အ.ထ.က - ၁ ဒဂုံ

အ.ထ.က - ၁ ဒဂုံ

Share

Basic Education High School No. 1 Dagon is considered one of the best public high schools in Myanmar. School code= MY0005

Basic Education High School No. 1 Dagon (formerly, Methodist English High School), located a few miles north of downtown Yangon, is considered the best public high schools in Myanmar. Dagon 1, as it is commonly known, offers classes from kindergarten to Tenth Standard (renamed Grade 1 to Grade 11) to about 6500 students. Attended almost exclusively by the children of the wealthy, Dagon 1 has some

Photos from အ.ထ.က - ၁ ဒဂုံ's post 29/03/2026
Photos from အ.ထ.က - ၁ ဒဂုံ's post 06/10/2025

ဒဂုံ (၁) Grade 5 မှ ကျောင်းသူများ၏ကျောင်းကျန်းမာရေးပညာပေးကပွဲဖျော်ဖြေမှု
Crd

Photos from အ.ထ.က - ၁ ဒဂုံ's post 27/11/2024

ဆရာဦးကျော်မြင့် အသက်(၇၅)နှစ်
ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆရာကြီးရဲ့တပည့်များနဲ့ကျောင်းသား/ကျောင်းသူဟောင်းများကိုဝမ်းနည်းစွာအသိပေးအကြောင်းကြားပါတယ်

27/11/2024

27-11-2024 ရက်နေ့ မနက်(၃)နာရီတွင်တီချယ်ဒေါ်ခင်မာကြည် သည်ကွယ်လွန်သွား
ပါသဖြင့်မိသားစုများနဲ့ထပ်တူဝမ်းနည်းကြေ
ကွဲရပါကြောင်း။
ချစ်ခင်ရသောသူများနဲ့
ချစ်တပည့်များအားအကြောင်းကြားအပ်
ပါသည်

Photos from အ.ထ.က - ၁ ဒဂုံ's post 05/09/2024

ဒဂုံ(၁)ကလက်ရှိ ကျောင်းသားမိဘတစ်ဦးကပေးပို့လာတာပါ

ဒဂုံ(၁) ဆရာမများရဲ့ရုပ်ပေါက်ချက်က ကျောင်းနာမည်ပျက် သိက္ခာကျ

ခေတ်သစ်ပညာရေး ကြားလို့တောင်ကောင်းကြသေးရဲ့လား။

Photos from အ.ထ.က - ၁ ဒဂုံ's post 18/08/2024

ဒဂုံ(၁)ကျောင်းသား၊ကျောင်းသူများက "Penguin" ဟုအသိများသော

ဆရာမကြီးဒေါ်ယဉ်ယဉ်မြင့်(ECO/ENGLISH)
အသက် (၇၉နှစ်)

ကွယ်လွန်သွားပြီဖြစ်ကြောင်းကျောင်းသား/ကျောင်းသူဟောင်းတပည့်များကိုအကြောင်းကြားပါတယ်
ဆရာမကောင်းမွန်ရာဘုံဘဝကိုရောက်ရှိပါစေ

18/08/2024

ဒဂုံ(၁) ကျောင်းဆိုတာ ကျွန်တော်တို့ငယ်ငယ်ထဲက
အစဉ်အဆက်သမိုင်းကြောင်းကောင်းခဲ့သော
ကျောင်းအတွက်ဂုဏ်ယူနေရသော
ဒဂုံ(၁)ကျောင်းမှ ကျောင်းပီးခဲ့သောကျောင်းသားကျောင်းသူများအတွက်
ပညာရေး စာရိတ္ထ ကောင်းမွန်သောနာမည်ရခဲ့သော ကျောင်းကြီးပါ
ယခု လက်ရှိအချိန်မှာ
ကျောင်းကြီး အတွက်အင်မတန် ၀မ်းနည်းရပါတယ်
ပညာရေးထူးချွန်သော
ပညာကြိုးစားသင်ယူသော
ကျောင်းသားကျောင်းသူများအားအလွန်နည်းသွားသလိုပညာရေးအလေးပေ
းသင်ကြား ပေးသောဆရာ ဆရာမများလဲမရှိတော့ပါ
Online သင်ကြားရေးကိုသာဖိအားပေးပီး.
စာမေးပွဲအတွက်သာ တိုက်ရိုက်ပို့ချနေတာတွေ့ရပါတယ်
G.8 အခန်း6မှ ကျောင်းသူတစ်ဦးသည် ကျောင်းပျက်ရက်များစွာနဲ့ ကျောင်းမတက်ပါ
လနှင့်ချီ၍မတက်ခြင်းအတွက် ဆရာမများ ဆုံးမခြင်းမရှိသလို
စာမေးပွဲကိုလဲ ဖြေဆိုခွင့်ပေးထားခြင်းကို
ကျောင်းအုပ်ကြီးကိုယ်တိုင်မသိတာလား
သိခွင့်မရခဲ့တာလား
စာမေးပွဲကိုလဲ ဖြေဆိုခြင်းရက်ပျက်ကွက်ခြင်းရှိခဲ့ပါသည်
ပြောချင်တာက..

