Bridge For Burma - 𝘉𝟜𝘉

Bridge For Burma - 𝘉𝟜𝘉

Share

"Learn to Change, Create and Donate."

|| IGCSE Revision& Regular classes ||

B𝟜B is built to bridge the gaps between quality education and Burmese students, to shape the leaders of tomorrow for Myanmar, and to break the financial barriers to Education.

Photos from Bridge For Burma - 𝘉𝟜𝘉 's post 20/02/2026

📢 Mediapartnership Announcement for ‘Heart in Balance’ 💌

Bridge For Burma - B4B 🤝 RiseUp Organization

မကြာခင်မှာ RiseUp Organization ကနေ ‘Heart in Balance’ အမည်ရတဲ့ Workshop လေးတစ်ခု ပြုလုပ်သွားဖို့ရှိပါတယ်‌။ ဒီ တစ်ရက်တာ Workshop လေးမှာ အလုပ်နဲ့ Personal life ကြားမှာ ဘယ်လို Balance လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမျှဝေသွားမှာပဲ ဖြစ်ပါတယ်။

နေ့စဉ်ဘဝမှာ အလုပ်တွေရှုပ်လာတာနဲ့အမျှ လူမှုရေးအားနည်းလာတာ၊ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်မပေးနိုင်တာ၊ စတဲ့ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဒီ Workshop ကို သေချာပေါက် Join ကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ 🤗

‘Heart in Balance’ ပွဲလေးကိုတော့ February 21 ရက်နေ့ (စနေနေ့) ည 8 နာရီမှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်နော်။‼️

ဒီပွဲလေးကို စိတ်ဝင်စားတယ်ဆိုရင် အချိန်မလင့်သေးခင် အောက်က Link ထဲမှာ အသေးစိတ်ဖတ်ရှုပြီး စာရင်းသွင်းနိုင်ပါပြီဗျာ။

Event Announcement - https://www.facebook.com/share/p/1EEnmCZ771/

Registration Link - https://forms.gle/YebkLCTjDGM2SZWbA

အတူတကွ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အသစ် ဖန်တီးတည်ဆောက်ဖို့အတွက် သင့်ကို RiseUp မှ အမြဲကြိုဆိုနေပါတယ် 🙌💖

page
https://www.facebook.com/RiseUpOrgMyanmar

Telegram Channel
t.me/riseuporganization

LinkedIn
linkedin.com/company/riseuporganization/

Tiktok
https://www.tiktok.com/?_r=1&_t=ZS-93nd9yuypQT

Remember! Success is near, RiseUp is here!
RiseUp Organization










17/02/2026

GED Science ကို အလွတ်ကျက်စရာမလိုဘဲ ဖြတ်ကျော်ကြမယ် 🧪🧬

GED Science ကို ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ကျောင်းသားတွေ အတွက် စာတွေအများကြီး အလွတ်ကျက်စရာမလိုဘဲ ထိထိရောက်ရောက် လေ့လာနိုင်မယ့် Study Techniques ကောင်းလေးတွေကို B4B ကနေ ထပ်ပြီးပြင်ဆင်ပေးထားပါတယ်နော်။ ✨🚀

GED Science ဆိုတာ Knowledge ထက်စာရင် Scientific Reasoning ကို ပိုစစ်တာမလို့ ဒီအချက်လေးတွေကို သေချာလိုက်လုပ်ရင် စာမေးပွဲဖြေတဲ့အခါမှာ အများကြီးအထောက်အကူဖြစ်စေမှာပါ။

1. Master the Visuals 📊

GED Science မှာ Reading တွေအပြင် Graphs, Charts နဲ့ Diagrams တွေ အများကြီး ပါပါတယ်။
Tip: စာသားတွေကိုပဲ အာရုံမစိုက်ဘဲ ပေးထားတဲ့ Graph ရဲ့ X-axis နဲ့ Y-axis က ဘာကိုဆိုလိုတာလဲ၊ Data တွေက တက်နေတာလား၊ ကျနေတာလားဆိုတာကို အရင်ကြည့်တတ်အောင် လေ့ကျင့်ပါ။ ဒါဆိုရင် အဖြေရှာရတာ ၅၀% ပိုလွယ်သွားပါလိမ့်မယ်နော်။

2. Understand the Scientific Method 🧪

မေးခွန်းတော်တော်များများဟာ Experiments တွေကို အခြေခံပြီး မေးလေ့ရှိပါတယ်။
Independent Variable (ကိုယ်တိုင်ပြောင်းလဲလိုက်တဲ့အရာ)၊ Dependent Variable (စမ်းသပ်မှုကြောင့် ပြောင်းလဲသွားတဲ့ရလဒ်) နဲ့ Control Group (နှိုင်းယှဉ်ဖို့အတွက် ပုံသေထားတဲ့အရာ) ဒီ ၃ ခုကို ခွဲခြားတတ်အောင် လုပ်ထားရင် မေးခွန်းတွေဖြေတဲ့အခါ ပိုမိုလွယ်ကူစေမှာပါနော်။

3. Vocabulary over Definition 📖

Definition တွေကို အလွတ်ကျက်နေမယ့်အစား အဲ့ဒီ စကားလုံးက ဘယ်နေရာမှာ သုံးတာလဲဆိုတာကိုပဲ မှတ်ပါ။
ဥပမာအနေနဲ့ဆိုရင် Photosynthesis ဆိုတာ "အပင်တွေ အစာချက်တာ" လို့ သိထားရုံနဲ့ မလုံလောက်ပါဘူး။ အဲ့ဒီဖြစ်စဉ်မှာ (Input) ဘာတွေလိုအပ်ပြီး (Output) ဘာတွေ ထွက်လာလဲဆိုတဲ့ Logic ကို နားလည်အောင် ကြည့်ကြည့်ပါနော်။

4. Don't Ignore Math 🧮

Science မှာလည်း Math နဲ့ပတ်သက်ပြီးလည်း မေးတတ်ပါတယ်။ Probability၊ Statistics (Mean, Median, Mode) နဲ့ Basic Algebra တွေကို ကျွမ်းကျင်ထားရင် အခက်အခဲမရှိပဲ သေချာပေါက် ဖြေဆိုနိုင်မှာပါနော်။

5. Critical Reading 🧐

စာမေးပွဲမှာ တစ်ချို့မေးခွန်းစာပိုဒ်တွေက ဖြေနေကြထက် ပိုရှည်တတ်ပါတယ်။ စာပိုဒ်မဖတ်ခင်မှာ "မေးခွန်းက ဘာကို အဓိကမေးတာလဲ" ဆိုတာကို အရင်ဖတ်ပါနော်။ ပြီးမှ စာပိုဒ်ထဲမှာ လိုအပ်တဲ့ Evidence ကို လိုက်ရှာပါ။ ဒီလိုမှသာ time waste ဖြစ်တာကို သက်သာစေမှာပါ။

GED Science ဟာ ခက်ခဲတယ်လို့ထင်ရပေမဲ့ Biology, Chemistry, Physics နဲ့ Earth Science ရဲ့ Basic Concept လေးတွေကို နားလည်ထားရင် သေချာပေါက် အေးဆေးဖြေနိုင်ပါတယ်နော်။ အလွတ်ကျက်တာထက် "ဘာကြောင့် (Why?)" နဲ့ "ဘယ်လို (How?)" ဆိုတာကို ပိုပြီးတွေးစေချင်ပါတယ်။

