MOE JAPAN

MOE JAPAN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MOE JAPAN, Language school, (14/3) Ward, No. (1-1) First floor, Thanthumar Road, , Myin Thar Market bus stop(Market side), , South Okkalapa Township, Yangon.

03/02/2026

ကြာသပတေးနေ့ Gaishoku အင်တာဗျူးရှိပါတယ်နော်
09974523675ကို လျှောက်ထားသူများ ဆက်သွယ်ပေးပါ

29/01/2026

🇯🇵 ဂျပန်နိုင်ငံသို့ စားသောက်ဆိုင် Skilled Worker ဖြင့် သွားရောက်လုပ်ကိုင်ရန်
အလုပ်သမား အမျိုးသမီး (၂) ဦး ခေါ်ယူခြင်း 🇯🇵

ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်လုပ်ငန်းများတွင်
Skilled Worker (tokutei Gaishoku) ဖြင့် သွားရောက်လုပ်ကိုင်လိုသော
အလုပ်သမား အမျိုးသမီး (၂) ဦး ကို ခေါ်ယူလျက်ရှိပါသည်။

📌 အင်တာဗျူး
🔹 တစ်ပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

📌 လျှောက်ထားနိုင်သူများ
✔️ စားသောက်ဆိုင်လုပ်ငန်း အတွေ့အကြုံရှိသူ
✔️ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် စိတ်ဝင်စားသူ
✔️ ကျန်းမာရေးကောင်းမွန်ပြီး စည်းကမ်းလိုက်နာနိုင်သူ

📌 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
📄 CV Form (ကိုယ်ရေးရာဇဝင်)
📄 Passport

📌 လျှောက်ထားနည်း / ဆက်သွယ်ရန်
📲 Viber – 09 9745 23675

📌 မှတ်ချက်
⏰ အလုပ်အကိုင်အခွင့်အလမ်း ကန့်သတ်ထားသောကြောင့်
စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး ဆက်သွယ်လျှောက်ထားရန် အကြံပြုအပ်ပါသည်။

12/10/2025

Tokutei
Kaigo /စားသောက်ဆိုင်/စိုက်ပျိုးရေးဖြင့်

သွားရောက်လုပ်ကိုင်မည့် ညီမလေးများ

အင်တာဗျူးရှိမယ်ဖြစ်ပါသဖြင့်

09974523675 Viber ကို cv form လာရောက်ပေး

ပို့လျှောက်ထားနိုင်ပါတယ်

မှတ်ချက်။ ။ N4အောင်ပြီးသူများသာ

23/09/2025

Tokutei စိုက်ပျိုးရေး(2)ဦး [မ]
( မြန်မာပြည်တွင်းနေထိုင်သူများအတွက်သာ)

🔹 Fukuoka တွင်လုပ်ကိုင်နိုင်ရမည်။
🔹 လစာ ~ ယန်း 170000 -190000 ( အချိန်ပိုရှိ)
🔹 အလုပ်ချိန် ~ 1 ရက် 8 နာရီ ( Shift ဖြင့်)
🔹 အသက် ~ 20-28နှစ်အထိ

📌 လျှောက်ထားရန်လိုအပ်ချက်များ
🔹 N 4 နှင့်အထက် အောင်လက်မှတ်ရှိရမည်။
🔹 Tokutei ( စိုက်ပျိုးရေး) အောင်လက်မှတ်ရှိရမည်။

လျှောက်ထားလိုပါက Viber no. 09974523675သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်သည်။

လကုန်အင်တာဗျူးဝင်ဖြေရပါမည်

25/08/2025

N5/N4 classနဲ့
Training visa ဖြင့်သွားရောက်အလုပ်လုပ်ကိုင်မဲ့သူတွေ(ကျား/မ )အတွက် camp သွင်းမဲ့ အတန်းတွေရှိတဲ့အတွက် စောင်ကြည့်ဖို့မမေ့နဲ့နော်
မကြာခင်မှာ post တင်ပေးပါ့မယ်

26/03/2025

Demand အသစ်လေးပါ

Tokutei Kaigo (2)ဦး [မ]
( မြန်မာပြည်တွင်းနေထိုင်သူများအတွက်သာ)

🔹 Yokohama တွင်လုပ်ကိုင်နိုင်ရမည်။
🔹 လစာ ~ ယန်း 268000 ( အချိန်ပိုရှိ)
🔹 အလုပ်ချိန် ~ 1 ရက် 8 နာရီ ( Shift ဖြင့်)
🔹 အသက် ~ 20- 25 နှစ်အထိ

📌 လျှောက်ထားရန်လိုအပ်ချက်များ
🔹 N3 နှင့်အထက် အောင်လက်မှတ်ရှိရမည်။
🔹 Tokutei ( Kaigo ) အောင်လက်မှတ်ရှိရမည်။

လျှောက်ထားလိုပါက Viber no. 09786643719 သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်သည်။

16/03/2025

Demand အသစ်လေးပါ
📌 Tokutei စားသောက်ဆိုင် (3)ဦး [မ]

( မြန်မာပြည်တွင်းနေထိုင်သူများအတွက်သာ)
🔹 Tokyo /Chiba တွင်လုပ်ကိုင်နိုင်ရမည်။
🔹 လစာ ~ ယန်း 220,000 (အချိန်ပိုရှိ)
🔹 အလုပ်ချိန် ~ 1 ရက် 8 နာရီ ( Shift ဖြင့်)
🔹 အသက် ~ 20- 35 နှစ်အထိ

📌 လျှောက်ထားရန်လိုအပ်ချက်များ
🔹 N4နှင့်အထက် အောင်လက်မှတ်ရှိရမည်။
🔹 Tokutei ( Gaishoku ) အောင်လက်မှတ်ရှိရမည်။

📌📌📌လျှောက်ထားလိုပါက Comment တွင် Link ချထားပါသည်။
☎️ 09757347010 ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင့်။

18/02/2025

Demand အသစ်လေးပါ

📌 Tokutei Kaigo (2)ဦး [မ]

Tokutei Kaigo (2)ဦး [မ]

( မြန်မာပြည်တွင်းနေထိုင်သူများအတွက်သာ)

🔹 Shizuoka တွင်လုပ်ကိုင်နိုင်ရမည်။

🔹 လစာ ~ ယန်း 183000 ( အချိန်ပိုရှိ)

🔹 အလုပ်ချိန် ~ 1 ရက် 8 နာရီ ( Shift ဖြင့်)

🔹 အသက် ~ 20- 35 နှစ်အထိ

📌 လျှောက်ထားရန်လိုအပ်ချက်များ

🔹 N4နှင့်အထက် အောင်လက်မှတ်ရှိရမည်။

🔹 Tokutei ( Kaigo ) အောင်လက်မှတ်ရှိရမည်။

လျှောက်ထားလိုပါက Comment တွင် Link ချထားပါသည်။ သို့မဟုတ် Moe Japan‌ကျောင်းမှာစုံစမ်းနိုင်ပါသည် ။🏫

📌📌📌 Moe Japan သင်တန်းကျောင်းလိပ်စာနှင့်ဖုန်းနံပါတ်

🚸 အမှတ် (၂၃၄/ခ) မြင်သာစျေး၅လမ်း

မြင်သာစျေးမှတ်တိုင် ၊ တောင်ဥက္ကလာပမြို့နယ်

( မြင်သာစျေးအနောက်ဘက်အခြမ်းပါရှင့် )

🚏 YBS လမ်းညွှန် ...