နေ့စဉ်ကျောင်းတက်ပီး အမှန်တစ်ကယ်ကြိုးစားသောကျောင်းသားကျောင်းသူများအတွက်နစ်နာပါတယ်
စည်းကမ်းမဲ့စွာပြုမူနေထိုင်ခြင်းကို
အရေးယူထိထိရောက်ရောက်မဆောင်ရွက်ခဲ့ပါ

ကျွန်တော်တို့မိဘများအနေနှင့် အနူးအညွှတ်တောင်းဆိုပါတယ်
တင်ပြအပ်ပါတယ်
ထို မိန်းကလေးကျောင်းသူကိုကြည့်ပီး
ကျန်ကျောင်းသူများလဲ အတူယူမှားနိုင်ပါတယ်
ဆရာ ဆရာများနှင့်ကျောင်းအုပ်ကြီး
ကျောင်းစည်းကမ်းကို သမိုင်းကြောင်း ဆက်လက်ကောင်းနိုင်ရန် ထိန်းသိမ်းပေးပါရန်
တင်ပြပါသည်

မိဘများကိုယ်စား

17/08/2024

ရင်ဘတ်ကြီးနဲ့ မခံစားနဲ့တဲ့

"လက်ရှိသင်နေဆဲ တပည့်သည်သာ
ကျွန်တော့် တပည့်အစစ်ဖြစ်ပြီး
ယခင်က ကျွန်တော် သင်ပေးခဲ့ဘူးသူများဟာ
ကျွန်တော့် တပည့်မဟုတ်ကြတော့" ဆိုတဲ့
စကားဟာ
ဆရာ၊ဆရာမ အားလုံးနီးပါး
ဆိုနိုင်ပြောနိုင် ရေးနိုင်တဲ့
စကားစု ဖြစ်လို့ နေပါပြီ။

ဘာကြောင့် ဒီစကား ဆိုရပါသလဲ၊
ဘာကြောင့် ဒီလိုပြောရပါသလဲ ဆိုတဲ့
အမေးစကား မေးမိလာပါသလား။
အမေးအတွက် အဖြေက
အဆင်သင့်ရှိနေပါတယ်။

၁။
ပုခုံးခြင်းတိုက်မတတ်
ဘေးခြင်းယှဉ်လျှောက်တာမျိုး၊

၂။
ပုခုံးခြင်း ဝင်တိုက်သွားတာမျိုး၊

၃။
မျက်နှာခြင်းဆိုင်ဖြစ်ရဲ့နဲ့
မမြင်ချင်ယောင်ဆောင်သွားတာမျိုး၊

၄။
ဆရာ၊ဆရာမကို သူငယ်ချင်းလို
ဂါရဝမဲ့
နှုတ်ဆက်ပုံမျိုး၊

၅။
ဆရာ၊ဆရာမကို ပြောဆိုတဲ့လေသံမှာ
ယဉ်ကျေးပြူ ငှာမှု ပျောက်ဆုံးနေတာမျိုး၊

၆။
ဥစ္စာ၊ရာထူး၊အာဏာအရ နိမ့်ပါးနေတဲ့
အခြေအနေရှိသူ ဆရာ၊ဆရာမမျိုးကို
ကိုယ့် ဆရာ၊ဆရာမ အဖြစ် ဝန်မခံရဲဘဲ
ကိုယ့်သိက္ခာမကျရေးအတွက် မျက်နှာလွှဲ
ခဲပစ်လုပ်တာမျိုး၊

