CAD CAM Engineering - Myanmar

CAD CAM Engineering - Myanmar

Share

CAD CAM Tutorial များကို လေ့လာနိုင်ပါတယ်

18/05/2019

ကို အသုံးပြုသူတိုင်း သိထားသင့်သော
အကြောင်း
System Variable ဆိုသည်မှာ AutoCAD System Setting များဖြစ်ပြီး
Command Line တွင် ရိုက်ထည့်ပြီး Setting သတ်မှတ်နိုင်ပါသည်။
၎င်း တို့ကို သိထားခြင်းဖြင့် AutoCAD Error များဖြေရှင်းခြင်း၊ AutoCAD Advanced Setting များကို
မိမိကိုယ်ပိုင် သတ်မှတ်ထားနိုင်ခြင်းများပြုလုပ်နိုင်ပါသည်။
System Variable များသည် များစွာရှိပြီး အသုံးဝင်ပြီး ယခု Post တွင် အသုံးများသည်များကို
ဖေါ်ပြပေးထားပါသည်။
System Variable များကို မစမ်းသပ်ခင်မှာ ၄င်း Default Setting များကို မှတ်ထားပေးသင့်ပါသည်။
စမ်းသပ်ပြီးလျှင် မူလ Default Setting တန်ဖိုးကို ပြန်ထည့်ပေးထားသင့်ပါသည်။
မဟုတ်လျှင် မိမိပေးထားသော Setting တန်ဖိုးများကို မိမိကိုယ်တိုင်မေ့ပြီး
AuoCAD Drawing ဆွဲသားရာတွင် အခက်အခဲဖြစ်တက်ပါသည်။

(AUTOSNAP)
Autosnap Maker, Tooltips, Magnet များကို Setting သတ်မှတ်ရန် အတွက် အသုံးပြုနိုင်ပါသည်။
Magnet ဆိုသည်မှာ Command တစ်ခု ၀င်ပြီး Object တစ်ခုကို Selection ပေးလိုက်လျှင်
End Point, Mid Point စသည်တို့ပေါ်လာမည်။ Mouse Cursor ကို ၄င်း Point များ၏
အနီးနားရောက်သွားလျှင် Magnet ကဲ့သို့ဆွဲကပ်သွားပါမည်။ Point များကို Click ချသည့်အခါ
လွယ်ကူအောင်ပြုလုပ်ထားပေးခြင်းဖြစ်ပါသည်။
Tootip ဆိုသည်မှာ End Point, Mid Point ဆိုသည့်စာသားများကို Point ၏ ဘေးနားတွင် ပြသပေးခြင်းဖြစ်ပါသည်။
Maker ဆိုသည်မှာ Mid Point ဆိုလျှင် တြိဂံပုံစံမြင်ရပြီး End Point ဆိုလျှင် လေးထောင့်ပုံမြင်တွေ့ရသော
ပုံလေးများဖြစ်ပါသည်။
Autosnap တန်ဖိုးကို "0" ထားလိုက်လျှင် အပေါ်က ပြောပြခဲ့သော Maker, Tooltips, Magnet များ တစ်ခုမှ
အလုပ်မလုပ်တော့ပါ။ Autosnap Default တန်ဖိုးမှာ "39" ဖြစ်ပါသည်။

(COMMANDPREVIEW)
Fillet, Trim စသော Command များကို အသုံးပြုစဉ်တွင် Fillet, Trim ဖြစ်သွားမည့်ပုံကို preview အနေဖြင့်
ပြသပေးခြင်းဖြစ်ပါသည်။
commandpreview တန်ဖိုးကို "0" ပေးလိုက်လျှင် preview အနေဖြင့်ပြသပေးမည်ဖြစ်ပါသည်။

(COPYMODE)
Copy command အသုံးပြုစဉ်တွင် Multiple ပုံစံအလုပ်လုပ်ခြင်းဖြစ်တာကြောင့် အဆက်မပြတ် Copy ကူးယူနိုင်ပါသည်။
Copymode တန်ဖိုးကို "1" ထားလိုက်လျှင် Copy ကို တစ်ကြိမ်သာအသုံးပြုနိုင်မှာပါ။

