07/02/2022
Sensei : kotoba တေမေးမယ် ရပြီလား🌚
ကျောင်းသားများ : 🥲
Education
07/02/2022
Sensei : kotoba တေမေးမယ် ရပြီလား🌚
ကျောင်းသားများ : 🥲
06/10/2021
✨.....𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗯𝗮𝘀𝗶𝗰 𝗖𝗹𝗮𝘀𝘀....✨✨
みなさん、こんばんは。
မဂ်လာပါရှင့်...
အားလုံးအတွက် Japanese basic class (batch-7)လေးဖွင့်ပေးချင်ပါတယ်
ဘာသာစကားတစ်ခုကိုတတ်မြောက်ဖို့ဆိုတာအခြေခံကို ကျွမ်းကျွမ်းကျင်ကျင်ပိုင်နိုင်ဖို့ကအရမ်းအဓိကကျတဲ့အရာပါ
ဥပမာ ညီမတို့မြန်မာစာဆိုလည်း သူငယ်တန်းတုန်းကဆို ဝလုံး နဲ့ကကြီးခကွေး စကားလုံးတေကို ကိုပိုင်နိုင်ကျွမ်းကျင်အောင်ရေးနိုင်မှ စာကြောင်းတေ ဝါကျတေ ရေးနိုင်တာပါ
အဲ့လိုပဲဂျပန်စာမှာလည်း အခြေခံစာလုံးတေကအရမ်းအရေးကြီးပါတယ်အဲ့တာမို့ basic ကိုကျွမ်းကျင်ပိုင်နိုင်အောင်သေချာလေး သင်ပေးချင်ပါတယ်
ဘယ်လိုသင်ပေးမှာလဲ
-တစ်ပတ်သုံးရက် (fri/sat/sun) မှာfacebook private gp မှာvedio file နဲ့သင်ပေးမှာပါ
-messenger gpလည်းဖွဲ့ပေးမှာဖြစ်ပြီး စာမေးစာစစ် စာမေးပွဲဖြေတာက messenger gp ကနေလုပ်မှာဖြစ်ပါတယ်
-သင်တန်းကာလက တစ်လပါ
-သင်တန်းကြေးကတော့ပုံမှန် ၅၀၀၀ ကိုအခု3000 ထဲနဲ့တတ်ခွင့်ရမှာပါ
ဘာတေသင်ပေးမှာလဲ
- hiragana
-katakana
-Dakuon/handakuon
-အသံပေါင်း
-ကိန်းဂဏန်းရေတွက်ပုံ
-အသက်ရေတွက်ပုံ
-နေ့ရက်များ
-နေ့စဉ်သုံးစကားလုံးများ
- တစ်ခု /နှစ်ခုရေတွက်ပုံ
-မိမိကိုယ်ကိုမိတ်ဆတ်နည်း စတာတေကိုသင်ပေးမှာဖြစ်ပါတယ်
သင်တန်းကနောက်အပတ် သောကြာနေ့စမှာပါ
လူနည်းနည်းနဲ့ကြပ်ကြပ်မတ်မတ်လေးသင်ပေးချင်တာမို့ သင်တန်းသားအယောက်(၃၀)ပဲလက်ခံမှာမို့ လူမပြည့်ခင် သင်တန်းတတ်ဖို့စာရင်း လာပေးလိုက်တော့နော််....
