their future. 🎯✨

At 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥, we guide each child based on their individual strengths, interests, and dreams. From the very beginning of their learning journey to its later stages, we carefully nurture and support them with a strong and well-structured educational pathway. 📚🎓🌱

Within our joyful and engaging learning environment, children begin exploring from their preschool years with curiosity and a love for discovery. Step by step, they build a solid academic foundation, develop confidence, and grow into internationally minded thinkers who are ready to pursue their dreams. 🌍💡🚀

Together with parents, 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 School is committed to shaping a clear and reliable educational journey for every child. 🤝👨‍👩‍👧‍👦

Now is the time to choose the right educational path for your child. With the right environment and the right guidance, children can fully develop their potential and grow into confident, capable, and successful individuals in the future. ⏰🌟💪

If you are looking for the best educational environment for your child’s future, we warmly invite you to visit and explore 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥. 🏫📩✨

☎️ 09 - 977 756 055
☎️ 09 - 977 756 056

30/04/2026

ကဆုန်လပြည့်နေ့ 🌕 မင်္ဂလာအခါသမယတွင် 🙏

မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ အမွေအနှစ်အဖြစ် အလေးထားဂုဏ်ပြုရသော ကဆုန်လပြည့်နေ့သည် 🌼 မေတ္တာ ❤️၊ ဉာဏ်ပညာ 🧠 နှင့် အေးချမ်းမှု 🕊️ တို့ကို ပြန်လည်သတိရစေသော အထူးသဖြင့် မြန်မာလူမျိုးများအတွက် အဓိပ္ပာယ်ရှိသည့် နေ့တစ်နေ့ဖြစ်ပါသည်။ 🌿

ကျွန်ုပ်တို့၏ ချစ်ခင်ရသော မိဘများ 👨‍👩‍👧‍👦၊ ဆရာဆရာမများ 👩‍🏫👨‍🏫 နှင့် ကျောင်းသားကျောင်းသူများ 🎓 အားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 💪💖၊ ဘဝလမ်းခရီးတွင် ပညာ 📚 နှင့်အတူ ဉာဏ်အလင်းရောင် ✨ တိုးတက်ပွားများပါစေကြောင်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆုမွန်ကောင်းများ 🌺 ပို့သလိုက်ပါသည်။