"Keep pushing, you're closer than you think!" 👊🏻

ဒီနေ့ B4B ကနေမျှဝေပေးခဲ့ Study Techniques လေးတွေက စာမေးပွဲ ဖြေဆိုရမှာ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်သွားမယ်လို့မျှော်လင့်ပါတယ်နော်။ 🌟

ယူဖို့ထက် ပေးဖို့ကိုသာ အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr
Telegram: https://t.me/bridgeforburma
Email: [email protected]

TikTok: https://www.tiktok.com/?_r=1&_t=ZS-92SidN2DJCy


15/02/2026

What if the sun disappears for 8 mins? What would happen to you?😨

Welcome to the B4B! Today we’ll be discovering how things would be if the sun vanished for 8 whole mins!😖

Firstly, if the sun disappears for 8 mins….nothing would happen.😉
The reason is that sunlight does not reach earth IMMEDIATELY. Light travels at about 300,000km/s and since the Sun is 150 million km away, its light takes about 8 minutes to reach the earth. So the first 8 minutes, everything is normal. You would still be scrolling through the B4B page, talking to your friend, and even birds would be still flying without noticing that the sun has disappeared.😜

Now that 8 mins have passed, the sun’s light has disappeared. 🤯
Days went by, and the sky has changed into black, pure black not cloudy black nor gray black. That’s not even bad yet,the Sun held 99.8% of the solar system. Now that the Sun is gone, the gravity with light has disappeared, leading the Earth to drift into deep space and stop orbiting.😓

Soon, the temperature started dropping, not so much, but noticeably. The plants will then stop photosynthesis, and the solar panels will stop working. Hence, that leads to a question, “will humans live?”. Yes, but not for long. People will still survive for a few weeks or months with stored energy and geothermal. Earth’s atmosphere will still trap heat for a while. BUT plants will begin dying. Without sunlight, the food chain collapses fast. Animals starve. Oxygen level would drop, and the Earth would soon be frozen, dark world.😱

Now, if the sun ONLY disappears for 8 mins, the Earth would not be destroyed. The temperature would change noticeably but still be reversible. Most life would still be alive, so rest assured.
Are you interested? If you are, follow B4B for more exciting content. Until next time!👋🏻💕

Burmese version below!

အကယ်၍ ​နေသာ ၈ မိနစ်​လောက် ​ပျောက်ကွယ်သွားခဲ့ရင်…

ဒီ​နေ့မှာ​တော့ B4B နဲ့အတူ ​နေသာ ၈ မိနစ်​လောက်​ပျောက်သွားခဲ့ရင် ဘာဖြစ်လာမလဲဆိုတာ ​လေ့လာကြည့်ရ​အောင်ပါ😖

​နေ ​ပျောက်သွားတာနဲ့ . . . ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး 😉. အကြောင်းအရင်းကတော့ တို့နေတဲ့ ကမ္ဘာကြီးဟာ နေနဲ့ 150 million kilometres တောင်ဝေးပြီး အလင်းက 300,000 km/s နဲ့သွားတဲ့အတွက် နေရောင်ဟာ ကမ္ဘာကိုရောက်ဖို့ 8 minutes လောက်အချိန်ယူပါတယ်။ အဲ့တာကြောင့် ပထမဆုံး 8 မိနစ်မှာတော့ you တို့ အခုလို B4B page ကို scroll လုပ်နေဦးမှာဖြစ်‌သလို ကောင်းကင်မှာပျံနေတဲ့ငှက်တွေတောင် ဘာမှ သတိထားမိမှာမဟုတ်ဘဲ ဆက်ပျံနေဦးမှာပါ။ 😜 အားလုံးဟာ ပုံမှန်အတိုင်း လည်ပတ်နေဦးမှာပါ။

နေမရှိဘဲ 8 မိနစ်ကျော်သွားပါပြီ 🤯 လင်းထိန်နေတဲ့ကောင်းကင်ကြီးကလည်း နေအလင်းရောင်မရတော့တဲ့အတွက် အနက်ရောင်ပြောင်းသွားပါပြီ -- မိုးအုံ့ရင် တွေ့ရတဲ့ မှိုထိုင်းထိုင်း မီးခိုးရောင် မဟုတ်ဘဲ လုံး၀မဲနက်နေတဲ့ absolute black ပါ။ တစ်ကယ့်ပြဿနာ ကအခုမှစမှာပါ။ နေဟာ တို့နေတဲ့ solar system ကြီးရဲ့ 99.8% ဖြစ်ပါတယ်။ နေမရှိတဲ့အခါ နေရောင်နဲ့အတူ နေရဲ့ gravity ကပါ ကမ္ဘာအပေါ်မသက်ရောက်နိုင်တော့တဲ့အတွက်ကြောင့် ကမ္ဘာဟာ သူ့ ၀င်ရိုးပေါ်မှာ လည်ပတ်မနေတော့ဘဲနဲ့ အာကာသကြီးထဲ မျောသွားမှာပါ။😓

အစပိုင်းမှာတော့ သတိထားမိမှာမဟုတ်ပေမဲ့ မကြာခင်မှာဘဲ အပူချိန် ဖြည်းဖြည်းချင်းကျလာပြီး ကမ္ဘာကြီးဟာ အေးခဲသွားမှာပါ။ အပင်တွေကလည်း နေရောင်ခြည်မရတာနဲ့ အမျှ photosynthesis မလုပ်နိုင်ဘဲ တစ်ဖြည်းဖြည်းစတင် သေဆုံးလာပြီး အစာစက်ကွင်း ပြိုလဲသွားပြီဖြစ်တဲ့အတွက်ကြောင့် တိရစ္ဆာန်အနည်းငယ် သာအသက်ရှင်နိုင်ပါလိုက်မယ်။ ဒါဆို ဒီလို oxygen level က လည်း ကျ၊ temperature ကလည်းကျ၊ solar panels တွေ လည်း အလုပ်မလုပ်နဲ့ လူတွေ ဆက်အသက်ရှင်နိုင်ရဲ့လား။ 😱

Yes, ရှင်နိုင်ပါတယ်။ store လုပ်ထားတဲ့ energy တွေ၊ geothermal energy တွေ စတဲ့ နည်းပေါင်းစုံကိုအသုံးပြုပြီး လူသားတွေကတော့ ရသလောက် ဆက်ရှင်သန်နေဦးမှာပါ။

ဒါကြောင့် နေသာ 8 min လောက်ပျောက်ကွယ် သွားမယ်ဆိုရင် ကမ္ဘာက ပျက်စီးသွားမှာမဟုတ်ပါဘူး။ Temperature ကျသွားပေမဲ့လည်း ပြန်လည်ကောင်းမွန်နိုင်ပါသေးတယ်။ သက်ရှိအများစုက လည်း ဆက်အသက်ရှင်နေဦးမှာပါ။ ဒါပေမဲ့ နေထိုင်ဖို့အတော့ အလွန်ခဲရင်းသွားပါလိမ့်မယ်။ ‌ဒါဆိုရင် နေဟာ ဘယ်လောက်အရေးပါလဲဆိုတာ သိပြီဟုတ်? နောက်လည်းဒီလို စိတ်၀င်စားစရာ content တွေ တင်ပေးသွားဦးမှာမလို့ B4B ကို follow ခဲ့ကြပါဦးနော်။

References:
https://youtu.be/vqNaGs-YkUI
https://youtu.be/7aIsVXFcO0I

ယူဖို့ထက် ပေးဖို့ကိုသာ ‌အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mib
Telegram: https://t.me/bridgeforburma
Email: bridgeforburmab4b&.com

/YunnKayZin

13/02/2026

How to Find Your Perfect Career (Ikig*i Framework)