🚌 14 ,38, 13 , 26

🚌 29, 42, 6

🚌 27, 84, 92

သင်တန်းကျောင်းကိုလာချင်လို့ပဲဖြစ်ဖြစ်

မြင်သာစျေးမှတ်တိုင် ရောက်လို့ပဲဖြစ်ဖြစ် ရှာမတွေ့ခဲ့ရင်

သင်တန်းကျောင်း ☎ 09757347010 ကို ဖုန်းဆက်ပြီး

လမ်းညွှန်ပေးဖို့အတွက် မေးမြန်းနိုင်ပါတယ်ရှင့်။

14/02/2025

Demand အသစ်လေးပါ
📌 Tokutei စားသောက်ဆိုင် (3)ဦး [မ]
📌 Tokutei Kaigo (2)ဦး [မ]

Tokutei စားသောက်ဆိုင် (3) ဦး [မ]
( မြန်မာပြည်တွင်းနေထိုင်သူများအတွက်သာ)
🔹 Tokyo /Chiba တွင်လုပ်ကိုင်နိုင်ရမည်။
🔹 လစာ ~ ယန်း 189,000 -220000 (အချိန်ပိုရှိ)
🔹 အလုပ်ချိန် ~ 1 ရက် 8 နာရီ ( Shift ဖြင့်)
🔹 အသက် ~ 20- 35 နှစ်အထိ

Tokutei Kaigo (2)ဦး [မ]
( မြန်မာပြည်တွင်းနေထိုင်သူများအတွက်သာ)
🔹 Shizuoka တွင်လုပ်ကိုင်နိုင်ရမည်။
🔹 လစာ ~ ယန်း 183000 ( အချိန်ပိုရှိ)
🔹 အလုပ်ချိန် ~ 1 ရက် 8 နာရီ ( Shift ဖြင့်)
🔹 အသက် ~ 20- 35 နှစ်အထိ

📌 လျှောက်ထားရန်လိုအပ်ချက်များ
🔹 N4နှင့်အထက် အောင်လက်မှတ်ရှိရမည်။
🔹 Tokutei ( Kaigo / Gaishoku ) အောင်လက်မှတ်ရှိရမည်။

လျှောက်ထားလိုပါက Comment တွင် Link ချထားပါသည်။ သို့မဟုတ် Moe Japan‌ကျောင်းမှာစုံစမ်းနိုင်ပါသည် ။🏫

📌📌📌 Moe Japan သင်တန်းကျောင်းလိပ်စာနှင့်ဖုန်းနံပါတ်

🚸 အမှတ် (၂၃၄/ခ) မြင်သာစျေး၅လမ်း
မြင်သာစျေးမှတ်တိုင် ၊ တောင်ဥက္ကလာပမြို့နယ်
( မြင်သာစျေးအနောက်ဘက်အခြမ်းပါရှင့် )

🚏 YBS လမ်းညွှန် ...
🚌 14 ,38, 13 , 26
🚌 29, 42, 6
🚌 27, 84, 92

သင်တန်းကျောင်းကိုလာချင်လို့ပဲဖြစ်ဖြစ်
မြင်သာစျေးမှတ်တိုင် ရောက်လို့ပဲဖြစ်ဖြစ် ရှာမတွေ့ခဲ့ရင်

သင်တန်းကျောင်း ☎ 09757347010 ကို ဖုန်းဆက်ပြီး
လမ်းညွှန်ပေးဖို့အတွက် မေးမြန်းနိုင်ပါတယ်ရှင့်။

ဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာမှ လာရောက်လည်ပတ်သူများဟာ ဂျပန်နိုင်ငံကို ...
15/01/2025

ဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာမှ လာရောက်လည်ပတ်သူများဟာ ဂျပန်နိုင်ငံကို ရောက်ရှိချိန်မှာ ကမာကူရ ဘုရားအား သွားရောက်ဖူးမျှော် ကြည်ညိုကြစမြဲ ဖြစ်သည်။
တိုကျိုမြို့ မှ၁နာရီကျော်ခန့် ရထားခရီးဖြင့် သွားရတဲ့ The Great Buddha of Kamakura ဂျပန်အခေါ်Kamaku Daibutsu ကမာကူရ ကြေးဆင်းတုတော်ကြီးသည် အေဒီ ၁၂၅၂ခုနှစ် ဂျပန်သမိုင်းရဲ့ ကမာကူရခေတ်(အေဒီ1185–1333)ရဲ့ တည်ထားခဲ့ခြင်း ဖြစ်သည်။ ကြေးဆင်းတုတော် အဖြစ် တည်ထားကိုးကွယ်မှု မပြုမှီ (၉)နှစ်ခန့်အလိုက သစ်သား ဆင်းတုအဖြစ် တည်ထားကိုးကွယ်ခဲ့ပြီး ပျက်စီးယိုယွင်းသွားတဲ့ အတွက် ယခုမျက်မှောက် ဖူးမြင်ရတဲ့အတိုင်း ကြေးဆင်းတုတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံအတွင်း Nara မြို့ရှိ Todaiji ဗုဒ္ဓရုပ်ပွားတော်ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး ဆင်းတုတော်ဖြစ်သည်။
ထူးခြားချက်များ.*~*~*~*~*~*~*~*အနှစ် ၇၀၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ယခင်က အမိုးအကာနှင့် အာရုဏ်ခံ တန်ဆောင်းရှိခဲ့တဲ့ ကမာကူရ ဆင်းတုတော်ကြီးဟာ 1334 ခုနှစ် မုန်တိုင်းဝင်ရောက်စဉ်က ပျက်ဆီးခဲ့သည်ပြီး ပြန်လည်ပြုပြင်ခဲ့ရသည်။အေဒီ 1369ခုနှစ်မှာ မုန်တိုင်းထပ်မံဝင်ရောက်တဲ့ အတွက် အမိုးအကာများ ထပ်မံပျက်စီး ခဲ့သဖြင့် ပြန်လည် ပြုပြင်ခဲ့ရပြန်သည်။
နောက်ဆုံးအကြိမ် September 20, 1498 မှာတော့ ဆုနာမိရေလှိုင်းဒဏ်ကြောင့် အမိုးအကာများ ရေလှိုင်းများနဲ့ မျောပါသွားခဲ့ကာ ယခုအချိန်ထိ အမိုးအကာများ ပြန်လည်တည်ဆောက်ခြင်း အလျဉ်းမရှိတော့ပဲ ဟင်းလင်းပြင်မှာ စံပယ်တော်မူလျှက် ရှိပါသည်။ အမိုးအကာအောက်၌ တည်ထားကိုးကွယ်၍ မရသော မြန်မာနိုင်ငံမှ တချို့သော တန်ခိုးကြီး ဆင်းတုတော်များကဲ့သို့ အမိုးအကာအောက်၌ စံပယ်တော် မမူဟု မှတ်ယူရပေမည်လားပင်။ဂျပန်ရောက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများနဲ့ ဂျပန်သို့ လာရောက်လည်ပတ် ကြတဲ့ ဗုဒ္ဓဘာသာနိုင်ငံများမှ နိုင်ငံခြားသားများဟာ ကမာကူရ ဘုရား တန်ခိုးကြီးပြီး ဆုတောင်း ပြည့်သည်ဟု အထူးယုံကြည်ကြသည်...။
နှစ်စဉ် ဒီဇင်ဘာ ၃၁ရက်နေ့မှာတော့ ညလုံးပေါက် ကြည်ညိုဖူးမျှော်နိုင်အောင် ဖွင့်လှစ်ထားရှိပေးပြီး နှစ်သစ်ကူး တရက်နေ့မှာတော့ ဂျပန်၊ မြန်မာဘုရားဖူးများဖြင့် နှစ်သစ်ကူးအတွက် ကြိတ်ကြိတ်တိုး လာရောက်ဖူးမျှော်ကြသည်။ကမာကူရသို့ တခေါက်သွားရောက် ကြည်ညို ဖူးမျှော်သူတိုင်း နောက်တကြိမ်ဂျပန်နိုင်ငံသို့ ပြန်လည် လာရောက် ရသည်ဟု အများလက်ခံ ယုံကြည်ကြသည်။