30/08/2021
တက်တူးဆိုသည်မှာမြန်မာလူမျိုးလူငယ်၊လူကြီးများကြားတွင်ရင်းနှီးကျွမ်းဝင်နေသောစကားလုံးဖြစ်သော်လည်း ဂျပန်လူမျိုးများအတွက်မူ မနှစ်မြို့သောစကားလုံးဖြစ်ပါတယ်။ တက်တူးထိုးခြင်းနှင့်ပတ်သက်ပြီး ဂျပန်လူမျိုးများသည်ပြင်းပြင်းထန်ထန်ဆန့်ကျင်တတ်ကြပါတယ်။ဂျပန်နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးမှတက်တူးရှိသူများကိုပိတ်ပင်ထားခြင်းမရှိသောကြောင့်တက်တူးရှိသူများလည်းဂျပန်နိုင်ငံသို့ကျောင်းလာတက်နိုင်ပါတယ်။သို့သော်အလုပ်ဖြင့်လာမည့်သူများ၊ဂျပန်နိုင်ငံတွင်အချိန်ပိုင်းအလုပ်လုပ်ကိုင်ချင်သူများသည်တက်တူးရှိပါကအလွန်အလုပ်ရှာရခက်ခဲတတ်ပြီး၊နေထိုင်မှုဘဝမှာလည်းအခက်အခဲတွေ့တတ်ပါတယ်။ထို့ကြောင့်ဂျပန်နိုင်ငံတွင်ကျောင်းတက်၊အလုပ်လုပ်မည်ဆိုပါကသိထားသင့်သည်ဟုယူဆသောကြောင့်ဒီဆောင်းပါးလေးကိုရေးသားလိုက်ပါတယ်။
တက်တူးနှင့် အလုပ်အခက်အခဲ
လူမြင်သာသောနေသောများတွင်တက်တူးအများအပြားထိုးထားသူဖြစ်ပါကဂျပန်နိုင်ငံသို့မလာမီကတည်းကဖျက်သင့်ပါတယ်။အကယ်၍ဖုံးကွယ်၍ရသောနေရာတွင်ရှိပါကထိုတက်တူးကိုမပေါ်အောင်ဖုံးထားရန်လိုပါတယ်။ဥပမာ၊သင်သည် ဟိုတယ်၊စားသောက်ဆိုင်၊စူပါမားကတ်အရောင်းဝန်ထမ်းစသည့်လူအများနှင့်ဆက်ဆံရသောအလုပ်များတွင်လုပ်ကိုင်မည်ဆိုပါကထိုတက်တူးအားအမြဲတစေဖုံးထားရပါမယ်။ထို့အပြင်၊ ပညာရှင်အနေဖြင့်ကုမ္ပဏီများတွင်အလုပ်လုပ်ကိုင်မည်ဆိုပါကအင်တာဗျူးများတွင်ပယ်ချခံရနိုင်ပါသည်။ ထို့ကြောင့်အလုပ်မရမည်စိုး၍တက်တူးရှိနေကြောင်းမပြောပြမထားသင့်ပါ။သင့်ကိုယ်တွင်ရှိနေသောတက်တူးအားအခြားလုပ်ဖော်ကိုင်ဖက်သို့ဧည့်သည်များတွေ့ပါကပိုမိုပြဿနာဖြစ်နိုင်သောကြောင့်အင်တာဗျူးဖြေဆိုသည့်အချိန်ကတည်းကပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်သင့်ပါတယ်။
တက်တူးနှင့် နေထိုင်မှုဘဝအခက်အခဲ
မိမိခန္ဓာကိုယ်တွင်တက်တူးရှိပါကအများပြည်သူသုံးအပန်းဖြေစခန်းများဖြစ်သောရေကူးကန်နှင့် ဂျပန်ရိုးရာရေပူစမ်းများအား လုံးဝသွား၍မရပါ။ မည်မျှပင်သေးငယ်သော တက်တူးဖြစ်ပါစေ၊ ဝန်ထမ်းများ၊ လာရောက်အပန်းဖြေကြသောဧည့်သည်များမြင်ပါကချက်ချင်းအဆိုပါအပန်းဖြေနေရာများမှထွက်ပေးရပါမယ်။
ဂျပန်လူမျိုးများ တက်တူးအားမနှစ်မြို့ရခြင်း