သူငယ်ချင်းလေးတို့ရေ ယနေ့ခေတ်ကြီးထဲမှာ အလုပ်အကိုင်အခွင့်အလမ်းဆိုတာ မှိုပေါက်နေသလို များပြားနေတာပါပဲနော် 💢 ကိုယ်က E လိုရော မြန်မာ လိုရော ကျွမ်းတာနဲ့ လိုင်းပေါ်ကနေပဲ Translator လုပ်လို့ရသလို ကျွမ်းကျင်ရာ လိမ္မာရာဆိုသလို မှန်ပြင်လေးတစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်ကုမ္ပဏီ ကတော့ ဘယ်လို ရာထူးတွေ ခေါ်နေပါတယ် ဆိုပြီး ကြော်ငြာစာတွေကို နေရာတိုင်းမှာ တွေ့နေရပါတယ် 😎

ဒါပေမယ့် ဟိုနေ့က Podcast တစ်ပုဒ်နားထောင်တော့ အဲ့ YouTuber က ဘာပြောသလဲဆိုရင် Gen Z တွေရဲ့ ပြဿနာက အလုပ်တစ်ခု ဆက်ဆံရေးတစ်ခုကို အချိန်ကြာကြာ မတည်ဆောက်နိုင်တာပဲတဲ့ 😅 ကိုယ်ကလည်း Gen Z ဖြစ်နေတော့ နည်းနည်း အောင့်သက်သက်တော့နေတာပေါ့ 🥺 အမှန်အတိုင်းပြောရရင်လည်း သူပြောတာ မှန်နေတာဆိုတော့လည်း … ဟင်းးးး 💥 ဒီတော့ ‌ဒီနေ့ content မှာ သူငယ်ချင်းလေးတို့ လူရွေးမမှားစေဖို့ မပြောပြနိုင်ပေမယ့် အလုပ်ရွေးမမှားစေဖို့ကို Japanese Concept တစ်ခုဖြစ်တဲ့ Ikig*i ဆိုတဲ့ concept လေးကို အခြေခံပြီး ပြောပြပေးသွားမယ်နော် 💌

What is Ikig*i? 🤷

ပထမဆုံးမေးခွန်းကတော့ Ikig*i ဆိုတာ ဘာလဲ ? 🤷 အရိုးရှင်းဆုံး ပြောရမယ်ဆိုရင်တော့ Ikig*i ဆိုတာဟာ လူတစ်ယောက်အတွက် ရည်ရွယ်ချက် 🌟 ၊ ဘဝမှာ ရှင်သန်နေထိုင်နေရတဲ့ အကြောင်းပြချက် ကို ဆိုလိုပါတယ် 🌟။ Japanese concept တစ်ခုဖြစ်ပြီးတော့ iki ဆိုတာဟာ ဂျပန်လို 'life' ကို ဆိုလိုတာဖြစ်ပြီး g*i ဆိုတာကတော့ 'result ' or 'worth' ကို ပြောခြင်းပါ 🧡 English လို Ikig*i ကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် " Your reason for being or your purpose in life " ပါပဲ 🧚

Ikig*i မှာ career planning အနေနဲ့အချက်လေးချက်ကို အဓိကထားစဉ်းစားကြရပါမယ် ❣️

🌻 What You love ( Passion )

ဒါကတော့ အလုပ်တစ်ခုကို မရွေးခင် သေချာစဉ်းစားသင့်တဲ့အရာပါပဲ 💢 တော်တော်များများက အလုပ်လျှောက်ပြီဆို ကိုယ်ဝါသနာပါရာထက် လစာကို ထည့်စဉ်းစားကြပါတယ် 💵 ဒါက မကောင်းတာတော့မဟုတ်ပေမယ့် ကိုယ်ဝါသနာပါတဲ့ အလုပ်မဟုတ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဒါက ဖိအားတစ်ခုဖြစ်လာနိုင်ပြီး ဆိုကျိုးတွေခံစားရလာနိုင်ပါတယ်နော် 🥺 ဒါကြောင့်မို့ အလုပ်လျှောက်တော့မယ်ဆိုရင် ဒီအချက်လေးကို ပထမဆုံး စဉ်းစားပေးမယ်နော် 🌟

🌻 What you are good at ( Professions/ Talent )

ဒါကတော့ career ရွေးချယ်တဲ့ အခါမှာ ထည့်သွင်းစဉ်းစားရမယ့် ဒုတိယတစ်ချက်ပါပဲ 🍀 အိမ်ထမင်း အိမ်ဟင်း ချက်တတ်တာနဲ့ Five Stars Hotel ကြီးမှာ Chef ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး 🤷 မဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ပေမယ့် သူ့နေရာနဲ့သူ ကိုက်ညီတဲ့ အရည်အချင်းတွေတော့ ရှိနေမှ အဆင်ပြေပါလိမ့်မယ် 💁

🌻What the world needs ( Mission )

ဒါကတော့ မိမိရဲ့ အလုပ် မိမိရဲ့ ပတ်ဝန်းကျင်ပေါ်မှာ မိမိက ဘယ်လောက် အကျိုးပြုချင်တယ်ဆိုတာနဲ့ သက်ဆိုင်သွားပါပြီ 🏋️ ပြောရမယ်ဆိုရင်တော့ မိမိပေါ်မှာပဲ မူတည်တယ်ပေါ့ 👀 ဥပမာ ကိုယ်က စကြာဝဠာကြီးရဲ့ ထူးခြားဆန်းကြယ်မှုနဲ့ သူတို့ရဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုကို လေ့လာချင်လို့ NASA မှာ Astronaut အဖြစ် ဝင်ရောက်လုပ်ကိုင်တာမျိုးပေါ့ 👩‍🚀

🌻What you can be paid for ( Vocation/ Profession )

ဒါကလည်း အပေါ်က အချက်တွေနဲ့ ဆက်စပ်နေတယ်လို့ပြောလို့ရပါတယ် 👀 ပြောရမယ်ဆိုရင် ကိုယ့်အလုပ်ရှင်က ကိုယ်လုပ်တဲ့ကိုင်တဲ့ပုံစံ ဒါမှမဟုတ် ကိုယ့်ရဲ့ product ကို ကြည့်ပြီးမှ ကိုယ့်ရဲ့ လုပ်အားခကို ရှင်းပေးနိုင်မှာဖြစ်ပါတယ်နော် 💵 ဒါကြောင့်မို့လို့ အလုပ်ရွေးတဲ့အခါမှာဆိုရင် ကိုယ်သဘောကျတဲ့ အလုပ် ကိုယ်နဲ့ ကိုက်ညီပြီး ကျွမ်းကျင်တဲ့ အလုပ်ကိုပဲ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်နော် 🤍

ကဲ ဒီအချက်လေးတွေကတော့ Japan လူမျိုးတွေရဲ့ concept တစ်ခုဖြစ်တဲ့ Ikig*i လမ်းစဉ်အရ career တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေပေါ့နော် 👀 ဒီအချက်လေးတွေအတိုင်း ကိုယ့်ရဲ့ career ကို စဉ်းစားမယ်ဆိုရင် အဆင်ပြေချောမွေ့တဲ့ အလုပ်တစ်ခုကို ပိုင်နိုင်မယ်ဆိုတာ အသေအချာပါပဲနော် 💌

ယူဖိုထက် ပေးဖိုကိုသာ ‌အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr
B4B Student Community: https://t.me/bridgeforburmab4bstudents/1
Email: bridgeforburmab4b&.com
TikTok: https://www.tiktok.com/?_r=1&_t=ZS-92SidN2DJCy


