Representative Committee of UTAs

Representative Committee of UTAs RC of UTAs

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သော တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာအောက်တိုဘာလ ၅ ရက်၊ ၂၀၂၅ ခုနှစ...
30/09/2025

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သော တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာ

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၅ ခုနှစ်

လောကတခွင်အား ပညာရောင်အလင်းဖြင့် အမှောင်ခွင်းပေးကြသူ ဘဝဗိသုကာရှင် အာစရိယနွယ်ဖွား ဆရာသမားအပေါင်း ကျန်းမာရွှင်လန်းကြစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ယနေ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက် ကမ္ဘာ့ဆရာများနေ့တွင် သဝဏ်လွှာပေးပို့ နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆရာဆိုသည်မှာ မသိသေးသည်ကို သိရှိအောင်၊ မတတ်မြောက်သေးသည်ကို တတ်ပွန်အောင် သင်ပြပေးသည်သာမက ရှေ့ဆက်ရမည့် ဘဝလမ်းခရီးအတွက်ပါ ဦးဆောင်ညွှန်ပြသူဖြစ်၏။ ဆရာတို့သည် မိမိတတ်သိသည့် ပညာရပ်ကိုဖြန့်ဖြူးရာ၌ အသိပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အတတ်ပညာကျွမ်းကျင်တတ်မြောက်ရေးတို့သာမက ကောင်းမြတ်သည့်စိတ်ဓာတ်ရှိရေးနှင့် မွန်မြတ်သော စာရိတ္တမွေးမြူရေးတို့ကိုပါ တပါတည်းရှေးရှု ဆောင်ရွက်တတ်ကြသည်။

အနာဂတ်ဗိသုကာရှင် ဆရာတို့၏ သင်ကြားစွမ်းဆောင်ပေးမှုဖြင့် တတ်ပွန်သည့်ပညာကိုသုံးစွဲကာ လောကတခွင်အား အလှဆင်ကြသူများ၊ မြတ်မွန်သည့် စိတ်နေစိတ်ထားများထားရှိလျက် သာယာချမ်းမြေ့သည့် ကမ္ဘာလောကကို ထုဆစ်နိုင်သူများကို မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ပညာဖြင့်သာ လူသားအချင်းချင်း ကိုယ်ချင်းစာနာတတ်၍ သာယာငြိမ်းချမ်းသော လောကကမ္ဘာကို တည်ဆောက်နိုင်ခဲ့ကြပါသည်။

ဆရာဆရာမဆိုသည်မှာ ပညာသင်ကြားသင်ယူမှု၊ လူတိုင်းအကျုံးဝင် ပါဝင်နိုင်မှု၊ ကျောင်းနှင့် လူ့အဖွဲ့အစည်းပြုပြင်မှု အစရှိသည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသူများ ဖြစ်ပေသည်။ သို့ရာတွင် ဆရာတို့၏ သင်ကြားနည်းစနစ်များ တိုးတက်စေရန်သော်လည်းကောင်း၊ စွမ်းဆောင်ရည် မြင့်မားစေရန်သော်လည်းကောင်း၊ လုပ်ငန်းကျွမ်းကျင် တတ်သိလိမ္မာမှု ရရှိစေရန်သော်လည်းကောင်း၊ စိတ်တူကိုယ်မျှ ပူးပေါင်းဆောင်ရွက်စရာ သင်းပင်းအဖွဲ့အစည်း တစုံတရာ ရှိမနေပေ။

ပညာရေးစနစ် အတော်များများ၌လည်း ဆရာများသည် တကိုယ်တည်း အထီးကျန် ဖြစ်နေရသည်။ ထို့အပြင် ချိတ်ဆက်ဆောင်ရွက်ရမည့် အဖွဲ့အစည်းသင်းပင်းများကလည်း အစိတ်စိတ်အမွှာမွှာ ကွဲပြားခြားနားနေကြကာ ဆရာများအနေဖြင့် အပေါင်းအဖော်များ၊ လမ်းညွှန်အကြံပေးနိုင်သူများ၊ ကျောင်းအကြီးအကဲဆိုသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ကောင်းစွာမရရှိကြချေ။ ဤသို့ဖြင့် ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးနှင့် ဆရာဆရာမများအား လုပ်ငန်းခွင်၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးတို့အတွက် မလိုလားအပ်သော ထိခိုက်ဆုံးရှုံးနစ်နာမှုများ မလွှဲမသွေ ကြုံတွေ့လာရပါတော့သည်။