29/04/2026

ကျွန်ုပ်တို့ကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် (၁၁) ကြိမ်မြောက် ရုပ်ရှင်အသေးစားဖန်တီးမှု ပြိုင်ပွဲကို ဂုဏ်ယူစွာဖြင့် စတင်လိုက်ပါသည်။ ✨🎥
ယခုနှစ်၏ Theme သည် ယုံကြည်မှုရှိစွာ အားမာန်ပြည့်ဝပြီး အကန့်အသတ်မရှိ၊ သင်၏ကိုယ်ပိုင်ဖန်တီးမှုအတွက်ဖြစ်သော “AT EASE – EXPRESS” ပဲဖြစ်ပါသည်။ 🕊🎨
“AT” ဆိုတာဘာလဲ? 🤔
အဲဒါက သင့်ရဲ့ စိတ်ကူးစိတ်သန်း နှင့် ဖန်တီးနိုင်စွမ်းကို ဆိုလိုပြီး အရေးကြီးဆုံးကတော့ သင်ဆုံးဖြတ်သလို အဓိပ္ပါယ်ရနိုင်ပါသည်။ 💡🌟
သင်နှစ်သက်ရာ ရုပ်ရှင်အမျိုးအစားဖြစ်တဲ့
• Documentary 📹
• Storytelling 📖
• Drama 🎭
• Humour 😂
• Horror 👻
မည်သည့်အမျိုးအစားမဆို…
ဒီနေရာက သင့်အတွက် ဖန်တီးပြသဖို့အတွက် အကောင်းဆုံး Stage တစ်ခုပဲဖြစ်ပါသည်။ 🏟🎬
သင့်ဖန်တီးမှုအတွက် စည်းကမ်းတွေ၊ ကန့်သတ်ချက်တွေ၊ ဘောင်တွေ မရှိပါဘူး။ 🚫🖼 တကယ် ရှိတာက Expression ပဲဖြစ်ပါတယ်။ ယခုပဲ သင့် Camera ကိုယူပြီး သင့်စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ဖန်တီးလိုက်ပါ။ 📸🌈
Video ကိုဖန်တီးတဲ့ အခါမှာ အချိန် ( ၇ ) မိနစ် ထက် ပိုလို့ မရပါဘူး။ ⏳ ဖန်တီးတဲ့အခါမှာလည်း အောက်ပါအချက်တွေနဲ့ ကိုက်ညီစွာ ဖန်တီးရမှာပဲဖြစ်ပါသည်။
• Strong Storyboard 📝
• Creative Cinematography 🎥
• Smart Editing 💻✨
ဆုတော်ငွေ မြန်မာငွေကျပ် သိန်းပေါင်း ၆၀၀ ကိုပေးသွားမှာပဲဖြစ်ပါသည်! 💰🏆
သင့်ရဲ့ ဖန်တီးမှုက အမှန်တကယ် တန်ဖိုးရှိတဲ့ ဆုလာဘ်ဖြစ်လာနိုင်ပြီး ရုပ်ရှင်ကို ဖန်တီးပြီးသွားပြီဆိုရင်တော့ သက်ဆိုင်ရာ ဆရာ/ဆရာမ များနှင့် ကျောင်းရုံးခန်းထံသို့ July လ 31st ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာပဲဖြစ်ပါသည်။ 🗓📍
နောက်ထပ်အရေးကြီးဆုံးကတော့ သင့်ရဲ့ Storyboard ပါ။ ✍️ ဘာပဲဖန်တီးဖန်တီး သင့်ရဲ့ အသေးစိတ်ဖန်တီးမှုက Storyboard ပေါ်မှာအခြေခံထားပါသည်။ ဒါ့ကြောင့် သင့်ရဲ့ Storyboard ကို အထူးအာရုံစိုက်ပါ။ 🔍
သင့်အနေနဲ့ တစ်ခြားသူများထက် ကွဲပြားစွာ ဖန်တီးစဥ်းစားဖို့ အဆင်သင့်ဖြစ်ပြီလား? 🚀
သင်တို့ရဲ့ဖန်တီးမှုများကို အမြန်ဆုံးပြသဖို့ အဆင်သင့်ဖြစ်ပြီလား? 🔥
သင်တို့ရဲ့ အကောင်းဆုံး ဖန်တီးမှုတွေကို မြင်တွေ့နိုင်ရန် ကျွန်ုပ်တို့ စောင့်မျှော်နေတဲ့အတွက်ကြောင့် အကောင်းဆုံး Microfilm ကို အခုပဲ ဖန်တီးလိုက်ကြပါစို့။ 🎬🌟🤝
==============
🎬 𝐁𝐫𝐚𝐢𝐧𝐰𝐨𝐫𝐤𝐬-𝐓𝐨𝐭𝐚𝐥 proudly presents the 11th Annual 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐥𝐦 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 2026–27!
✨ And this year’s theme is bold, limitless, and entirely yours…
“𝐀𝐓 𝐄𝐀𝐒𝐄 – 𝐄𝐗𝐏𝐑𝐄𝐒𝐒”
💡 What does “AT” mean?
It means your imagination. It means your creativity. It means whatever YOU decide it to be!
Whether you love:
📽 Documentary
📖 Storytelling
🎭 Drama
😂 Humour
👻 Horror
This is YOUR stage to express!
🚫 There are NO rules to creativity — no limits, no boundaries… only expression.
📷 Take your camera, take your ideas, and bring your vision to life.
🎞 Create a powerful microfilm within 7 minutes.
Focus on:
📝 Strong storyboard
🎥 Creative cinematography
✂️ Smart editing
💰 Total Cash Prize of 60,000,000 MMK!
Yes, you heard it right — your creativity could turn into something truly rewarding!
📅 Last date to submit your films: 31st July 2026
📌 Remember this: Your storyboard is your blueprint. Focus on it, no matter what you create.
👩‍🎓👨‍🎓 So students…
🔥 Are you ready to think differently?
🚀 Are you ready to create fearlessly?
🎉 Are you ready to EXPRESS?
🙏 Thank you… and we can’t wait to see your masterpieces!







17/04/2026

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် 🎉✨ ချစ်ခင်လေးစားရပါသောကျောင်းသားမိဘများ 👨‍👩‍👧‍👦၊ ကျောင်းသားကျောင်းသူများ 🧑‍🎓👩‍🎓၊ ဆရာ၊ဆရာမများ 👨‍🏫👩‍🏫 အားလုံးနှင့် မြန်မာပြည်သူပြည်သားများအားလုံး ပျော်ရွှင်အေးချမ်းပါစေကြောင်း 💖 Brainworks-Total-My Myanmar School မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🍀🎊

Photos from Brainworks International School Thingangyun Myanmar's post 12/04/2026

We are proud to celebrate our Outstanding Students, Best Students, and Congenial Students of the Year, who have made this academic year truly memorable. These students have shown excellence in their studies, kindness in their actions, and a positive spirit that brightens our school community.Their dedication, good character, and willingness to support others set a wonderful example for everyone. Each of them has contributed in their own unique way through academic achievement, friendly attitude, or overall performance. Congratulations to all our award recipients for your hard work and achievements.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No 1, Thumingalar Street, 16/4 Quarter, Thingangyun Township
Yangon