ဟ....😂
うめ Japanese Language School
Japan စာအား အခြေခံမှစတင်၍ နည်းစနစ်?
မဂ်လာပါ ခင်ဗျာ
အင်တာဗျူး ဖြေဆိုလိုသူများ အတွက်
လျှပ်စစ်ပစ္စည်း စက်ရုံ
စားသောက်ကုန်လုပ်ငန်း
စိုက်ပျိုးရေး
အထည်ချုပ်
ထမင်းဗူး စက်ရုံ
ပေါင်မုန့် စက်ရုံ
၀ရိန်လုပ်ငန်း
တွင်ခုံ လုပ်ငန်း များဖြင့် အလုပ်အင်တာဗျူးများ လာရောက်လျှောက်ထားနိုင်ပါသည် ။
၂၀ ရက်နေ့တွင် ဖြေဆိုရပါမည်။
လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး စာရင်းပေးလာရောက် လျှောက်ထားပေးပါရန် ....
အသေးစိတ်သိရှိလိုပါက 09-783140651 သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။
🚌 လမ်း၀ မှတ်တိုင် အုတ်ပုံဆိပ် ၁ လမ်း ၈ ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်
29/12/2019
အင်တာဗျူးဖြေဆိုမယ့် သင်တန်းသူ သင်တန်းသားတွေ လေ့လာလို့ရအောင် ဝေမျှပေးလိုက်ပါတယ်
Cd ပေးပါတယ်
ယနေ့ ဖောင်တင်သွားတဲ့ ကျောင်းသူ ကျောင်းသားများ မနက် ဖြန် အင်တာဗျူးဖြေရမယ့်သူများ မနက် ၁၁ နာရီ ကျောင်းကို အရောက်လာပေးကြပါ အင်တာဗျူး ချိန် ၁၂ နာရီ ခွဲ ကိုပြောင်းသွားလို့ပါ
မဂ်လာပါ..うめJp lg school မှကြိုဆိုပါတယ်...
Urgent post... အောက်ပါလုပ်ငန်းများအတွက်အမြန်လိုပါသည်..
Restaurant
Hotel
Airport
Nursing
Home and Hospital အတွက်ပါ....
အနည်းဆုံး N4 level တက်ရောက်ဆဲလဲရပါတယ်.
အလုပ်ချိန် တစ်ပတ် 40 နာရီ...
တစ်လလုပ်ခလစာ ယန်း180000
အချိန်ပိုဂျပန်အလုပ်သမားဥပဒေအတိုင်းခံစားခွင့်ရှိသည်...
Contract 5 yrs
M/F(30)ဦးသာစြ်၍ဦးရာလူစနစ်ပါ
18,11.19နေ့နောက်ဆုံးပါ...
အမှတ်(202)အုတ်ပုံဆိပ် (1)လမ်းမရမ်းကုန်းမြို့နယ် ...
ဆက်သွယ်ရန်ဖုန်း -09783140651 ရုံးချိန်အတွင်းသာဆက်ပေးပါရန်
Page chat box မှ သင်တန်းလာစုံစမ်းသော ကိုကို မမ ညီငယ် ညီမငယ် များ
Unicode လေးတွေ ချိန်းပေးကြရင် သိပ်ပျော်မိမှာပဲ ☹️
😟
🌞🌞အလုပ်အကိုင်နဲ့ပတ်သက်တဲ့စကားလုံးလေးတွေဖော်ပြပေးလိုက်ပါတယ်💥💥
ぎんこういん -ဘဏ်၀န်ထမ်း
てんいん -အရောင်း၀န်ထမ်း
せんいん - sailor
えきいん - ဘူတာရုံ၀န်ထမ်း
こうむいん - အစိုးရ၀န်ထမ်း
かいけいし -စာရင်းကိုင်
いしゃ - ဆရာ၀န်
はいしゃ - သွားဆရာ၀န်
きょうし -ဆရာ/ ဆရာမ
さっか - စာရေးဆရာ
べんごし -ရှေ့နေ
かんごふ -သူနာပြု
けいかん -ရဲသား
けいびいん - လုံခြုံရေး
せいじか -နိုင်ငံရေးသမား
ぎし -အင်ဂျီနီယာ
かしゅ - အဆိုတော်
はいゆう - သရုပ်ဆောင်အမျိုးသား