ဗောဓိတထောင် ဆရာတော်ကြီး၏ ကမာကူရ*ဆင်းတုတော် ဝန်းအတွင်းမှ ဖြစ်ရပ်ဆန်း.*၁၉၉၉ခုနှစ် အစပိုင်းက ယခုပျံလွန်တော် မူသွားပြီဖြစ်တဲ့ ကျေးဇူးရှင် မုံရွာမြို့မှ ဗောဓိတထောင် ဆရာတော်ကြီးဟာ ယခုမြန်မာနိုင်ငံနှင့် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်သည့် ဗောဓိတထောင် မတ်ရပ် ဆင်းတုတော်ကြီးအား တည်ထားကိုးကွယ်ရန်အတွက် လိုအပ်တဲ့ သံဆိုင်းများအား အိန္ဒိယနိုင်ငံမှ သံတံတားဟောင်း တစင်းအားဝယ်ယူရန် သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။ ထိုစဉ်က တပည့်ဒကာတော်များနှင့် ကမာကူရ ရုပ်ပွားတော်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့သည်။
ဆရာတော်ကြီးမှ ကမာကူရ ဘုရားကြီးအား လက်အုပ်ချီ မတ်ရပ် ဖူးမျှော်ကြည်ညိုရင်းမှ တပည့်ဒကာများအား မင်းတို့တွေ အသံတွေ ဆူညံသံတွေ မကြားကြဘူးလားဟေ့ဟု ဆိုလေသည်။ နောက်ပါ ဒကာများမှ မည်သည့်အသံမှ ကြားရခြင်းမရှိကြောင်း ပြောဆိုရာမှာတော့ ဆရာတော်က အနီးပတ်ဝန်းကျင်မှ အစောင့်အရှောက် နတ်များ ဆရာတော်ထံမှ တဖွဲ့ပြီး တဖွဲ့ အမျှလာရောက်ယူကာ သာဓုခေါ်သံများ ဆူညံနေကြောင်း မိန့်ကြားလေသည်။ ထိုစဉ်က ယခုကဲ့သို့ Digital အမျိုးအစားကင်မရာများ မရှိပဲ.. ဖလင်ကင်မရာများဖြင့် ဆရာတော် လက်အုပ်ချီ ဖူးမျှော်နေပုံအား ဓာတ်ပုံမှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
ထိုနေ့ညပိုင်း၌ မိမိကိုယ်တိုင် ဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ရာမှာတော့ ဆရာတော်တည်းခိုရာ နေအိမ်မှ အိမ်ရှင်ဖြစ်သူမှ ဆရာတော်အား ကမာကူရ ဘုရားဝင်းအတွင်း ရိုက်ကူး မှတ်တမ်းတင်ထားသည့် မှတ်တမ်းဓာတ်ပုံအား ပြသလေသည်။ ၎င်းမှ ဆရာတော်အား မှတ်တမ်းတင် ရိုက်ကူးထားသည့် မတ်တပ်ရပ်လက်အုပ်ချီ ပူဇော်ကန်တော့နေသည့် ဓာတ်ပုံ၏ မြင်ကွင်းဝန်းကျင်၌ အဖြူရောင် အလင်းတန်းများစွာအား ဓာတ်ပုံအတွင်း၌ ထင်ရှားပြတ်သားစွာ စာရေးသူကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်။
တခြားသူတဦး၏ ရိုက်ကူးခဲ့သည့် ဓာတ်ပုံအတွင်း အလင်းတန်းများအပြင် လူအသွင်သဏ္ဍာန်များပင် ပေါ်ပေါက်နေသည်ဟု ကြားသိခဲ့ရသည်။ဂျပန်သို့ အလုပ်အကိုင်ဖြင့် ဖြစ်စေ၊ အလည်အပတ်ဖြင့် ဖြစ်စေ လာရောက်လိုသူများ မိမိတို့နေအိမ်အတွင်း ကမာကူရ ဆင်းတုတော်အား ယုံယုံကြည်ကြည် ပူဇော်ကိုးကွယ်ခြင်းဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနိုင်ကြောင်း၊ ဆုတောင်းလည်း ပြည့်ကြောင်း မြန်မာလူမျိုး အများစု ယုံကြည်လက်ခံကြသည်။

Address

(14/3) Ward, No. (1-1) First Floor, Thanthumar Road, , Myin Thar Market Bus Stop(Market Side), , South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when MOE JAPAN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share