24/12/2025
24.12.2025 (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အကြိုအားကစားပွဲနှင့် ဖျော်ဖြေရေးအခမ်းအနား ပုံရိပ်များ💛💛💛
New Generation Preschool
အသက် (3) နှစ်မှ (6) နှစ်အရွယ် ကလေး ငယ်များ (လစဉ်) ကျောင်းအပ်လက်ခံနေပါပြီ။
24/12/2025
24.12.2025 (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အကြိုအားကစားပွဲနှင့် ဖျော်ဖြေရေးအခမ်းအနား ပုံရိပ်များ💛💛💛
24/12/2025
24.12.2025 (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဖျော်ဖြေရေးအခမ်းအနားပုံရိပ်များ💛💛💛
23/12/2025
မနက်ဖြန် လွတ်လပ်ရေးနေ့အကြိုအားကစားပွဲ အတွက် ရဲတံခွန်ခန်းမသို့ သွားရောက်လေ့ကျင့်ကြသည့် သားသားမီးမီးများ💛💛💛
သားသားမီးမီးများကို ကားအကူအညီဖြင့် လိုက်ပို့ပေးသော သမီးလေး ညွှန်းရွှေရည်အောင်၏ ဖေဖေနဲ့မေမေကို ကျေးဇူးတင်ပါတယ်ရှင်💛💛💛
27/11/2025
26.11.2025 (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပသည့် ကျောင်းတွင်း အရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပုံရိပ်လေးများ💛💛💛
3.10.2025 ( သောကြာနေ့) တွင်ပြုလုပ်သည့် ဆရာကန်တော့ပွဲ နှင့်သီတင်းကျွတ်မီးထွန်းပွဲတော်ပုံရိပ်များ 💛💛💛
03/10/2025
3.10.2025 (သောကြာနေ့) တွင် ပြုလုပ်သည့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဆရာကန်တော့ပွဲပုံရိပ်များ 💛💛💛
03/10/2025
3.10.2025 (သောကြာနေ့) တွင်ပြုလုပ်သည့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဆရာကန်တော့ပွဲ ပုံရိပ်များ 💛💛
ကန်တော့လက်ဆောင်လေးတွေပေးကြပါသောဖေဖေမေမေများအား ကျေးဇူးတင်ပါတယ်ရှင်💛💛
28/09/2025
သီတင်းကျွတ်ပွဲတော် ရောက်တော့မယ်
အိမ်ရော ကျောင်းပါ မီးထွန်းမယ်🪔🪔🏮🏮
25/09/2025
အရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့်ပုံလေးများ 💛💛💛
25/09/2025
Kidlac မှ သားသား မီးမီးလေးတွေကို လက်ဆောင်လေး လာပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် 💛💛💛
25/09/2025
ကျောင်းတွင်းအရောင်ခြယ်ပြိုင်ပွဲတွင် ကြိုးကြိုးစားစားခြယ်နေကြသော သားသားမီးမီးလေးများ 💛💛💛
01/09/2025
