30/10/2019
Project Facets - Plan B အတွက် သိသင့်သည်များ
***************************************************
Plan B သည် ကွန်ပျူတာသိပ္ပံ နှင့် မပတ်သက်သော အခြားဘွဲ့ရများ၊ ဘွဲ့မရများ၊ အဝေးသင်ကျောင်းသား/သူများ အတွက် ဖြစ်ပါတယ်။
ကွန်ပျူတာသိပ္ပံ သင်ကြားထားပြီးသူများအတွက် မဟုတ်ပါ။ သို့သော် လျှောက်ထားလိုပါက လျှောက်ထားနိုင်ပါသည်။
လူ ဘယ်နှစ်ယောက် ခေါ်မှာလဲ။
----------------------------------
Batch တစ်ခုကို ၁၀ ယောက် သတ်မှတ်ထားပါတယ်။ ၁၀ ယောက်ပြည့်သည်နှင့် သင်ကြားရေး စပါမည်။ နောက်ထပ် Batch တစ်ခုအတွက် ၁၀ ယောက် မပြည့်မချင်း စောင့်ဆိုင်းရန် လိုအပ်ပါသည်။
သင်ကြားရေးအချိန်တွေက ဘယ်လိုလဲ။
-----------------------
အချိန်ပြည့် ဖြစ်ပါတယ်။ မနက် ၉ နာရီတွင် စာသင်ချိန်စပြီး၊ နေ့လည်တွင် လေ့ကျင့်ခန်းများ ဆောင်ရွက်ရပါမည်။
အလုပ်လုပ်နေရင်း တက်လို့ ရမလား။
----------------------
အချိန်ပြည့် နီးပါး တက်ရမည် ဖြစ်သည့်အတွက်ကြောင့် အဆင်ပြေမည် မဟုတ်ပါ။
ဘယ်ကနေ စသင်မှာလဲ။
---------------
ကွန်ပျူတာ လက်ကွက်ကနေ စသင်ပါမယ်။
ဘယ်အခြေအနေထိ သင်မှာလဲ။
-----------------
အလုပ်ထဲမှာ Programmer အဖြစ် သုံးလို့ရတဲ့ အထိ သင်မှာပါ။ မိမိကိုယ်တိုင်ကလဲ ကြိုးစားဆောင်ရွက်ဖို့ လိုပါတယ်။
ဖြစ်နိုင်ပါ့မလား
-----------------
မဖြစ်နိုင်ဘူးလို့ သံသယရှိနေသူတွေအတွက် Facets မဖြစ်နိုင်ပါ။ ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့သူများကိုသာ လက်ခံလေ့ကျင့်ပေးသွားမှာပါ။
မေးမြန်လိုသည်များရှိပါက
Project Facets - Messenger box တွင် မေးမြန်းနိုင်ပါသည်။