ထိုင်းဘာသာစကားလေ့လာကြသူများ

  • Home
  • Myanmar
  • Yangon
  • ထိုင်းဘာသာစကားလေ့လာကြသူများ

ထိုင်းဘာသာစကားလေ့လာကြသူများ for Easy Learning Thai Language.

(၃၀-၄-၂၀၂၄)အင်္ဂါနေ့နေ့လည်တစ်နာရီဆယ်မိနစ်မဟာဗောဓိမြိုင်ဆရာတော်ကြီးဘဝနတ်ထံစံလွန်တော်မူပြီ။🙏🙏🙏တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတေ...
30/04/2024

(၃၀-၄-၂၀၂၄)အင်္ဂါနေ့
နေ့လည်တစ်နာရီဆယ်မိနစ်
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဘဝနတ်ထံစံလွန်တော်မူပြီ။
🙏🙏🙏

တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူ
ဆရာတော်အရှင်သူမြတ်ကြီးဘုရား
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး
သက်တော် (၈၂)နှစ်၊ သိက္ခာတော် (၄၅)ဝါ
(၃၀-၄-၂၀၂၄) အင်္ဂါနေ့
နေ့လည် (၁)နာရီ (၁ဝ)မိနစ် အချိန်တွင်
တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူသည်

สวัสดีค่ะ...🙏 เริ่มต้นวันใหม่ด้วยความสบายกาย สบายใจ สดชื่น แจ่มใส สุขภาพแข็งแรงนะคะ^                                 ......
17/04/2024

สวัสดีค่ะ...🙏 เริ่มต้นวันใหม่ด้วยความสบายกาย สบายใจ สดชื่น แจ่มใส สุขภาพแข็งแรงนะคะ^
...💚💚...
မြန်မာနှစ်ဦး အထူးမေတ္တာ
————————————-
တစ်- သုံး- ရှစ်-ခြောက်၊
နှစ်ဦးရောက်လာ၊ ပြည်မြန်မာ၊
ကြည်သာ ချမ်းမြ ရှိပါစေ။

အများပြည်သူ၊ စိတ်ထားတူ၊
ကြည်ဖြူကြပါစေ။

စိတ်ဝမ်းမကွဲ၊ လက်တွဲညီညာ၊
ပြည်သာယာဖို့၊ကြည်သာဆန္ဒ၊
လုံ့လမပြတ်၊စိတ်ဓာတ်ခိုင်မာ၊
ပညာစွမ်းအား၊ရှေ့ဆောင်ထား
လျက်၊ပြတ်သားအလုပ်၊ နောက်
မဆုတ်တမ်း၊ကိုယ်စီစွမ်း၊
ကြိုးပမ်းကြပါလေ။

ပျော်ရွှင်စရာ ၊ နှစ်သစ်မင်္ဂလာ၊
ဖြစ်ပါစေ။

ပါမောက္ခချုပ်ဆရာတော်
၁၃၈၆ ခုနှစ်၊မြန်မာနှစ်ဆန်းတစ်ရက်။

အောက်ပါရာထူးများအတွက် ဝန်ထမ်းအမြန်အလိုရှိသည်။ 1. ပစ္စည်းသယ်ယူပို့ဆောင်ရေးယာဉ်မောင်း  3ဦး(အသက် 30 မှ 35 နှစ်အတွင်း) ရန်က...
06/04/2024