(CURSORSIZE)
Cursorsize သည် အများအားဖြင့် တန်ဖိုးကို "7 to 9" ထားကြပါပြီး တချို့ဆိုလျှင် "100" ထားကြပါသည်။
တန်ဖိုးများလျှင် Crosshair Size ပိုရှည်ပါမည်။
(DELOBJ)
3D Command များဖြစ်ကြသော Ext, Loft, Sweep Command များအသုံးပြုစဉ်တွင် profile ကို
ဖျက်လိုက်ပါသည်။ Profile နှင့် Path များကို ချန်ထားလိုလျှင် တန်ဖိုးများ ပြောင်းလဲပေးနိုင်ပါသည်။
Default တန်ဖိုးသည် "1" ဖြစ်ပြီး Profile ကိုဖျက်ပါမည်
တန်ဖိုးများကို "0, 1, 2, 3, -1, -2" ပေးနိုင်ပါသည်။
0 = တစ်ခုမှမဖျက်
2 = Profile + Path နှစ်ခုလုံးဖျက်မည်။
(DISPSILH)
Curve 3D Object များကို "hi" command အသုံးပြုပြီး ကြည့်လျှင် အနားများမှာ အဆင်းကြောင်းများပေါ်နေမည်။
အဆင်းကြောင်းများကို ဖျောက်ထားလိုလျှင် dispsilh တန်ဖိုးကို "1" ထားပေးပါ။
(FACETRES)
Curve 3D Object များကို "hi" command အသုံးပြုပြီး ကြည့်လျှင် အနားများမှာ ချောမွေ့မှုသိပ်မရှိပါ။
Default တန်ဖိုးမှာ "0.5" ဖြစ်ပြီး "10" အထိတန်ဖိုးတိုးမြင့်ပေးနိုင်ပါသည်။

(FILEDIA)
filedia တန်ဖိုးကို "1" ထားပေးပါ။ "0" ဖြစ်လျှင် File Save, Open ပြုလုပ်စဉ်တွင်
ပုံမှန် Dia Box ကျလာတော့မည်မဟုတ်ပါ။

(FILLMODE)
Fillmode တန်ဖိုးကို "1" ထားပေးပါ။ "0" ပေးထားလျှင် Hatch Pattern, Donut စည်တို့၏ Fill Pattern များကို
မမြင်ရတော့ပါ။
တန်ဖိုးပြောင်းပြီးတိုင်း "re" enter နှိပ်ပါ။
(HIGHLIGHT)
Highlight တန်ဖိုးသည် Default "1" ဖြစ်ပြီး၊ တန်ဖိုးကို "0" ထားလျှင် Command ၀င်ပြီး Object ကို selection ပေးလျှင်
highlight မဖြစ်တော့ပါ။

(ISOLINE)
Isoline တန်ဖိုးသည် Default "4" ဖြစ်ပါသည်။ 3D Curve Object များကို 2D Wire Frame ဖြင့် ကြည့်လျှင်
ပေါ်နေသော အစဉ်း Line အရည်အတွက်ကို
ချိန်ညှိရန် ဖြစ်ပါသည်။ တန်ဖိုးကို "4, 8" စသည်အားဖြင့်ပေး နိုင်ပါသည်။ တန်ဖိုးတစ်ခု ပေးပြီးတိုင်း Command Line တွင်
re (enter) ပြုလုပ်ပေးပါ။

(LOGFILEMODE)
AutoCAD ဆွဲသားနေစဉ်အတွင်း အသုံးပြုခဲ့သော Command များကို List ထုတ်ပြီးကြည့်လိုလျှင် အသုံးပြုလိုလျှင်
Logfilemode တန်ဖိုးကို "1" ထားပေးပါ။ မသုံးလိုတော့လျှင် "0" ပြန်ထားပေးပါ။ ရလာသော Command List File ကို
ဖွင့်ကြည့်ရန်
AutoCAD Option > File Location > Log File Location တွင် လမ်းကြောင်းကြည့်ပြီး ၄င်း File လမ်းကြောင်းအတိုင်း
ဖွင့်နိုင်ပါသည်။

(MBUTTONPAN)
AutoCAD တွင် Mouse Wheel ကို ဖိပြီး Pan Tool အဖြစ်အသုံးပြုနိုင်ပါသည်။အလွန်အသုံးဝင်သော Option
တစ်ခုဖြစ်ပြီး Mouse wheel ကို ဖိလိုက်လျှင် Pan Tool အဖြစ် အလုပ်မလုပ်လျှင်
mbuttonpan တန်ဖိုးကို "1" ထားပေးပါ။

(MENUBAR)
AutoCAD Classic Workspace တွင် Menubar မြင်ရမည်ဖြစ်ပြီး၊ Ribbon အသုံးပြုသော Workspace များတွင်
Menubar ကိုဖျောက်ထားပါသည်။ အကြောင်း အမျိုးမျိုးကြောင့် Menubar ကို အသုံးပြုလိုလျှင်
menubar တန်ဖိုးကို "1" ထားပါ။
ဖျောက်ထားရန် "0" ထားပါ။