じょゆう - သရုပ်ဆောင်မင်းသမီး
つうやく - စကားပြန်
ほんやく - ဘာသာပြန်
はなや - ပန်းဆိုင်
めがねや - မျက်မှန်ဆိုင်
とこや -ဆံပင်ညှပ်ဆိုင်
ぶちょう -ဠာနခွဲမှူး
かちょう -ဠာနမှူး
のうふ - လယ်သမား
ちょうりし - စားဖိုမှူး
りようし - ဆံပင်ညှပ်ဆရာ/ဆရာမ
びよう -အလှပြင်ဆရာ/ဆရာမ
はりこ - အပ်ချုပ်သူ
したてや - စက်ချုပ်သူ
しゃしんか - ဓာတ်ပုံဆရာ
がか - ပန်းချီဆရာ
だいく - လက်သမား
おんがくか - ဂီတပညာရှင်
しょうぼうし - မီးသတ်သမား
にわし - ဥယျာဉ်မှုး
そうじにん - သန့်ရှင်းရေးလုပ်သူ
ホームヘルパー -အိမ်အကူ
ウェーター -waiter
ウェトレス -waitress
ジャーナリスト -သတင်းထောက်
エンジニア -အင်ဂျီနီယာ
パイロット -လေယျာဉ်မှူး
ひこうし -လေယျာဉ်မှူး
デザイナー -ဒီဇိုင်နာ
Cd
Training Centre
30/10/2019
ဂျပန်ရောက်ရင် ဒါတွေ မလုပ်ပါနဲ့...❌
📌ဂျပန်နိုင်ငံမှာ အရာဝတ္ထုကိုဖြစ်ဖြစ်၊ လူကိုဖြစ်ဖြစ် လက်ညှိုးထိုးညွှန်ပြတာက ရိုင်းတာကြောင့် အဲ့ဒီအမူအကျင့်ကိုတော့ မလုပ်သင့်ပါဘူး။
📌ဂျပန်နိုင်ငံမှာ စားစရာတွေကို လမ်းမှာ၊ ကားပေါ်၊ ရထားပေါ်တွေမှာ စားလို့မရပါဘူး။
📌ဂျပန်နိုင်ငံမှာ တစ်ခုခုစားတဲ့အခါ တူကို ပန်းကန်လုံးထဲမှာ ဒေါင်လိုက်စိုက်ထားတာမျိုး မလုပ်ပါနဲ့။
📌ဂျပန်နိုင်ငံရောက်ရင် ဆူရှီ၊ ငါးအသားလွှာတွေနဲ့တို့စားဖို့ ပေးထားတဲ့ Soy Sauce တွေကို ထမင်းပေါ် စမ်းစားတာမျိုး၊ အသားလွှာတွေပေါ် စမ်းလိုက်တာမျိုးလည်း မလုပ်ပါနဲ့။
📌ဂျပန်နိုင်ငံမှာ Tip ပေးတဲ့ ယဉ်ကျေးမှုမရှိပါဘူး။ ဝန်ဆောင်ခက Bill ထဲမှာ တစ်ခါတည်းပါဝင်တာကြောင့် သင် Tip ပေးရင် ငြင်းကြပါလိမ့်မယ်။
📌ဂျပန်နိုင်ငံရောက်ရင် အပြင်မှာစီးတဲ့ဖိနပ်ကို အခန်းထဲ ဒါမှမဟုတ် အိမ်ထဲတွေမှာ စီးလို့မရပါဘူး။
📌ဂျပန်တွေက ကားဘူတာ၊ ရထားဘူတာတွေမှာ တန်းစီတဲ့အကျင့်ရှိရုံသာမကဘဲ ဓာတ်လှေကားစီးဖို့စောင့်ရင်တောင် တန်းစီကြပါတယ်။ ဒါကြောင့် တန်းစီတဲ့အကျင့်ကို စည်းကမ်းဖောက်ဖျက်လို့ မရပါဘူး။
📌ရေချိုးကန်ထဲကို ရေချိုးပြီးမှသာ ဝင်ရပါတယ်။ ရေချိုးကန်ထဲမှာ ရေပူအမြဲဖြည့်ထားတာကြောင့် ရေချိုးပြီး လန်းဆန်းသွားတော့မှာသာ ရေချိုးကန်ထဲ ဝင်စိမ်တတ်ကြပါတယ်။
📌ဂျပန်နိုင်ငံမှာ နှာစေးနေလို့ နှပ်ညှစ်ချင်ရင် ရေချိုးခန်း၊ ဒါမှမဟုတ် အိမ်သာထဲမှာ ဝင်ညှစ်ပါ။
📌ဂျပန်နိုင်ငံရဲ့ ကားတွေ၊ ရထားတွေပေါ်မှာ အောင်ကြီးဟစ်ကျယ်ဖုန်းပြောလို့မရပါဘူး။
Cd
24/10/2019
ဂျပန်စာ လေ့လာနေတဲ့ ညီအကိုမောင်နှမများ အားလုံး မင်္ဂလာပါ လို့ ဦးစွာပထမ နှုတ်ခွန်း ဆက်သပါရစေ။
ကျနော်တို့ စောင့်မျှော် နေခဲ့ရတဲ့ 特定技能(とくていぎのう)လုပ်ငန်းအမျိုးအစား (၁၄)မျိုးထဲက 宿泊業(しゅくはくぎょう) ဟိုတယ်လုပ်ငန်းအမျိုးအစားရဲ့ 技能試験(ぎのうしけん) ကျွမ်းကျင်စာမေးပွဲကို (၂၀၁၉)ခုနှစ် အောက်တိုဘာလ၊ (၂၇)ရက်နေ့ (တနင်္ဂနွေနေ့)မှာ ကျင်းပမှာ ဖြစ်ပါတယ်။
စာမေးပွဲ ဖြေဆိုခွင့်ကို (၂၅၀)ဦးသာ ကန့်သတ်ထားခဲ့တဲ့အတွက်၊ Online လျှောက်လွှာစတင်လက်ခံပြီး မိနစ် (၃၀) လောက်မှာတင် ကန့်သတ်ဦးရေ ပြည့်သွားခဲ့ပါတယ်။
ကျနော် ဒီနေ့ ကြိုတင်ပြင်ဆင်မှု့ အပိုင်းနဲ့ စပ်လျဉ်းပြီး အနည်းငယ် ဝေမျှချင်ပါတယ်။
ဖောင်တင်ကြတယ်။ ဘာတွေ လိုတာလဲ?? ဘာတွေ ပြင်ဆင်ထားဖို့ လိုတာလဲ??
၁။ မိမိရဲ့ နာမည်ကို အင်္ဂလိပ်လို ဘယ်လို စာလုံးပေါင်းလဲ သိထားဖို့လိုပါတယ်။
- နိုင်ငံကူးလက်မှတ်ထဲက အတိုင်းဖြစ်ရပါမယ်နော်။
ဥပမာ - Passport ထဲမှာတော့ Tun နဲ့ ထွန်းထားပြီး စာမေးပွဲလျှောက်လွှာကို Htun နဲ့တော့ မထွန်းကြပါနဲ့နော်။
စာလုံးပေါင်းတာ တစ်လုံးလိုတာ တစ်လုံးလျော့တာ စာလုံးပေါင်းမှားတာတွေက မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်ထင်ပါတယ်။
၂။ မွေးသက္ကရာဇ်
- သန်းခေါင်စာရင်းထဲက မွေးသက္ကရာဇ်နဲ့ မှတ်ပုံတင်က မွေးသက္ကရာဇ် မတူလို့ ဘယ်ဟာ ရေးရမလဲ လို့တော့ မမေးပါနဲ့။ အမှန်ဆိုတာ တစ်ခုပဲ ရှိပါတယ်။ သတင်းအချက်အလက်အမှန်ဖြစ်အောင် ပြင်ဆင်သင့်တာ ပြင်ထားရမှာက ကာယကံရှင်ရဲ့ တာဝန်ပါ။
၃။မှတ်ပုံတင်နံပါတ် ကို မှန်ကန်အောင် ရေးပါ။
- မှတ်ပုံတင် နံပါတ်လို့ ပြောလိုက်တာနဲ့ ** / * * * ( N ) **** လို့ ဖြည့်ရမယ် ဆိုတာ သိစေချင်ပါတယ်။
ဥပမာ ရန်ကုန် ကျောက်တံတားမြို့နယ်က မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ လူတွေဆိုရင် ၁၂ /ကတတ(နိုင်)****** ဖြစ်ပြီး အင်္ဂလိပ်လို ရေးတဲ့ အခါမှာ 12/ Ka Ta Ta ( N ) **** လို့ ရေးရမှာ ဖြစ်ပါတယ်။
တချို့ အတွေ့အကြုံမရှိသေးတဲ့ ညီအကိုမောင်နှမတွေက နံပါတ်(၆)လုံးပဲ ရေးတာတို့၊ 'ကတတ' ဆိုတဲ့အက္ခရာကို 'KTT' လို့ပဲရေးတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။
စံ တစ်ခုကို သတ်မှတ်ထားရင် အဲ့ဒီ့ စံကို လိုက်နာစေချင်ပါတယ်။
ဒီလို အခြေခံအချက်တွေကိုတော့ အမှားအယွင်းမရှိရလေအောင် ပြင်ဆင်ထားပေးစေချင်ပါတယ်။
စာမေးပွဲ လျှောက်လွှာ တင်ပြီးတာနဲ့ မပြီးသေးပါဘူးနော်။
စာမေးပွဲ ဖြေဆိုခွင့် ရထားပြီးသားသူတွေ 受験票(じゅけんひょう)ကို ကြည့် ပြီးကြပြီလားခင်ဗျာ့??
အောက်ပါ အချက် (၆)ချက်က အချက်အလက်တွေ မှန် မမှန် စစ်ဆေးပြီး ပြီလာခင်ဗျာ့။
၁။ အမည် (名前)။
၂။ မွေးသက္ကရာဇ် (生年月日)။
၃။ နိုင်ငံသား (国籍)။
၄။ လိင် (性別)။
၅။ သက်သေအထောက်အထား အမျိုးအစား (公的身分証明書区分)။
၆။ သက်သေအထောက်အထားအမှတ်စဉ် (公的身分証明書番号)။
အကယ်၍ တစ်ခုခု မှား နေတယ်ဆိုရင်တော့ အောက်က Link ကနေပြီး Exam Centre {試験(しけん)センター} ကို ဆက်သွယ်ပြီး အမှားပြင်ဖို့ အတွက် အကူအညီတောင်းဆိုနိုင်ပါတယ်။
Phone - 03-6265-4641
FAX - 03-6265-4642
ရုံးချိန်ကတော့ - ဂျပန်စံတော်ချိန် နံနက် ၀၉:၀၀ နာရီကနေ ညနေ ၀၅:၃၀ နာရီအတွင်း ဆက်သွယ်လို့ ရပါတယ်ခင်ဗျာ။ *** စနေ၊ တနင်္ဂနွေနဲ့ ဂျပန်အစိုးရရုံးပိတ်ရက်တွေဆိုရင် ပိတ်ပါတယ်နော်။
https://caipt.or.jp/contact/forcustomer/
စာမေးပွဲခန်းထဲရောက်ပြီးမှ Exam Slip နဲ့ မတူလို့ စာမေးပွဲ မဖြေလိုက်ရဘူးဖြစ်မှာ စိုးလို့သတိပေးတာပါခင်ဗျာ။
နောက်ဆက်တွဲ ဘာတွေ လုပ်ဆောင်ရမှာလဲ??
စာမေးပွဲ ဘယ်မှာ ဖြေရမှာလဲ??
စာမေးပွဲက ဘယ်နေ့လဲ??
စာမေးပွဲဖြေရမည့် အချိန်က???
စာမေးပွဲမှာ ဘာတွေ မဖြစ်မနေ ယူဆောင်သွားရမှာလဲ???
စာမေးပွဲမှာ ဘာတွေ ယူဆောင်ခွင့်ရှိပြီး ဘာတွေ ယူဆောင်ခွင့်မရှိ တာလဲ??
စာမေးပွဲ စည်းကမ်းချက်တွေက ဘာလဲ??
စတာတွေကိုရော စာမေးပွဲဖြေဆိုမည့် ကာယကံရှင်တွေက စနည်းနာနေဖို့ လိုပါတယ်။
ပညာရေး စနစ်တွေ၊ နိုင်ငံရေး စနစ်တွေက ဖျက်စီးတာလည်း ပါကောင်းပါပါလိမ့်မယ်။
ကိုယ့်အား ကိုယ်မကိုးတာကတော့ ကာယကံရှင် ကိုယ်တိုင်က ဖျက်စီးမှပဲ ပျက်စီးတဲ့ အရာပါ။
Smart Phone သုံးနေပါရက်၊ Internet တွေရှိနေပါရက် ကိုယ်အတွက် လိုအပ်တဲ့ သတင်းနောက်မှ မလိုက်နိုင်ဘူး ဆိုရင် တန်ပါရဲ့လား???