ထိုသို့တက်တူးထိုးခြင်းကိုဂျပန်လူမျိုးများကမနှစ်မြို့ရခြင်းမှာရှေးယခင်ကဂျပန်နိုင်ငံတွင်ပြစ်မူကျူးလွန်သူများကို ပြစ်ဒဏ်စီရင်သည့်အပြင် ထိုပြစ်မူကျူးလွန်သူများအား တက်တူးထိုး၍ အမှတ်အသားလုပ်ခဲ့ခြင်း၊ ဂျပန်နိုင်ငံ၏ရာကူဇာဂိုဏ်းအဖွဲ့ဝင်များသည်ရာထူးအကြီးအငယ်အလိုက်တက်တူးများစွာထိုးလေ့ရှိသောကြောင့်တက်တူးသည်ဂျပန်လူမျိုးများအတွက်မကောင်းသောပုံရိပ်ဖြစ်ပါတယ်။ထို့ကြောင့်ဂျပန်လူနေမှုအသိုင်းအဝန်းတွင်တက်တူးရှိသူများကို အလွန်ရှောင်ရှားကြပါတယ်။ ဂျပန်နိုင်ငံတွင်အောင်မြင်အဆင်ပြေစွာ ရပ်တည်လိုပါကတက်တူးလုံးဝမထိုးသင့်ပါ။
ဤစာမျက်နှာတွင်ဂျပန်နိုင်ငံ၏ယဉ်ကျေးမှု၊ခရီးသွားလုပ်ငန်း၊နေထိုင်စားသောက်မှုနှင့်ပတ်သက်၍အသုံးဝင်သောသတင်းနှင့်နောက်ဆုံးရသတင်းများကိုနေ့စဥ်ဖော််ပြပေးနေပါသည်။
ကျေးဇူးပြုပြီးFollow လုပ်ပါ
29/08/2021
Hello hello ...
Japanese basic One by one Class ကို
9လပိုင်း2ရက်နေ့မတိုင်ခင်လာအပ်သူများအတွက်
Japanese basic class
Group class ကို
ပုံမှန်သင်တန်းကြေး5000 မှ 3000 ကျပ်
One by one class ကို
ပုံမှန်သင်တန်းကြေး8000 မှ 5000 ကျပ်အထိ လျော့ချပေးသွားမှာဖြစ်ပါတယ်...
ကဲသင်တန်းကြေးကိုထက်ဝက်နီးပါလျော့ချပေးထာမို့အမြန်လေးလာအပ်လိုက်တော့နော်....
29/08/2021
Basic Class (Batch -4)ကကျောင်းသူလေးတစ်ယောက်ရဲ့ hiragana အိမ်စာထပ်ထားတာလေးတေ...
27/08/2021
ဒီလိုအချိန်မှာဘဝတိုးတတ်မှုအတွက် ဘာသာစကားလေ့လာလို့သူများအတွက်သင်တန်းကြေးအနည်းဆုံးနဲ့low cost Japanese Class လေးတေဖွင့်ပေးလိုက်ပါပြီး
ကဲဒီတစ်ခါမှာတော့ အတန်းတေအများကြီးဖွင့်လိုက်တာမို့ ဘေဘီ ကြိုက်တာမြန်မြန်ရွေးလိုက်တော့နော်🙄..
ဘယ်မှာမှမရနိုင်တဲ့ low cost တေနဲ့ဖွင့်ပေးထားတာမို့အမြန်စာရင်းသွင်းထားမှစိတ်ချရမယ်နော်
(နောက်ကျရင်အပေါက်ဝကလှည့်ပြန်ရမယ်နော်😌😝)
Japanese Basic Class(group class)
Japanese Basic Class (one by one class)
Japanese Basic+ N5 ( one by one Class)
Japanese Basic+ N5 (Group Class)
Japanese N5 Class (Group Class)
✅Japanese Basic
(one by one class)
✅Japanese Basic +N5 (one by one class)
ဒီအတန်းလေး2 ခုကတော့ sensei နဲ့ messenger ကနေ vedio/photo/voice mail အစရှိတာေတနဲ့ one by one စနစ်တကျစာမေးစာထပ် စကားပြောလေ့ကျင့်ပေး ပြီးသေချာသင်ပေးမှာဖြစ်ပါတယ်...
သင်တန်းကြေးကတော့တစ်လကို 8000(ရှစ်ထောင်) ကျပ်သာကျသင့်မှာဖြစ်ပြီး
Basic class ကတော့သင်တန်းကာလတစ်လဖြစ်ပြီး basic+N5 class ကတော့ သင်တန်းကာလ ၄လဖြစ်ပါတယ်...
✅Japanese basic (Group class
✅Japanese basic+N5 (Group Class)
✅Japanese N5 (Group Class)
ဒီအတန်းလေးတေကတော့ Facebook private group မှာ တစ်ပတ်သုံးရက် (frilsat/sun) မှာ
Vedio file နဲ့သင်ပေးမှာဖြစ်ပြီး sensei ရဲ့private messenger မှာအိမ်စာတေထပ်ရမှာဖြစ်ပြီး တစ်ယောက်ချင်းစီရဲ့လိုအပ်ချက်တေကိုsensei က ပြန်ပြောပြပေးမှာဖြစ်ပါတယ်.Speaking တေ listening pratice တေလည်းလုပ်ပေးသွားမှာဖြစ်ပါတယ်..
သင်တန်းကြေးအနေနဲ့တော့တစ်လကို၅၀၀၀ သာကျသင့်မှာဖြစ်ပြီး Japanese basic+ N5 က တော့သင်တန်းကာလ ၄လဖြစ်ပြီး N5 class ကတော့ ၃လ ကြာမြင့်မှာဖြစ်ပါတယ်.
Basic class ကတော့ တစ်လကြာမြင့်မှာဖြစ်ပါတယ်...
သင်တန်းနဲ့ပတ်သတ်ပြီး သိချင်တာဖြစ်ဖြစ်သင်တန်းတတ်ချင်တာဖြစ်ဖြစ် cb မှာအခ်ျန်မရွေးလာပြောနိုင်ပါတယ်...
ကဲကဲလူဦးရေကန်သတ်ထားတာမို့ အမြန်လေးလာအပ်လိုက်တော့နော်...
26/08/2021
24/08/2021
အိမ်မက်ထဲမှာကျက်မှာပေါ့ဟွန့် 🌚😴
23/08/2021
Hello hello ....
အခုလိုခက်ခဲနေတဲ့ကာလကြီးမှာဘာသာစကားတစ်ခုကိုလည်းလေ့လာချင်တယ် သင်တန်းကြေးလည်းအများကြီးမတတ်နိုင်ဘူးဆိုတဲ့သူတေအတွက်
တစ်လကိုငွေထောင်ဂဏန်းလောက်နဲ့ low cost class လေးတေဖွင့်ပေးမယ်ဆိုစိတ်ဝင်စားကြလားဟင်...
စိတ်ဝင်စားကြရင်ဖွင့်ပေးမယ်နော်..
ဘယ်လိုအတန်းမျိုးဖွင့်ပေးရမလဲ
Basic class လား / basic +n5 လား/N5 သီးသန့်လား/မန့်ခဲ့ပေးကြနော်...
မမန့်ရင်မဖွင့်ပေးဘူးနော်🙄မင်မင်ကစိတ်ကြီးတယ်
22/08/2021
ဖုန်းဘေကံထူးရှင်လေး2ယောက်ပါ
Cb လာပေးပေါနော်
မင်မင် အလုပ်တေရှုပ်နေလို့ ဖုန်းဘေကံထူးရှင်လေး2ယောက်ကို နက်ဖြန်မှကြေငြာပေးမယ်နော် နောက်ကျသွားတဲ့အတွက်sorry ပါ