၇။
ပေးရနိုး၊ကမ်းရနိုး ထင်မှားပြီး
အဆက်အဆံ အသွားအလာ
ဖြတ်တာမျိုး၊

၈။
ဆရာ၊ဆရာမ ဆီက ကိုယ့်အကျိုးအတွက်
နောက်ထပ်ရနိုင်စရာ ဘာမှမရှိနိုင်ဘူးလို့
ထင်မှတ်မှားကာ လှည့်မကြည့်တတ်သူမျိုး၊

၉။
ဆန်ပေးလို့ ဆီရတာပဲ၊
တို့လခပေးလို့ ဆရာ၊ဆရာမက
ပြန်သင်ပေးတာပဲ လို့ ဆိုတဲ့
အတွေးအမြင်မှားနဲ့ ဆက်ဆံတတ်သူမျိုး၊

၁၀။
ဆရာ၊ဆရာမရဲ့ အပြစ်ပေးခံရမှုကို
ယခုတိုင် အခဲမကျေဖြစ်ရင်း
အလှည့်ပြန်စောင့်ဆိုင်းတတ်သူမျိုး ...တွေ
ခုခေတ်မှာ ပိုပိုများများလာတာ တွေ့နေရပါတယ်။

အထက်က ဆယ်မျိုးထဲက တစ်မျိုးမျိုးနဲ့
ဆရာ၊ဆရာမ များ ရင်ဆိုင်ကြုံတွေ့ကြတဲ့အခါ
ဆရာ၊ဆရာမများ ရင်နာကြရပါတယ်။

ရင်မနာဖို့အတွက်
"လက်ရှိသင်နေဆဲ တပည့်သည်သာ
တပည့်အစစ်ဖြစ်ပြီး
ယခင်က သင်ပေးခဲ့ဘူးသူများကတော့
တပည့်များ မဟုတ်ကြတော့" ဆိုတဲ့
ဆောင်ပုဒ်လေးကို နှလုံးသွင်းထားနိုင်ခဲ့ရင်
နာကြင်ခံစားရမှုတွေ အထိုက်အလျောက်
လျှော့ပါးသွားနိုင်တာမို့
အထက်ပါ စကားကို ဆိုရခြင်း ဖြစ်ပါတယ်။

လူတိုင်းဟာ တချိန်က ဆရာ၊ဆရာမတွေရဲ့
တပည့် ဖြစ်ဘူးကြသူချည်းပါ။
မှတ်ထားကြပါ။
အစိုးရဆီက လခ ယူပြီးပဲ သင်သင်
ကျောင်းသားမိဘဆီက လခ ယူပြီးပဲ သင်သင်
တတ်မြောက်စေလိုတဲ့ "စေတနာ"မပါဘဲ
သင်ကြားလို့ မရပါဘူး။

Credit: ဆရာနိုင်ဝင်းလတ်

Photos from အ.ထ.က - ၁ ဒဂုံ's post 12/08/2024

ပိုက်ဆံပေးရင်"ဘွဲ့"လက်မှတ်တောင်ရတဲ့ခေတ်မှာ ဘာတွေအုံးစားခံနေကြဦးမှာလည်း?

ရှင်းရှင်းပဲပြောလိုက်မယ် ပြည်သူ့အစိုးရဆီကနေ အာဏာလုယူချိန်မှစလို့ ပေါ်ထွက်လာ တဲ့
”ကျွန်ပညာရေးစနစ်”ကို ထင်ကိုမကြီးတာ။

သင်ရိုးသစ်တွေဘယ်လိုပြောင်းပြောင်းMyanmar schoolတွေရဲ့အားနည်းချက်ကြီးက Academic curriculum ကို တအားအသားပေးတာကြောင့် သင်ရိုးသစ်generationsဟာလည်း ဘယ်နည်းနဲ့မှ Citizenshipsကိုရောက်ဖို့မဖြစ်နိုင်ဘူး။မြန်မာ့ဓလေ့သင်ကြားနည်းစနစ်(Traditional Teaching Method) ဟာလည်းဘုန်းကြီးကျောင်းပညာရေးစနစ်ရဲ့ လက်စွဲတော်သင်ပုန်းကြီးနည်း (တစ်နည်း) ဆရာကဟောပြောပို့ချခြင်းနည်းထဲကကိုမထွက်နိုင်ဘူးဖြစ်လို့နေတယ်။Test and Measurements မှာဆိုရင်လည်း ပြဋ္ဌာန်းစာအုပ်ဘောင်ထဲကကိုမလွန်ဆန်နိုင်ဘဲ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ နဲ့ ချလပတ်လည်။ဘယ်အချိန်မှာသိသာသလဲဆိုရင် တက္ကသိုလ်၀င်အမှတ်ခြစ်တဲ့အခါကျရင် တအားစကားပြောရတာ။သင်ရိုးစာအုပ်ထဲကအတိုင်း သည်၏မရွေးတိုက်စစ်တာပဲ။ကလေးတွေအတွက် Brain stroming ,Creative Thinking ကို သူတို့အမှတ်ပေးစနစ်မှာလက်မခံထားဘူး။ဘယ်ထောက်ထိဆိုးသလဲဆိုရင်-

အိုင်ချင်းဆိုရင်မှာအဘယ်နည်း။
-အိုင်ချင်းဆိုသည်မှာ အသံအိုင်အိုင်အသံမြိုင်မြိုင်ဖြင့်အများဝိုင်းဖွဲ့ကာသီဆိုသောတေးကဗျာ တစ်မျိုး။ ...ဆိုတဲ့ Definition မှာ တစ်ကြောင်းလုံးမှန်ပြီး"တစ်" မပါလို့အမှတ်မပေးရဘူးတဲ့။မြန်မာစာအပုဒ်ရှည်မှာဆိုလည်း
ပေးမှတ်က (၁၀)မှတ်ဖြစ်ပေမယ့်ဘယ်လောက်တော်တော် (၇၊၈)မှတ်ထက် ပိုပေးလို့ခွင့်မရှိဘူး။
အဲ့တာဆိုဘာလို့ ပေးမှတ်ကို(၁၀)မှတ်criteriaသတ်မှတ်ထားသလဲပေါ့။‌
သေချာတာကတော့ကလေးရဲ့ Age levelအရ သူတို့ရဲ့ဖန်တီးနိုင်မှုစွမ်းရည်ကို ပါမောက္ခတစ်ဦးရဲ့စံနှုန်းနဲ့တိုင်းတာလိုက်လို့ ကလေးရဲ့အမှတ်ဟာ သူ့ရပိုင်ခွင့်ကိုမဖြေခင်ကတည်းက အလိုလိုဆုံးရှူံးပြီးသားဖြစ်လို့နေတယ်လို့ဆိုရပါမယ်။

ဒီလိုနဲ့ သင်ရိုးကလည်း သစ်ရာက‌ဟောင်း၊ဟောင်းရာကနေသစ် ခေတ်စနစ်တွေသာပြောင်းလဲသွားပေမယ့် မြန်မာ့ကျောင်းသားတွေဟာ-

1..Creative Thinkingမရှိလာဘူး။
2..Team Workနဲ့အလုပ်မလုပ်တတ်ဘူး။
3..သင်ရိုးဘောင်ကနေ အပြင်ဘက်ကိုမ‌တွေးနိုင်ကြဘူး။
4.. Research မလုပ်တတ်ဘူး။
5.. Presentation Skillဆိုတာဝေး။
6..နောက်ဆုံး Application လို့မေးရင် Text ထဲကစာကို Answer
paperပေါ် အလွတ်ကျက်ပြန်ကူးနိုင်တာပါပဲ။

ဒီတော့ကာနိုင်ငံခြားသားတစ်ဦးပြောတဲ့ Speechတစ်ပုဒ်နားထောင်ဖူးတာကိုသတိရမိတယ်။

"မြန်မာလူမျိုးတွေဟာ အင်မတန်စာကျက်အားကောင်းကြတယ်တဲ့။သူတို့ကိုအင်မတန်ချီးကျူးတယ်။လေ့လာကျက်မှတ်သလောက်သာResearchလုပ်ရင် မြန်မာကျောင်းသားတွေကို ကမ္ဘာမှာဘယ်သူမှမယှဉ်နိုင်ဘူးတဲ့။"

