𝐆𝐋𝐎𝐁𝐀𝐋 𝐒𝐓𝐀𝐑 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞

  • Home
  • Myanmar
  • Yangon
  • 𝐆𝐋𝐎𝐁𝐀𝐋 𝐒𝐓𝐀𝐑 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞

𝐆𝐋𝐎𝐁𝐀𝐋 𝐒𝐓𝐀𝐑 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 Young Learner Course
Adult Course
GED
Cambridge Exam Preparation Course
တစ်လပြတ် အနီးကပ်သင်တန်းများ

🛑ဝန်ထမ်းလိုရှိသည်GLOBAL STAR Education Centre တွင် အောက်ပါရာထူးများအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး တက်ကြွစွာလုပ်ကိုင်...
18/08/2026

🛑ဝန်ထမ်းလိုရှိသည်
GLOBAL STAR Education Centre တွင် အောက်ပါရာထူးများအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး တက်ကြွစွာလုပ်ကိုင်နိုင်မည့် ဝန်ထမ်းများလိုအပ်နေပါသဖြင့် လျှောက်ထားနိုင်ပါသည်

ခေါ်ယူမည့် ရာထူးများနှင့်လိုအပ်ချက်များ
➡GED Guide - (2)ဦး (Part Time)
Overall score - (680above)
(Mon to Friday -12:30pm to 5pm)

- 2post (Male/Female)
♻️ Sales & Marketing Certificate ရှိသူ ၊ Video Editing နှင့် Graphic design အခြေခံ တတ်သူ
♻️ Mobile ပိုင်းအတွေ့ကြုံရှိသူ ဦးစားပေးမည်။
Creative mindset ရှိသူဖြစ်ရပါမယ်

➡Assistant Tr -မ (1)ဦး
(English Language Intermediate Level)
➡Senior HR Admin- မ(1) ဦး
➡Receptionist - မ(2)ဦး
➡Junior Admin - မ (1)ဦး
➡Cleaner - မ (1)ဦး

Working Hr - 8:30am to 5pm
Holiday - တပတ်တရက်
Salary - Nego
အတွေ့ကြုံရှိသူဦးစားပေးပါမည် ။
အတွေ့ကြုံမရှိသူများလည်း လျောက်ထားနိုင်ပါသည်။

🛑Senior HR Admin
အဖွဲ့အစည်းကို ဦးဆောင်နိုင်ပြီးပြဿနာများကိုဖြေရှင်းနိုင်သူ ဖြစ်ရမည်။
HR လုပ်ငန်းစဉ်များ (ဝန်ထမ်းခန့်အပ်ခြင်း၊ တက်ရောက်မှုနှင့် လစာစာရင်းတွက်ချက်ခြင်း) အတွေ့အကြုံရှိရမည်။
ဝန်ထမ်းရေးရာ ဆက်ဆံရေးနှင့် ရုံးတွင်းစည်းကမ်းထိန်းသိမ်းမှုနိုင်နင်းသူဖြစ်ရမည်။
🛑Junior Admin
ကျောင်းလုပ်ငန်းဆောင်တာများအား Senior နှင့်အတူလုပ်ဆောင်နိုင်ရမည်
သွက်လက်တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။

🛑Receptionist
ကျောင်းကိစ္စဆွေးနွေးစုံစမ်းမှုဆိုင်ရာနှင့် မိဘများ ကျောင်းသားများအား ဆက်သွယ်ပြောဆိုနိုင်စေရန် အပြောဆို သွက်လက်ချက်ချာပြီး ကိုင်တွယ်ဖြေရှင်းနိုင်သူဖြစ်ရမည် ။

🛑Cleaner
ကျောင်းဝန်းအတွင်းနှင့် မီးဖိုချောင်သန့်ရှင်းရေးတာဝန်ယူနိုင်ရမည် ။

🛑လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် ကိုယ်ရေးအချက်အလက် (CV Form)ကို
မျှော်မှန်းလစာနှင့်တကွ Chat Box သို့ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။
Viber No: [09-250665218 ]
Address: [ အမှတ် ၁၁၄၀ ၊၁၆/၄ရပ်ကွက်၊သီတာရေစင်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်]

🌕 ဝါဆိုလပြည့်🌕 (ဓမ္မစကြာအခါတော်နေ့)ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ...
29/07/2026

🌕 ဝါဆိုလပြည့်🌕 (ဓမ္မစကြာအခါတော်နေ့)

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့
အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယမှာGLOBAL STAR မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ၊ မိဘဆွေမျိုး များအားလုံး ချစ်ခင်ရတဲ့ မိသားစုတွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း အေးချမ်းပျော်ရွှင်စရာအချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း မေတ္တာပို့သဆုတောင်းပေးလိုက်ပါတယ် ရှင့် 🙏🙏🙏



သို့လေးစားရပါသောမိဘများရှင့်ဝါတွင်းကာလ အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်။ဖော်ပြပါ(ဥပုသ်)အစားထိုးစာသင်ရက်များအတွက...
24/07/2026

သို့
လေးစားရပါသောမိဘများရှင့်
ဝါတွင်းကာလ အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်။

ဖော်ပြပါ(ဥပုသ်)အစားထိုးစာသင်ရက်များအတွက် အတန်းအချိန်(class time) အပြောင်းအလဲမရှိပါ။

ဝါတွင်းကာလအတွင်း
ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ အဆင်ပြေစေရန်
စီစဥ်ပေးထားပါတယ်ရှင့်။

GS Team

GLOBAL STAR  ပဲ့ကိုင်ရှင်ကိုယ်တိုင် သင်ကြားပေးမည့် "လက်တွေ့အသုံးချ စကားပြော အင်္ဂလိပ်စာ သင်တန်း" (Communicative English ...
21/07/2026

GLOBAL STAR
ပဲ့ကိုင်ရှင်ကိုယ်တိုင် သင်ကြားပေးမည့်
"လက်တွေ့အသုံးချ စကားပြော အင်္ဂလိပ်စာ သင်တန်း" (Communicative English Class)

💡 "အင်္ဂလိပ်စာ လုံးဝမရလို့၊ အခြေခံမရှိလို့ စိတ်မပူပါနဲ့တော့..."
-အင်္ဂလိပ်စာ မတတ်လို့ လုပ်ငန်းခွင်မှာ အခက်အခဲတွေ့နေရပါသလား?
-အခြားသူတွေ အင်္ဂလိပ်လို ပြောရင် နားမလည်လို့ စိတ်အားငယ်နေရပါသလား?
Global Star Language School ရဲ့ ပဲ့ကိုင်ရှင်ကိုယ်တိုင် အင်္ဂလိပ်စာ အခြေခံ လုံးဝမရှိသူများ၊ လုပ်ငန်းခွင်ဝင်နေသူများ၊ ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး အခြေခံ ကနေ စတင်သင်ကြားပေးမည့် အတန်းသစ်ကို ဖွင့်လှစ်လိုက်ပါပြီ!

🌟 ဒီအတန်းမှာ ဘာတွေ သင်ယူရမလဲ?
-သဒ္ဒါ (Grammar) အလွတ်ကျက်စနစ် မဟုတ်ပါ:
စာအုပ်ထဲက အခက်အခဲတွေကို ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်မှာ ချက်ချင်း လက်တွေ့ပြောဆိုနိုင်မည့် စကားပြောဆိုမှုများကို အဓိကထား သင်ကြားပေးသွားပါမည်။

-အခြေခံ (Zero Level) မှစ၍ သင်ကြားခြင်း
လုပ်ငန်းခွင်သုံး စကားပြောများ: စက်ရုံ/အလုပ်ရုံ၊ ဆိုင်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရုံးသုံး နေ့စဉ်အသုံးအနှုန်းများကို လွယ်ကူစွာ သုံးစွဲနိုင်အောင် သင်ကြားပေးမည်။

-ယုံကြည်မှု တည်ဆောက်ပေးခြင်း:
စကားမှားမှာ ကြောက်စရာမလိုဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုရဲသည့် ယုံကြည်မှု (Confidence) ရရှိအောင် လေ့ကျင့်ပေးမည်။

🎯 မည်သူတွေ တက်ရောက်သင့်သလဲ?
-အင်္ဂလိပ်စာ အခြေခံ လုံးဝ (လုံးဝ) မရှိသူများ
-စက်ရုံ၊ အလုပ်ရုံ၊ ဝန်ဆောင်မှုနှင့် အရောင်းဆိုင်များမှ လုပ်ငန်းခွင်ဝင် ဝန်ထမ်းများ (Blue-collar workers & Staff)
-သံဃာတော်များနှင့် သီလရှင်ဆရာလေးများ (ဝမ်းမြောက်ဝမ်းသာ တက်ရောက်ပူဇော်နိုင်ပါသည်)
-အသက်အရွယ်မရွေး အင်္ဂလိပ်စကားကို လွယ်ကူစွာ စတင်ပြောဆိုလိုသူများ
-ပြည်ပရောက် သို့မဟုတ် နယ်ဝေးရောက် သင်တန်းသားများ (International Time Zone နှင့် အချိန်ညှိနှိုင်းတက်ရောက်နိုင်ပါသည်)
-အင်္ဂလိပ်စာ တတ်ထားသော်လည်း ပြောဆိုရန် ယုံကြည်မှု မရှိသူများ၊ ပြောရဲဆိုရဲ မရှိဘဲ တွန့်ဆုတ်နေသူများ

👨‍🏫 သင်တန်း၏ ထူးခြားချက်များ
ကျောင်းအုပ်ကြီးကိုယ်တိုင် သင်ကြားခြင်း:
လုပ်ငန်းအတွေ့အကြုံ နှစ်၂၀နီးပါးရှိသော Global Star Language School ရဲ့ ပဲ့ကိုင်ရှင်ကိုယ်တိုင်သင်ကြားပေးမည်။

- အနီးကပ်လေ့ကျင့်ပေးနိုင်ရန် သင်တန်းသား ဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံခြင်း (Limited Students):
တစ်ဦးချင်းစီ၏ စကားပြော တိုးတက်မှုကို ထိရောက်စွာ စောင့်ကြည့်လေ့ကျင့်ပေးနိုင်ရန် အတန်းတွင် သင်တန်းသား ဦးရေ ကန့်သတ်ထားပါသည်။

-လက်တွေ့လေ့ကျင့်ခန်းများ:
အချင်းချင်း စကားပြောလေ့ကျင့်ခြင်း (Role-play) နှင့် အသံထွက်မှန်ကန်ရေး လေ့ကျင့်မှုများ ပါဝင်ခြင်း။

- Digital သင်ထောက်ကူစနစ်:
သင်တန်းအတွက် Hard Copy စာအုပ်များ ပေးအပ်မည် မဟုတ်ဘဲ ဖတ်ရှုလေ့လာရန် PDF Digital Files များကိုသာ စနစ်တကျ ပံ့ပိုးပေးသွားပါမည်။

📅 သင်တန်းအသေးစိတ်နှင့် အချိန်ဇယား
သင်တန်းကာလ: (၃) လ
သင်တန်းအချိန်: Tuesday, Thursday, Friday
တစ်ရက်လျှင် - (၁) နာရီခွဲ
Start Date: 6 August 2026

သင်တန်းချိန် (Timetable): အပြည်ပြည်ဆိုင်ရာ ဒေသစံတော်ချိန်များနှင့် အလုပ်အားချိန်များကို ညှိနှိုင်းပေးနိုင်ရန်အတွက် ကျောင်းအပ်နှံပြီးမှ အသေးစိတ် အချိန်ဇယား (Timetable) ကို ထုတ်ပြန် ကြေညာပေးမည် ဖြစ်ပါသည်။

သင်တန်းကြေး: 350,000
နေရာ: Online Class ( Zoom )

💬 "အင်္ဂလိပ်စာ တတ်မြောက်ဖို့အတွက်
အခွင့်အလမ်းဆိုတာ ဘယ်တော့မှ နောက်မကျပါဘူး။ စိတ်ပါဝင်စားမှုနဲ့ ကြိုးစားလိုစိတ်တစ်ခုပဲ လိုအပ်ပါတယ်။"

📞 အတန်းတက်ရောက်ရန် စုံစမ်းမေးမြန်းလိုပါက (Limited Seats) -
ဖုန်းနံပါတ်: 09250665218
Page Messenger: Star Language School

19/07/2026

July 2026
ကလေးတွေရဲ့ ကြိုးစား ဖော်ပြမှု၊ အမှတ်ရမှု၊
တင်ဆက်မှု မှတ်တမ်းလေးဖြစ်ပါတယ် ရှင့် 🥰🥰
မြန်မာပြည်သူ ပြည်သားများအားလုံး
ကျန်းမာ အေးချမ်းကြပါစေ ရှင့် 🙏🙏🙏

19/07/2026

GLOBAL STAR မိသားစု ၏
(၅) ကြိမ်မြောက် ဝါဆိုသင်္ဃန်းကပ်အလှူမှတ်တမ်းလေးဖြစ်ပါတယ်ရှင့် 🥰
၇ ရက်သားသမီးများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေရှင့် 🙏🙏🙏

July 2026

"ဆူး ဆိုတာချွန်ပေးဖို့ မလိုဘူး" စာသင်ခဲ့ရတဲ့ကာလတစ်လျှောက် ...အတန်းပုံမှန်တက်ရမယ်၊ စာပုံမှန်လုပ်ရမယ် စာကြိုးစားရမယ်လို့ သ...
30/06/2026

"ဆူး ဆိုတာချွန်ပေးဖို့ မလိုဘူး"

စာသင်ခဲ့ရတဲ့ကာလတစ်လျှောက် ...
အတန်းပုံမှန်တက်ရမယ်၊ စာပုံမှန်လုပ်ရမယ်
စာကြိုးစားရမယ်လို့ သတိပေးစရာမလိုအောင်
ကိုယ့်flowနဲ့ကိုယ် တစိုက်မတ်မတ်နဲ့ စာလုပ်ခဲ့တဲ့သား

YLE စတက်ကတည်းက Advanced level ရောက်တဲ့အထိ တဆင့်ခြင်းစီ (G-12 မတက်ရသေးခင်အချိန်ကာလအထိ ) GLOBAL STARမှာ English Language ကို ပုံမှန်သင်ယူလေ့လာခဲ့တဲ့ သား 🥰

အောင်စာရင်းမထွက်ခင် Dဘယ်နှစ်လုံးပါမယ်
မသိရသေးတာတောင် ထူးထူးချွန်ချွန်အောင်မယ်လို့ယုံကြည်ခဲ့ရတဲ့ကလေး
Big Congratulations ပါ သားရေ👏👏👏
English ဘာသာရပ်ကိုလည်း D ပါအောင်ကြိုးစားပေးခဲ့တာမို့ ပိုပြီးဝမ်းမြောက်ဂုဏ်ယူရပါတယ် 🥰🥰

နောက်နှစ်တွေမှာ G-12 တက်ရမှာမို့
ကျောင်းစာကို အားစိုက်ထုတ်ကြရမယ့်
ထူးချွန်စွာအောင်မြင်မယ့် GLOBAL STARရဲ့ STARလေးတွေလည်း Fighting ပါကလေးတို့ရေ 💪💪💪

Senior ကိုကိုကြီးရဲ့ အောင်မြင်မှုကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်လိုက်ပါတယ်ရှင့် 🥰🥰🥰

 #30.5.2026    Ceremony ( Part4)GLOBAL STAR Graduation Ceremony ပွဲလေးကိုExcel Treasure Hotel မှာ ခမ်းနားထည်ဝါစွာ ကျင်းပ...
29/06/2026

#30.5.2026

Ceremony ( Part4)

GLOBAL STAR Graduation Ceremony ပွဲလေးကို
Excel Treasure Hotel မှာ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့တဲ့ အခမ်းအနားသို့ အချိန်ပေးပြီးကြွရောက်ခဲ့ကြပါသော မိဘ ဖိုးဖွားများ/ကျောင်းသားကျောင်းသူများနှင့်ဆရာ/ဆရာမများ၊ အထူးဧည့်သည်တော်ကြီးများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ရှင့် 👏👏

အမြို့မြို့အနယ်နယ်က Online Class ကျောင်းသားကျောင်းသူများ ၊ Campusမှ ကျောင်းသားကျောင်းသူများ၊ GED Exam တွင် ရလဒ်‌ေကာင်း အမှတ်ကောင်းများရအောင် စွမ်းဆောင်ပေးခဲ့ကြသော သားသားမီးမီးတို့အားလုံးနဲ့အတူ တခြားသောပညာရေးဆိုင်ရာတွေမှာ ထူးချွန်ထက်မြက်လှသည့် ကျောင်းသားကျောင်းသူ သားသားမီးမီးတို့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို အသိအမှတ်ပြုချီးမြှင့်ပေးတဲ့ အခမ်းအနားကြီးဖြစ်ပါတယ်ရှင့် 👏🏻

ကြိုးကြိုးစားစားသင်ယူခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအတွက် အထူးဂုဏ်ယူလျက်ရှိပြီး သင်တန်းကာလအတွင်း သင်တန်းပြီးဆုံးသည့်တိုင် မပျက်မကွက်တက်ရောက်ရင်း တက်တက်ကြွကြွသင်ယူပေးခဲ့ကြသော သားသားမီးမီးများရဲ့ ဘဝအတွက် ကြိုးစားမှုကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုဆုများနဲ့ 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 များကို GLOBAL STAR မှ ၀မ်းမြောက်ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်ရှင့် ✨✨

ကျောင်းသားကျောင်းသူများအတွက် အထူးဂုဏ်ယူလျက်ရှိသလို ဘက်‌ပေါင်းစုံမှ အစစအရာရာ ပံ့ပိုးပေးခဲ့ကြပါသော မိဘ/အုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများကိုလည်း GLOBAL STAR မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🙏🙏


 #30.5.2026    Ceremony ( Part3)GLOBAL STAR Graduation Ceremony ပွဲလေးကိုExcel Treasure Hotel မှာ ခမ်းနားထည်ဝါစွာ ကျင်းပ...
29/06/2026

#30.5.2026

Ceremony ( Part3)

GLOBAL STAR Graduation Ceremony ပွဲလေးကို
Excel Treasure Hotel မှာ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့တဲ့ အခမ်းအနားသို့ အချိန်ပေးပြီးကြွရောက်ခဲ့ကြပါသော မိဘ ဖိုးဖွားများ/ကျောင်းသားကျောင်းသူများနှင့်ဆရာ/ဆရာမများ၊ အထူးဧည့်သည်တော်ကြီးများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ရှင့် 👏👏

အမြို့မြို့အနယ်နယ်က Online Class ကျောင်းသားကျောင်းသူများ ၊ Campusမှ ကျောင်းသားကျောင်းသူများ၊ GED Exam တွင် ရလဒ်‌ေကာင်း အမှတ်ကောင်းများရအောင် စွမ်းဆောင်ပေးခဲ့ကြသော သားသားမီးမီးတို့အားလုံးနဲ့အတူ တခြားသောပညာရေးဆိုင်ရာတွေမှာ ထူးချွန်ထက်မြက်လှသည့် ကျောင်းသားကျောင်းသူ သားသားမီးမီးတို့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို အသိအမှတ်ပြုချီးမြှင့်ပေးတဲ့ အခမ်းအနားကြီးဖြစ်ပါတယ်ရှင့် 👏🏻

ကြိုးကြိုးစားစားသင်ယူခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအတွက် အထူးဂုဏ်ယူလျက်ရှိပြီး သင်တန်းကာလအတွင်း သင်တန်းပြီးဆုံးသည့်တိုင် မပျက်မကွက်တက်ရောက်ရင်း တက်တက်ကြွကြွသင်ယူပေးခဲ့ကြသော သားသားမီးမီးများရဲ့ ဘဝအတွက် ကြိုးစားမှုကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုဆုများနဲ့ 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 များကို GLOBAL STAR မှ ၀မ်းမြောက်ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်ရှင့် ✨✨

ကျောင်းသားကျောင်းသူများအတွက် အထူးဂုဏ်ယူလျက်ရှိသလို ဘက်‌ပေါင်းစုံမှ အစစအရာရာ ပံ့ပိုးပေးခဲ့ကြပါသော မိဘ/အုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများကိုလည်း GLOBAL STAR မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🙏🙏


Address

Zatila 2nd Street(Upper Block), Thingangyun
Yangon
11072

Telephone

+959250665218

Website

Alerts

Be the first to know and let us send you an email when 𝐆𝐋𝐎𝐁𝐀𝐋 𝐒𝐓𝐀𝐑 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to 𝐆𝐋𝐎𝐁𝐀𝐋 𝐒𝐓𝐀𝐑 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞:

Shortcuts

Share