23/05/2026
Computer Hardware Repair and Maintenance Class
COMPU TECH ICT Collage ကနေ Computer Hardware Repair and Maintenance Course (ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း) Batch-6 ကိုဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
🎯 ဘယ်လိုလူမျိုးတွေတက်ရောက်သင့်လဲ?
👉 IT ပညာရပ်ကို အခြေခံမှ စတင်လေ့လာလိုသူများ
👉 ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းကို အခြေခံမှစ၍ လေ့လာတတ်ကျွမ်းလိုသူများ
👉 IT လုပ်ငန်းများတွင် ကျွမ်းကျင်ကွန်ပျူတာပညာရှင်တစ်ဦး အနေဖြင့် ရပ်တည်လိုသူများ
👉 ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ
👉 မိမိတို့၏ အိုင်စီတီအရည်အသွေးကို မြင့်တင်လိုသူများ တက်ရောက်သင့်သော သင်တန်းဖြစ်ပါတယ်။
ဘယ်လိုအကြောင်းအရာတွေသင်ကြားပေးမှာလဲ?
ကွန်ပျူတာတစ်လုံး၏ အစိတ်အပိုင်းအလုပ်လုပ်ပုံများ၊ တပ်ဆပ်ခြင်း၊ အဆင့်မြင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများအတွက် မရှိမဖြစ်လိုအပ်သော Skill များနှင့် Windows Operation System အကြောင်း အသေးစိတ်တို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
A+ အတွက် မရှိမဖြစ်သိထားရမည့် Hardware နှင့် Operating System အကြောင်းကို Theory ပိုင်းများသာမက Practical များကိုလည်း လက်တွေ့ကျွမ်းကျင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမှာပဲ ဖြစ်ပါတယ်။
📚 သင်ကြားမည့် Course Outlines
1. What is Computer System?
1.1 Hardware
1.2 Software
1.3 Types of Computer
1.4 Types of Operating System
2. Parts of PC
2.1 Microprocessor
2.2 RAM
2.3 BIOS / CMOS
2.4 Motherboards
2.5 Power supply
2.6 Storage (HDD / SSD)
2.7 RAID Technology
2.8 Input/output Devices (Essential Peripherals)
2.9 Display (Display Adapters and Display Units)
3. Maintaining and Optimizing Operating System
3.1 Registry
3.2 Group Policy
3.3 Users, Groups and Permissions
3.4 Event Viewer
3.5 Task Manager
3.6 Task Scheduler
3.7 File Permission
3.8 Driver Installation (Printers, Desktop, Laptop)
3.9 Command Line Interface
3.10 Batch File
3.11 Type of Windows Licenses
3.12 Remote Desktop Connection (Windows Default, Third Party)
4. Network
4.1 Types of Network
4.2 IP Addressing
4.3 File and Folder Sharing
4.4 Printer Sharing
4.5 Map Network Drive
4.6 Setup Home Wireless Router
4.7 Network Cable Installation
5. Practical (Hardware & Software)
5.1 Building a PC
5.2 Maintaining and Troubleshooting Hardware Devices
5.3 Boot Sequences
5.4 Power Supply Testing
5.5 VMware Installation
5.6 Operating System Installation (VMware & Physical PC) - Windows OS, Linux OS, Server OS
5.7 Creating Boot Stick
5.8 Standard Software Installation + Antivirus Software
5.9 Windows License Activation
5.10 Microsoft Office Activation
5.11 Changing and Uninstalling Windows License
5.12 Uninstall Microsoft Office License
5.13 Downloading Operating System and Software
5.14 Compress/Extract/Split file using WinRAR
5.15 Install language Keyboard on PC
5.16 Disable Windows Update
5.17 Disable Windows Security
5.18 Disable Blue Screen Errors
5.19 Password Recovery
သင်ကြားမည့်ပုံစံကရော?
လက်တွေ့အသုံးချ Theory များနှင့် Practical Lab များကို သင်တန်းကျောင်းတွင် စာတွေ့လက်တွေ့လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။သင်ခန်းစာများနားမလည်၍ပြန်လည်မေးမြန်နိုင်ရန်အတွက်လည်း Group Chat များနှင့် Telegram Channel များ စီစဉ်ပေးထားပါတယ်။
အထူးအခွင့်အရေးအနေနဲ့ကတော့ လက်ရှိတက်ရောက်နေသော ကျောင်းသားများသာမက ကျောင်းသားဟောင်းများအနေနဲ့လဲ Practical Lab များကို အတန်းချိန်ပြင်ပတွင်လဲ ကျောင်းမှာ လာရောက်စမ်းသပ်နိုင်ပါတယ်။
📍 သင်တန်းကာလနဲ့ သင်တန်းနေရာ
🗓Start Date : July 1, 2026
🗓 3 Months
🕒Mon (1:00PM to 4:00PM)
📌 The Century Condominium Complex, 10th Floor, Tower D, Insein Road, Hlaing Township
🔴 သင်တန်းသား ၁၀ ယောက်သာလက်ခံပါမယ် 🔴
သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက The Century Condominium Complex (10th Floor) ၊ လှိုင်မြို့နယ်သို့ ရုံးချိန်အတွင်းဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် 09420298325, 09267777960 များသို့ဆက်သွယ်စုံစမ်းဆွေးနွေးနိုင်ပါတယ်။
21/05/2026
COMPU TECH ICT College ရဲ့ Java Programming Class မှပုံရိပ်လေးများဖြစ်ပါတယ်။ "Write once, run anywhere" 😌⭐️
18/05/2026
The Boy Who Changed the Digital World – Bill Gates
ယနေ့ computer တစ်လုံးဖွင့်တိုင်း… software တစ်ခု run တိုင်း… operating system ဆိုတာ ပြောတိုင်း လူတစ်ယောက်ရဲ့ vision ကို မမြင်မိပေမယ့် သူ့ရဲ့ impact က ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိနေပါတယ်။
အဲဒီလူက Bill Gates ဖြစ်ပါတယ်။
အသက် 13 နှစ်အရွယ်မှာ programming စသင်ခဲ့ပြီးအခြားကလေးတွေ game ကစားနေချိန်မှာ Bill Gates က computer coding ရေးနေတာကို ပိုစိတ်ဝင်စားခဲ့ပါတယ်။ Logic, problem solving, and curiosity ဒီသုံးခုက သူ့ဘဝကို ပြောင်းလဲပေးခဲ့တယ်။
Harvard တက်နေချိန်မှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ လူအများအတွက် dream university ဖြစ်တဲ့ Harvard University ကို even dropout လုပ်ပြီး သူ့ vision ကို ယုံကြည်ခဲ့တယ်။ထို့နောက် 1975 ခုနှစ်မှာ ငယ်သူငယ်ချင်း Paul Allen နဲ့အတူ Microsoft ကို စတင်တည်ထောင်ခဲ့ပါတယ်။
သူ့ရဲ့ vision ဖြစ်တဲ့ "A computer on every desk and in every home."ကို အဲ့ဒီအချိန်မှာ လူအများက impossible လို့ထင်ခဲ့ပေမယ့် Bill Gates က impossible ကို industry standard ဖြစ်အောင် လုပ်ပြခဲ့တယ်။
💻 Windows ရဲ့မွေးဖွားမှု
Windows operating system ပေါ်လာပြီးနောက် computer technology က engineers တွေအတွက်သာ မဟုတ်တော့ဘဲ လူတိုင်းအသုံးပြုနိုင်တဲ့ tool တစ်ခုဖြစ်လာခဲ့တယ်။
ဒီနေ့ office, school, business, banking, programming… အားလုံးမှာ Microsoft ecosystem ရဲ့ influence ကို မြင်နိုင်ပါတယ်။
💡 Bill Gates ဆီကကျွန်တော်တို့ ရတဲ့ lesson 3 ခုကတော့
✅ Future ကို တခြားသူတွေမမြင်ခင် ကိုယ်အရင်မြင်ပါ
✅ Degree ထက် Learning mindset က ပိုအရေးကြီးတယ်
✅ Success ရဖို့ smart ဖြစ်တာတင်မက… consistency လည်းလိုတယ် ဆိုတာပါဘဲ။
ကျွန်တော်တို့ ယနေ့တိုင်အမှတ်ရနေတဲ့ သူရဲ့ famous quote တစ်ခုကတော့
"It's fine to celebrate success, but it is more important to heed the lessons of failure."
Technology ကို သုံးနေသူတစ်ယောက်အနေနဲ့ မရပ်ပါနဲ့…
Technology ကို ဖန်တီးသူတစ်ယောက် ဖြစ်လာအောင် ဆက်လေ့လာပါ။
16/05/2026
Ai ဆိုတာ ရန်သူ မဟုတ်ပါဘူး အသုံးချစရာ ကိရိယာတစ်ခုပါ။
Ai တွေတစ်မျိုးပြီး တစ်မျိုးပေါ်နေတဲ့ အခုခေတ်ကြီးထဲမှာ Ai ကို ရန်သူတစ်ခုလိုသက်မှတ်ပြီး အသုံးချဖို့ငြင်းဆန်နေတဲ့လူတွေရှိပါသေးတယ်။ အထူးသဖြင့်ကျွန်တော်တို့ ကြားရတွေကတော့ “Ai ကြောင့် ကျွန်တော်တို့ အလုပ်တွေပြုတ်ကုန်တော့မယ်၊ အစားထိုးခံရမယ်” ဆိုပြီးတော့ပေါ့။ တကယ်တော့ Ai က ကျွန်တော်တို့ရဲ့ ရန်သူ လုံးဝမဟုတ်ရပါဘူး၊ သူက ကျွန်တော်တို့ကို ၂၄ နာရီအကူအညီပေးနိုင်တဲ့၊ ကျွန်တော်တို့ ဘာခိုင်းခိုင်း ဘားမှ complain မတက်တဲ့၊ အလုပ်လုပ်တာလဲ အရမ်းမြန်တဲ့ personal assistant တစ်ယောက်ပါပဲ။ တကယ်တော့ Ai ကလူတွေကို အစားထိုးမှာမဟုတ်ပါဘူး။ လူတွေရဲ့ ပျင်းဖို့ကောင်းတဲ့ အလုပ်တွေကို အစားထိုးပြီးလုပ်ပေးမဲ့သူပါ။
တွေးကြည့်ရအောင်…။ ဂဏန်းပေါင်းစက်တွေ စပေါ်လာတဲ့အခါတုန်းက လူတွေအနေနဲ့ “ကျောင်းမှာ သင်္ချာဘာသာရပ် ကိုသင်စရာမလိုတော့ဘူး၊ အလွယ်လေး အဖြေရှာလို့ရနေပြီဆိုပြီး” မဖြစ်ခဲ့ပါဘူး အခုထိ ကျွန်တော်တို့ရဲ့ တစ်နေ့ အသုံးစားရိတ်ကို limit ကျော်မသုံးမိအောင် တွက်နေရသေးတာပါပဲမလား🥹။
Ai ကလဲတူတူပါပဲ။ Designer တစ်ယောက်က Ai ကိုအသုံးချပြီး idea အသစ်တွေ ထုတ်နိုင်မယ်။ Video editor တစ်ယောက်က Ai အကူအညီနဲ့ editing time ကိုထက်ဝက်လောက် လျော့ချနိုင်မယ်။ Programmers တွေလဲ ည ၂ နာရီလောက်အထိ အိပ်ချင်မူးတူး အလုပ်လုပ်နေရမဲ့အစား Ai ကို error တက်နေတဲ့ Bug တွေကိုရှာခိုင်းထားလို့ရပါတယ်။ အရေးအကြီးဆုံးအချက်က Ai က ကျွန်တော်တို့ကို လုံးဝလိုအပ်ပါတယ်။
Ai က logo တစ်ခုကို အေးဆေး generate လုပ်နိုင်ပေမဲ့ သင်သာ designer တစ်ယောက်ဆိုရင် customer တစ်ယောက်ရဲ့ “ငါ့ logo ကတော့အရောင်တောက်တောက်လေး ဒါမဲ့လဲ အရမ်း မျက်စိမနှောက်ရဘူး၊ ခပ်လန်းလန်းလေး လဲဖြစ်ရမယ်၊ ဗမာဆန်ဆန်လေး” ဆိုတဲ့ တောင်းဆိုမှုတွေကို နားမလည်နိုင်သေးပါဘူး။ Ai က caption တွေကိုလဲရေးကောင်းရေးနိုင်ပါလိမ့်မယ်။ ဒါမဲ့ သင့်ပရိတ်သတ်တွေ ရဲ့အကြိုက်နဲ့ သင့်ရဲ့ရေးသားပုံရေးသားနည်းကိုလဲ လုံးဝတူအောင် တုပနိုင်စွမ်းမရှိပါဘူး။ Ai က tool တစ်ခုသက်သက်ပါပဲ။ တော်တော်လေးကိုမှ အသုံးဝင်တဲ့ tool တစ်ခုပါ။ ဒီ Ai ခေတ်ကြီးထဲမှာ ခေတ်နဲ့အညီ လိုက်ပါဖို့ ခက်ခဲမဲ့သူတွေက “Ai က အစားထိုးသွားတာ ခံရမဲ့လူတွေ” မဟုတ်ပါဘူး “Ai ကို ဘယ်လိုအသုံးချရမလဲ” ဆိုတာကို မလေ့လာချင်တဲ့သူတွေပဲဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီခေတ်ထဲမှာ Productivity ဆိုတဲ့ ကိုယ်အလုပ်ဘယ်လောက်ပြီးနိုင်လဲက အသက် ဖြစ်နေလို့ပါပဲ။ ဒီတစ်ယောက်က Ai ကိုအသုံးချပြီးအလုပ်ကို ၂ နာရီနဲ့ပြီးနိုင်တယ်၊ နောက်တစ်ယောက်ကတော့ ၈ နာရီလောက်ကြာတယ်ဆိုရင် အလုပ်ရှင်က ဘယ်သူ့ကိုပဲရွေးချယ်မှာလဲဆိုတာ တွေးကြည့်လို့ရပါတယ်။
Ai ကိုငြင်းဆန်နေဖို့ထက် ဘယ်လို အသုံးချရမလဲဆိုတာကို နားလည်ဖို့ကအဓိကပါ။ ကျွန်တော်တို့ရဲ့ အလုပ်တွေကို စနစ်တကျဖြစ်ဖို့အတွက် အသုံးချမလား၊ ထပ်ခါထပ်ခါလုပ်ရမဲ့ ပျင်းဖို့ကောင်းတဲ့အလုပ်တွေအတွက်အသုံးချမလား၊ တခုခုကို မြန်မြန်လေ့လာနိုင်အောင် Ai ကိုသုံးမလား၊ Ai ကိုသုံးပြီး အရေးအကြီးဆုံးဖြစ်တဲ့ အချိန် ကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကို လေ့လာထားသင့်ပါတယ်။ ကျွန်တော်တို့ လူသားတွေက အရင်ကတည်းက ဘယ်ကိစ္စမဆိုအဆင်ပြေဖို့အတွက် tools (ကိရိယာ) တွေကိုအမျိုးမျိုး တီထွင်ခဲ့ကြတာပဲကိုး။ မြေကြီးတူးတာ လက်နဲ့ မတူးချင်လို့ ဂေါ်ပြား နဲ့ ပေါက်တူးတွေ ရှိလာတဲ့သဘောတရားအတိုင်းပဲ Ai ကလဲ နေ့စဉ်ကိစ္စအဝဝ ကိုပိုမိုလွယ်ကူလျင်မြန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လူသားတွေကိုယ်တိုင်ကပဲ ဖန်တီးထားတာပါ။ ဒါကြောင့်မို့ Ai ကို ငြင်းဆန်မနေတော့ပဲ ဘယ်လိုကောင်းကောင်း အသုံးချပြီး အမြတ်ထုတ်ရမလဲကိုပဲ တွေးသင့်တယ်လို့ပဲ ကျွန်တော်ကတော့ထင်ပါတယ်။
11/05/2026
💻 C++ Programming for Beginners Course ✨👨🏻💻👩🏻💻
Programming ကို အခြေခံကနေ စနစ်တကျ လေ့လာချင်တဲ့သူတွေအတွက် COMPU TECH ICT College ရဲ့ C++ Programming for Beginners Course လေးကို ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်နော် 😳⭐️
Programming ပိုင်းကို စတင်လေ့လာမယ့် Beginner တွေအတွက် သင့်တော်တဲ့ course ဖြစ်ပြီးတော့ coding ရေးသားပုံအခြေခံကနေ Object-Oriented Programming (OOP) အထိ လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ ☺️📚
ဘယ်သူတွေ တက်ရောက်သင့်လဲဆိုတော့ 👇🏻
🔹Programming ကို အခြေခံကနေ စတင်လေ့လာချင်သူတွေ
🔹Computer Science / IT ပိုင်းကို စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေ
🔹Coding Logic နဲ့ Problem Solving Skills တွေကို တိုးတက်ချင်သူတွေ
🔹Programming Language တစ်ခုကို သေချာနားလည်တတ်မြောက်ချင်သူတွေ
🔹C++ ကို University မတက်ခင် ကြိုတင်လေ့လာထားချင်သူတွေအတွက် တက်ရောက်သင့်တဲ့ course ပဲဖြစ်ပါတယ်နော် ✨✅
---
သင်တန်းမှာ ဘာတွေသင်ကြားပေးမှာလဲဆိုရင် 📖🖥
🌟 C++ Program Structure နဲ့ Programming Basics တွေကို လေ့လာမယ်။
🌟 Variables, Data Types နဲ့ Operators တွေကို အသုံးပြုပုံသင်ယူမယ်။
🌟 Input / Output နဲ့ User Interaction တွေ ဖန်တီးမယ်။
🌟 if, else, switch တို့ကိုအသုံးပြုပြီး Decision Making Logic တွေ ရေးသားမယ်။
🌟 for loop, while loop တို့ကို အသုံးပြုပြီး Repetition Logic တွေ လေ့လာမယ်။
🌟 Arrays နဲ့ Strings တွေကို ကိုင်တွယ်အသုံးပြုမယ်။
🌟 Functions, Pointers နဲ့ Memory Management တွေကို နားလည်လာမယ်။
🌟 Structs နဲ့ Object-Oriented Programming (OOP) Concepts တွေကို လေ့လာမယ်။
🌟 Classes, Inheritance, Polymorphism တို့ကို အသုံးပြုပြီး Project အသေးစားလေးတွေ ဖန်တီးမယ်။
🌟 Coding ရေးသားရင်း Problem Solving Skill နဲ့ Logical Thinking Skill တွေ တိုးတက်လာစေမှာဖြစ်ပါတယ်။ 💻✨
---
သင်တန်းအတွက် Course Modules တွေကတော့ 📚📖
❇️ Introduction to Programming & C++ Basics
❇️ Variables, Data Types & Operators
❇️ Control Flow & Decision Making
❇️ Loops & Nested Loops
❇️ Arrays & Strings
❇️ Functions & Function Overloading
❇️ Pointers & Dynamic Memory
❇️ Structures
❇️ Object-Oriented Programming (OOP)
❇️ Inheritance, Polymorphism & Abstraction
❇️ OOP Mini Project Development တို့ကို စနစ်တကျ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်… 👨🏻🏫✨
💠 Course Details အနေနဲ့ 💠
📆 Start Date: May 26, 2026
⏳ Duration: 3 Months
🗓 Schedule: Every Tuesday
🕑 Time: 2:00 PM - 4:00 PM
🏫 Type: On Campus
💰 Fees: 300,000 MMK
ပဲဖြစ်ပါတယ်နော် ☺️✨
💥 လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံး စာရင်းပေးအပ်နှံလိုက်ပါတော့နော် 💥
အသေးစိတ် သိရှိလိုသည်များကို လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီး၊ အင်းစိန်လမ်းမပေါ်ရှိ၊ The Century Condominium Complex 10th Floor သို့ ရုံးချိန် (9:00 AM – 4:00 PM) အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် 09 26 7777 960, 09 420 298 325 သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းဆွေးနွေးနိုင်ပါသည်။
09/05/2026
Full Stack Developer တွေဖြစ်လာဖို့အတွက် ကြိုးစားနေကြတဲ့ Junior Full Stack Developer Course မှပုံရိပ်လေးများဖြစ်ပါတယ်။
07/05/2026
IT နည်းပညာတွေကို အခြေခံကပြီး စနစ်တကျလေ့လာချင်ပြီး ရုံးချိန်လွတ်အတန်းလေးရှာနေတယ်ဆိုရင်တော့ အခုချက်ချင်း COMPU TECH ICT COLLEGE နဲ့ဆက်သွယ်လိုက်တော့နော်။
COMPU TECH ICT College မှ 𝐈𝐓𝐏𝐄𝐂 (IP online)သီးသန့်တောင်းဆိုသူများ အတွက် ကျောင်းအပ် စတင်လက်ခံနေပါပြီ။
ဂျပန်အစိုးရအသိအမှတ် ITPEC IP (IT Passport Certificate) ကိုရယူနိင်ဖို့ COMPU TECH ICT College မှာအချိန် 5 လဘဲလိုပါတယ်။
𝐈𝐓𝐏𝐄𝐂 ဆိုတာဘာလဲ❓
𝐈𝐓𝐏𝐄𝐂 ဆိုတာ ဂျပန်အစိုးရ အသိအမှတ်ပြု (𝐈𝐏𝐀) ကနေကြီးမှူးကျင်းပတဲ့ 𝐈𝐓 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 စာမေးပွဲတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံအပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကပါ အသိမှတ်ပြုတဲ့ လက်မှတ်တစ်ခုဖြစ်ပါတယ်။
𝐈𝐓𝐏𝐄𝐂 မှာ
🔹𝐈𝐏 (𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐄𝐱𝐚𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧)
🔹𝐅𝐄 (𝐅𝐮𝐦𝐝𝐞𝐦𝐭𝐚𝐥 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 𝐄𝐱𝐚𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧 )
🔹𝐀𝐏 (𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 𝐄𝐱𝐚𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧 )
ဆိုပြီး 𝐋𝐞𝐯𝐞𝐥 (၃) ခုရှိပြီး နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲဖြစ်တာနဲ့အညီ အောင်လက်မှတ် ရရှိပါက ဂျပန်နိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
𝐈𝐓𝐏𝐄𝐂 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐈𝐏) ကို ဘယ်သူတွေတက်ရောက်သင့်လဲ❓
👉 အခြေခံပညာအထက်တန်းအောင်မြင်ပြီး 𝐈𝐓 ပညာရပ်ကို စိတ်ဝင်စားသူများ
👉𝐆𝐄𝐃, 𝐈𝐆𝐂𝐒𝐄 ပြီးမြှောက်အောင်မြင်ထားသူများ
👉ကွန်ပျူတာ နှင့် နည်းပညာ တက္ကသိုလ်များမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားထားသူများ
👉 အချိန်တိုအတွင်း 𝐈𝐓 နည်းပညာကို အခြေခံခိုင်မာစွာ တတ်မြောက်လိုသူများ
👉 နိုင်ငံတကာက 𝐈𝐓 တက္ကသိုလ်များတွင် ဝင်ခွင့်ရလိုသူများ
👉 ဂျပန်နိုင်ငံနဲ့ အခြားပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက် အချိန်တိုတိုနဲ့ထိထိရောက်ရောက် ကြိုးစားသင်ယူနိင်ပြီး မိမိတို့၏ အနာဂတ်လမ်းကြောင်းကို ပုံဖော်နိုင်မည့် အခွင့်အရေးကြီးပဲဖြစ်ပါတယ်။
𝐈𝐓𝐏𝐄𝐂 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐈𝐏) 5လအတန်းမှာ ဘာတွေ ဘယ်လိုသင်ကြားပေးမှာလဲ?
👉𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐅𝐢𝐞𝐥𝐝
✔️ 𝐁𝐚𝐬𝐢𝐜 𝐓𝐡𝐞𝐨𝐫𝐲
✔️ 𝐃𝐢𝐬𝐜𝐫𝐞𝐭𝐞 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜
✔️ 𝐀𝐩𝐩𝐥𝐲 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜
✔️ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐲𝐬𝐭𝐞𝐦
✔️ 𝐃𝐚𝐭𝐚 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬
✔️ 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐄𝐥𝐞𝐦𝐞𝐧𝐭
✔️ 𝐌𝐮𝐥𝐭𝐢𝐦𝐞𝐝𝐢𝐚 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
✔️ 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
✔️ 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
✔️ 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲
👉𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐅𝐢𝐞𝐥𝐝
✔️ 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥
✔️ 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
✔️ 𝐈𝐓 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐒𝐮𝐩𝐩𝐨𝐫𝐭
👉𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐅𝐢𝐞𝐥𝐝
✔️ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐄-𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
✔️ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 & 𝐋𝐞𝐠𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
✔️ 𝐒𝐲𝐬𝐭𝐞𝐦 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲
✅ At least (5) Past Year Questions (between 2017 to 2025 ) ဖြေဆိုနည်း
✅ လေ့လာစဥ်အတွင်းအသုံးဝင်မယ့် Study Roadmap + Exam Time Management Plan + Shortcut Tips
✅ Mock Test နဲ့ Monthly Practice Questions
✅ နားမလည်တာကို အချိန်မရွေးမေးနိင်အောင် Discussion Group Chat (Viber, Telegram)
✅ အားတဲ့အချိန်တွေမှာပြန်လည်လေ့လာလို့ရအောင် Zoom Video Records
🎖COMPU TECH ICT Collegeဟာဆိုရင် 𝐈𝐓𝐏𝐄𝐂 အောင်ချက်အကောင်းဆုံးဆုများလည်းရရှိထားပြီး သင်ကြားရေးပိုင်းမှာလည်းခေတ်မီ 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 တွေနဲ့အတူ နှစ်(၂၀) ကျော် သင်ကြားရေးအတွေ့အကြုံရှိ ပါရဂူဘွဲ့ရ မဟာဘွဲ့ရ ဝါရင့်ဆရာ၊ ဆရာမကြီးများ နှင့် 𝐈𝐓 နယ်ပယ်မှ လုပ်ငန်းခွင်အတွေ့အကြုံနှင့်သင်ကြားရေးအတွေ့အကြုံ ရှိ ဆရာ၊ ဆရာမများ မှ စာတွေ့လက်တွေ့ပေါင်းစပ်ကာ အကောင်းမွန်ဆုံး သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကာလ ၄လပြီးမြောက်တဲ့အခါမှာတော့ 𝐈𝐓 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐄𝐱𝐚𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧 (𝐈𝐏) ဖြေဆိုခြင်းကို နိုင်ငံ(၇)နိုင်ငံရှိ စာစစ်ဌာနအသီးသီးတွင် အင်္ဂလိပ်ဘာသာဖြင့် (၁)နှစ်လျှင်(၂)ကြိမ် ပုံမှန်စစ်ဆေးပေးသည့် အချိန်တူ၊ မေးခွန်းတူဖြင့် တစ်ပြိုင်တည်း ဖြေဆိုကြရမှာပဲဖြစ်ပါတယ်။
Duration : 5 months
Starting Date : June 8, 2026
Day : Mon, Tue, Wed, Sat, Sun
Time : 7:30PM to 9:30PM
Fees : 10 သိန်းကျပ်
အသေးစိတ် သိရှိလိုသည်များကို (၄)လွှာ၊ အဆောင် (၉)၊ 𝐌𝐈𝐂𝐓 𝐏𝐚𝐫𝐤, လှိုင်မြို့နယ်သို့ ရုံးချိန် (9:00 AM – 4:00 PM)အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် 09420298325, 09267777960 များသို့ ဖြစ်စေ ဆက်သွယ်စုံစမ်းဆွေးနွေးနိုင်ပါသည်။
05/05/2026
ဘာကြောင့် Password ကို Strong ဖြစ်အောင်ထားသင့်တာလဲ?
ဒီနေ့ခေတ်မှာ Facebook, Gmail, Mobile Banking, School System, Business Account… အကုန်လုံးကို password ဆိုတာနဲ့ကာကွယ်ထားပါတယ်။ Password ဆိုတာ ကျွန်တော်တို့ လက်ရှိအသုံးပြုနေစနစ်တွေအတွက် front-line security defense အနေနဲ့အလုပ်လုပ်ပါတယ်။
ဒါပေမယ့် လူအများစုကတော့—
❌ 123456
❌ password
❌ birthday
❌ phone number
လိုမျိုး guess လုပ်လွယ်တဲ့ password တွေကို အသုံးပြုနေကြဆဲပါ။ ဒီလို weak ဖြစ်တဲ့ password အသုံးပြုရင် ဘာတွေဖြစ်နိုင်သလဲ?
⚠️ Personal account hack ခံရနိုင်တယ်
⚠️ Important files နဲ့ personal data တွေပေါက်ကြားနိုင်တယ်
⚠️ page / Business Account ဆုံးရှုံးနိုင်တယ်
⚠️ Banking account အထိ အန္တရာယ်ရှိနိုင်တယ်
⚠️ Hacker က သင့် account ကို scam လုပ်ဖို့ အသုံးချနိုင်တယ်
ဒါကြောင့် password တွေကို strong ဖြစ်အောင်ဘယ်လို Password Complexity Ruleကိုအသုံးပြုရပါမယ်။
💡 Strong Password တစ်ခုမှာ ဘာတွေပါသင့်လဲ?
✅ Minimum 8 to 12 characters
✅ Uppercase letters (A-Z)
✅ Lowercase letters (a-z)
✅ Numbers (0-9)
✅ Special symbols (! @ # $ %)
ဥပမာ:
✔️ Mm@2026Tech!Learn
🚫 ဒါပေမယ့် password ကို post ထဲက example အတိုင်းမသုံးပါနဲ့နော် 😄
ဒါထက် Password တွေကို လုံလုံခြုံခြုံအသုံးပြုချင်တယ်ဆိုရင်တော့ password policy အချို့ကိုထပ်မံလိုက်နာဖို့လိုအပ်ပါတယ်။
🔐 Password တစ်ခုတည်းကို account အကုန်မှာ မသုံးပါနဲ့
🔐 Two-Factor Authentication (2FA) ကိုဖွင့်ထားပါ
🔐 Password ကို 3–6 လတစ်ခါ ပြောင်းပါ
03/05/2026
သားသား မီးမီး တို့အတွက် Scratch Programming (Level 2) ✨👾
မိမိ တို့ရဲ့ သားသား မီးမီးတွေကို ငယ်ငယ်ကတည်းက IT နည်းပညာနဲ့ တရင်းတနှီးရှိစေချင်တယ် တွေးခေါ်နိုင်စွမ်းတွေ တိုးတက်စေချင်တယ်ဆိုရင် COMPU TECH ICT College ရဲ့ ၁၀ ပတ်ကြာ Scratch Programming Course လေးက သင့်အတွက်ပါပဲနော် 😳⭐️
Scratch Programming Level 1 ပြီးသွားတဲ့ သားသားမီးမီးတို့အတွက် ထပ်မံဖွင့်လှစ်ပေးတော့မှာပါ။ ဘယ်သူတွေတက်ရောက်သင့်လဲဆိုတော့
🔹အသက် ၁၀ နှစ် မှ ၁၃ နှစ်အတွင်း ကလေးငယ်တွေအပြင်
🔹International school တက်ရောက် နေတဲ့ Upper Primary/Lower Secondary ကျောင်းသား/သူလေးတွေ
🔹Storytelling, animation နဲ့ interactive game တွေကို သဘောကျတဲ့ကလေးငယ်တွေ
🔹computer နည်းပညာနဲ့ ဘာရင်းနှီးမှုမှမရှိသေးရင်တောင်
🔷 မိမိတို့ရဲ့သားသားမီးမီး တွေကို logical thinking နဲ့ creativity ကိုနောက်တစ်ဆင့် မြင့်တင်ပေးချင်တယ်ဆိုရင်တော့ တက်ရောက်သင့်တဲ့ course ပဲဖြစ်ပါတယ်နော်။ ☺️📖✅
______________
သင်တန်းမှာ သားသား မီးမီး တို့ ဘာတွေသင်ကြားရင်း ဘယ်လိုအရာတွေကို ကိုယ်တိုင်လုပ်ရမာလဲဆိုရင်တော့ 🖌📚
🌟 Animations, Stories နဲ့ Game အသေးစားလေးတွေ ဖန်တီးမယ်။
🌟 Characters လေးတွေကို screen ပေါ်ရွေ့အောင်လုပ်မယ်။
🌟 sequence နဲ့ events တွေအကြောင်းလေ့လာမယ်။
🌟 loops တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချမယ်။
🌟 Coding ရေးရင်း ပြဿနာဖြေရှင်း တဲ့ skill တွေ တိုးတက်လာစေမှာ မို့
ကလေးတို့ အတွက် အကျိုးရှိတဲ့ အချိန် ၁၀ ပတ် ဖြစ်လာမှာပါ။
______________
သင်တန်းအတွက် Course Modules ကတော့ 📖📚
❇️Apply Logical thinking using conditions(if/if-else)
❇️Use Variables to store and update data(score,time,lives)
❇️Create interactive programs using user input and sensing
❇️Combine multiple programming concepts to build games
❇️Use loops,event,and conditions effictively
❇️Understand basic game design priciples
❇️Debug and improve their own programs
❇️Develop confidence in creating complete Scratch projects တို့ဖြစ်ပြီး…
💠 Course Details အနေနဲ့ 💠
📆 Start Date: May 30, 2026
⏳ Duration: 10 Weeks
🗓 Schedule: Saturdays & Sundays
🕥 Time: 9:00 AM - 11:00 AM
👥 Class Size: Only 10 students max
💰 Fees: 200,000 MMK
ပဲဖြစ်ပါတယ်။ ☺️✨
💥ကျောင်းသားဦးရေ ကန့်သတ် ထားတာကြောင့် မို့လို့ အမြန်ဆုံး သင်တန်းအပ်နှံလိုက်ပါတော့နော်💥
သင်တန်းနှင့်ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက (၁၀) လွှာ၊ The Century Condominium၊ လှိုင်မြို့နယ်သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ ဖုန်းနံပါတ် 09420298325, 09267777960 များသို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
02/05/2026
အတန်းတွေဖွင့်ပါတော့မယ်နော်📣✨
COMPU TECH ICT College ရဲ့ ITPEC အတန်းတွေ May 5 ရက်နေ့ကနေစပြီး ဖွင့်လှစ်တော့မှာမို့လို့ ကျောင်းသူ/သား သစ်များ အမြန်ဆုံးလာရောက်အပ်နှံလိုက်ပါတော့။📚
ITPEC Class Details
⬇️⬇️⬇️
https://www.facebook.com/share/p/1EXqn3RbXp/
01/05/2026
Happy Labor Day💼
မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီး မှာတာဝန်ထမ်းဆောင်နေကြတဲ့ လုပ်သားပြည်သူအားလုံးလဲ မိမိတို့မျှော်မှန်းထားတဲ့ ပန်းတိုင်ကိုအရောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။