10/02/2026

“GED RLA ကို အမှတ်ကောင်းကောင်းနဲ့ တစ်ခါတည်း ဖြတ်ကျော်ကြမယ်” 📚

ဒီနေ့မှာတော့ B4B ကနေပြီး GED ကျောင်းသားတွေအတွက် အခက်ခဲဆုံးလို့ ပြောလို့ရတဲ့ RLA (Reasoning Through Language Arts) ဘာသာရပ်ကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုလေ့လာရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်နော်။ ✨

RLA ဆိုတာ Reading Skill ကိုစစ်ဆေးရုံသာ မဟုတ်ဘဲ ကိုယ့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) ကိုပါစစ်ဆေးတဲ့ ဘာသာရပ်ပါ။ အထူးသဖြင့် Extended Response (Essay) အပိုင်းဟာဆိုရင်တော့ ကျောင်းသားအများစုအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် RLA မှာ အမှတ်ကောင်းဖို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို B4B နဲ့အတူကြည့်လိုက်ရအောင်ပါနော်။ 🙌

1️⃣ “Exam Structure ကို အရင်ဆုံး နားလည်အောင်လုပ်ပါ။” ⏳

RLA ဖြေချိန်က မိနစ် ၁၅၀ တောင်ရှိတဲ့အတွက် တော်တော်လေး စိတ်ရှည်ဖို့ လိုပါတယ်။
Part 1 & 3 ကတော့ Reading Comprehension နဲ့ Grammar (Language) ပိုင်း ဖြစ်ပါတယ်။
Part 2: ဒါကတော့ အားလုံးစိုးရိမ်ကြတဲ့ Extended Response (Essay) ပိုင်းပါ။ ၄၅ မိနစ် အချိန်သီးသန့်ပေးထားပြီး time tied ဖြစ်တယ်လို့လဲပြောလို့ရပါတယ်။ မေးခွန်းပုံစံတွေကို ကြိုသိထားမှသာစာမေးပွဲခန်းထဲမှာ အချိန်ကိုသေချာ Management လုပ်နိုင်မှာပါနော်။ 🕒

2️⃣ “Extended Response အတွက် Evidence တွေကို အခြေခံပြီး ရေးပါ။” ✍️

ER ရေးတဲ့အခါ ကိုယ့်ရဲ့ personal အမြင်ကို ထည့်ရေးစရာမလိုပါဘူး။ စာမေးပွဲမှာ ပေးထားတဲ့ စာပိုဒ် (၂) ခုကို ယှဉ်ဖတ်ပြီး ဘယ်ဘက်ကအထောက်အထား (Evidence) ကပိုခိုင်လုံလဲဆိုတာကိုပဲ သုံးသပ်ပြရမှာပါ။ ကိုယ်ရွေးချယ်တဲ့ဘက်က ဘာကြောင့် ပိုကောင်းလဲဆိုတာကို Passage ထဲက အချက်အလက်တွေနဲ့ ကိုးကားပြီး ရေးရပါမယ်။ ဒါကြောင့် ရေးနေကျ Essay ပုံစံမျိုးထက် Argumentative Writing ပုံစံကို ပိုပြီး လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်နော်။ 📑

3️⃣ “Reading Speed နဲ့ Comprehension Skill ကို မြှင့်တင်ပါ။” 📖

RLA မှာ စာပိုဒ်ရှည်ကြီးတွေ ဖတ်ရတာမို့ အချိန်မလောက်တာမျိုး အဖြစ်များပါတယ်။ အချိန်ပိုကြာလာတာနဲ့အမျှ brain ကငြီးငွေ့လာတာမျိုးလဲ ကြုံရနိုင်ပါတယ်။ ဒါကြောင့်စာကို မြန်မြန်ဖတ်နိုင်ရုံတင်မကဘဲ Writers တွေရဲ့ ဆိုလိုရင်း (Author’s Purpose) နဲ့ Main Idea ကို ချက်ချင်း ရှာနိုင်အောင် လေ့ကျင့်ပါ။ Vocabulary တွေ အလွတ်ကျက်တာထက် ရှေ့နောက်စာသားကိုကြည့်ပြီး အဓိပ္ပာယ်ခန့်မှန်းတဲ့အကျင့် (Context Clues) ကို လုပ်ထားမယ်ဆို ပိုအထောက်အကူဖြစ်မှာပါပဲ။ 💡

4️⃣ “Grammar နဲ့ အရေးအသားကို သေချာဂရုစိုက်ပါ။” 📍

ER မှာ အမှတ်အပြည့်ရဖို့ဆိုရင် စာကြောင်းတည်ဆောက်ပုံ မှန်ကန်ဖို့ လိုပါတယ်နော်။ Subject-Verb Agreement, Punctuation နဲ့ စာလုံးပေါင်း သတ်ပုံတွေကအစ အရေးကြီးပါတယ်။ အရေးအသား သပ်ရပ်ပြီး Logic ကျနေဖို့က RLA မှာ အမှတ်ရဖို့ တကယ့်လျှို့ဝှက်ချက်လို့ဆိုရမှာပါပဲ။ 🖋

5️⃣ “Practice လုပ်ပြီးတိုင်း Review ပြန်လုပ်ပါ။” ‼️

မေးခွန်းဟောင်းတွေ အများကြီး ဖြေနေရုံနဲ့ မလုံလောက်ပါဘူး။ မှားသွားတဲ့ အပုဒ်တွေကို ပြန်ကြည့်ပါ။ "ငါ ဘာလို့ ဒီအဖြေကို ရွေးမိတာလဲ"၊ "အဖြေမှန်က ဘာလို့ ဒါဖြစ်ရတာလဲ" ဆိုတာကို သေချာဆန်းစစ်ပါ။ အထူးသဖြင့် ER ကို ကိုယ်တိုင်ရေးကြည့်ပြီး ဆရာ/ဆရာမတွေဆီမှာ Feedback ပြန်တောင်းဖို့ မမေ့ပါနဲ့နော်။ 🧐

RLA က ခက်တယ်လို့ ထင်ရပေမဲ့ Practice များရင် တကယ့်ကို အမှတ်ယူလို့ကောင်းတဲ့ ဘာသာရပ်
တစ်ခုပါ။

“Read analytically, write logically.” 👊
ဒီနေ့ မျှဝေပေးခဲ့တဲ့ နည်းလမ်းလေးတွေက GED pathway ကိုယူထားတဲ့ ကျောင်းသားတွေအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ 💞

ယူဖို့ထက် ပေးဖို့ကိုသာ အမြဲဦးစားပေးတဲ့ B4B 🤍
“Learn to change, create, and donate.”
Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr
Telegram: https://t.me/bridgeforburma
B4B Student Community: https://t.me/bridgeforburmab4bstudents/1
Email: bridgeforburmab4b&.com

09/02/2026

Deep Focus ပျောက်နေတဲ့ ကိုယ့်လူ‌တို့အတွက် Study Room လေး တစ်ခု အတူတူတည်ဆောက်ကြရအောင်နော် 🍀✨

စာမေးပွဲနီးလာလို့ စာလုပ်ဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေတဲ့ B4B ရဲ့ ပရိသတ်တွေအတွက် ဒီနေ့ B4B မှ သတင်းကောင်းလေး ယူဆောင်လာပါတယ်နော် 👀🌝

အားလုံး အခုချိန်ထိခစိတ်ဝင်စားနေကြတယ့် B4B ရဲ့ Meet Your Studies Buddies Session လေးကို မှတ်မိကြသေးတယ်မလား 👀

