Success TQM Training and Consultancy

Success TQM Training and Consultancy Quality is key to success.

Total Quality Management (TQM) အကြောင်း မိတ်ဆက်အနေနဲ့ ပြောပြီးသွားပြီဆိုတော့ TQM ကို အကောင်အထည်ဖော်ဖို့ဆိုရင် မဖြစ်မနေ သ...
04/04/2025

Total Quality Management (TQM) အကြောင်း မိတ်ဆက်အနေနဲ့ ပြောပြီးသွားပြီဆိုတော့ TQM ကို အကောင်အထည်ဖော်ဖို့ဆိုရင် မဖြစ်မနေ သိထားရမယ့် System တစ်ခုကို တင်ပြပေးသွားပါမယ်။

အဲ့ဒီ System ဆိုတာက Quality Management System လို့ ခေါ်တဲ့ QMS ဆိုတာပဲ ဖြစ်ပါ်တယ်။ QMS ကို ISO 9001 လို့လဲ လူသိများပါတယ်။

Quality Management System ဆိုတာ ဘာလဲဆိုရင် ...

ကုန်ပစ္စည်းတစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို အရည်အသွေးရှိအောင် စနစ်တကျ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ စဉ်းစားတွေးခေါ်ထားတဲ့ စနစ်တစ်ခု ဖြစ်တယ်။

Quality ကို ထိန်းဖို့ Quality ရှိတဲ့ လုပ်ငန်းတွေ ဖြစ်ဖို့ Quality Management System လို့ လူသိများတဲ့ အရည်အသွေးစီမံခန့်ခွဲမှုစနစ် (QMS) ကို ကျင့်သုံးကြတယ်။

Quality ရယ် Management ရယ် System ရယ် စကားလုံး (၃) လုံးမှာ System ဆိုတာလေးကို အရင် လေ့လာကြည့်မယ်ဆိုရင် -

System - စနစ်ဆိုတာ Set of elements - အစိတ်အပိုင်းတွေရဲ့ အတွဲအဆက် ဖြစ်တယ်။ System ဆိုတာ INTERRELATED အပြန်အလှန်ဆက်စပ်နေတဲ့ ဒါမှမဟုတ် INTERACTING အပြန်အလှန်သက်ရောက်မှုရှိနေတဲ့ အစိတ်အပိုင်းအတွဲအဆက် တွေဖြစ်တယ်။ တိုတိုတုတ်တုတ် ပြောရရင်တော့ System ဆိုတာ အပြန်အလှန်ချိတ်ဆက်နေတဲ့ စနစ်ပဲဖြစ်တယ်။

System ကို သိပြီးရင် Management System ဆိုတာ ဆက်ကြည့်ရအောင်။

Management System ဆိုတာ စီမံခန့်ခွဲမှုစနစ်။ စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်တာတွေကို စနစ်တကျဖြစ်အောင် ပံ့ပိုးပေးမယ့် စနစ်ကိုဆိုလိုတာဖြစ်တယ်။ ဒီလို စနစ်တကျဖြစ်ဖို့ ဆိုရင် ဒီ System မှာ ဘာတွေ ပါကိုပါရမလဲဆိုတော့ Policy ဖြစ်တဲ့ မူဝါဒတွေ နဲ့ Objectives ဖြစ်တဲ့ ရည်မှန်းချက်တွေ ပါကိုပါဝင်ရမှာ ဖြစ်တယ်။ ချမှတ်ထားတဲ့ အဲ့ဒီရည်မှန်းချက်တွေကို အောင်မြင်ဖို့ ဒီ Management System က ဆောင်ကျဉ်းပေးရမှာ ဖြစ်တယ်။

Quality ရယ်၊ System ရယ်၊ Management System ရယ် ကို သိပြီးသွားပြီဆိုရင် Quality Management System ဆိုတာဘာလဲ ဆက်ကြည့်ကြမယ်။