ကျွန်မတို့ကျောင်းမှာ ကလေး အချင်းချင်း ဆော့ကစားရင်း မတော်တဆ ထိခိုက်မိတာ ဖြစ်ဖြစ် ကစားစရာလေးတွေ လုကြရင်း ထိခိုက်မိတာပဲဖြစ်ဖြစ် (ကစားစရာလုတဲ့ case ဆိုတာကလဲ ကျောင်းရောက်တာမကြာသေးတဲ့ ကလေးတွေ sharing မလုပ်တတ်သေးတဲ့ အချိန်မှာပဲ ဖြစ်တတ်တာပါ) အသေးအမွှားလေး က အစ မိဘတွေကို ပြန်ပြောပြ ပေးပါတယ်ရှင် ။
ကလေးချင်း အငြှိုးထားပြီး သီးသန့် အနိုင်ကျင့်တဲ့ ဖြစ်စဥ်မျိုးတော့ ကျွန်မတို့ကျောင်းမှာ မရှိသေးပါဘူးရှင်။
ဘာဖြစ်လို့လဲဆိုတော့ ဆရာမတွေက ကလေးတွေကို မျက်စိအောက်မှာပဲ ထားပြီး စောင့်ရှောက်ကြတာ ဖြစ်တဲ့အတွက် ကလေးတွေ တစ်ယောက်ကို တစ်ယောက် သီးသန့်အနိုင်ကျင့်ကြတာမျိုး ဖြစ်ခွင့်မပေးပါဘူးရှင်။
ပြီးတော့ မူကြိုအရွယ် ကလေးတွေဆိုတာ အရမ်းကို ဖြူစင်ကြပါတယ်။ သူတို့ စိတ်ဆိုးနေတဲ့ အချိန်မှာ သူတို့ရဲ့ Emotion ကိုမထိန်းနိုင်ကြတဲ့ အချိန်ခဏလေးမှာ လက်ပါမိလိုက်ကြတယ်။ ပြီးရင် သူတို့ပဲ ပြန်အဆင်ပြေပြီး အတူတူဆော့ကြတယ် ။(မူကြိုဆိုတာကလဲ ကလေးတွေ Emotion ထိန်းတတ်အောင် Sharing လုပ်တတ်အောင် လေ့ကျင့်ပေးတဲ့ နေရာလေးပါ)။
အဲ့ဒီအတွက်ကြောင့် ဖေဖေမေမေတွေ social media မှာ တွေ့ ပြီး စိုးရိမ်နေကြတဲ့ ကလေးချင်း အနိုင်ကျင့်တဲ့ ဖြစ်စဥ်မျိုး မရှိရအောင် ဆရာမတွေက သင်ပြပေးပါတယ်။
ပြီးတော့ ကျွန်မ မေတ္တာရပ်ခံချင်တာလေး တစ်ခုရှိပါတယ်။
ကလေးအချင်းချင်းဖြစ်တဲ့ ထိခိုက်မှုတွေကို ဆရာမတွေက မိဘတွေကို ပြန်ပြောပြတဲ့အခါ ခံရတဲ့ မိဘတွေက နားလည်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။
လက်ကလေးပါလိုက်တဲ့ ကလေးရဲ့ မိဘကို ပြသနာလေးကို ပြန်ပြောတဲ့အခါမှာ ဖေဖေမေမေတွေအနေနဲ့ ကိုယ့်ရဲ့ကလေးအကြောင်း ဆရာမက ပြန်တိုင်တယ် ဆိုပြီး သဘောမထားပါနဲ့ရှင်။
ကျွန်မတို့က ကျောင်းမှာဖြစ်ခဲ့တဲ့ ကိစ္စအဝအဝကို ကိုယ့်ရဲ့ ကလေးလေးက ခံလိုက်ရတာပဲဖြစ်ဖြစ် လုပ်လိုက်တာပဲဖြစ်ဖြစ် မတော်တဆထိခိုက်မိတာပဲဖြစ်ဖြစ် ပြန်ပြောပြပေးတာပါရှင်။
ပြီးတော့ တစ်ခုရှိတာက သူတို့အချင်းချင်း နှစ်ဦးသဘောတူ ဆော့ကြပြီးတော့မှ နှစ်ဖက်စလုံးမတော်တဆ ထိခိုက်မိတာမျိုးလေးတွေကို အိမ်မှာကလေးက ဖေဖေမေမေဆူမှာစိုးတာကြောင့်၊ တချို့ကြတော့လည်း ကျောင်းမတက်ချင်တာကြောင့် အနိုင်ကျင့်ခံလာရသလိုပြောတာမျိုးလေးတွေ ရှိတတ်ပါတယ်ရှင်။
အဲဒါကြောင့် တစ်ခုခု သိချင်တာလေးတွေရှိရင် ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်း မေးလို့ရပါတယ်ရှင်။
ကျွန်မ အပေါ်မှာပြောခဲ့တဲ့ ကလေးချင်း ထိခိုက်မှုတွေဆိုတာ ဒဏ်ရာကြီးကြီးမားမားတွေ မဟုတ်ပါဘူး။ မတော်တဆ တွန်းမိလိုက်တာတို့ ဘာတို့ပါရှင်။ဒီလိုဖြစ်စဥ်တွေကလဲ နေ့တိုင်းဖြစ်နေကြတာတော့မဟုတ်ပါဘူးရှင်။ တခါတလေမှ ဖြစ်တတ်တဲ့ဖြစ်စဥ်တွေပါ။
ဖေဖေမေမေတွေ စိုးရိမ်ကြတဲ့ အနိုင်ကျင့်တဲ့ ကိစ္စမျိုးမရှိအောင် ဆရာမတွေက စောင့်ရှောက်ပေးကြပါတယ်ရှင်။
ကျွန်မတို့ကျောင်းလေးမှာ ဖေဖေမေမေတို့ရဲ့ ရင်သွေးငယ်လေးတွေကို ယုံကြည်စိတ်ချစွာနဲ့ အပ်နှံထားတာကြောင့်လဲ ကျေးဇူးတင်ပါတယ်ရှင်။
မူကြိုတွေမှာ ကလေးအချင်းချင်း ထိခိုက်မိကြတဲ့ Accident က မဖြစ်ဘူးလားဆိုတော့ ဖြစ်ကြပါတယ်။ Spatial Relationship (အကွာအဝေးသိခြင်း) သေချာမသိသေးတဲ့ ကလေးလေးတွေ၊ Body Coordination (ကိုယ်ခန္ဓာထိန်းနိုင်ခြင်း) မရသေးတဲ့ ကလေးငယ်လေးတွေ အတူရှိကြ၊ ပြေးလွှားကြ၊ ကစားကြတာကိုး။
အချင်းချင်း အရမ်းမထိခိုက်အောင် ဆရာမတွေက ကြည့်ပေး၊ ထိန်းပေး၊ သင်ပေးကြတာတော့ မှန်ပေမဲ့ ပြေးလွှားတာက ကလေးသဘာဝပဲမို့ မပြေးကြနဲ့လို့ တားရင် သူ့ရဲ့ Gross motor-skills မတိုးတက်တော့ပြန်ဘူး။ အဲဒီတော့ ပြေးတာတော့ဟုတ်တယ်။ ဘေးက ကြည့်ပေးရတယ်။ တခါတလေလည်း အရှိန်မထိန်းနိုင် တိုက်မိကြတယ်။ ဒါက ကလေးသဘာဝလို့ပဲ သတ်မှတ်ပေးရင် အားလုံး အဆင်ပြေတာပေါ့။ မနေ့ကတောင် ကျမတို့ကျောင်းမှာ သားလေးနှစ်ယောက် ပြေးလွှားရင်း ကစားရင်း အချင်းချင်းတိုက်မိကြတယ်။ မိဘများကလည်း ကလေးသဘာဝကို နားလည်ပေးလို့ ဘာမှမဖြစ်ဘူး။ လုံးဝ အထိအခိုက် မခံနိုင်ဘူးဆိုရင် ကလေးက သူများကစားချိန်မှာ ငြိမ်ငြိမ်ထိုင်နေမှရမှာ။
ပြောချင်တာက ကလေးသဘာဝ ပြေးလွှားကစားရင်း တခါတလေ ထိမိခိုက်မိတာမျိုးရှိတယ်ဆိုတာပါ။ အဲဒါမျိုးက မူကြိုတင်မဟုတ်ဘူးနော်။ ကျမ သမီးလေး Year 4 တောင်မှ အခုထိဖြစ်တုန်းပဲ။ ပြောချင်တာက ကျမတို့က အရမ်းအထိမခံဖြစ်နေမယ်။ ကလေးသဘာဝ ကစားရင်းခိုက်မိတာ၊ မတော်တဆ ဖြစ်တာလေးတွေမှမစ လက်မခံဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။
အဲဒီလိုပြောလို့ ကျောင်းတွေမှာ သူများကို တမင်လုပ်တဲ့ကလေး မရှိဘူးလားဆို ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုမိဘများ စိုးရိမ်နေတဲ့အထိတော့ ရာခိုင်နှုန်း မများကြပါဘူး။ အခုက ကိုယ့်ကလေးကို ကျောင်းသွားထားရင်ပဲ တစ်ခုခုဖြစ်လာတော့မလို ထင်နေ ကြောက်နေကြတဲ့သူ အရမ်းများနေတော့ ပြောပြတာပါ။
Social Media မှာ “ကျနော်/ကျမ ကလေးက မူကြိုကျောင်းမှာ အရမ်းပျော်တာပဲ” ဆိုတဲ့ပိုစ့်တွေ၊ စကားတွေကျတော့ သာမန်အကြောင်းအရာပဲဖြစ်တော့ ဘယ်သူမှ အထူးအလေးထားပြီး မမြင်မိ၊ မကြားမိဘူးလေ။ “ဪ .. ချစ်စရာကလေးလေး ကျောင်းပျော်တယ်တဲ့” ဆိုတာနဲ့ပဲ ပြီးသွားတာပေါ့။ “ဒဏ်ရာရလာတယ်၊ ခိုက်မိလာတယ်” ဆိုတာမျိုးကျတော့ အထူးတလည် သတိထားမိကြတယ်။ အဲဒီကနေပဲ တချို့မိဘများက မူကြိုထားရင် မကောင်းတာဖြစ်တော့မလို အစိုးရိမ်လွန်လာကြတယ်။ Accident မဖြစ်ကြဘူးမဟုတ်ဘူး။ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရှားပါးတဲ့ Case တွေ ဖြစ်ပါတယ်။ မိဘများအနေနဲ့ မူကြိုထားဖို့ရာ အရမ်းမကြောက်ကြပါနဲ့။
▫️ အမှန်တကယ် ကျွမ်းကျင်၊ ကောင်းမွန်၊ ကလေးဂရုစိုက်တဲ့ ကျောင်း/ဆရာမများကို သေချာရွေးချယ်ပါ။
▫️ ကလေးသဘာဝကို နားလည်ပြီး အခွင့်အရေးပေးပါ။
▫️ ကိုယ့်ကလေးက သူများကို နာကျင်အောင် မလုပ်တတ်ဖို့ ကိုယ်စီ သင်ကြားကြပါ။ (ကျောင်းမှာလည်း သင်ပေးတာမှန်ပေမဲ့ လက်ဦးဆရာက မိဘများ၊ မိသားစုဝင်များ ဖြစ်ကြပါတယ်။)
တခါတလေလည်း ကလေးကို လက်သည်းညှပ်ပေးတာမှာ အစွန်းတွေကျန်လို့ ကစားရင်း ပြေးရင်းလွှားရင်း ဆွဲရင်းနဲ့ တဖက်ကလေးကို ခြစ်မိကုတ်မိကုန်တာတွေ ရှိပါတယ်။ တမင်ကုတ်မိရင် ပြဿနာဖြစ်ပါလိမ့်မယ်။ မိဘများ ကလေးရဲ့ လက်သည်းတွေကို သေချာဂရုတစိုက် ညှပ်ပေးကြပါ။ သူ့ကိုယ်သူ ပြန်ကုတ်မိတဲ့ Case လည်း ရှိပါတယ်။
ကလေးကို မူကြိုထားစေချင်တာက “ကောင်းတဲ့မူကြို၊ ECCD စနစ်တွေအတိုင်း သေချာလိုက်နာ လုပ်ဆောင်နေတဲ့မူကြို” ဟာ ကလေးကို ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုစတဲ့ ဘက်စုံဖွံ့ဖြိုးတွေ ရရှိစေပြီး အကျိုးကျေးဇူးအများကြီး ရှိလို့ဖြစ်ပါတယ်။
ကလေးကိုမူကြိုမထားချင်ဘူး၊ မထားရဲဘူးဆိုရင်တော့ အိမ်မှာ ဒါတွေလုပ်ပေးဖို့ လိုပါတယ်။ https://www.facebook.com/100044379851112/posts/1278808733608443/
| Monday | 09:00 - 02:30 |
| Tuesday | 09:00 - 02:30 |
| Wednesday | 09:00 - 02:30 |
| Thursday | 09:00 - 02:30 |
| Friday | 09:00 - 02:30 |