23/02/2026
The Compass နဲ့ The Navigator
Pages ၂ခုက Admins တွေက
တူတူပါပဲခင်ဗျာ.. 🙋♂️
Laptops လေးတွေ
လိုအပ်လာရင် The Compass Page
ကနေ ၀ယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ.. ✌️
အရစ်ကျလဲ ရတယ်နော်.. 🥰
ဒီ Post လေးမှာ HDD နဲ့ SSD
ကွာဟမူ့တွေအကြောင်းကို
လေ့လာကြည့်ကြရအောင်.. 🙆♂️
HDD ဆိုတာ Hard Disk Drive ပါ..
SSD ဆိုတာ Solid State Drive ပါ..
နှစ်ခုလုံးကတော့ Computer ထဲမှာ
Data တွေသိမ်းဖို့အသုံးပြုရတဲ့
Storage Devices တွေဖြစ်ပါတယ် ✅
Hard Disk ( HDD )
========
🌸 HDD က Storage ပမာဏကြီးကြီး
ရနိုင်ပြီး စျေးနှုန်းသက်သာပါတယ်..
🌸 အတွင်းမှာ လှည့်ပတ်နေတဲ့
Disk Plate တွေရှိပြီး Magnetic Head နဲ့
Data Read/Write လုပ်ပါတယ်..
🌸 Mechanical Parts ပါတာကြောင့်
ပြုတ်ကျရင် ပျက်စီးလွယ်ပါတယ်..
🌸 အသုံးပြုတဲ့အချိန်မှာလဲ အသံ
နည်းနည်းထွက်နိုင်ပါတယ်..
🌸 Power အသုံးပြုမူ့ကလဲ
SSD ထက်ပိုစားပါတယ်..
🌸 Data Transfer Speed က ပုံမှန်အားဖြင့်
SSD ထက် အများကြီးနှေးပါတယ်
( အကြမ်းအားဖြင့် ၁၀ဆ မက နှေးပါတယ် )
🌟 Storage များများလိုအပ်ပြီး
စျေးသက်သာချင်တဲ့သူတွေအတွက်သာ
သင့်တော်ပါတယ်..
Solid State Drive ( SSD )
==============
🌸 SSD က HDD ထက် ပိုသေးငယ်ပြီး ပိုပါးပါတယ်..
🌸 Mechanical Parts မပါဘဲ Chip (Flash Memory) နဲ့
ပြုလုပ်ထားပါတယ်..
🌸 ပြုတ်ကျခဲ့ရင်တောင် HDD ထက်
ပိုပြီး အကြမ်းခံနိုင်ပါတယ်..
🌸 Data ကူးနှုန်းအရမ်းမြန်လို့
Computer ကို သွက်လက် မြန်ဆန်စေပါတယ်..
🌸 Boot Time (Windows တက်ချိန်) ကို
သိသိသာသာမြန်စေပါတယ်..
🌸 Power စားနည်းပြီး အပူလည်းနည်းပါတယ်..
🌸 HDD ထက် အားသာချက်တွေ
များတာကြောင့် စျေးလဲပိုမြင့်ပါတယ်
🌸 SSD အမျိုးအစားတွေကို လေ့လာကြည့်ရင်
1. SATA SSD
HDD နဲ့တူတဲ့ Cable သုံးနိုင်ပါတယ်
Speed က 500MB/s လောက်ပါ
2. M.2 SATA SSD
Cable မလိုတော့ပါဘူး
Speed က SATA နဲ့တူပါတယ်
3. M.2 NVMe (PCIe) SSD
အမြန်ဆုံးအမျိုးအစားပါ
Speed 2000MB/s – 7000MB/s ထိ
ရှိနိုင်ပါတယ်
( Motherboard Support လုပ်တဲ့အပေါ်
မူတည်ပြီး ရွေးချယ်တပ်ဆင်လို့ရပါတယ် )
HDD VS SSD
===========
🌸 Performance ယှဥ်မယ်ဆိုရင်
SSD က အပြတ်အသက်ကို ကွာပါတယ်..
🌸 Operating System Data ပိုင်းတွေဆို
SSD ကို သုံးပြီး သိမ်းသင့်ပါတယ်
🌸 HDD ကိုတော့ Photos / Movies /
Backup Data သိမ်းဖို့အတွက်ပဲ သင့်တော်ပါတယ်
🌸 ပိုက်ဆံအဆင်ပြေရင် SSD သုံးတာက
အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်
ဒီလောက်ဆိုရင်တော့ HDD နဲ့ SSD အကြောင်းကို
ပိုမိုရှင်းလင်းနားလည်သွားမယ်လို့ မျှော်လင့်ပါတယ် 🙆♂️
The Compass မှာရောင်းတဲ့ Laptops
တွေမှာတော့ HDD ကို Secondary Storage
အနေနဲ့သာထည့်ပြီးရောင်းပေးပါတယ်..
Main Storage အနေနဲ့ကတော့
SSD ကိုသာအသုံးပြုပေးထားတာမလို့
Laptop တွေက အမြဲတမ်းသွက်လက်
မြန်ဆန်နေမှာဖြစ်ပါတယ်ခင်ဗျာ.. 🥰