Quality Management System ဆိုတာ အရည်အသွေးရှိအောင်စီမံခန့်ခွဲမယ့် စနစ် ဖြစ်တယ်။ စာအရပြောမယ်ဆိုရင် Quality Management System is a MANAGEMENT SYSTEM TO DIRECT AND CONTROL AN ORGANIZATION WITH REGARD TO QUALITY.
"အဖွဲ့အစည်းတစ်ခုကို ညွှန်ကြားဖို့နဲ့ ထိန်းချုပ်ဖို့အတွက် အရည်အသွေးနှင့်ပတ်သက်တဲ့ စီမံခန့်ခွဲမှုစနစ် တစ်ခုပဲ ဖြစ်တယ်"။





Total Quality Management ကို လေ့လာမယ်၊ ကိုယ့်လုပ်ငန်း ကိုယ့်ကုမ္ပဏီ ကိုယ့်အဖွဲ့အစည်းမှာ အကောင်အထည်ဖော်တော့မယ်ဆိုရင် TQM ...
26/03/2025

Total Quality Management ကို လေ့လာမယ်၊ ကိုယ့်လုပ်ငန်း ကိုယ့်ကုမ္ပဏီ ကိုယ့်အဖွဲ့အစည်းမှာ အကောင်အထည်ဖော်တော့မယ်ဆိုရင် TQM ရဲ့ ခေါင်းစဉ်အောက်မှာ TQM ကို အကောင်အထည်ဖော်ဖို့ သိထားသင့်တာတွေရှိပါတယ်။

ဘာတွေလဲ ဆိုရင် -
၁။ Total Quality Management (TQM)
၂။ TQM Implementation
၃။ 5‘S’
၄။ Kaizen
၅။ Quality Circle

ဒါတွေအပြင် QMS၊ Leadership ၊ Teamwork ၊ Communication Skills၊ Life Improvement Skills တွေဟာလဲ TQM မှာ မဖြစ်မနေပါဝင်နေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။



Benefits of Quality Circles – Quality Circle ကို ကျင့်သုံးတဲ့အတွက် ရရှိမယ့် အကျိုးကျေးဇူးတွေက …- Operator ကနေ Manager အထ...
25/03/2025

Benefits of Quality Circles –

Quality Circle ကို ကျင့်သုံးတဲ့အတွက် ရရှိမယ့် အကျိုးကျေးဇူးတွေက …

- Operator ကနေ Manager အထိ တိုက်ရိုက် စကားပြောနိုင်တယ်။ (ပါဝင်ပတ်သက်မှုတွေ၊ ချိတ်ဆက်ဆောင်ရွက်မှုတွေကို ဆွေးနွေးနိုင်မှာဖြစ်တယ်။)

- Manager အချင်းချင်း တိုက်ရိုက် ဆွေးနွေးနိုင်တယ်။ (ဥပမာ - Awareness ပေးဖို့ ဘာတွေ လိုအပ်မလဲ ဆိုတာတွေ ဆွေးနွေးနိုင်မှာဖြစ်တယ်။)

- Operator အချင်းချင်း တိုက်ရိုက် စကားပြောနိုင်တယ်။ (သူတို့ရဲ့သဘောထား တွေကို ဖလှယ်နိုင်မှာ ဖြစ်တယ်။)

- ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးတွေ တိုးတက်လာမယ်။ Non-conformance လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုက်ညီမှုမရှိတာတွေကို ကာကွယ် နိုင်မယ်။




Total Quality Management ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့  Quality Circle ရဲ့ History ကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် --...
25/03/2025

Total Quality Management ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့ Quality Circle ရဲ့ History ကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် --

Quality Circle ကို အမေရိကန်မှာ ၁၉၅၀ လောက်ကတည်းက ပထမဆုံးတွေ့မြင်ခဲ့ရ တယ်လို့ ဖော်ပြကြတယ်။
၁၉၆၀ လောက်မှာ ဂျပန်လူမျိုး ဒေါက်တာ ကာရု အစ်ရှီကာဝါက Quality Circle ကို Develop လုပ်ခဲ့တယ်။
၁၉၇၀ အစောပိုင်းလောက်မှာ Quality Circle ကို အမေရိကန်မှာ ပြန်လည် ကျင့်သုံးလာ ကြပြန်တယ်။
၁၉၈၀ နောက်ပိုင်းမှာတော့ Total Quality Management နဲ့ Quality Circle အသုံးပြုမှုကို လုပ်ဆောင်လာကြတယ်။