❄️ တစ်ပတ်ကို (၃) ရက်
တစ်နေ့ကို နှစ်နာရီနဲ့
🏆စာလဲရရမယ်၊ မိတ်ဆွေသူငယ်ချင်းတွေလဲ တိုးရမယ်
☃️ Concentration လဲ အားကောင်းလာမယ်။
✨ Progress ကို Track လုပ်ချင်တဲ့သူတွေအတွက်လဲ attendance sheet လေး ဖန်တီးပေးထားတော့ Consistency လဲ ရလာမယ်။

ဒီလိုအချက်တွေနဲ့ ပြည့်စုံနေတဲ့ ကျွန်မတို့ Study Room လေးကို အ‌ကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်။

ဒီ Study Room လေးကို တစ်ချို့ဆို Join ချင်ပေမယ့် Registration Deadline ကျော်သွားတာကြောင့် မ Join လိုက်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ 🙁

ဒါ့ကြောင့်မလို့ B4B မှ Deep focus လိုချင်တဲ့သူတိုင်း ဒီ community လေးကို လွတ်လွတ်လပ်လပ် Join နိုင်အောင် ဖန်တီးပေးလိုက်ပါပြီရှင် 💫

Registration form ဖြည့်နေစရာမလိုဘဲ အလွယ်တကူ အခုပဲ Community ထဲကို အရောက်လှမ်းခဲ့လို့ ရပါပြီနော် 🙈😉

Telegram Group:

https://t.me/meetyourstudiesbuddies

📅 Date: Tuesday, Wednesday, Thursday
⏰ Time: 7 pm to 9 pm
🔎 Meeting: Google Meet

Join now!
စာအတူတူလုပ်ဖို့ B4B မှာ စုံမယ်နော် 😉
မနက်ဖြန် စမှာမလို့ မနက်ဖြန် session လေး လွတ်မသွား‌စေနဲ့နော် 🙊

ယူဖို့ထက် ပေးဖို့ကိုသာ ‌အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr
Telegram: https://t.me/bridgeforburma
Email: bridgeforburmab4b&.com
TikTok: https://www.tiktok.com/?_r=1&_t=ZS-92SidN2DJCy

07/02/2026

ရှာဖွေတွေ့ရှိ ဂီတ၏ ပဟေဠိ🕵️

ကဲကဲ တို့တွေရဲ့ learners လေးတွေထဲမှာ movieholic တွေ musicholic တွေရှိကြလား 👀 ဒီလို holic မျိုးရှိတဲ့လူအများစုက တခြားလူတွေထက် ပိုပြီး hidden emotion တွေကို ထုတ်ဖော်တတ်ကြပါ‌တယ်နော် 💢 ဥပမာ အခုမှ ဇာတ်ကားစကြည့်တဲ့ လူတွေအဖို့ director တစ်ယောက်က ချပြလိုက်တဲ့ ending ကို ending လို့ပဲ မှတ်ယူမှာပါ 💁 ဒါပေမယ့် အကြောင်းသိနေတဲ့ fan တွေကတော့ ဒီ ending မှာ ဘယ်လို facts တွေထည့်ပြီး အဆုံးသတ်သွားတယ်ဆိုကို ကြည့်ပြီး ‘ဟာ ဒါ happy ending’ မဟုတ်နိုင်ဘူးဆိုပြီး ယူဆကြပါတယ် … ဆရာကြီးတွေပေါ့လေ သူတို့က 😎

ဥပမာအားဖြင့် အကုန်လုံးသိကြတဲ့ Coraline လိုပေါ့ … Coraline က သူတို့‌ပြတဲ့ ending ထဲမှာ စုန်းမကြီးဆီက လွတ်မြောက်သွားတယ်ဆိုပေမယ့် နောက်ဆုံး အိမ်ကြီးကို အကျယ်ချဲ့ပြတဲ့ပုံအရ မလွတ်မြောက်သွားဘူးဆိုတဲ့ Theory လိုပေါ့ 😳 ဒီတော့ learners လေးတို့ကို ပြော‌ပြချင်တဲ့ message လေးကတော့ အရာရာတိုင်းမှာ hidden meaning or emotional meaning ရှိတယ်ဆိုတာပါပဲ 🤭 ဒါ‌ေပမယ့် ဒီနေ့ရဲ့ content လေးမှာတော့ သီချင်းစာသားလေးေတွရဲ့ Connotation meaning လေးတွေကို ဆွေးနွေးကြည့်ကြမယ်နော် 🤎

❣️The Fate of Ophelia (Taylor Swift)

ပထမဆုံး ရွေးထားတဲ့ သီချင်းလေးကတော့ Taylor Swift ရဲ့ The Fate of Ophelia သီချင်းလေးပဲဖြစ်ပါတယ် 💁 ဒီသီချင်းလေးကတော့ လူတိုင်းမသိတဲ့သူမရှိတဲ့သီချင်းလေးပါပဲနော် 🤍

“saved my heart from the fate of Ophelia” ဆိုတဲ့ စာသားလေးကို လူတိုင်းလူတိုင်း သိကြပါတယ်နော် 🌟 တကယ်တော့ ဒီအတိုင်း Taylor ချပြတဲ့ အတိုင်းသာ ဘာသာပြန်ကြေးဆို “Ophelia ရဲ့ ကြမ္မာကနေ ငါ့နှလုံးသားလေးကို ကယ်တင်လိုက်တယ်ပေါ့” 🖤 ဒါပေမယ့် Ophelia ဆိုတာက သူမအရမ်းချစ်ရတဲ့ ချစ်သူ Helmet က သူမရဲ့ ဖခင်ကို သတ်ခဲ့တာကြောင့် ရူးနှမ်းပြီး အသက်ပေးခဲ့ရတဲ့ ဇာတ်ကောင်တစ်ခုပေါ့ 🥺 ဆိုတော့ ဒီနေရာမှာ Taylor က ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ Travis ( Taylor's fiance) က သူမဘဝအတွက် အစစ်အမှန် လက်တွဲဖော်ဖြစ်ကြောင်း ပြသလိုက်တာပါပဲ 🤵👰

❣️ Birds of a feather (Billie Eilish)

နောက်တစ်ကြောင်းကတော့ Billie Eilish ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Birds of a feather” ဆိုတဲ့ သီချင်းလေးပါ 🕊️

“Birds of a feather, we should stick together, I know” ဆိုတဲ့ စာသားလေးက လူတိုင်းရဲ့ attention ကို ဖမ်းစားနိုင်ခဲ့တာပေါ့ 💥 ဒါဆို Birds of a Feather ဆိုတာ တကယ်ပဲ ငှက်မွှေးတွေကို ဆိုလိုတာလား 💁 တကယ်တော့ Birds of a feather ဆိုတဲ့ စကားလုံးလေးက ကိုယ်ထင်ထားတာထက်ကို ပိုအဓိပ္ပာယ်ရှိပါတယ် … ဒီနေရာမှာ Birds of a feather ဆိုတာက Birds of a Feather Flock together ဆိုသလိုပဲ တူညီတဲ့ personality, value တွေရှိတဲ့ လူတွေဟာ အချင်းချင်း သံလိုက်လို ဆွဲငင်ပါသတဲ့ 🧲 သီချင်းလေးကို တစ်ပုဒ်လုံးခြုံကြည့်ရင်တော့ Billie က သူ့ရဲ့ partner ပေါ်မှာ ဘယ်တော့မှ သေဆုံးသွားမှာမဟုတ်တဲ့ အချစ်မျိုးကို ဖော်ကြူးထားတာကိုတွေ့ရမှာပါ 🤍

အကယ်၍ သူငယ်ချင်းလေးတို့က Roland Barthes ရဲ့ Semiotic analysis ကို နားလည်မယ်ဆိုရင် Official MV ကို ကြည့်လိုက်တဲ့အခါ တစ်ခုခုထူးခြားနေတာကို သတိထားမိပါမှာ 🙀 တကယ်လို့ စိတ်ဝင်စားတယ်ဆို‌ရင်ပေါ့ ကိုယ့်ရဲ့ အမြင်နဲ့ အတွေးတွေကို comment ပေးသွားလို့ရပါတယ်နော် 🧡 တစ်ခုသတိထားရမှာက Connotation ဆိုတာက emotion ရဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် တိကျတဲ့ အဖြေဆိုတာမရှိပါဘူးနော် 💁

❣️ Abracadabra (Lady Gaga)

နောက်ဆုံးတစ်ခုကတော့ လူတိုင်းနီးပါးသိတဲ့ အဆိုတော်ကြီးဖြစ်တဲ့ ‌လေဒီဂါဂါရဲ့ သီချင်းနာမည်လေးရဲ့ Connotation meaning လေးကို ထုတ်ဖော်ကြည့်လိုက်ကြစို့နော် 💁 ပထမဆုံးအနေနဲ့ Abracadabra ဆိုတာ အဓိပ္ပာယ်ရှိတဲ့ စကားလုံးတစ်လုံးလို့ မြင်ကြလား❓

အမှန်တကယ်က “Abracadabra” ဆိုတာ spell တစ်ခုပါတဲ့ 🧫 Abracadabra ဆိုတာ 2nd century မှာ နာမကျန်းဖြစ်တာတွေကို ပျောက်ကွယ်စေဖို့ သုံးခဲ့တဲ့ spell တစ်ခုလို့ဆိုပါတယ် 🧖 Lady Gaga ကတော့ “Abracadabra” သီချင်းဟာ resilience, personal transformation တွေကို ကိုယ်စားပြုတဲ့ သီချင်းလို့ဆိုပါတယ် 🧚 နောက်ပြီး official MV မှာပြသွားတဲ့ dance floor ဟာ လောကဒဏ်ကို ကိုယ်စားပြုပါတယ်တဲ့ 🌟 ဒီတော့ ဒီနေရာမှာ လူတွေက မသေချင်ရင် ကရမှာပါပဲ ဆိုလိုချင်တာကတော့ လူရယ်လို့ဖြစ်လာရင် ရုန်းကန်လှုပ်ရှားမှုတွေလုပ်ရမှာပါပဲ 💢 ဒီသီချင်းက ဒီလောကဒဏ်ကို ကြံ့ကြံ့ခံပြီး ကြိုးစားနေတဲ့လူတွေ (ကနေတဲ့လူတွေ) ကို ‌ရည်ညွှန်းထားတာပါ 🤍 တကယ်လို့ learners လေးတို့မှာ မိမိရဲ့ ကိုယ်ပိုင်အမြင် အတွေးတွေရှိတယ်ဆိုရင်လည်း ဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်နော် 🧡

နောက်ဆုံးပြောပြချင်တာကတော့ စောစောက ပြောခဲ့သလိုပဲ Connotation ဆိုတာ emotion နဲ့ ဆက်စပ်နေတာဖြစ်လို့ မှန်တယ်မှားတယ် ဆိုပြီး တိတိကျကျတော့ ပြောပြလို့မရပါဘူးနော် 😳 နောက်ပြီး ဒီလို Connotation ပိုင်းကို စိတ်ဝင်စားလို့ လေ့လာချင်တယ် ဆိုရင် Roland Barthes ရဲ့ Semiotic Theory ကိုဖတ်ကြည့်ဖို့ အကြုံပြုပါရစေနော် 🤭

ယူဖို့ထက် ပေးဖို့ကိုသာ ‌အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr

Telegram: https://t.me/bridgeforburma

B4B Student Community:
https://t.me/bridgeforburmab4bstudents/1

Email: bridgeforburmab4b&.com
TikTok:

https://www.tiktok.com/?_r=1&_t=ZS-92SidN2DJCy


06/02/2026

ရှာရပြုရလွယ် အလွယ်တကူ စာနွေးချင်ရင်လည်း အဆင်ပြေအောင် B4B မှ Easy access physics ကို တင်ပေးမှာဖြစ်ပါတယ်။ 😉

ဒီ links collection မှာ ပါ၀င်မယ့် topic တွေကတော့😲

Newton’s Laws 😴
Ep1: Inertia

https://t.me/bridgeforburma/360

အရာဝတ္ထုတွေက နဂို အနေအထားကို မပြောင်းလဲအကြောင်းကို ရှင်းပြပြီး နယူးတန်ရဲ့ ပထမဥပဒေကို နေ့စဉ်ဘဝ ဥပမာများဖြင့် နားလည်အောင် ရှင်းပြထားတာ ဖြစ်ပါတယ်။💨

Ep2: how force changes motion.

https://t.me/bridgeforburma/406

Newton ရဲ့ second law၊ သက်ရောက်မှုအင်အား (force) က လှုပ်ရှားမှုကို ဘယ်လိုပြောင်းလဲတာလဲ ဆိုတာကို ရှင်းပြပေးသွားပါမယ်။💫

Ep3: for every action, there is an equal and opposite reaction

https://t.me/bridgeforburma/434

Newton ရဲ့ တတိယ ဥပဒေ ဖြစ်တဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။💥

Motor and generator effects😋
Ep1: Motor

https://t.me/bridgeforburma/362

motor ရဲ့နောက်ကွယ်မှာရှိတဲ့ physics အကြောင်းကိုပြောပြသွားမှာပါ။🛵

Ep2:Generator

https://t.me/bridgeforburma/403

generator လေးကို detail ကျကျရှင်းပြသွားမှာဖြစ်ပါတယ်။⭐

Ep3:Factors affecting DC motors

https://t.me/bridgeforburma/431

DC motors ကို affect ဖြစ်စေတဲ့ factors လေးတွေရှင်းပြပေးသွားမှာဖြစ်ပါတယ်။⚡

ကိုယ့်အတွက် အထောက်အကူ အကူအညီနည်းနည်းလေးပဲ ရခဲ့ရင်တောင် B4Bကို follow လုပ်ဖို့မမေ့နဲ့နော်💕

နောက် content တွေမှာ readers တွေအတွက် အထောက်အကူရမယ့် ဟာလေးတင်ပေးသွားမှာဖြစ်တဲ့အတွက် Stay tuned 🌟



Photos from Bridge For Burma - 𝘉𝟜𝘉 's post 29/01/2026

How each zodiac sign represents different majors ✨ (Part Two)
အရင်နေ့က Zodiac signs လေးတွေရဲ့ ကိုယ်စားပြု ဘာသာရပ်လေးတွေကို ဖတ်ရတာ ထောက်ခံကြတယ်မလား 🤭 ဒီနေ့မှာလည်း နောက်ထပ်ကျန်နေတဲ့ sign လေးတွေကို ‌ထပ်ပြီးပြောပြလိုက်တယ်နော် 🎉

♎ Libra ( Sep 23 - Oct 22 )