"မြန်မာတွေ သူများကို အားကိုးလွန်းတယ်။" လို့ ပြောလာရင် - ကျနော်ကိုယ်တိုင်လည်း မြန်မာလူမျိုး ဖြစ်တဲ့အတွက် နာပါတယ်။
နိုင်ငံခြားသား တစ်ယောက်ယောက်က ဒီလိုပြောလာမယ်ဆိုရင် အသားကို ဓားနဲ့လှီးတာထက်ကို ပိုနာပါတယ်။
ကျနော်တို့ ဂျပန်စာ လေ့လာနေကြတဲ့ သူတွေပါ။ ဂျပန်စာချည်းပဲ လေ့လာနေလို့ မရပါဘူး။
သူတို့ရဲ့ အလေ့အကျင့်၊ အပြုအမူ၊ စရိုက် စတာတွေကိုပါ လေ့လာပြီး ကောင်းမွန်သော အလေ့အထတွေကို အတုယူကာ ကိုယ်ပိုင်အလေ့အထ ဖြစ်အောင် လုပ်စေချင်ပါတယ်။
နောက်နောင် လျှောက်လွှာတင်မည့် ညီအကိုမောင်နှမများအတွက် သတိထားရမည့် အချက်အချို့ကို ဝေငှခြင်းသာ ဖြစ်ပါသည်။ မည်သူ့မည်သူကိုမှ အပြစ်တင် ပြောဆိုနေခြင်း လုံးဝ မဟုတ်ပါကြောင်းပြောကြားပါရစေခင်ဗျာ။
စာမေးပွဲ ဖြေဆိုမည့် (၂၀၁၉)ခုနှစ်၊ အောက်တိုဘာလ၊ (၂၇)ရက်နေ့မှာ ယူဆောင်လာရမည့် ပစ္စည်းတွေကတော့ -
၁။ 受験票(じゅけんひょう) သို့မဟုတ် စာမေးပွဲဖြေဆိုခွင့်ကဒ်
My Page မှ Download ယူပြီး A4 Size ဖြင့် Print ထုတ်ယူရမည်ဖြစ်သည်။
*** Print ထုတ်ထားသော စာမေးပွဲဖြေဆိုခွင့်ကဒ် မပါပါက စာမေးပွဲဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။
၂။ သက်သေအထောက်အထားလက်မှတ်
စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားရာတွင် ရွေးချယ်ခွင့်ပြုထားသော သက်သေအထောက်အထား (၃)မျိုးဖြစ်သည့် (က) နိုင်ငံကူးလက်မှတ်၊ (ခ) ယာဉ်မောင်းလိုင်စင်၊ (ဂ) နိုင်ငံသားစီစစ်ရေးကဒ်ပြား တို့မှ မိမိရွေးချယ်ထားသော သက်သေ အထောက်အထားမူရင်းကို ယူဆောင်လာရမည် ဖြစ်ပါသည်။
*** စာမေးပွဲဖြေဆိုခွင့်ကဒ်တွင် ဖေါ်ပြထားသော သက်သေအထောက်အထားကဒ်အမျိုးအစား မူရင်းကို ယူဆောင်မလာပါက စာမေးပွဲဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။
၃။ ခဲတံ
ခဲတံကို ယူဆောင်လာပေးပါခင်ဗျာ။ ခဲတံမဟုတ်သည့် အခြား ရေးစရာများ ဖြစ်သည့် ခဲဆံဘောပင်၊ ဘောပင်၊ ဖောင်တိန် အစရှိသည့်တို့ဖြင့် Mark Sheet တွင် ရေးခြစ်ဖြေဆိုခဲ့သည်ရှိသော်၊ မှန်မှန်ကန်ကန် မဖတ်နိုင်သည့် ကိစ္စရပ်များ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။
၄။ ခဲဖျက်
ပလပ်စတစ်ဖြင့် ပြုလုပ်ထားသည့် ခဲဖျက်။
*** လက်ကိုင်ပဝါ သို့မဟုတ် Tissue ယူဆောင်လာခဲ့သည်ရှိသော် အိတ်ထဲတွင် ထည့်ထားခြင်းမပြုပဲ၊ ခုံပေါ်တွင် တင်ထားရမည်။
*** နာရီ၊ ဂဏန်းပေါင်းစက်၊ လျှပ်စစ်ခဲဖျက် အစရှိသည့် ပစ္စည်းများ ယူဆောင်ခွင့် မပြုပါ။ စာမေးပွဲ ဖြေဆိုသည့် ခန်းမတွင် နာရီကို ထားပေးမည်ဖြစ်သောကြောင့် ထိုနာရီကို အသုံးပြုပေးပါခင်ဗျာ။
စာမေးပွဲ ဖြေဆိုခွင့်ရသော (၂၅၀)ဦးသော ညီအကိုမောင်နှမများ အားလုံး (၂၇)ရက်နေ့တွင် ကျင်းပမည့် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။
AKA
N1 အောင်ပီးသား ယောက်ျားလေး နှစ်ယောက် work visa
09783140651 သို့ ဆက်သွယ်ပေးပါရန် ....
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
2569
Opening Hours
| Tuesday | 09:00 - 17:00 |
| 21:00 - 16:00 | |
| Wednesday | 13:00 - 15:00 |
| Thursday | 13:00 - 15:00 |
| Friday | 13:00 - 15:00 |
| Saturday | 13:00 - 15:00 |
| Sunday | 13:00 - 15:00 |