အောက်ပါရာထူးများအတွက် ဝန်ထမ်းအမြန်အလိုရှိသည်။

1. ပစ္စည်းသယ်ယူပို့ဆောင်ရေးယာဉ်မောင်း 3ဦး
(အသက် 30 မှ 35 နှစ်အတွင်း)
ရန်ကုန်ရုံးတွင်တာဝန်ထမ်းဆောင်ရန်
2.ကွန်ပြူတာ စာရင်းကိုင်ဝန်ထမ်း. 2ဦး
ရန်ကုန်ရုံးတွင်တာဝန်ထမ်းဆောင်ရန်
3. မော်တော်ယာဥ် ကျွမ်းကျင်စွာ မောင်းနှင်နိုင်ပြီး စက်ပြင်တတ်သူယာဉ်မောင်း 3ဦး
လုပ်ငန်းအတွေ့အကြုံ၂နှစ်ရှိရမည်။
ရန်ကုန်နှင့် အခြားနယ်များတွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
(ထိုင်းဘာသာဖြင့် ပြောဆိုဆက်ဆံနိုင်သူ ဦးစားပေးမည်)

အကျိုးခံစားခွင့်များ

1.ပုံမှန်ဝန်ထမ်းအဖြစ်ခန့်အပ်မည်။
2. ရက်မှန်ကြေး
3. OT
4. အဆောင်ပေးပါသည်။ တယ်လီဖုန်း ဖိုးထောက်ပံ့ကြေး ပေးပါသည်။
5.AIA မတော်တဆမှုအာမခံ ထားရှိပေးမည်။
6. လုပ်ငန်းစွမ်းဆောင်ရည်အရ နှစ်စဉ် ဘောနပ်စ်ရှိသည်။
7. နှစ်စဉ်ကျန်းမာရေးစစ်ဆေးပေးခြင်း။
၈။UNIFORMSဝတ်စုံများပေးပါသည်။
9. နှစ်စဉ်လုပ်အားခလစာများ တိုးပေးပါသည်။
အထက်ပါရာထူးများကို စိတ်ဝင်စားလျှောက်ထားလိုပါက(သို့မဟုတ်) အသေးစိတ်သိရှိလိုပါက CBမှတဆင့်ဆက်သွယ်နိုင်ပါသည်။

ပြန်လည်မျှ​ဝေပါသည်။ဘာသာရေး ကျင့်စဉ်တွေဘုရား တရား အလုပ်တွေကိုမလုပ်ချင်လည်း စိတ်မပါလည်းအခုကာလမှာတော့လုပ်ကို လုပ်သင့်ပါတယ်လ...
04/04/2024

ပြန်လည်မျှ​ဝေပါသည်။

ဘာသာရေး ကျင့်စဉ်တွေ
ဘုရား တရား အလုပ်တွေကို
မလုပ်ချင်လည်း စိတ်မပါလည်း
အခုကာလမှာတော့
လုပ်ကို လုပ်သင့်ပါတယ်လို့
အကြံပြုချင်ပါတယ်နော်။

အကုန်လုံးရဲ့ စိတ်ထဲမှာ
အများအားဖြင့် အဆင်တော့
ပြေလို့ မနေကြပါဘူး။

သက်ပြင်းတငွေ့ငွေ့နဲ့ချည်း
နေ့စဉ် ကြုံတွေ့နေကြရတာများပါတယ်။

အဆင်မပြေတဲ့ စိတ်ဖြစ်စဉ်တွေကို
မွမ်းမံဖို့ ထိန်းကြောင်းဖို့က

မိမိတို့ကိုးကွယ်ယုံကြည်ရာ
ဘာသာရေး အခန်းကဏ္ဍကို
ပြုလုပ်ယုံတခုသာရှိပါတယ်။

အစ ပထမ တော့
စိတ်မပါသော်လည်းပဲ
လုပ်ကို လုပ်သင့်ကြပါတယ်။

သူတပါးနဲ့ယှဉ်ပြီး စိတ်လိုက်မာန်ပါ
ဘာမှ မလုပ်ပါနဲ့ သတိထားလိုက်ပါ။

စကားနည်းရန်ဆဲ ဆိုတဲ့စကားအတိုင်း
မကောင်းတဲ့စကား ခံပြင်းလို့ပြောလိုက်ချင်သည့် စကားတွေကို အတက်နိူင်ဆုံး
မပြောပဲသာနေလိုက်ပါ။

