29/10/2025
International Education မှာကနဦးသိထားသင့်တဲ့အပိုင်းဂဏ္ဍတစ်ရပ်အနေနဲ့ Shearing လုပ်ပေးချင်တာလေးပါ။
IGCSE တက်တဲ့ ကျောင်းသားတွေအနေနဲ့မိမိတို့အပ်နှံသည့် ကျောင်းအလိုက် သင်ရိုးရွေးချယ်ရပါတယ်။
Cambridge သင်ရိုးဖြင့်သင်ကြားသော ကျောင်းရှိသလို Edexcel သင်ရိုး သင်ကြားသောကျောင်းများလည်းရှိပါတယ်။
အဲဒိမှာမှ ဘာသာရပ်တွေကိုလည်းရွေးခြယ်သင်ယူဖြေဆိုလို့ရပါတယ်။
Mathematics သင်တဲ့ဆရာမတစ်ယောက်အနေနဲ့
Mathematics ဘာသာရပ်အကြောင်းနဲ့ပတ်သက်ပြီး စတင်ရှင်းပြလိုပါတယ်။
Cambridge သင်ရိုးမှာ
A Math နဲ့ E Math ဆိုပြီးရှိသလို
Edexcel သင်ရိုးမှာ
FP Maths နဲ့ Maths B ရယ်လို့ရှိပါတယ်။
ဒါဆိုရင် ဒီဘာသာရပ်တွေကဘယ်လိုကွာခြားတာလဲ?
ဘာအချက်တွေကို အခြေခံပြီးရွေးခြယ်သင်ယူရမှာလဲ? ဆိုပြီးမေးခွန်းတွေမေးတတ်ကြပါတယ်။
တကယ်တော့ သင်ရိုးမတူသော်ငြားလည် အခြေခံ ခြားနားချက်လေးတွေက တူတူပါပဲ။တူရာစုပြောရမယ်ဆိုရင်
A Maths က FP Math လိုဖြစ်ပြီး
E Maths က Maths B ကဲ့သို့ဖြစ်ပါတယ်
IGCSE မှာ ကိုယ့်ရဲ့ Career ပေါ်မူတည်ပြီး Subject ရွေးချယ်တဲ့အခါ
E Maths/Maths B နဲ့ A Math/FP Mathsရဲ့ ကွာခြားချက်ကို သိထားဖို့လိုအပ်ပါတယ်။
E Math (Core & Extended Mathematics) ဆိုတာဘာလဲ?
============
E Mathsဆိုတာက Core and Extended Mathematics ဖြစ်ပြီး Basic Maths အခြေခံသင်္ချာကို အဓိကထားပြီး နေ့စဉ်ဘဝမှာ အသုံးပြုနေကြတဲ့ သင်္ချာဆိုင်ရာ နည်းပညာတွေကို သင်ကြားပေးတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ E Math ဘာသာရပ်မှာ အဓိကအားဖြင့်
1. Number
2. Algebra
3. Geometry
4. Functions
5. Statistics and Probability စတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် ဒီဘာသာရပ်နဲ့သဘောတရားတူတဲ့ Maths Bကလည်းဒီလိုConcept တွေပဲဖြစ်ပါတယ်။
A Math (Additional Mathematics) ဆိုတာဘာလဲ?
========
A Maths ဆိုတာကတော့ Additional Mathematics ဖြစ်ပြီး အဆင့်မြင့်သင်္ချာကို လေ့လာလိုသူများအတွက် သင့်တော်တဲ့ ဘာသာရပ်တစ်ခုပါ။
A Math ကို Engineering, Physics, Science နဲ့ STEM အစရှိသော နယ်ပယ်များမှာ အများဆုံး အသုံးပြုကြပါတယ်။ A Math ဘာသာရပ်မှာ အဓိကအားဖြင့်
1. Vectors
2. Calculus
3. Functions
4. Trigonometry
5. Advanced Algebra
6. Coordinate Geometry
7. Probability and Statistics လိုမျိုး နက်နဲတဲ့ သင်ခန်းစာများကို အသေးစိတ်လေ့လာသင်ကြားရမှာဖြစ်ပါတယ်။
FP Maths ကတော့ အဆိုပါ
A Maths နဲ့သဘောတရားချင်းတူပါတယ်
E Math နဲ့ A Math ဘယ်ဘာသာတွဲကိုရွေးချယ်သင့်လဲ?
=======
▪️ ကျောင်းသားက STEM Field ကိုလည်းစိတ်မပါပဲ
Humanities, Arts or Social Science ကိုရွေးချယ်ဖို့ဆုံးဖြတ်ထားရင်တော့ E Math ကိုရွေးချယ်သင့်ပါတယ်။
မိမိ လျှောက်ထားလိုတဲ့ တက္ကသိုလ်က လက်ခံတယ်ဆိုရင်တော့ Simple Math ဖြစ်တဲ့ E Math က အကောင်းဆုံးရွေးချယ်မူဖြစ်စေမှာပါ။
▪️သင်္ချာအပေါ် စိတ်ပါဝင်စားပြီး အတွက်အချက်ပိုင်းတွေကိုအခြေခံတဲ့ Engineering, Economics, Physics, Computer Science နှင့် STEM ပညာရပ်များကို လေ့လာလိုသော ကျောင်းသားများအတွက် A Math ကိုမဖြစ်မနေရွေးချယ်သင့်ပါတယ်။
E Math or A Math ရွေးချယ်မှုက ကိုယ့်ရဲ့ အနာဂတ်နှင့် Career လမ်းကြောင်းအပေါ်မူတည်တာ ကြောင့် သေချာရွေးချယ်သင်ယူဖို့ အရေးကြီးပါတယ်။
ထပ်မံသိရှိလိုသောအကြောင်းအရာများရှိပါက Message ချန်ခဲ့နိုင်ပါတယ် ။