Credit
Myo Ko

Photos from အ.ထ.က - ၁ ဒဂုံ's post 30/06/2024

အ.ထ.က (၁) ဒဂုံ ကျောင်းမှာ ဆရာမ ကောင်းများ CDM လုပ်သွားပြီးနောက်ပိုင်း ဒဂုံ (၁) က ဆရာမတွေက စာကိုသေချာမသင် ပဲနဲ့မဟုတ်တာနဲ့ အချိုန်တွေဖြုန်းနေ တဲ့ဆရာမတွေရှိနေတယ်။

ဒီနေရာမှာ ကလေးတွေကို ဒုက္ခပေးတဲ့ ဆရာမတွေ အကြောင်းကိုပဲအဓိကပြော ချင်တာပါ။ ကလေးတွေကို ဘယ်လိုဒုက္ခပေးနေလဲ ဆိုရင် စာသင်တာနည်းနည်း ကလေးအချင်းချင်း စိန်ခေါ်ပြီး စာဆိုခိုင်းတယ်လုပ်ပြီးရင် သူကိုယ်တိုင် တခြားကလေးတွေနဲ့လေပန်းအချိန်ဖြုန်းနေတယ်လို့ သိရတယ်။ ကလေးတွေအချင်းချင်း မသင့်မြတ်အောင် လုပ်နေသလိုဖြစ်နေတယ်။ စာသင်ရမဲ့အချိန်တွေကို ဖြုန်းတီးပြီး စာမေးပွဲနီးမှ ဟိုကဒီကူး ဒီကဟိုကူးလုပ် ရွှီရှောင်သင်ပြီး ရက်ပိုင်းအလိုမှ စာတွေနင်းကန် ပေးပြီး ကလေးတွေ စာကျက်ရ လေ့လာရခက်ခဲအောင် လုပ်နေတယ်လို့ယူဆတယ်။ လုပ်လည်းလုပ်ခဲ့ လုပ် လည်းလုပ်နေတာပါ။

ဘယ်လမှာ သင်ရိုးဘယ်လောက် ပြီးရမယ် သတ်မှတ်ချက်ရှိုပြီးသားပါ။ ပုံမှန်သင်ကြား သွားရင် သတ်မှတ်ချက်ပြီးပါတယ်။ ကလေးတွေလည်း စာရတယ်။ အဲလိုမလုပ်ပဲ အချိန်တွေဖြုန်း စာမေးပွဲရက် ပိုင်းလိုမှ ကလေးတွေကို ဒုက္ခပေးဖို ရည်ရွယ်ပြီးလုပ် နေတာပါ။

ပြီးရင် ကလေးတွေကို ဘယ်သူတွေ အပြင်ကျူရှင်တက်နေလဲ လက်ထောင်ခိုင်း အဲဒါဘာ လုပ်တာလဲ? ကိုယ့်တာဝန်က စာသင်ရမှာမဟုတ်ဘူး လား? အပြင်ကျူရှင်နဲ့ မြှေးလိုက်မဲ့အကွက်နဲ့ မလုပ်ပါနဲ့။မြင်မကောင်းပါဘူး။

မလုပ်နိုင်ရင် မလုပ်ချင်ရင်ထွက်စာ တင်လိုက်စမ်းပါ။ ကလေးတွေကိုတော့ ဒုက္ခမပေးကြပါနဲ့။ ရွံစရာကြီး။ ဆရာမတို့ဆီက အများကြီးမျှော်လင့်မ ထားကြပါဘူး။ ရှက်တတ်ရင် တာဝန်ကျေလေးတော့ လုပ်ကြပါ။ အဆင်ပြေပါတယ်။ လေးစားချင်တယ် ။

Credit: BLS

27/06/2024

ဒဂုံ(၁)ကလက်ရှိဆရာမများရဲ့ရုပ်ပေါက်ချက်

ကျောင်းသားမိဘတစ်ဦးကပေးပို့လာတာပါ

ပေါ်တင်ကြီးကလေးတွေဆီကပိုက်ဆံတောင်းတာကို ပညာရေး ဋ္ဌာနကိုတိုင်ရမှာပါ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Alanpya Phayar Road
Yangon
111