စကားမများရအောင်နေပါ။
ရန်မများအောင်နေပါ။
ပြဿနာမဖြစ်အောင်နေပါ။
အစစအရာရာ စိတ်ကို
လျှော့ချသည်းခံပါ
အဆင်ပြေအောင်ပဲကြိုးစားနေပါ။

ဘယ်သူနဲ့နေနေ
ခလုတ်ဆူးညှောင့်မထိမိအောင်နေပါ။

(စကားဆိုပေမယ့်လည်း လက်နဲ့ရေးတဲ့
ပိုစ့်တွေ-ကောမန့်တွေကအစ
အကုန်ပါဝင်ပါတယ်။)

လတ်တလောမှာတော့
မာန-ဒေါသကြောင့်
အလွန်ခံပြင်းသလို ရှိသွားနိူင်ပေမယ့်လည်း
(တကွက်ခံလိုက်ရသလိုရှိပေမယ့်လည်း)
သည်းခံသာသည်းခံလိုက်ပါ-

“သူပြောဆိုချက် ငါ့အတွက်
ပွန်းပဲမသွားပြီ “လို့ နှလုံးသွင်းပြီး
အခုသည်းခံလိုက်တာ နောင်ရေးနောင်တာအတွက် အများကြီး အကျိုးရှိသွားပါမယ်။

မေတ္တာပို့တဲ့ စာပိုဒ်တွေကို သီဆိုထားတဲ့
အဝေရာ ဟောန္တု စတဲ့ ဓမ္မသီချင်းတွေကို
မနက် ည နားထောင်နေတာမျိုးတို့

ခင်ပွန်းကြီး (၁၀)ပါးကို မကြာမကြာ
တောင်းပန် ကန်တော့တာမျိုးတို့

သရဏဂုံသုံးပါးကို သတိရတိုင်း
အကြိမ်ကြိမ် ရွတ်ဆို ပူဇော်တာမျိုးတို့

ဘုရားဂုဏ်တော်(၉)ပါးကို
အကြိမ်ကြိမ် ရွတ်ဆိုနေတာမျိုး
ပြုလုပ်သင့်ပါတယ်။

ဘုရားဂုဏ်တော်တွေကိုပုတီးစိပ်ကြတာတို့
ပရိတ် ပဋ္ဌာန်း မဟာသမယသုတ်
ဥပ္ပါတ သန္တိကျမ်းဒေသနာတို့ကို
စွမ်းနိူင်သမျှ ရွတ်ဖတ် ပွါးများ
ပူဇော်ကြည့်ပါ။

မိမိနေရာပတ်ဝန်းကျင်ကို
အထူးမေတ္တာပို့ အမျှပေးဝေပါ။

ဥပမာအားဖြင့်
အနာဖြစ်လို့ ဆေးကုသနေသလိုမျိုး
ရောဂါဖြစ်လို့ ဆေးသောက်နေရသလိုမျိုး

အခုလို ဒုက္ခမျိုးစုံ အဆင်မပြေမှုပေါင်းစုံ
ပြဿနာပေါင်းစုံ ကြုံတွေ့နေရတဲ့
ကာလတခုမှာ အမြန်ဆုံးလွှတ်မြောက်ဖို့
ဘာသာရေး အခန်းကဏ္ဍကို
အစမှာတော့ စိတ်မပါသေးသော်လည်းအစပျိုးပြီး ကြိုးစားပြီး မဖြစ်မနေ
ပြုလုပ် ဆောင်ရွက်ကြည့်ပါလို့
မေတ္တာဖြင့် အကြံပြုလိုက်ရပါတယ်။

မိမိတို့စိတ်မှာ နေ့စဉ်ကြုံတွေ့ရတဲ့
အဆင်မပြေမှုများကို ဘာသာရေးနဲ့
ပြုပြင် မွမ်းမံ ထိန်းသိမ်းလိုက်ပါနော်။