(MIRRHATCH)
Hatch Pattern များကို Mirror ခေါက်သောအခါ Mirror View အဖြစ်လိုချင်လျှင် တန်ဖိုးကို "1" ထားပြီး
Mirror View အဖြစ်မလိုလျှင် "0" ထားပေးပါ။

(MIRRTEXT)
Text များကို Mirror ခေါက်သောအခါ Mirror View အဖြစ်လိုချင်လျှင် တန်ဖိုးကို "1" ထားပြီး
Mirror View အဖြစ်မလိုလျှင် "0" ထားပေးပါ။

(OSOPTION)
osoptions ၏ Default တန်ဖိုးသည် "7" ဖြစ်ပါသည်။
တန်ဖိုးကို "0 to 7" အထိပေးနိုင်ပါသည်။ "4" ပေးထားလျှင် Dimension ၏
Extension Line end point များကို Ignore ပြုလုပ်ထားနိုင်ပါသည်။
တန်ဖိုးကို "0" မပေးထားဖို့ အရေးကြီးပါသည်။

(PICKADD)
Object များကို ဆက်တိုက် Selection ပြုလုပ်လို့ရအောင် တန်ဖိုးကို "2" ပေးထားပါ။ "0" ပေးထားလျှင် Object များကို
ဆက်တိုက်
Selection ပြုလုပ်၍ မရတော့ပါ။ Shift Key ကို ဖိပြီးမှ Selection ကိုဆက်တိုက် ပြုလုပ်ပေးရမည်။

(PICKAUTO)
Window Selection, cross selection များကို ပြုလုပ်ရာတွင် အဆင်ပြေစေရန် တန်ဖိုးကို "5" ထားပေးပါ။
"0" ပေးထားမိလျှင် Pick Selection တစ်မျိုးတည်းသာ အသုံးပြုနိုင်ပါမည်။
"1" ပေးထားလျှင် Lasso Selection ပေးလို့မရတော့ပါ။
(PICKBOX)
Pickbox size ကို ပြင်ရန်ဖြစ်ပြီး တန်ဖိုးကို "7 to 9" ထားပေးသင့်ပါသည်။
(PICKDRAG)
Window Selection, Cross Selection များကို Press & Drag လုပ်ရာတွင် အဆင်ပြေစေရန် တန်ဖိုးကို "2" ထားပါ။
Pickdrag တန်ဖိုးသည် Pickauto တန်ဖိုးနှင့် ဆက်စပ်မှုရှိပါသည်။
(PICKFIRST)
Default တန်ဖိုးသည် "1" ဖြစ်ပါသည်။ Command ကို အရင်ခေါ်ပြီး Object ကို Selection ပေးလဲရသလို၊
Object ကို Selection ပေးပြီးCommand ၀င်လဲရပါသည်။
တန်ဖိုး "0" ဖြစ်နေလျှင် Object ကို Selection အရင်ပေးပြီး Command ခေါ်ပြီး
အသုံးပြု၍ မရတော့ပါ။
(PICKSTYLE)
Default တန်ဖိုးသည် "1" ဖြစ်ပြီး "0" ပေးထားလျှင် Group Object များကို Selection ပေးထားလျှင် Group အဖြစ်
မမြင်ရတော့ပါ။
(ROLLOVERTIPS)
တန်ဖိုးကို "1" ပေးထားလျှင် Object တစ်ခုပေါ် Crosshair တင်လိုက်သည်နှင့် Object အမျိုးအစားကို ဖေါ်ပြမည်ဖြစ်ပြီး၊
တန်ဖိုးကို "0" ပေးလိုက်လျှင် Object တစ်ခုပေါ် Crosshair တင်လိုက်သည်နှင့် Object အမျိုးအစားကို မဖေါ်ပြတော့ပါ။

(SELECTIONEFFECT)
AutoCAD Version 2020 တွင် Object များကို Selection ပေးရာတွင် Dashed Line အဖြစ် ပြလိုလျှင်
တန်ဖိုးကို "0" ထားပေးပါ။
(SELECTIONEFFECTCOLOR)
Selectioneffect တန်ဖိုးကို "1" ပေးထားလျှင် Effect color များကို သတ်မှတ်နိုင်ပါသည်။
တန်ဖိုးများကို Color no. အတိုင်း ထည့်သွင်းနိုင်ပါသည်။ (1=red, 2=yellow, 3=green, etc)

(SELECTIONPREVIEW)
Command ၀င်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ selection preview ပြသလိုလျှင် တန်ဖိုးကို "3" ထားပေးပါ။
Preview မပြသလိုလျှင် "0" ထားပေးပါ။

(SKPOLY)
Sketch Command အသုံးပြုပြီး ဆွဲသားရာမှာ ဆွဲလိုက်သော Line များကို Line, Polyline, Spline လိုသလိုရအောင်
တန်ဖိုးသတ်မှတ်နိုင်ပါသည်။
တန်ဖိုးကို (1 to 3) ထားနိုင်ပါသည်။
(TEXTALLCAPS)
Text များကို ရေးသားရာတွင် အမြဲတန်း Cap အဖြစ်လိုလျှင် တန်ဖိုးကို "1" ထားပေးပါ။ မသုံးတော့လျှင် "0" ပြန်ထားပါ။

(TOOLTIPS)
Command Icon တစ်ခုပေါ် Crosshair တင်လိုက်လျှင် မည်သို့အသုံးပြုရမည်ကို Inst ဖေါ်ပြလိုလျှင် "1" ထားပေးပါ။
မပြလိုလျှင် "0" ထားပါ။

(TRACKPATH)
တန်ဖိုးကို "0" ထားပါ။ Polar Tracking များဖြင့် ဆွဲသားရာတွင် အဆင်ပြေစေရန် ဖြစ်ပါသည်။

(TRIMMODE)
Fillet, Chamfer Command များအသုံးပြုရာတွင် မလိုအပ်သော
အစွန်းထွက် Line များကို Trim ပြုလုပ်ရန် "1" ထားပေးပါ။
"0" ဖြစ်လျှင် Trim မပြုလုပ်ပေးပါ။

(UCSFOLLOW)
3D Drawing များဆွဲသားရာတွင် UCS တစ်ခု ကပ်လိုက်တိုင်း ၄င်း UCS Plane အတိုင်း ပြသလိုလျှင် "1" ထားပေးပါ။
မပြလိုလျှင် "0" ထားပေးပါ။

(XFADECTL)
Xref File များချိတ်ဆက်အသုံးပြုရာတွင် Xref File များ၏ အလင်းအမှောင်ကို ချိန်ရန်ဖြစ်ပါသည်။
Default တန်ဖိုးသည် "50" ဖြစ်ပြီး တန်ဖိုးကြီးလေ
ပိုမှိန်လေဖြစ်ပါသည်။

(ZOOMFACTOR)
Zoom Factor တန်ဖိုးသည် Default "60" ဖြစ်ပြီး တန်ဖိုးလျော့လေ Mouse Wheel ဖြင့်
Zoom ကစားရာမှာ နှေးလေဖြစ်သည်။
တန်ဖိုးများလေ Zoom ပိုမြန်လေဖြစ်ပါသည်။

(ZOOMWHEEL)
Default တန်ဖိုးသည် "0" ဖြစ်ပြီး "1" ထားလျှင် Mouse Wheel ဖြင့် Zoom ကစားလျှင် ပြောင်းပြန် ဖြစ်နေပေလိမ့်မည်။

(Ribbonclose)
Ribbon ကို ပိတ်ရန်ဖြစ်ပြီး

(Ribbon)
Ribbon ကို ပြန် ခေါ်ရန်ဖြစ်ပါသည်။

15/04/2019

ဆရာ Win Nan Dar သင်ကြားပို့ချထားသော SolidWorks Tutorial

Photos from CAD CAM Engineering - Myanmar's post 15/04/2019

Mechanical Design ပိုင်းတွင် အကောင်းဆုံး Software တစ်ခုဖြစ် သော SolidWorks Software ကို Mechanical ကျောင်းသား/ သူ များနှင့် စက်မှုလုပ်ငန်း၊ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြသော Engineer, Operator များလေ့လာသင့်သော Software တစ်ခုဖြစ်ပါ...
SolidWorks စာအုပ်တစ်အုပ် ထဲက ကောင်းနိုးရာရာ Basic Level Exercise များကို Share ပေးလိုက်ပါတယ်...

pdf format ယူလိုသူများ အောက်ပါ Download Link မှ ရယူနိုင်ပါသည်။
င်္File Size = 1.5 MB

https://pcdn-my.pcloud.com/publink/show?code=XZERwE7ZtMVzVRI3hJSFbjryCqIX5FBo9jlk

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon