09/05/2026
FEG College
FEG Institute is an institute of technology located in the downtown of Yangon.
09/05/2026
01/05/2026
"ကမ္ဘာ့အလုပ်သမားနေ့"
အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ
မေဒေးခေါ် အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအဖို့ နိုင်ငံရေး သဘောတရားအရ လွန်စွာအရေးပါသော နေ့ကြီးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ဟု ဆိုထိုက်ပေသည်။
မေဒေးပေါ်ပေါက်လာအောင် ဖန်တီးလိုက်သော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခမှုမှာ ၁၉ ရာစုဆန်းစမှစ၍ အမေရိကန်ပြည်ထောင်စုတွင် နိဒါန်းပျိုးခဲ့သည်။ ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ သူတို့၏ ဘဝမှာ များစွာအောက်ကျ၍ လူစဉ်မမှီချေ။ သူတို့၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။
ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ အရေးဆိုကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ပင် ကူးစက်သွားသည်။
၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမား အဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့လေသည်။ အလုပ်သမားပေါင်း များစွာတို့သည် ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။
၁၈၈၉ ခုနှစ် ပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမား ခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်း စသည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။
ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာ၌ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားလေသည်။
📚 Source: Wikipedia (မြန်မာ)
🆗 သင်တန်းများကို စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုတယ်၊ သင်တန်းအပ်နှံလိုတယ်ဆိုရင်တော့...🆗
𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
🌐 FEG website - www.fegedumm.com
📩 Email [email protected]
☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓
🏠 𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
& Guilds
30/04/2026
“ကဆုန်လပြည့် ဗုဒ္ဓနေ့”
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
📚 Source: Wikipedia (မြန်မာ)
🆗 သင်တန်းများကို စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုတယ်၊ သင်တန်းအပ်နှံလိုတယ်ဆိုရင်တော့...🆗
𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
🌐 FEG website - www.fegedumm.com
📩 Email [email protected]
☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓
🏠 𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
& Guilds
Start Date - 20.5.2025
13/03/2026
🎉 100% သင်တန်းကြေးအခမဲ့
UNDP ၏ ပံ့ပိုးမှုဖြင့် မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် သက်မွေးပညာရပ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ သင်င်္ကြန်မတိုင်မီ အပြီးတက်ရောက်နိုင်မည့် #လျှပ်စစ်ဝါယာရင်းသင်တန်း ဖွင့်လှစ်ပါမည်။
𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 𝗪𝗶𝗿𝗶𝗻𝗴 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
📚 သင်တန်းအချက်အလက်များ
🕘 သင်တန်းချိန် – မနက် ၉:၀၀ မှ ညနေ ၄:၀၀
📅 သင်တန်းကာလ – ၁ လ
အသက် - ၁၈ နှစ်မှ ၄၅ နှစ်
🗓 စတင်မည့်ရက် – ၁၈.၃.၂၀၂၆
✅ သင်တန်းဆင်းများအတွက် အခမဲ့ဝန်ဆောင်မှုများ -
OJT ဆင်းနိုင်ရန်နှင့် အလုပ်အကိုင်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟏, 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟐 ဖြေဆိုနိုင်ရန်ဆောင်ရွက်ပေးခြင်းနှင့် သတ်မှတ်ချက်ကိုက်ညီသည့် လုပ်ငန်းအတွေ့အကြုံရှိပြီးသူများကို EI လက်မှတ်ရရှိအောင် ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
(ကျွမ်းကျင်တတ်မြောက်မှုအတွက် စစ်ဆေးအကဲဖြတ်မည်)
မှတ်ချက်
♦️ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်
♦️ သင်တန်းပြီးဆုံးပါက သင်ယူတတ်မြောက်ခဲ့သော ပညာရပ်ဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူများကို ဦးစားပေးရွေးချယ်ပါမည်။
🎗️ ဤသင်တန်းအား မည်သူမဆို၊ လိင်၊ မိသားစုအသိုင်းအဝိုင်း၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ မသန်စွမ်းနှင့် မည်သည့်နယ်ပယ်မှ မည်သူမဆို အားလုံးပူးပေါင်းပါဝင်ခွင့်ရှိပါသည် 🎗️
🎉 နေရာအကန့်အသတ်ဖြင့်သာ
📩 သင်တန်းတက်ရောက်လိုပါက Page Message မှ
👉 နာမည်
👉 ဖုန်းနံပါတ်
👉 လိပ်စာ ပေးပို့၍ စာရင်းသွင်းနိုင်ပါသည်။
📞 09765155373
Skill တက်ပြီး Certificate + Employment Pathway ကို တစ်ပြိုင်နက် ရယူလိုသူများအတွက် အကောင်းဆုံးအခွင့်အရေးပါ။
နေရာအကန့်အသတ်ရှိသဖြင့် အမြန်စာရင်းသွင်းလိုက်ပါ။
သင့်စိတ်ကူး အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ FEG Mandalay မှ သင့်ကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။
"𝑩𝑼𝑰𝑳𝑫 𝒀𝑶𝑼𝑹 𝑭𝑼𝑻𝑼𝑹𝑬 𝑾𝑰𝑻𝑯 𝑭𝑬𝑮 𝑴𝑨𝑵𝑫𝑨𝑳𝑨𝒀"
သင်တန်းအပ်နှံရန် -
📞 09 765155373
FEG Mandalay သင်တန်းကျောင်းတည်ရှိရာ - 58 Ath street, Between (22A x 22B)Aungmyaytharsan Township, Mandalay
16/02/2026
#မန္တလေးအတွက်
🎉 100% သင်တန်းကြေးအခမဲ့
🎓 Future Technical Experts Program
မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အလုပ်အကိုင်အခွင့်အလမ်းများ မြင့်မားစေရန် ရည်ရွယ်၍ Technical Skills သင်တန်း ၃ ခုကို ဖွင့်လှစ်ပါမည်။
⚡ 𝗦𝗼𝗹𝗮𝗿 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
💡 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 𝗪𝗶𝗿𝗶𝗻𝗴 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
🔧 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 𝗥𝗲𝗽𝗮𝗶𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
📚 သင်တန်းအချက်အလက်များ
🕘 သင်တန်းချိန် – မနက် ၉:၀၀ မှ ညနေ ၄:၀၀
📅 သင်တန်းကာလ – ၁ လ (၁၂၀ နာရီ)
🗓 စတင်မည့်ရက် – 3.3.2026
📌 သင်ကြားမှုအကြောင်းအရာများ -
✅ 70% Hands-on Practical Training
✅ Job-Oriented Skills
✅ Certificate Provided
✅ Solar Panel, Inverter & Battery Wiring
✅ House Wiring & Distribution Board Installation
✅ Basic Electronics & Circuit Board Repair
✅ Electrical Safety & Testing
🎯 သင်တန်းဆင်းများအတွက် အလုပ်အကိုင်ချိတ်ဆက် ဆောင်ရွက်ပေးပါသည်။
⚡ လျှပ်စစ်သင်တန်းဆင်းကျောင်းသားများအတွက် -
✅ NSSA ဖြေဆိုနိုင်ရန် အထူးလေ့ကျင့်ပေးခြင်း
✅ EI လက်မှတ်အတွက် Form တင်ပေးခြင်းနှင့် လမ်းညွှန်ဆောင်ရွက်ပေးခြင်း
🎉 100% Scholarship Available (နေရာအကန့်အသတ်ဖြင့်သာ)
📝 Interview ကျင်းပမည့်ရက် – 1.3.2026
📩 သင်တန်းတက်ရောက်လိုပါက Page Message မှ
👉 နာမည်
👉 ဖုန်းနံပါတ်
👉 လိပ်စာ ပေးပို့၍ စာရင်းသွင်းနိုင်ပါသည်။
📞 09765155373
Skill တက်ပြီး Certificate + Employment Pathway ကို တစ်ပြိုင်နက် ရယူလိုသူများအတွက် အကောင်းဆုံးအခွင့်အရေးပါ။
နေရာအကန့်အသတ်ရှိသဖြင့် အမြန်စာရင်းသွင်းလိုက်ပါ။
သင့်စိတ်ကူး အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ FEG Mandalay မှ သင့်ကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။
"𝑩𝑼𝑰𝑳𝑫 𝒀𝑶𝑼𝑹 𝑭𝑼𝑻𝑼𝑹𝑬 𝑾𝑰𝑻𝑯 𝑭𝑬𝑮 𝑴𝑨𝑵𝑫𝑨𝑳𝑨𝒀"
သင်တန်းအပ်နှံရန် -
📞 09 765155373
FEG Mandalay သင်တန်းကျောင်းတည်ရှိရာ - 58 Ath street, Between (22A x 22B)Aungmyaytharsan Township, Mandalay
21/01/2026
𝑪𝑶𝑵𝑮𝑹𝑨𝑻𝑼𝑳𝑨𝑻𝑰𝑶𝑵𝑺 🎉🎓
𝗘𝗘 𝗟𝗲𝘃𝗲𝗹 𝟰 (City & Guilds – UK)
အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သော ကျောင်းသား/သူများအားလုံးကို
𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ ဂုဏ်ယူဝမ်းမြောက်စွာ ချီးကျူးအပ်ပါတယ်။
𝟵𝟮𝟬𝟴-𝟰𝟬𝟮 - 𝗣𝗿𝗶𝗻𝗰𝗶𝗽𝗹𝗲𝘀 𝗼𝗳 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 & 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 ဘာသာရပ်ကို ဖြေဆိုခဲ့သော ကျောင်းသား/သူ စုစုပေါင်း ၄ ယောက် အနက်
🥇 Distinction – ၁ ယောက်
🥈 Merit – ၁ ယောက်
🥉 Pass – ၁ ယောက်
ဖြင့် အောင်မြင်ခဲ့ကြပြီး
Fail – ၁ ယောက် ရှိခဲ့ပါတယ်။
အောင်မြင်သူအားလုံးအတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါတယ် 👏
ကျန်တဲ့သူကလည်း အားမလျော့ဘဲ ဆက်လက်ကြိုးစားပါ — FEG မှ အမြဲတမ်း အားပေးလျက်ရှိပါတယ် 💪
ထို့အပြင် ယခုအောင်မြင်မှုများအတွက် သင်ကြားပေးခဲ့သော ဆရာ
𝗠𝗶𝗻 𝗛𝘁𝗮𝘁 𝗞𝘆𝗮𝘄 အား ကျောင်းသား/သူအားလုံးကိုယ်စား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ် 🙏
☀️ စေတနာ၊ ဝါသနာ၊ အနစ်နာခံမှုတို့ဖြင့် Online သင်ကြားမှုကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မိမိသင်ကြားပေးခဲ့သော တပည့်အားလုံးအောင်မြင်ခြင်းအတွက်လည်း လေးစားစွာဖြင့် ထပ်ဆင့်ဂုဏ်ပြုအပ်ပါတယ်ဆရာ ☀️
🆗 သင်တန်းများအကြောင်း အသေးစိတ် သိရှိလိုပါက 🆗
𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
🌐 FEG website - www.fegedumm.com
☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓
🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
21/01/2026
𝑪𝑶𝑵𝑮𝑹𝑨𝑻𝑼𝑳𝑨𝑻𝑰𝑶𝑵𝑺 🎉🎓
𝗖𝗜𝗩𝗜𝗟 𝗟𝗲𝘃𝗲𝗹 - 𝟱 (City & Guilds – UK)
အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သော ကျောင်းသား/သူများအားလုံးကို
𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ ဂုဏ်ယူဝမ်းမြောက်စွာ ချီးကျူးအပ်ပါတယ်။
𝟵𝟮𝟬𝟴-𝟱𝟮𝟬 - 𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝘀 𝗳𝗼𝗿 𝗖𝗶𝘃𝗶𝗹 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 ဘာသာရပ်ကို ဖြေဆိုခဲ့သော ကျောင်းသား/သူ စုစုပေါင်း ၁၀ ယောက် အနက်
🥇 Distinction – ၀ ယောက်
🥈 Merit – ၄ ယောက်
🥉 Pass – ၅ ယောက်
ဖြင့် အောင်မြင်ခဲ့ကြပြီး
Fail – ၁ ယောက် ရှိခဲ့ပါတယ်။
အောင်မြင်ခဲ့သူများအားလုံးအတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါတယ် 👏
ကျန်ခဲ့တဲ့တစ်ယောက်အတွက်လည်း
အားမလျော့ဘဲ ဆက်လက်ကြိုးစားပါ — FEG မှ အမြဲတမ်း အားပေးလျက်ရှိပါတယ် 💪
ထို့အပြင် ယခုအောင်မြင်မှုများအတွက် သင်ကြားပေးခဲ့သော ဆရာမ 𝗗𝗮𝘄 𝗭𝗮𝗿 𝗣𝗵𝘆𝘂 𝗣𝗵𝘆𝘂 𝗟𝘄𝗶𝗻 အား ကျောင်းသား/သူအားလုံးကိုယ်စား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ် 🙏
☀️ အခက်အခဲများကြားကပင် Online/ offline တွဲဖက်၍ ထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းအတွက်လည်း လေးစားစွာဖြင့် ထပ်ဆင့်ဂုဏ်ပြုအပ်ပါတယ်တီချယ် ☀️
🆗 သင်တန်းများအကြောင်း အသေးစိတ် သိရှိလိုပါက 🆗
𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
🌐 FEG website - www.fegedumm.com
☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓
🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
ဒုတိယထပ်၊ ၃၈ လမ်းပလာဇာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်
Yangon
Q5H7+C6ရန်ကုန်,မြန်မာ
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |