ချင်းလှိုင်းပေါက်စီ

ချင်းလှိုင်းပေါက်စီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ချင်းလှိုင်းပေါက်စီ, No. (71), 32nd Street (lower block), Pabedan Township, Yangon.

၂၀၂၄ နှစ်သစ်အခါမှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေကြောင်း ချင်းလှိုင်းပေါက်စီမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ...
02/01/2024

၂၀၂၄ နှစ်သစ်အခါမှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေကြောင်း ချင်းလှိုင်းပေါက်စီမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🥰🥰🥰

🌄နံနက်ခင်းတိုင်း သူပါမှ ပြီးပြည့်စုံတာ😊☕️ပေါ့ဆိမ့် ၊ချိုဆိမ့်၊ ပုံမှန်၊ ကျဆိမ့် ကြိုက်တဲ့အရသာရွေးရုံဘဲနော် 1ထုပ် - 2000 ...
27/02/2023

🌄နံနက်ခင်းတိုင်း သူပါမှ ပြီးပြည့်စုံတာ😊

☕️ပေါ့ဆိမ့် ၊ချိုဆိမ့်၊ ပုံမှန်၊ ကျဆိမ့် ကြိုက်တဲ့အရသာရွေးရုံဘဲနော်

1ထုပ် - 2000 ks

❤️လက်ဖက်စိမ်းနံ့ သင်းသင်းလေးနဲ့ အရောင်လေးကလည်းသောက်ရတာစိတ်ချမ်းသာတယ်

❤️အရသာလေးက သူ့ အမျိုးအစားနဲ့သူ ထိမိနေရော
ဆိုတဲ့feedback ကောင်းလေးတွေ အများကြီးရထားတာ
မို့ လက်ဖက်ရည်ချစ်သူတွေမဖြစ်မနေ ၊လုံးဝ ကို try ကြည့်သင့်တဲ့ အမျိုးအစားလေးပါနော်😊

🍃Organic လက်ဖက်အချိုခြောက်၊ အဆင့်မြင့် creamer၊သကြားစစ်စစ် တို့ရဲ့မှော်ဆန်တဲ့ပေါင်းစပ်မှု့ဟာ လက်ဖက်ရည်ကိုအိမ်မှာဘဲ အေးအေးလူလူ သောက်ချင်တဲ့ လက်ဖက်ရည်ချစ်သူတွေ အတွက် ရည်ရွယ်ပါတယ်နော်😊

♥️ပေါက်စီ order ရင်း
အသင့်သောက်
နှပ်လက်ဖက်ရည် မှာလို့ရပါပြီရှင့် ♥️

14/05/2022

♦️ ခံတွင်းအနာပေါက်ခြင်းနှင့် ပရိုဘိုင်အိုတစ် ♦️

လူတော်တော်များများသည် ခံတွင်းအနာပေါက်ခြင်းကို ခံစားဖူးကြပါလိမ့်မည်။ ခံတွင်းတွင် အနာပေါက်စေသော ရောဂါများစွာရှိသည့်အနက် Aphthous ulcer သည် အဖြစ်အများဆုံး ဖြစ်သည်။ စိတ်ဖိစီးမှုများသည့် အချိန်များတွင် ထွက်လာတတ်သောကြောင့် လူအများက Stress ulcer ဟုလည်း ခေါ်ကြပါသည်။

Aphthous ulcer သည် အများအားဖြင့် ပါးစောင်၊ လျှာ၊ သွားဖုံးနှင့် နှုတ်ခမ်းတို့တွင် အဖြူရောင် အကွက်ကလေးများအဖြစ် ပေါ်လာလေ့ရှိပါသည်။ အနာ အနီးတစ်ဝိုက်တွင် ရောင်ရမ်းနေပြီး နာကျင်မှုဝေဒနာကြောင့် ကသိကအောက်နှင့် အလွန်နေရခက်ပါသည်။ အနာအရွယ်အစားကြီးလျှင် အစာစားစဉ် ပိုမိုနာကျင်လာတတ်သောကြောင့် အစားအသောက်ပါ ပျက်တတ်ပါသည်။ Aphthous ulcer သည် အကြိမ်ကြိမ် ပြန်လည်ဖြစ်ပွားတတ်သောကြောင့် Recurrent Aphthous Stomatitis (RAS) ဟုလည်းခေါ်ပါသည်။ ကလေးများနှင့် ငယ်ရွယ်သူများမှာ ပို၍အဖြစ်များသည်ကို တွေ့ရပြီး အမျိုးသမီးများတွင် အနည်းငယ် ပိုဖြစ်တတ်ပါသည်။

Aphthous ulcer ဖြစ်ရသည့် အကြောင်းအရင်း အတိအကျကို မသိကြရသေးပါ။ အများအားဖြင့် ဗီတာမင် ဘီ-၂၊ ဖောလိတ်နှင့် သံဓါတ်ချို့တဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အစားအစာအချို့နှင့် ဓါတ်မတည့်ခြင်းနှင့် ပါးစောင်အတွင်းထိခိုက်မှုမှ ဒဏ်ဖြစ်ခြင်းတို့သည် Aphthous ulcer ဖြစ်အောင် အားပေးပါသည်။ ဥပမာ - ဗီတာမင် ဘီ-၂ (Riboflavin) ချို့တဲ့သူများသည် ကျီးပါးစပ်နာ (သို့မဟုတ်) နှုတ်ခမ်းထောင့်ကွဲခြင်းအပြင် ခံတွင်းအနာများပါ ဖြစ်တတ်ပါသည်။ ပါးစောင်တွင်း ထိခိုက်မှုဟုဆိုရာ၌ သွားပွတ်တံနှင့်ထိုးမိခြင်းသည် အလွန်အဖြစ်များပါသည်။ သွားပွတ်တံနှင့် ထိုးမိခြင်းကြောင့် ဖြစ်သောဒဏ်က Aphthous ulcer ဖြစ်အောင် အစပျိုးပေးလိုက်သကဲ့သို့ ဖြစ်သွားတတ်ပါသည်။

Aphthous ulcer သည် အများအားဖြင့် ၁၀ ရက် မှ ၂ ပတ်ခန့် အကြာတွင် သူ့အလိုလို ပျောက်သွားတတ်ပါသည်။ သို့သော် အနာရှိနေစဉ်တွင် နာကျင်မှုဝေဒနာနှင့် ကသိကအောက် ဖြစ်မှုများကြောင့် စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုများကို ဖြစ်စေနိုင်သဖြင့် မြန်မြန်သက်သာအောင် ကုသခြင်း၊ မဖြစ်လာအောင် ကာကွယ်ခြင်းတို့ပြုလုပ်ရန် လိုအပ်ပါသည်။

အရွယ်အစားသေး၍ နူးညံ့သော အမွေးပါသည့် သွားပွတ်တံကို အသုံးပြုခြင်းဖြင့် သွားတိုက်ရာမှ ခံတွင်းထိခိုက်မှုကို သက်သာစေပါသည်။ မာသော၊ ချွန်ထက်၍ ရှလွယ်သော အစားအစာများ (အရိုး၊ အာလူးကြော်အကြွပ်စသည်) ကိုရှောင်သင့်ပါသည်။ Aphthous ulcer အတွက် စတီးရွိုက်ပါဝင်သော တို့ဆေး (Paste) များကို အသုံးပြုကြပါသည်။ အဆိုပါဆေးများသည် ရောင်ရမ်းမှုကို ကျဆင်းစေသောကြောင့် Aphthous ulcer ကိုသက်သာစေနိုင်ပါသည်။ သို့သော် ကျွန်တော့်အတွေ့အကြုံအရ သိသိသာသာ သက်သာစေသည်ကိုတော့ မတွေ့ရပါ။ NSAIDs ဟုခေါ်သည့် အကိုက်အခဲပျောက်ဆေးများကိုလည်း သုံးနိုင်သလို၊ ထုံဆေး (Lidocaine) နှင့် ပိုးသတ်ဆေး (Chlorhexidine) ပါဝင်သော ခံတွင်းအာလုတ်ကျင်း ဆေးရည်များကိုလည်း အသုံးပြုနိုင်ပါသည်။ ဗီတာမင်ချို့တဲ့သူများတွင် ဗီတာမင်ဘီ ပါဝင်သော အားဆေးများလည်း ညွှန်းပေးနိုင်ပါသည်။ [1]

ဤသို့ အန္တရာယ် ကြီးကြီးမားမား မရှိသော်လည်း ကုရခက်သည့် Aphthous ulcer ရောဂါကို ပရိုဘိုင်အိုတစ် (အကျိုးပြုအဏုဇီဝပိုးများ) အသုံးပြု၍လည်း ကုသနိုင်ပါသည်။ ယခုအခါ ပရိုဘိုင်အိုတစ်များကို ခံတွင်းငုံဆေး (Lozenge) အနေနှင့် ထုတ်လုပ်လာနိုင်ပြီဖြစ်ရာ ခံတွင်းဝေဒနာများအတွက် အလွန်အဆင်ပြေ ထိရောက်စေပါသည်။

ဒိန်းမတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသနတစ်ခုအရ RAS ဖြစ်သူများကို Lactobacillus reuteri ပါဝင်သော ပရိုဘိုင်အိုတစ်ငုံဆေးကို တစ်နေ့နှစ်ကြိမ်နှင့် ရက် ၉၀ တိုက်ကျွေးကြည့်ရာ ခံတွင်းနာကျင်မှုနှင့် ရောဂါပြင်းထန်မှကို လျှော့ချပေးနိုင်ကြောင်း တွေ့ရပါသည်။ [2]

အလားတူသုတေသနတစ်ခုကို ၂၀၁၇ ခုနှစ်တွင် ဘရာဇီးနိုင်ငံတွင်ပြုလုပ်ရာ၌လည်း Lactobacillus paracasei, L. rhamnosus, L. acidophilus နှင့် Bifidobacterium lactis တို့ပါဝင်သည် ပရိုဘိုင်အိုတစ်သည် RAS ရောဂါရှိသူများတွင် နာကျင်မှုကို သက်သာစေပြီး ရောင်ရမ်းမှုကို သက်သာစေကြောင်းတွေ့ရပါသည်။ [3]

ကလေးများတွင် အဖြစ်များသော ရာသီအလိုက်ဖျားခြင်း၊ ခံတွင်းအနာပေါက်ခြင်း၊ လည်ချောင်းနာခြင်းနှင့် လည်ပင်းအကျိတ်ထွက်ခြင်းရောဂါလက္ခဏာစု (Periodic fever, aphthous stomatitis, pharyngitis, and adenitis (PFAPA) syndrome) တွင် Lactobacillus plantarum နှင့် Lactobacillus paracasei တို့ပါဝင်သော ပရိုဘိုင်အိုတစ်ကို ၄ လခွဲကြာ တိုက်ကျွေးကြည့်ရာ PFAPA ရောဂါဖြစ်ပွားမှု အကြိမ်ရေကို လျော့နည်းစေကြောင်း တွေ့ရပါသည်။ [4]

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ Aphthous ulcer တွင် လက်ရှိအသုံးပြုလျက်ရှိသော စတီးရွိုက်တို့ဆေးများနှင့် ထုံဆေး/ပိုးသတ်ဆေးပါဝင်သော ခံတွင်း အာလုတ်ကျင်း ဆေးရည်များကို ပရိုဘိုင်အိုတစ်များနှင့် တွဲဖက်အသုံးပြုပါက အာနိသင်ပိုမို ထိရောက်သည်ကိုလည်း တွေ့ကြရပါသည်။ [5]

အထက်ပါသုတေသန ရလဒ်များအရ ပရိုဘိုင်အိုတစ်များသည် Aphthous ulcer ဖြစ်သူများတွင် နာကျင်မှုကို သက်သာရန် ကူညီပေးနိုင်ကြောင်းတွေ့ရပြီး Aphthous ulcer ဖြစ်ပွားမှုကို ကာကွယ်ရာတွင်လည်း အလားအလာ ရှိကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ခံတွင်းအနာရှိသူများအနေနှင့် အန္တရာယ်ကင်း၍ အကျိုးရှိသော ပရိုဘိုင်အိုတစ်များကို အသုံးပြုခြင်းဖြင့် ခံစားရခက်သော ခံတွင်းအနာများမှသက်သာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ပိုမိုသိရှိလိုပါ အောက်ပါ link များတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

[1] Aphthous Ulcers. https://emedicine.medscape.com/article/867080-overview
[2] Effect of Lozenges Containing Lactobacillus reuteri on the Severity of Recurrent Aphthous Ulcers: a Pilot Study. https://doi.org/10.1007/s12602-019-09586-x
[3] Immune response of patients with recurrent aphthous stomatitis challenged with a symbiotic. https://doi.org/10.1111/jop.12621
[4] Probiotic use in the prophylaxis of periodic fever, aphthous stomatitis, pharyngitis, and adenitis (PFAPA) syndrome: a retrospective cohort study. https://doi.org/10.1007/s00296-021-05084-y
[5] The efficacy of probiotics in management of recurrent aphthous stomatitis: a systematic review and meta‑analysis. https://doi.org/10.1038/s41598-020-78281-7

09/12/2021

(10.12.2021) 1ရက်ပိတ်ပါတယ်
အားပေးမှု အတွက် အထူးကျေးဇူးတင်ရှိပါတယ်

21/02/2021

ချင်းလှိုင်း ယိုးဒယားပေါက်စီ
22.1.2021 တရက်ပိတ်ပါသည်။
အားလုံးဘေးရန်ကင်းကြပါစေ
🙏🙏🙏

ချင်းလှိုင်း ယိုးဒယားပေါက်စီ  ♨️♨️♨️Halalပေါက်စီပူပူမွမွလေး #ကြက်ပေါက်စီ - 600 ks #ပဲပေါက်စီ        - 500 ks #အုန်းပေါက်...
13/01/2021

ချင်းလှိုင်း ယိုးဒယားပေါက်စီ
♨️♨️♨️
Halal

ပေါက်စီပူပူမွမွလေး
#ကြက်ပေါက်စီ - 600 ks
#ပဲပေါက်စီ - 500 ks
#အုန်းပေါက်စီ - 500 ks

🥰
ဂျုံသားလေးက အရသာရှိပြီး မွမွ‌လေးနဲ့ နူးညံ့ပါတယ်
🥰
💻 https://www.facebook.com/HalalThaiPauksi/

🚴‍♀️ Yangon Door To Door, Food Panda, Hi So Mall, Order Food, Food Mall တို့နှင့်မှာယူနိုင်ပါသည် ။
🛍 Order များကိုလည်း လက်ခံဆောင်ရွက်ပေးပါသည်ရှင့်

🏠 အမှတ် ၇၁ ၊ ၃၂လမ်း
ပန်းဘဲတန်းမြို့နယ်တွင် ဝယ်ယူအားပေးနိုင်ပါတယ်ရှင် 🙏
P.S မြို့နယ်လိုက် delivery ရှိပါတယ်ရှင့်
09 254043325

04/01/2021

4.1.2021 (၁) ရက် ပိတ်ပါမယ်ရှင်
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင့်။

30/11/2020

ချင်းလှိုင်း ယိုးဒယားပေါက်စီ
♨️♨️♨️
Halal

ပေါက်စီပူပူမွမွလေး
ကြက်ပေါက်စီ - 600 ks
ပဲမဲပေါက်စီ - 500 ks
အုန်းပေါက်စီ - 500 ks

🥰
ဂျုံသားလေးက အရသာရှိပြီး မွမွ‌လေးနဲ့ နူးညံ့ပါတယ်
🥰

🚴‍♀️ Yangon Door To Door, Food Panda, Hi So Mall, Order Food, Food Mall တို့နှင့်မှာယူနိုင်ပါသည်။
🛍 Order များကိုလည်း လက်ခံဆောင်ရွက်ပေးပါသည်ရှင့်

🏠 အမှတ် ၇၁ ၊ ၃၂လမ်း (အောက်)
ပန်းဘဲတန်းမြို့နယ်တွင် ဝယ်ယူအားပေးနိုင်ပါတယ်ရှင် 🙏
P.S မြို့နယ်လိုက် delivery ရှိပါတယ်ရှင့်
09 254043325

ချင်းလှိုင်း ယိုးဒယားပေါက်စီ  ♨️♨️♨️Halalပေါက်စီပူပူမွမွလေးကြက်ပေါက်စီ - 600 ksပဲမဲပေါက်စီ     - 500 ksအုန်းပေါက်စီ   - ...
09/09/2020

ချင်းလှိုင်း ယိုးဒယားပေါက်စီ
♨️♨️♨️
Halal

ပေါက်စီပူပူမွမွလေး
ကြက်ပေါက်စီ - 600 ks
ပဲမဲပေါက်စီ - 500 ks
အုန်းပေါက်စီ - 500 ks

🥰
ဂျုံသားလေးက အရသာရှိပြီး မွမွ‌လေးနဲ့ နူးညံ့ပါတယ်
🥰

🚴‍♀️ Yangon Door To Door, Food Panda, Grab Food, Hi So Mall, Order Food, Food Mall တို့နှင့်မှာယူနိုင်ပါသည်။
🛍 Order များကိုလည်း လက်ခံဆောင်ရွက်ပေးပါသည်ရှင့်

🏠 အမှတ် ၇၁ ၊ ၃၂လမ်း (အောက်)
ပန်းဘဲတန်းမြို့နယ်တွင် ဝယ်ယူအားပေးနိုင်ပါတယ်ရှင် 🙏
P.S မြို့နယ်လိုက် delivery ရှိပါတယ်ရှင့်
09 254043325

Address

No. (71), 32nd Street (lower Block), Pabedan Township
Yangon

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

09 254 043 325

Website

Alerts

Be the first to know and let us send you an email when ချင်းလှိုင်းပေါက်စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share