အဆင်မပြေမှုကြုံတွေ့နေရတဲ့ကာလမှ
ကျော်လွှား လွတ်မြောက်ခြင်းသို့
ရောက်ရှိပြီး ကောင်းကျိုးချမ်းသာ
မင်္ဂလာတွေ အဖြာဖြာ ရရှိလာပါလိမ့်မည်။

သတ္တဝါအားလုံး
အန္တရာယ်ခပ်သိမ်းမှ အမြန်ဆုံး
ကင်းဝေးကြပါစေ

အဆင်မပြေမှုများမှ အမြန်ဆုံး
ကင်းဝေးကြပါစေ

ဒုက္ခမျိုးစုံ ကြုံတွေ့နေရခြင်းကာလမှ
အမြန်ဆုံးကင်းဝေးကြပါစေ

အစာဝ အနာကင်း ဘယာရှင်း၍
ကောင်းကျိုးလိုရာဆန္ဒများ
ထာဝရ ပြည့်စုံကြပါစေ

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ

ထိုင်းစကား​ပြောကျွမ်းကျင်ပြီးယာဥ်အမျိုးမျိုး​မောင်းနှင်နိုင်သူ ၂ဦးအလိုရှိသည်။ CBမှတဆင့်ဆက်သွယ်​ပေးပါ
23/03/2024

ထိုင်းစကား​ပြောကျွမ်းကျင်ပြီး
ယာဥ်အမျိုးမျိုး​မောင်းနှင်နိုင်သူ ၂ဦးအလိုရှိသည်။
CBမှတဆင့်ဆက်သွယ်​ပေးပါ

🛑 ဓမ္မအမြင်ဖြင့် နှစ်သစ်ကူးခြင်း 🌼🎉🌿___________________________________နှစ်သစ် ကူးတိုင်းကူးတိုင်း နှစ်ဟောင်းထက် ကိုလာမယ်...
31/12/2023

🛑 ဓမ္မအမြင်ဖြင့် နှစ်သစ်ကူးခြင်း 🌼🎉🌿
___________________________________

နှစ်သစ် ကူးတိုင်းကူးတိုင်း
နှစ်ဟောင်းထက် ကို
လာမယ့်နှစ်က
ပိုကောင်းလာလိမ့်မယ်လို့
စိတ်ထဲမှာမျှော်လင့်ကြတယ်၊၊

သို့သော်
သဒ္ဓါ'သီလ'သုတ
စာဂ'ပညာတို့ ဆိုတဲ့
အရေးပါတဲ့
အခြေအနေကောင်းတွေ
မဖန်တီးနိုင်ဘူး ဆိုရင်
လူတွေရဲ့မျှော်လင့်ချက်ဟာ
ဖြစ်လာမှာ မဟုတ်ဘူး၊၊

ပိုကောင်းလာဖို့ဆိုတာ
မဖြစ်နိုင်ဘူး၊
နှစ်သစ်"အခါ(သမယ)မှာ
ပိုပြီးတော့
ကောင်းလာစေချင်ရင်...

▪️ပိုပြီးသဒ္ဓါတရားတွေ
ကောင်းလာအောင်🌿

▪️ပိုပြီး ကိုယ်ကျင့်တရားတွေ
လုံခြုံလာအောင်🌿

▪️ပိုပြီး စွန့်လွတ်မှုတွေ
ခိုင်မာလာအောင်🌿

▪️ပိုပြီး အသိဉာဏ်တွေ
ကြွယ်ဝလာအောင်
လုပ်ကြဖို့လိုတယ်။🌿

အဲဒီ
အကြောင်းတရားတွေ
ပြည့်စုံမှ သာလျှင်
မိမိတို့ရဲ့မျှော်လင့်ချက်နဲ့
ချမ်းသာသုခတွေ
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဆိုတဲ့
ဆုတောင်းတွေတောင်းဆိုမှုတွေဟာ
တစ်လုံးတစ်ဝ ကြီးဖြစ်လာမှာဖြစ်တယ်။

နှစ်သစ်"ကူးတာသက်သက်နဲ့ကတော့
ကောင်းကျိုး ချမ်းသာတွေ
ရလာမှာ မဟုတ်ဘူးတဲ့။

လောကမှာ
အသစ်အသစ်"ဆိုတာ
ရှည်တဲ့ကာလအပိုင်းလေးတစ်ခုကို ကြည့်ပြီးတော့
အဟောင်းကုန်ပြီးရင်အသစ်ကူးတယ် လို့
ဒီလို ပြောကြတာ။

ဓမ္မအမြင်နဲ့
ကြည့်မယ် ဆိုလို့ရှိရင်
စက္ကန့်ပိုင်း တိုင်းဟာအသစ်
ကူးနေတာပါ
အဟောင်းကုန်ပြီးရင်အသစ်ကို
ပြောင်းနေတာပါ

ဒီလကုန်ရင်
နောက်လရောက်တာလည်း
(လ)အသစ် ကူးနေတာပါပဲ

ဒီနေ့ကုန်လို့
နောက်တစ်ရက်
ရောက်လာတာဟာရက်အသစ် ကူးနေတာပါ

ဒီနာရီကုန်လို့
နောင်နာရီဆိုတာလည်းအသစ်ကူးနေတာပါ

နောက်ဆုံး
ဒီစက္ကန့်လေး ကုန်သွားလို့
နောက်စက္ကန့်လေး ဆိုတာလည်း
ကူးနေတာပါ။

နေ့စဉ်နဲ့အမျှဟာ
အသစ်၊အသစ်"တွေချည်းပါပဲ

အဲသလို
အဟောင်းအဟောင်းတွေ
ချုပ်သွားပြီး
အသစ်၊အသစ်တွေပေါ်လာနေတယ် ဆိုတာ

လောကရဲ့ မတည်မြဲတဲ့
ရပ်တည်မနေတဲ့
အစဉ်,"ထာဝရ”
ရွှေ့ပြောင်းနေတဲ့
သဘာဝတရားကြီးမျှသာဖြစ်ပါတယ်။

တစ်ကယ်
စဉ်းစားကြည့်မယ် ဆိုလို့ရှိရင်
အသစ်ကို မျှော်တာဟာ
တဏှာ"လောဘ “ရဲ့
သွေးဆောင်မှုတစ်ခုသာ
ဖြစ်တယ်။

အသစ်ကို မျှော်ခြင်းသည်
တဏှာ"မကင်းသူ တို့ရဲ့
အတွေး တစ်ခုမျှသာဖြစ်တယ်။

နေ့စဉ်နဲ့အမျှ ကြည့်လေ
နေကြီး ထွက်လာပြီးတော့
ဝင်သွားလို့ရှိရင် မနက်ဖြန်ခါနေအသစ်ပေါ့

အဲဒီလို
နေ့တွေ၊ လတွေ
အသစ်အသစ် ပြောင်းနေတဲ့
အချိန်ကိုတော့ အသစ်လို့ မထင်ဘူး။

နဲနဲလေး
ကြာလာတဲ့အခါ ကျတော့
လပေါင်း (၁၂)လ၊ရက်ပေါင်း (၃၆၅)ရက်
ကြာညောင်းလာတဲ့အခါ ကျတော့

နှစ်ဟောင်း ကုန်လို့
နှစ်သစ် ရောက်လာပြီလို့
လူတွေကသတိထား မိလာတာပါ။

ဝိပဿနာ"ဉာဏ် နဲ့
ဆက်စပ်သုံးမယ် ဆိုလို့ရှိရင်
စက္ကန့်ပိုင်းတိုင်းမှာအသစ်အသစ်တွေဟာ
ပြောင်းနေတယ်လို့သိလာနိုင်တယ်။

အဲဒီတော့
အသစ်ပြောင်းတာတွေကို
မျှော်လင့်နေမယ် ဆိုရင်
တဏှာ"လောဘ ရဲ့
အမြင်နဲ့
မျှော်လင့်နေတာသာဖြစ်တယ်၊
ကောင်းကျိုးတရားတွေဖြစ်မလာနိုင်ပါဘူး။

ဒါကြောင့်
အသစ်ကိုမျှော်တာကိုရုတ်သိမ်းလိုက်တယ်၊

တရား"အမြင်နဲ့
ကြည့်လိုက်မယ် ဆိုရင်
အသစ်ရော"အဟောင်းပါအတူတူ ပါပဲ
အသစ် မမျှော်တော့ဘူး။

ဒါကြောင့်
မြတ်စွာဘုရားက
ငါ့"ဘဝ ဟာ
ဒါ နောက်ဆုံးပဲ
နောက်ထပ် မရှိတော့ဘူးလို့မိန့်တော်မူပါတယ်။

အသစ်ကို မမျှော်တော့ဘူး
ဆိုလို့ရှိရင်
ဒါဟာ သံသရာ"မှာ
ဒုက္ခတွေချုပ်ငြိမ်းသွားခြင်းသာ
ဖြစ်ပါတယ်။

အသစ်မျှော်နေသေးသမျှ
သံသရာထဲမှာ
ဒုက္ခတွေနဲ့
ဆုံကြ ကြုံကြရဦးမှာဖြစ်ပါတယ်။

ဒါကြောင့်
“တဏှာ"ရဲ့မျှော်လင့်ချက်မျိုး
မဖြစ်ပဲနဲ့
မိမိတို့ရရှိလာတဲ့
နှစ်သစ်ကာလအခါ(သမယ)မှာ

မဖြစ်သေးတဲ့ သဒ္ဒါတရားဖြစ်လာအောင်
မဖြစ်သေးတဲ့
ကိုယ်ကျင့်တရားတွေ ကောင်းမွန်လာအောင်

မဖြစ်သေးတဲ့ စာဂတရားတွေ များပြားလာအောင်
မဖြစ်သေးတဲ့ ပညာတရားတွေ
အသစ်ဖြစ်လာကြအောင်လို့
ကြိုးစားခြင်းသည်သာလျှင်

တစ်ကယ့်အစစ်အမှန်ဖြစ်တယ်
ဆိုတာကိုယုံကြည်ပြီးတော့
အားလုံးသော
တရားချစ်ခင် သူတော်စင်
ပရိတ်သတ်တို့သည်
နှစ်သစ်ကူးပြီးစ
နှစ်ဦး အခါသမယမှာ
ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့တရားဓမ္မကို
လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့
ဓမ္မလက်ဆောင်
ပေးတဲ့အနေနဲ့ ဒီတရားကို
ဟောကြားအပ်ပါတယ်။

⚜️ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး🙏🏻🌼🌿

สวัสดีค่ะ... 🙏เริ่มต้นวันใหม่ด้วยความสุข สดชื่น แจ่มใสพบเจอแต่สิ่งดีดีตลอดทั้งวันนะคะကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမ...
28/12/2023

สวัสดีค่ะ... 🙏
เริ่มต้นวันใหม่ด้วย
ความสุข สดชื่น แจ่มใส
พบเจอแต่สิ่งดีดีตลอดทั้งวันนะคะ
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
...🧡🧡...

ထိုင်းဘာသာစကားသင်တန်း
ဖုန်းနံပါတ်၀၉၇၇၈၈၉၆၁၅၄ကိုဆက်သွယ်​မေးမြန်းနိုင်ပါတယ်။
အ​​ခြေခံ​ရေးဖတ်​ပြောသင်တန်း​ကြေး -
၁၀၀၀၀၀
online သင်တန်းမှ​လည်းလေ့လာသင်ယူနိုင်ပါသည်။
onlineသင်တန်း​ကြေး -၇၅၀၀၀
အိမ်ဝိုင်းသင်ကြားလိုသူများအတွက်တဦးချင်းမှစ၍အဖွဲ့လိုက်သင်ကြား​ပေးပါသည်။ထိုင်း-မြန်မာ/မြန်မာ-ထိုင်းဘာသာပြန်ဆို​ပေးသည်။ထိုင်း-မြန်မာ/မြန်မာ-ထိုင်းဘာသာပြန်/စကားပြန်​ပေးသည်။

โรงเรียนสอนภาษาไทย
สามารถติดต่อได้ที่เบอร์โทรศัพท์ 09778896154
ค่าเรียน
100,000MMK
คุณสามารถเรียนรู้จากออนไลน์ได้เช่นกัน
ค่าเรียนออนไลน์ -75,000MMK
รับแปลไทย-พม่า/เมียนมาร์-ไทย
ล่าม/ล่าม ไทย-พม่า/เมียนมาร์-ไทย

สวัสดีค่ะ...วันนี้วันพระ 🙏เริ่มต้นวันใหม่ด้วยความสุข สดชื่น แจ่มใสบุญรักษา  พระคุ้มครอง นะคะ                            ...
27/12/2023

สวัสดีค่ะ...วันนี้วันพระ 🙏
เริ่มต้นวันใหม่ด้วยความสุข สดชื่น แจ่มใส
บุญรักษา พระคุ้มครอง นะคะ
...💚💚...

!    ˚  🎄◡̈ 🥰 🎄🎁 MERRY CHRISTMAS...🎅🎄☃️🧣🎄 ♡‧₊˚ 🎅🎁🌟สุขสันต์วันคริสต์มาสค่ะ ขอให้ทุกท่านมีความสุขมากๆ นะคะ   สุขภาพร่างกาย...
25/12/2023

! ˚ 🎄◡̈ 🥰 🎄🎁 MERRY CHRISTMAS...🎅🎄☃️🧣🎄 ♡‧₊˚ 🎅🎁🌟
สุขสันต์วันคริสต์มาสค่ะ
ขอให้ทุกท่านมีความสุขมากๆ นะคะ สุขภาพร่างกายแข็งแรง พบเจอแต่สิ่งดีๆ และมีความสุขนะคะ

ထိုင်းဘာသာစကားသင်တန်း
ဖုန်းနံပါတ်၀၉၇၇၈၈၉၆၁၅၄ကိုဆက်သွယ်​မေးမြန်းနိုင်ပါတယ်။
အ​​ခြေခံ​ရေးဖတ်​ပြောသင်တန်း​ကြေး -
၁၀၀၀၀၀
online သင်တန်းမှ​လည်းလေ့လာသင်ယူနိုင်ပါသည်။
onlineသင်တန်း​ကြေး -၇၅၀၀၀
အိမ်ဝိုင်းသင်ကြားလိုသူများအတွက်တဦးချင်းမှစ၍အဖွဲ့လိုက်သင်ကြား​ပေးပါသည်။ထိုင်း-မြန်မာ/မြန်မာ-ထိုင်းဘာသာပြန်ဆို​ပေးသည်။ထိုင်း-မြန်မာ/မြန်မာ-ထိုင်းဘာသာပြန်/စကားပြန်​ပေးသည်။

25.12.2023 🎁 Christmas 🎄နေ့တွင်  သင်တန်းများအား တစ်ရက်ပိတ်ထားမည်ဖြစ်ပြီး 26.12.2023 တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည...
24/12/2023

25.12.2023 🎁 Christmas 🎄နေ့တွင် သင်တန်းများအား တစ်ရက်ပိတ်ထားမည်ဖြစ်ပြီး 26.12.2023 တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်🙏🏻🙏🏻
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
Christmas 🎄 အချိန်အခါသမယဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းများတောင်းအပ်ပါသည် 🙏🏻🙏🏻🙏🏻

🛬 สนามบิน ภูเก็ต ไทย🇹🇭ภาพนักท่องเที่ยวคึกคัก สนามบินภูเก็ต ภาพ 20.12.2023၂၀၂၃ခုနှစ် ၁၂လပိုင်း ၂၀ရက်​နေ့ကခရီးသွားများဖြင်...
21/12/2023

🛬 สนามบิน ภูเก็ต ไทย🇹🇭
ภาพนักท่องเที่ยวคึกคัก สนามบินภูเก็ต
ภาพ 20.12.2023
၂၀၂၃ခုနှစ် ၁၂လပိုင်း ၂၀ရက်​နေ့ကခရီးသွားများဖြင့်စည်ကား​နေသည့်ဖူးခက်​လေဆိပ်

🏝️ นักท่องเที่ยวส่วนใหญ่ รัสเซีย อินเดีย เกาหลีใต้ จีน ยุโรป ခရီးသွားအများစုကရှရှား၊ အိန္ဒိယ၊ ​တောင်ကိုးရီးယား ၊တရုတ်နှင့်ဥ​ရောပနိုင်ငံသားတို့ဖြစ်ကြသည်။
ในสัปดาห์นี้มีเที่ยวบินเปิดเส้นทางบินใหม่เข้าภูเก็ตเพิ่มขึ้น อาทิ
Air Arabia 🇦🇪 จากซาร์จาห์ สหรัฐอาหรับเอมิเรตส์
Air India 🇮🇳 จากเดลี
Neos 🇮🇹 จากอิตาลี
ဒီတပတ်ထဲမှာ​တော့အာရပ်​လေ​​ကြောင်းလိုင်း၊ အိန္ဒိယ​လေး​ကြောင်းလိုင်း ၊အီတလီ​လေ​ကြောင်းလိုင်းများကခရီးစဥ်အသစ်​တွေ​ပြေးဆွဲ​နေပြီဖြစ်သည်
📷ภาพจาก :Phuket Times ภูเก็ตไทม์
ဓါတ်ပုံများကို phuket Timeမှကူးယူ​ဖော်ပြသည်

ထိုင်းဘာသာစကားသင်တန်း
ဖုန်းနံပါတ်၀၉၇၇၈၈၉၆၁၅၄ကိုဆက်သွယ်​မေးမြန်းနိုင်ပါတယ်။
အ​​ခြေခံ​ရေးဖတ်​ပြောသင်တန်း​ကြေး -
၁၀၀၀၀၀
online သင်တန်းမှ​လည်းလေ့လာသင်ယူနိုင်ပါသည်။
onlineသင်တန်း​ကြေး -၇၅၀၀၀
အိမ်ဝိုင်းသင်ကြားလိုသူများအတွက်တဦးချင်းမှစ၍အဖွဲ့လိုက်သင်ကြား​ပေးပါသည်။ထိုင်း-မြန်မာ/မြန်မာ-ထိုင်းဘာသာပြန်ဆို​ပေးသည်။ထိုင်း-မြန်မာ/မြန်မာ-ထိုင်းဘာသာပြန်/စကားပြန်​ပေးသည်။

สวัสดีค่ะ...🙏 สุขเสมอ สุขกาย สุขใจนะคะ
21/12/2023

สวัสดีค่ะ...🙏 สุขเสมอ สุขกาย สุขใจนะคะ

Address

YANKIN TOWNSHIP, YANGON
Yangon
1101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09778896154

Website

Alerts

Be the first to know and let us send you an email when ထိုင်းဘာသာစကားလေ့လာကြသူများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ထိုင်းဘာသာစကားလေ့လာကြသူများ:

Shortcuts

Share