ပညာလောကအတွင်း အပြန်အလှန် ကူညီဖေးမခြင်း၊ ကျွမ်းကျင်ရာအတတ်ပညာ မျှဝေပေးခြင်း၊ ပူးပေါင်းတာဝန်ယူ တာဝန်ခံခြင်းတို့ကို တန်ဖိုးထားပေးစွမ်းနိုင်သည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင်အခြေအနေတို့ကို ဖန်တီးတည်ဆောက် ဖေးမပေးရပါမည်။ ဤသို့သော အခြေခံအရင်းအမြစ်ကျကျ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် သင်ကြားရေးပညာရပ်အား ပြန်လည်ပုံဖော်ရေးကို အလေးပေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး သင်ကြားသင်ယူမှုနှင့် ဆရာဆရာမတို့၏ လုပ်ငန်းခွင် ကျေနပ်နှစ်သက်ပျော်ရွှင်မှုတို့အတွက် အမြဲလိုလို ရိုင်းပင်းထောက်ပံ့ရာ ရောက်ရှိပေသည်။

ကမ္ဘာ့ဆရာများနေ့အတွက် နှစ်စဥ်ချမှတ်ထားကြသည့် ဆောင်ပုဒ်များသည် ဆရာများ၏အားထုတ်ကြိုးပမ်းခဲ့မှုများအပေါ် မမေ့မလျော့ ဂုဏ်ပြုဖော်ညွှန်းပေးရုံမျှသာမက ဆရာများအား မောင်းနှင်ပေးမည့် တွန်းအားတရပ်လည်း ဖြစ်စေနိုင်သကဲ့သို့ အကောင်အထည်ဖော် စွမ်းဆောင်နိုင်မည့် စွမ်းအားများနှင့် နည်းနာနိဿယများကိုပါ ရရှိစေပါသည်။

ဆရာမြတ်တို့အနေနှင့် ပညာရေးတိုးတက်ပြောင်းလဲရုံသာမက လူ့အဖွဲ့အစည်း ကောင်းမွန်တိုးတက်ရေး၊ အာဏာရှင်ကင်းမဲ့သည့်လောကကို တည်ဆောက်ရေး၊ ပြည်ရွာကမ္ဘာ ငြိမ်းချမ်းသာယာရေးအထိပါ ဖော်ဆောင်ပေးနိုင်ရန် ဘက်စုံပေါင်းစပ်ထားသည့် ဆရာအတတ်ပညာရပ်ဖြင့် အားသွန်ခွန်စိုက် ဆက်လက်ဦးဆောင်သွားကြပါရန် ယခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ဆောင်ပုဒ်ဖြစ်သော

"Recasting teaching as a collaborative profession"
"ဆရာအတတ် ဘက်စုံစပ်၊ သုံးသပ်ပုံသွင်း သင်ကြားခြင်း"

ဖြင့် ထပ်ဆင့်အမွှန်းတင် ဂုဏ်ပြုတိုက်တွန်းလိုက်ရပါသည်။

CRPH က ပြဌာန်းလိုက်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ နှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက...
16/06/2025

CRPH က ပြဌာန်းလိုက်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ နှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်။

ကြေညာချက်အမှတ် (၁၀/၂၀၂၅)
နေ့စွဲ - ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်

တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (Representative Committee of University Teacher Associations(RC of UTAs)သည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့ နေ့စွဲဖြင့် CRPH က ပြဌာန်းလိုက်သော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို အောက်ဖော်ပြပါ အကြောင်းအရင်းများအားအခြေပြုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။

၁။ ဥပဒေသည် တော်လှန်ရေး (၄)နှစ်ကျော် ကာလအတွင်း စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာများရှိနေသော တော်လှန်ရေးအာဏာပိုင်များ၊ အဖွဲ့အစည်းများ၏ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်အတွက်ရည်ရွယ်ပြီး CDM ဝန်ထမ်းများကို ခုတုံးလုပ်အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်သည့်သဘောဟု ယူဆယုံကြည်ခြင်း။

၂။ ဥပဒေသည် ဒီမိုကရေစီ၏အနှစ်သာရတခုဖြစ်သည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ထားပြီး၊ အဆိုပါအယူအဆသည် အစဉ်အလာတခုဖြစ်ခဲ့ပါက အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အတွက် အလွန်အန္တရာယ် ကြီးမားသည့် ခြိမ်းခြောက်မှုတခုဖြစ်ခြင်း။

၃။ ဘက်ပေါင်းစုံနက်ရှိုင်းစွာ ကွဲလွဲနေမှုရှိနေပြီး၊ အမုန်းတရားများကြောင့် ပြည်တွင်းပဋိပက္ခများနှင့် ပြည့်နှက်နေသည့် နိုင်ငံတခုအတွက် ညီညွတ်မှုကို အထောက်အကူ မပြုစေသည်သာမက ထပ်မံပြိုကွဲနိုင်ပြီး အစွန်းရောက်လူအဖွဲ့အစည်း (Polarized Society) အဖြစ် တွန်းပို့စေခြင်း။

၄။ တော်လှန်ရေး၏ ပုံရိပ်အား လက်စားချေရေးကို ဦးတည်သည့်တော်လှန်ရေးတရပ်အဖြစ် ဂုဏ်သိက္ခာမှေးမှိန်စေခြင်း။

၅။ CDM ဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီက နှိပ်ကွပ်ခြင်းကိုအတုယူကာ စစ်ကောင်စီကဲ့သို့ကျင့်ကြံလာခြင်း။

၆။ လူထုအားကို အခြေပြုထားရသည့် တော်လှန်ရေးတခုတွင် လူထုစည်းရုံးရေးကို ဦးတည်ရမည့်အစား၊ ဒီမိုက ရေစီစံနှုန်းနှင့်ဆန့်ကျင်ပြီး လူထုကို တော်လှန်ရေးနှင့်ဝေးကွာအောင်မောင်းထုတ်၍ အာဏာသိမ်းစစ်ကောင်စီအတွက် စည်းရုံးရေးဆင်းပေးနေသကဲ့သို့ဖြစ်ခြင်း။

၇။ အနာဂတ်နိုင်ငံနှင့် လူအဖွဲ့အစည်းပြန်လည်တည်ဆောက်ရေးတွင် ရင်ဆိုင်ရလာနိုင်သည့် လူသားအရင်းအမြစ် ကပ်ဘေး (Human Resource Outbreak)ကို မြော်မြင်တွေးဆချက်များကင်းမဲ့ခြင်း။

တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ
Representative Committee of University Teacher Associations (RC of UTAs)

ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council – iFEC) ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစို...
02/11/2024

ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council – iFEC) ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (NUG – MoE)၊ သက်ဆိုင်ရာ ကြားကာလပညာရေးအစုအဖွဲ့များ၊ ဆရာ/ကျောင်းသားသမဂ္ဂများ၊ တိုင်းရင်းသားပညာရေးအစုအဖွဲ့များအားလုံး နှင့် သက်ဆိုင်ရာ Education Stakeholders များအားလုံး သို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သော တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ၏ သဝဏ်လွှာအောက်တိုဘာလ ၅ ...
01/10/2024

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သော တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ၏ သဝဏ်လွှာ
အောက်တိုဘာလ ၅ ရက်၊ ၂၀၂၄ ခုနှစ်

ရန်ကုန်မှာ သပိတ်ကိုင်စွဲထွက်လာတဲ့GSC ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု           စစ်တပ်လုံခြုံရေးတင်းကြပ်လျက်ရှိသော ရန်ကုန်တ...
06/07/2024

ရန်ကုန်မှာ သပိတ်ကိုင်စွဲထွက်လာတဲ့
GSC ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု

စစ်တပ်လုံခြုံရေးတင်းကြပ်လျက်ရှိသော ရန်ကုန်တွင် ' စစ်အာဏာရှင်အခက် ပြည်သူလူထုအချက် ' ဟူသည့် ဘန်နာ နှင့် ' သပိတ်' အားကိုင်စွဲ၍ ဖက်ဆစ်ဆန့်ကျင်ရေးပြောက်ကျားလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြသည် ။ ပြည်သူလူထုကြုံတွေ့နေရသော အကြပ်အတည်းများအတွက် လူထုတိုက်ပွဲအသွင်ဆောင်ရေး တပ်လှန့်သံများ နှင့်အတူ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည် ။

ဤလှုပ်ရှားမှုကို GSC နှင့် မဟာမိတ်သပိတ်ကော်မတီများ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ။

03/05/2024
နွေဦးခေါင်းလောင်းသံတော်လှန် သံချပ်အဖွဲ့သားများသံချပ်တိုက်နေသော ပုံရိပ်တချို့အားမျှဝေလိုက်ပါတယ်။အခြေခံပညာ_ပညာရေးလုပ်သားသမ...
14/04/2024

နွေဦးခေါင်းလောင်းသံ
တော်လှန် သံချပ်အဖွဲ့သားများ
သံချပ်တိုက်နေသော ပုံရိပ်တချို့အားမျှဝေလိုက်ပါတယ်။

အခြေခံပညာ_ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်_တိုက်ပွဲဦးဆောင်ကော်မတီ

#နွေဦးခေါင်းလောင်းသံ
#တော်လှန်သံချပ်

စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့တပ်ပေါင်းစုကိုတည်ဆောက်စို့နီတဲ့သွေး ရက်သတ္တပတ်၁ ဖေဖော်ဝါရီ - ၇ ဖေဖော်ဝါရီ အလံနဲ့ အသံကို နားစွင...
30/01/2024

စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့
တပ်ပေါင်းစုကိုတည်ဆောက်စို့

နီတဲ့သွေး ရက်သတ္တပတ်
၁ ဖေဖော်ဝါရီ - ၇ ဖေဖော်ဝါရီ

အလံနဲ့ အသံကို နားစွင့်ပါ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ အသင့်ရှိပါ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ
General Strike Committee (GSC)

အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်သုံးစစ်တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်ဇန်နဝါရီလ၊ ၁၉၊ ၂၀၂၄ခုနှစ်။ဗမာနိုင်ငံလ...
20/01/2024

အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်သုံးစစ်တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

ဇန်နဝါရီလ၊ ၁၉၊ ၂၀၂၄ခုနှစ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် General Strike Committee - (GSC) ကော်မတီဝင် အဖွဲ့အစည်းများဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် သပိတ်ကော်မတီ၊ တာမွေမြို့နယ် သပိတ်ကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ် လူငယ်၊ သာကေတမြို့နယ်သပိတ်ကော်မတီ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)နှင့် Yangon Revolutionary Force (YRF) တို့ ပူးပေါင်း၍ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆိီသို့”၊ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

“အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့”

ပြန်ကြားရေးနှင့် မှတ်တမ်းထိန်းသိမ်းရေးကော်တီ
#အထွေထွေအကျပ်အတည်း #လှုပ်ရှားမှု

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်စက်တင်ဘာလ၊ ၇ရက်၊ ၂၀၂၃ခုနှ...
08/10/2023

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

စက်တင်ဘာလ၊ ၇ရက်၊ ၂၀၂၃ခုနှစ်။

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ “လူထုအကျပ်အတည်းအရင်းခံ အာဏာရှင်စနစ်အမြစ်လှန်” စာသားပါ စတေကာများနှင့် ပန်းဖလက်များ ဖြန့်ဝေသည့် လှုပ်ရှားမှုတရပ်ကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

#ဗကသ #လှုပ်ရှားမှု

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သော တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ၏ သဝဏ်လွှာအောက်တိုဘာလ ၅ ...
03/10/2023

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သော တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ၏ သဝဏ်လွှာ

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်

Address

Yangon
951

Website

Alerts

Be the first to know and let us send you an email when Representative Committee of UTAs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Representative Committee of UTAs:

Shortcuts

Share