Quality Circle ကို မှန်မှန်ကန် အသုံးပြုမယ်ဆိုရင် Total Quality Management အတွက် Quality Circle ဟာ တကယ်ကို ကောင်းမွန်တဲ့ Tool တစ်ခုဖြစ်ပါတယ်။




What is Quality Circle? Total Quality Management ကို အကောင်အထည်ဖော်ဖို့ နောက်ထပ်အရေးကြီးတာ တစ်ခုက Quality Circle ဖြစ်တယ်...
25/03/2025

What is Quality Circle?

Total Quality Management ကို အကောင်အထည်ဖော်ဖို့ နောက်ထပ်အရေးကြီးတာ တစ်ခုက Quality Circle ဖြစ်တယ်။

Quality Circle ဆိုတာ -- အဖွဲ့အစည်းတစ်ခု သို့မဟုတ် လုပ်ငန်းခွင်တစ်ခုမှာ ကြုံတွေ့ရ တတ်တဲ့ ပြသနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ပုံမှန်တွေ့ဆုံပြီးတော့ ထုတ်လုပ်မှုတွေ၊ ဝန်ဆောင်မှုတွေ တိုးတက်စေနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားဆွေးနွေး ကြတဲ့စကားဝိုင်း ဖြစ်ပါတယ်။

“It is better for one hundred people to take one step than for one person to take a hundred”
"လူတစ်ရောက်က ခြေလှမ်းတစ်ရာ လှမ်းတာထက် လူတစ်ရာက ခြေလှမ်း တစ်လှမ်း လှမ်းတာ ပိုကောင်းတယ်" လို့ ဆိုနိုင်တယ်။

ဆိုလိုတာက -- Quality Circle ရဲ့ သဘောသဘာဝမှာ ဝန်းထမ်းတွေ အလုပ်သမားတွေ က လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ ပြသနာတစုံတရာကို စုပေါင်းအဖြေရှာခြင်းဟာ တဦးတယောက်ချင်းစီ အဖြေရှာတာထက် များစွာထိရောက်မှု ရှိတယ်ဆိုတာကို တွေကြရ မှာ ဖြစ်တယ်။

Quality Circle ကို လုပ်ငန်းခွင်တစ်ခုမှာ လက်ခံကျင့်သုံးမယ်ဆိုရင် ဝန်ထမ်းတွေကို Quality Circle အကြောင်းနဲ့ Quality Circle ရဲ့ သဘောသဘာဝတွေကို Training ပေးထားဖို့ လိုအပ်ပါတယ်။

Nine types of waste. Total Quality Management ကို အကောင်အထည်ဖော်ဖို့ Kaizen က အရေးကြီးပါတယ်။ Kaizen က Waste တွေကို လျော့...
22/03/2025

Nine types of waste.

Total Quality Management ကို အကောင်အထည်ဖော်ဖို့ Kaizen က အရေးကြီးပါတယ်။ Kaizen က Waste တွေကို လျော့ချဖို့ အဓိကထားပါတယ်။ လုပ်ငန်းခွင်မှာ မလိုလားအပ်တဲ့ Waste တွေကို လျော့ချပြီးတော့ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရမယ်လို့ Kaizen က ဆိုထားတယ်။ အဲ့တော့ Waste (၉) မျိုးက ဘာတွေလဲ ကြည့်လိုက်ရအောင်။

၁။ Overproduction လို့ခေါ်တဲ့ Product တွေကို အလွန်အကျွံထုတ်လုပ်မှု။
၂။ Delays (Waiting time) ဖြစ်တဲ့ Delays နှောင့်နှေးမှုတွေ၊ Waiting Time စောင့်ဆိုင်းနေရတဲ့ချိန်တွေဟာ Waste တွေပဲ။
၃။ Transportation ဆိုတဲ့ အနီးအနားကနေရနိုင်တဲ့ ကုန်ကြမ်းတွေ ဒါမှမဟုတ် အနီးအနား ပတ်ဝန်းကျင်ကိုတင် ပေးပို့နိုင်တဲ့ ကုန်ချောတွေကို ဝေးဝေးလံလံ သယ်ဆောင်ရတာတွေဟာ Waste တွေပဲ။
၄။ Non-value added processing ဆိုတဲ့ တန်ဖိုးမရှိတဲ့ လုပ်ငန်း၊ အကျိုးမရှိတဲ့ Process တွေကို လုပ်ကိုင်နေခြင်းဟာလဲ Waste တွေပဲ။
၅။ Excess Inventories ဖြစ်တဲ့ မလိုတဲ့ အပိုစာရင်းဇယားတွေ၊
၆။ Excess Motions - မလိုတဲ့ အပိုလုပ်ကိုင်လှုပ်ရှားမှုတွေ၊
၇။ Defective products - ချွတ်ယွင်းထုတ်ကုန် (Products အပျက်တွေ)၊
၈။ Misused resources - အရင်းအမြစ်တွေကို မှားယွင်းအသုံးချတာတွေ၊ မမှန်မကန် အသုံးချတာတွေ၊
၉။ Underutilized people - လုပ်ငန်းအတွက် အသုံးမဝင်တဲ့ လူတွေ။

ဒါတွေဟာ လုပ်ငန်းခွင်က waste (၉) မျိုးဖြစ်ပါတယ်။




What is Kaizen?Total Quality Management ကို အကောင်အထည်ဖော်နိုင်ဖို့ နောက်ထပ် သိထားရမယ့် အကြောင်းအရာတစ်ခုက Kaizen။ Kaizen...
20/03/2025

What is Kaizen?

Total Quality Management ကို အကောင်အထည်ဖော်နိုင်ဖို့ နောက်ထပ် သိထားရမယ့် အကြောင်းအရာတစ်ခုက Kaizen။

Kaizen ဆိုတာ ဂျပန်စကားလုံး အသုံးအနှုန်းဖြစ်တယ်။
သူ့ရဲ့အဓိပ္ပာယ်က အင်္ဂလိပ်လို 'Continuous Improvement' or 'Change to become good'။ မြန်မာလို ဘာသာပြန်မယ်ဆိုရင် 'စဉ်ဆက်မပြတ်တိုးတက်ခြင်း' သို့မဟုတ် 'ကောင်းသောပြောင်းလဲခြင်း' လို့ အဓိပ္ပာယ်ဖွင့်ဆို နိုင်တယ်။

Kaizen မှာ Kai ဆိုတဲ့ အဓိပ္ပာယ်က Change ဒါမှမဟုတ် Modify လို့ အဓိပ္ပာယ်ရပြီး Zen ဆိုတာက Think, Make good, Make better ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။

Kaizen ရဲ့ အဓိက ရည်ရွယ်ချက်က လုပ်ငန်းခွင်တစ်ခုမှာ ကုန်ထုတ်လုပ်မှု ပိုမို တိုးမြှင့်နိုင်ဖို့၊ Wastes နည်းနိုင်သမျှနည်းနိုင်စေဖို့၊ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်း ပတ်ဝန်းကျင်ဖြစ်စေဖို့၊ စံချိန်စံညွှန်းနဲ့ညီတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်လာစေဖို့ပဲ ဖြစ်တယ်။




Total Quality Management ရဲ့ အဓိက သော့ချက်တစ်ခု ဖြစ်တဲ့ 5‘S’ ရဲ့ အားသာချက်တွေကို ပြောရမယ်ဆိုရင် … ♠ Clean, safe and orde...
19/03/2025

Total Quality Management ရဲ့ အဓိက သော့ချက်တစ်ခု ဖြစ်တဲ့ 5‘S’ ရဲ့ အားသာချက်တွေကို ပြောရမယ်ဆိုရင် …

♠ Clean, safe and orderly workplace - 5S ကို အကောင်အထည်ဖော်ဆောင် မယ်ဆိုရင် သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်ကို ရရှိမှာ ဖြစ်တယ်။

♠ Less waste – waste ပြုန်းတီးမှုနည်းမယ်။ waste တွေကို လျော့ချနိုင်မယ်။

♠ Less space required - အလုပ်လုပ်ဖို့ လိုအပ်တဲ့ နေရာဟာ အများကြီးမလိုအပ်ဘဲ နေရာအနည်းငယ်နဲ့ အလုပ်တွေကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။

♠ Improving self-discipline - လုပ်ငန်းခွင်က ဝန်ထမ်းတွေရော အလုပ်သမားတွေရော ဟာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ အမူအကျင့်တွေ တိုးတက်လာမှာ ဖြစ်တယ်။

♠ Higher employee satisfaction - ဝန်ထမ်းတွေ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှုတွေဟာ မြင့်မားလာမှာ ဖြစ်တယ်။

♠ Higher security - လုံခြုံရေးပိုင်းမှာလဲ ပိုပြီးတော့ တိုးတက်မြင့်မားလာမှာဖြစ်တယ်။




TQM ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ။TQM ရဲ့ ရည်ရွယ်ချက်က ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပထမဆုံးအကြိမ် ကတည်းက မှန်မှန်ကန်ကန်...
14/03/2025

TQM ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ။

TQM ရဲ့ ရည်ရွယ်ချက်က ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပထမဆုံးအကြိမ် ကတည်းက မှန်မှန်ကန်ကန် ဖန်တီးနိုင်ဖို့ဖြစ်တယ်။ ဆိုလိုတာက ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေဟာ ချို့ယွင်းချက်နည်းရမယ်၊ အပျက်အစီးနည်းရမယ်။ မိမိတို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ဖောက်သည်တွေက ကျေနပ်သဘောကျရမယ်။ ဒီလိုတွေ လုပ်ဆောင်နိုင်ဖို့ဆိုရင် TQM ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် TQM ရဲ့ လိုအပ်ချက်တွေကို သိရှိနားလည်ထားရမှာ ဖြစ်တယ်။ TQM ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ ဆိုရင် -

♠ Total Quality Management ဖြစ်တဲ့ အလုံးစုံအရည်အသွေးစီမံခန့်ခွဲမှု ဆိုတဲ့ Main Theme အပြင် …
♠ Leadership ဆိုတဲ့ ခေါင်းဆောင်မှု
♠ Teamwork and Problem Solving ဆိုတဲ့ အဖွဲ့လိုက်အလုပ်လုပ်ဆောင်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း။
♠ Communication skills ဆိုတဲ့ ပြောဆိုဆက်ဆံခြင်းစွမ်းရည်။
♠ Life Improvement Skills ဆိုတဲ့ ဘဝတိုးတက်ရေးစွမ်းရည်။
♠ Quality Management System (ISO 9001) ဆိုတဲ့ အရည်အသွေးစီမံခန့်ခွဲမှုစနစ်။




What is TOTAL QUALITY MANAGEMENT? Total Quality Management ဆိုတာဘာလဲ? Total Quality Management ဆိုတဲ့ အလုံးစုံအရည်အသွေးစ...
12/03/2025

What is TOTAL QUALITY MANAGEMENT?
Total Quality Management ဆိုတာဘာလဲ?

Total Quality Management ဆိုတဲ့ အလုံးစုံအရည်အသွေးစီမံခန့်ခွဲမှု ဆိုတာ အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ကြတဲ့သူတွေရဲ့ အရည်အသွေးအားလုံးဖြစ်တဲ့ Total Quality တွေကို ရရှိစေဖို့ Employer တွေရော Employee တွေအတွက်ပါ ဦးစားပေးပြီးတော့ စဉ်းစားတွေးတောထားတဲ့ Management Philosophy စီမံခန့်ခွဲမှုအတွေးအခေါ် တစ်ခု ဖြစ်ပါတယ်။

Total Quality Management ဆိုတာ မိမိတို့ရဲ့ Customer တွေက မိမိတို့ရဲ့ Product တွေ၊ မိမိတို့ရဲ့ Service တွေကို စိတ်ကျေနပ်မှု ရရှိစေဖို့ အမြဲမပြတ် အကဲခပ်စောင့်ကြည့် နေရမယ့် Integrated organization approach မိမိတို့အဖွဲ့အစည်းတစ်ခုလုံးက စုပေါင်း ချည်းကပ်ရမယ့် Management တစ်ခုလဲဖြစ်ပါတယ်။

Total Quality Management ဟာ လူကြိုက်များလာတဲ့ “Quality Management Concept” တစ်ခုဖြစ်ပါတယ်။ ဒီအယူအဆက မိမိတို့ရဲ့ Product တွေ၊ မိမိတို့ရဲ့ Service တွေရဲ့ အရည်အသွေးကို လုံးဝအာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်။

Total Quality Management ကို အကောင်အထည်ဖော်ဖို့အတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်တွေကို ခုလိုသတ်မှတ်ထားပါ တယ်။ Customer focus...
11/03/2025

Total Quality Management ကို အကောင်အထည်ဖော်ဖို့အတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်တွေကို ခုလိုသတ်မှတ်ထားပါ တယ်။

Customer focus (ဖောက်သည်တွေရဲ့အာရုံစူးစိုက်မှု) – Customer တွေက ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သူတို့အတွက် အကျိုးဖြစ်ထွန်းမှု ရှိမရှိကို ဆုံးဖြတ်ကြတယ်။

Employee involvement (ဝန်ထမ်းတွေရဲ့ ပါဝင်ပတ်သက်မှု) - ကျနော်တို့ရဲ့ ဝန်ထမ်းအားလုံးကို ကုမ္ပဏီရဲ့ စဉ်ဆက်မပြတ် တိုးတက်မှုတွေမှာ လိုက်ပါ လုပ်ဆောင်နိုင် စေဖို့ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို ဖန်တီးခွင့်ပြုပေးရမယ်။

Process motivation (လုပ်ငန်းစဉ်အလျောက် တက်ကြွအောင်လှုံ့ဆော်မှု) - ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေကို အဆင့်သတ်မှတ်ပြီး လုပ်ငန်းစဉ်တလျောက် စွမ်းဆောင်ရည် တွေကို တိုင်းတာရမယ်။

Integrated operations (ပေါင်းစပ်လုပ်ဆောင်မှုများ) – Vertical Relationship ဖြစ်တဲ့ အထက်အောက်ဆက်ဆံရေးတွေထက် Horizontal Relationships ဖြစ်တဲ့ ဘေးတိုက် ဆက်ဆံရေးတွေကို ပိုပြီး အာရုံစိုက်ရပါမယ်။

Continual improvement (စဉ်ဆက်မပြတ် တိုးတက်မှု) - ကိုယ့်လုပ်ငန်းကို စဉ်ဆက်မပြတ် တိုးတက်နေအောင် တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေကို အမြဲလမ်းဖွင့်ထားရမယ်။

Data-driven decision-making (အချက်အလက်တွေကို အခြေခံပြီးမှ ဆုံးဖြတ်ချက် ချခြင်း) - လုပ်ငန်းစဉ်တလျောက်မှာ လုပ်ကိုင်ခဲ့ကြတဲ့ စွမ်းဆောင်ရည်တွေကို တိုင်းတာ သတ်မှတ်ပြီး ရရှိလာတဲ့ အချက်အလက်တွေအတိုင်း ဘာဆက်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်တယ်။

Effective communication (ထိရောက်တဲ့ ဆက်သွယ်မှု) - စီးပွားရေးလုပ်ငန်းမှာ လုပ်ငန်းစဉ်တလျောက် လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများတွေရဲ့ Communication Skills ဟာ ထိရောက်မှု ရှိရမှာ ဖြစ်တယ်။

ဒီအချက်တွေက TQM ကို အကောင်အထည်ဖော်ဖို့ တကယ်ကို အရေးကြီးတဲ့ အတွက် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ ဒါတွေကို အခြေခံမူအဖြစ် လက်ခံကျင့်သုံး သင့်ပါတယ်။



Address

No. 270, ThiriMinGaLar Road, East YwaMa, Insein Township
Yangon
11012

Website

Alerts

Be the first to know and let us send you an email when Success TQM Training and Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category