အရာရာကို တရားမျှတစွာနဲ့ ကြည့်တတ်တဲ့ ပေါင်ချိန် sign ဆိုရင် ဘယ် sign ဖြစ်မလဲ 🤷 သေချာပေါက် Libra ပဲပေါ့ ♎ Libra တွေက တရားမျှတမှုရှိတာ တနည်းအားဖြင့် balance အရှိဆုံးသူတွေပါပဲ 🤜🤛 သူတို့တွေက စကားလည်းကြွယ်ကြသလို လူအများနဲ့ ပေါင်းသင်းဆက်ဆံရာမှာလည်း တော်ကြပါတယ် 🗣️ ဒါကြောင့်မို့ တို့တွေရဲ့ Libra လေးတွေကို ကိုယ်စားပြုတဲ့ ဘာသာရပ်တွေကတော့ Law နဲ့ Civics ပဲဖြစ်ပါတယ်ရှင့် ⚖️

♏ Scorpio ( Oct 23 - Nov 21 )
Zodiac sign တွေထဲမှာ နာမည်အကြီးဆုံး သူမပါရင်မပြီးတဲ့ Scorpio ‌♏ တွေကိုရော ဘယ်ဘာသာရပ်က ကိုယ်စားပြုမယ်ထင်လဲ 🤷 Scorpio တွေက ခက်ခဲနက်နဲ‌တဲ့ သဘာ‌ဝတွေ အတွေးအခေါ်တွေ၊ ပြိုင်ဆိုင်မှုအားကောင်းလွန်းတာတွေကြောင့် ဒီ sign ဆိုရင် မသိတဲ့သူရှားပါတယ်နော် 😌 တို့ရဲ့ ကင်းမြှီးကောက်လေးတွေက ပြောင်းလဲမှုကို တခြား sign တွေထက်ပိုပြီး လုပ်ပြတတ်သူတွေပါ 🎉 ဒါကြောင့်မို့လို့တောင် မသေခင်တွေ့သွားသင့်တဲ့ sign တွေထဲမှာ Scorpio က ထိပ်ဆုံးဖြစ်နေတာပေါ့ 💯 ဒါကြောင့်မို့လို့ ဒီ sign နဲ့ အလိုက်ဖက်ဆုံးဘာသာရပ်ကတော့ လောကကြီးရဲ့သဘာဝတွေ အကုန်ဆက်စပ်ပါဝင်နေတဲ့ Chemistry ပဲဖြစ်ပါတယ် 🧪🧫

♐ Sagittarius ( Nov 22 - Dec 21 )

နောက်တစ်ခါ အလှည့်ကျလာတဲ့ sign လေးကတော့ Sagittarius လေးပဲဖြစ်ပါတယ် ♐ သူတို့ကတော့ ငြိမ်ငြိမ်ထိုင်မနေချင်ဘဲ အချိန်ပြည့် adventure တွေထွက်ချင်နေတဲ့ သူရဲကောင်းကြီးတွေပေါ့ 😎 လွတ်လပ်စွာတွေးခေါ်နိုင်မှူတွေနဲ့ ကမ္ဘာကြီး‌ကတော့ လုံးတယ်ဆိုတဲ့ အယူအဆကို ‘ငါ့မျက်စိနဲ့မှမမြင်ရတာဆိုပြီး’ ကိုယ်တိုင် ကမ္ဘာကြီးလုံးကြောင်းသက်သေပြချင်သူတွေပေါ့ 😏 ဒီလိုလူမျိုးတွေအတွက်တော့ Geography ဆိုတဲ့ ပထဝီဘာသာရပ်က အလိုက်ဖက်ဆုံးပါပဲနော်

♑ Capricorn ( Dec 22 - Jan 19)
ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် အလုပ်လုပ်ရမယ့်အခြမ်းမှာနေမယ့် Cappy ♑ ကြီးတွေကတော့ တည်ငြိမ်မှုနဲ့တာဝန်ယူမှုကို တန်ဖိုးထားတတ်တဲ့သူတွေဆိုတော့ Accounting နဲ့ Management ဘာသာရပ်တွေက သူတို့အတွက်အသင့်တော်ဆုံးနော် 💻📝 သူတို့ဖာသာ အလုပ်တွေက တောင်ပုံသလိုပုံနေရုံမက သမုဒ္ဒရာကြီးလို ကျယ်ပြန့်နေပါစေ အလုပ်သာလုပ်ရမယ်ဆို စည်းစနစ်ကျကျနဲ့ တိတိကျကျ‌လုပ်တတ်တာရယ် သူများတွေကိုဆို လက်ညှိုးထိုးပြီး ‘’ညဉ်း ဒီလိုလုပ်လိုက်အေ” ဆိုပြီး သေသေချာချာ စီမံပေးတတ်သူတွေမို့ ဒီ ဘာသာရပ်တွေက တို့တွေရဲ့ Cappy တွေကို ကိုယ်စားပြုတယ်လို့ပြောလို့ရတယ်နော် 😌

♒ Aquarius ( Jan 20 - Feb 18)

ဘယ်အရာမဆို သူများနဲ့မတူတဲ့ ရှု့ထောင့်ကကြည့်တတ်တဲ့ Aqua ♒ တွေကျတော့ ပြဿနာတွေ ဖြေရှင်းပေးရမယ်ဆိုလာထားပဲ 🥱 တစ်စက္ကန့်မကြာစေရဘူး 😌 နောက်ကျမှ သူတို့ဖာသာတိုင်ပတ်ကုန်ရင်တော့ မသိဘူးပေါ့😆 တကယ်တော့ Aqua‌ တွေက သူများတွေ မစဉ်းစားတဲ့ တမူထူးခြားတဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့သူတွေပါ 🌟 ဒါကြောင့် Technology နဲ့ ICT ဘာသာရပ်တွေကဆိုရင်ဖြင့် ဒီ Aqua လေးတွေကို ကိုယ်စားပြုတဲ့ sign လို့ပြောလို့ရတယ်နော်

Pisces ( Feb 19 - March 20 )

အရာရာကို နူးညံ့တဲ့နှလုံးသားလေးနဲ့ ကြည့်တတ်တဲ့ pisces ♓လေးတွေကတော့ စိတ်နှလုံးသားလေးက ဝါဂွမ်းလေးလိုပဲပေါ့နော် 🤍 အမြဲပေါ့ပါးနေတတ်ပြီး အရာရာကို creativity ကောင်းကောင်းနဲ့ တွေးခေါ်တတ်သူတွေမို့ သူတို့ကို subject နဲ့ ဖော်ပြရရင် သေချာပေါက် music or art ပါပဲ 🎵🎶
သူတို့ရဲ့ စိတ်ခံစားမှုစွမ်းအင်က တခြား sign တွေ ထိုင်ကန်တော့ရလောက်အောင်ထက်လွန်းတာမို့ စိတ်ခံစားချက်ကို ဖော်ပြတတ်တဲ့နေရာမှာ ဆရာကြီးတစ်ဆူပါပဲနော် 😌 ကဲ ဒီလို sign မျိုးကို music နဲ့ ‌art မှ ကိုယ်စားမပြရင် ဘာက ကိုယ်စားပြု ဦးမလဲ 🤷

ကဲ ကဲ zodiac sign လေးတွေနဲ့ သူ‌တို့ရဲ့ personality traits တွေနဲ့ကိုက်ညီတဲ့ ဘာသာရပ်တွေကို ဖတ်ရတာ အားရကြတယ်မလား 😎 တကယ်လို့ ထောက်ခံကြတယ်ဆိုရင် comment လေးတွေ ချန်ထားပေးခဲ့ကြဦးနော် သဘောမတူဘူးဆိုရင်လည်း comment လေးတွေရေးသွားကြမယ်နော် 🤎

Let's make an exciting study session with your buddies 🐳

ယူဖိုထက် ပေးဖိုကိုသာ ‌အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr

Telegram: https://t.me/bridgeforburma

B4B Student Community:
https://t.me/bridgeforburmab4bstudents/1

Email: bridgeforburmab4b&.com

TikTok: https://www.tiktok.com/?_r=1&_t=ZS-92SidN2DJCy


Photos from Bridge For Burma - 𝘉𝟜𝘉 's post 28/01/2026

🎓 ၂၀၂၆ မှာ ကိုယ့်ရဲ့ Zodiac Sign ကဘယ်လို Major မျိုးတွေနဲ့ ကိုက်ညီနေတာလဲ?

ဒီနေ့မှာတော့ ကိုယ့်မှာရှိတဲ့ ထူးခြားတဲ့ အမူအကျင့်တွေက ဘယ်လို major တွေနဲ့ အဆင်ပြေမလဲဆိုတာကို Zodiac Sign တွေပေါ်မူတည်ပြီး B4B နဲ့အတူတူ လေ့လာကြည့်ကြရအောင်နော်။

💐[Part One]

Part two လေးမှာ ပြန်တွေ့ကြပါမယ် 🤗

ယူဖို့ထက် ပေးဖို့ကိုသာ ‌အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:

Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr
Telegram: https://t.me/bridgeforburma
B4B Student Community: https://t.me/bridgeforburmab4bstudents/1
Email: bridgeforburmab4b&.com
TikTok: https://www.tiktok.com/?_r=1&_t=ZS-92SidN2DJCy

27/01/2026

So we’ve learnt about how objects hate changes and what causes them change, today we’ll be learning about how forces ALWAYS come in pairs.😀

Welcome to the final episode, episode 3 of Newton’s series about Newton’s third law: for every action, there is an equal and opposite reaction.😉
Newton’s third law may sound new to you, but trust me, it’s everywhere. By everywhere, I mean EVERYWHERE.😫

Force always comes in pairs. You never get just one force by itself.📌

Let’s put it in a real situation.💭
While walking, we push the ground with our feet. The ground also pushes back, hence we’re moving forward. If not, we would’ve either slipped or not stood.💨
Also, when you jump, you don’t just leave the ground; the group pushes you up.

Even when leaning, we’re not the only ones who exert force on the wall; the wall pushes back with the same force, which is why we don’t fall backwards and can lean. 😉

So, forces don’t come alone; they always come in pairs.😲
You can’t have an action without an opposite reaction.

Now the question is, if forces are equal, why don’t they cancel out?
Because in Newton’s third law, the forces are acting on DIFFERENT objects.
Meaning both objects can have motion.😌

Remember, every time you jump, walk or fall, something is always pushing you back.
Hence, don’t give up. Even if there’s no one, physics is always there.😗😋

ကဲ အရင် episode တုန်းက အရာဝတ္ထုတွေက လှုပ်ရှားမှု ပြောင်းလဲတာကို မကြိုက်ဘူးဆိုတာနဲ့၊ အဲဒီပြောင်းလဲမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို လေ့လာပြီးပါပြီ😀
Newton ရဲ့ series အဆုံးပိုင်း၊ Episode 3 ကနေ ကြိုဆိုပါတယ်။
ဒီ Episode မှာတော့ Newton ရဲ့ တတိယ ဥပဒေ ဖြစ်တဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။😄

သက်ရောက်မှု force ဟာအမြဲတမ်း အတွဲနဲ့လာတာပါ။ force တွေတောင်အတွဲနဲ့နော် readers တွေကတော့ ဒီနှစ် valentine မှာ no pair နဲ့တယောက်ထဲ ဆင်နွှဲရမှာ။ သိပ်မစရဲဘူး ဘ၀တူမို့။😓😅

အတွဲနဲ့ လာမလာ လက်တွေ့ဘ၀နဲ့စဉ်းစားကြည့်ရအောင်၊🤔
လမ်းလျှောက်တဲ့အခါမှာ
Readers တို့ရဲ့ ခြေထောက်နဲ့ မြေပြင်ကို နောက်ဘက်ဘက်ကို တွန်းပါတယ်။
အဲ့ဒီအချိန်မှာ မြေပြင်ကလည်း readersတို့ကို ရှေ့ဘက်ကို ပြန်တွန်းပါတယ်။
ဒါကြောင့်ပဲ readersတို့ ရှေ့ကို ရွေ့လျားနိုင်တာပါ။💭

အဲ့ဒီလိုသာ ပြန်တွန်းပေးတာ မရှိရင်
လျှောရင်လျှော မလျှောရင်လည်း မတ်တပ်ရပ်နိုင်မှာ မဟုတ်ဘူး။🙃

ခုန်တဲ့အခါမှာလည်း
မြေပြင်ကို readers တွေပဲတွန်းသွားတာ မဟုတ်ပါဘူး။
မြေပြင်က readers တို့ကို အပေါ်ဘက်ကို ပြန်တွန်းပေးတာပါ။ ဒါမှ လည်း အ‌ပေါ်ကို ခုန်နိုင်မှာလေ။😵

နံရံကို မှီနေတဲ့အခါမှာလည်း
နံရံကို အင်အားသုံးနေတာreadersတို့ တစ်ယောက်တည်း မဟုတ်ပါဘူး။
နံရံကလည်း တူညီတဲ့ အင်အားနဲ့ ပြန်တွန်းပေးနေတာကြောင့်
နောက်ဘက်ကို မလဲဘဲ မှီနေရနိုင်တာပါ။😇

ဒါလောက်ဆို readers မျက်လုံးထဲမှာ တော်တော် မြင်လောက်ပါပြီ။😉
အင်အား(force)တွေဟာ တစ်ယောက်တည်း မလာပါဘူး။
အမြဲတမ်း အတွဲလိုက်ပဲ လာပါတယ်။
လုပ်ဆောင်မှုတစ်ခု မရှိဘဲ ဆန့်ကျင်ဘက် တုန့်ပြန်မှုတစ်ခု မဖြစ်နိုင်ပါဘူး။🤗

ဒါဆို မေးစရာတစ်ခု ရှိလာပါတယ် —
အင်အားတွေ တူညီရင် ဘာလို့ မကျေသွားတာလဲ?🤨
အကြောင်းကတော့
Newton ရဲ့ တတိယ ဥပဒေမှာ
အင်အားတွေဟာ မတူညီတဲ့ အရာဝတ္ထုတွေ ပေါ်မှာ လုပ်ဆောင်နေလို့ပါ။😶

ဒါကြောင့် အရာဝတ္ထု နှစ်ခုလုံးမှာ
လှုပ်ရှားမှု ဖြစ်နိုင်ပါတယ်။😎

ကဲ readers ဆို့ ခုန်သည်ဖြစ်ပါစေ၊ ပြေးသည်ဖြစ်ပါစေ၊ပြုတ်ကျရင်တောင်မှ တခုခုက အမြဲပြန်ပြီးတွန်းနေမှာပါ။
ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့ ဘယ်သူမှမရှိရင်တောင် physics က သင့်အနားမှာရှိနေမှာပါ။💕💞

ယူဖို့ထက် ပေးဖို့ကိုသာ ‌အမြဲဦးစားပေးတဲ့ B4B 🤍

“Learn to change, create, and donate.”

Follow us for more:
Facebook: https://www.facebook.com/profile.php?id=61571665326652&mibextid=wwXIfr&mibextid=wwXIfr
Telegram: https://t.me/bridgeforburma
B4B Student Community: https://t.me/bridgeforburmab4bstudents/1
Email: bridgeforburmab4b&.com
TikTok: https://www.tiktok.com/?_r=1&_t=ZS-92SidN2DJCy

YunnKayZin

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon