02/07/2025
SALES,MARKETING, BRAND MANAGEMENT Professionals များအတွက်ဖွင့်လှစ်လိုက်သော“𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐌𝐀𝐑𝐊𝐄𝐓 𝐒𝐄𝐍𝐒𝐈𝐍𝐆 𝐖𝐎𝐑𝐊𝐒𝐇𝐎𝐏
Transform Consumer & Market Visits into Strategic Insights”
𝐄𝐧𝐫𝐨𝐥𝐥 𝐍𝐨𝐰 ! အပ်နှံနိုင်ပါပြီ...
22 seats only.
WorkShop Fees : 350,000 Kyats Only
📅 Date. : 25th July 2025 (FRIDAY)
📍 Location. : WISE College – Executive Learning Hub, Room-304, 3rd Floor,
Novotel Hotel, Pyay Road, Yangon
🎯 Format. : One-Day Intensive | Paid Participation
Why Attend?
Are you in 𝑆𝑎𝑙𝑒𝑠, 𝑀𝑎𝑟𝑘𝑒𝑡𝑖𝑛𝑔, 𝑜𝑟 𝐵𝑟𝑎𝑛𝑑 𝑀𝑎𝑛𝑎𝑔𝑒𝑚𝑒𝑛𝑡 ?
Do you frequently visit wholesale, retail, or consumer environments and want to extract deeper, actionable insights?
This hands-on workshop will equip you with professional qualitative research techniques—empowering you to ask sharper, easier-to-answer questions, capture relevant feedback, and translate your field visits into impactful business strategy.
What You’ll Learn:
The Power of Qualitative Methods: Focus Group Discussions (FGDs), In-Depth Interviews (IDIs), Ethnography and Consumer Immersions.
Effective Market Engagement:
Learn how to observe, interact, and listen actively during market visits to wholesalers, retailers, and consumer homes.
Insight-Driven Thinking:
Systematically analyze and interpret feedback using structured tools to identify key patterns, sentiments, and gaps.
Professional Reporting:
Develop insightful summary reports for internal teams and senior leadership that guide next steps and drive decisions.
Who Should Attend?
Sales Executives & Managers
Marketing Professionals
Brand & Trade Marketing Teams
Field Researchers & Product Managers
Ready to Turn Every Visit into Insight?
Contact Us:
Via Messenger - WISE College – Executive Learning
Contact Number - 09-422317269 (9am to 5pm) Monday Close and
Email - [email protected]
17/04/2025
“ မြန်မာသက္ကရာဇ်၁၃၈၇ နှစ်သစ်ဆုမွန်ကောင်း ”
🌼🌿💦
မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယမှာ
မြန်မာပြည်သူ၊ ပြည်သားများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ၊ ကျန်းမာပျော်ရွှင်ကြပါစေကြောင်းဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်…
WISE College
Executive Education
#နှစ်သစ်ဆုတောင်း
02/01/2025
BMHD, BMAD Batch - 9,10,11,12 Final Assignment တင်ထားပြီးသော ကျောင်းသားများ အတွက် …
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) နှင့် WISE COLLEGE တို့
ပူးပေါင်းဖွင့်လှစ်ခဲ့သည့် BMAD နှင့် BMHD ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်းနှင့် ဘွဲ့နှင်းသဘင်ကြေညာချက်
၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်
ပါသည်-
လျှောက်လွှာတင်သွင်းရမည့်ရက် - ၀၂-၁-၂၀၂၅ ရက်နေ့မှ
၉-၁-၂၀၂၅ ရက်နေ့ထိ
ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် - ၂၅-၁-၂၀၂၅ (စနေနေ့)၊
နံနက်(၀၉:၀၀)နာရီ
ဘွဲ့နှင်းသဘင်ကျင်းပမည့်နေရာ - သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)
၂။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်များ တွင် နောက်ဆုံးနှစ်ဘွဲ့ စာမေးပွဲများ၊ ဘွဲ့လွန်ဒီပလိုမာ စာမေးပွဲများနှင့် မဟာဘွဲ့ စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။
၃။ ဘွဲ့နှင်းသဘင်လျှောက်လွှာများကို ၀၂-၁-၂၀၂၅ ရက်နေ့မှ
၉-၁-၂၀၂၅ ရက်နေ့ အတွင်း WISE COLLEGE Campus Novotel တွင် သတ်မှတ်လျှောက်လွှာပုံစံထုတ်ယူပြီး လွန်ခဲ့သည့် (၃)လအတွင်း ရိုက်ကူးထားသော (၂”x ၁ ၁/၂” )လက်မ ရောင်စုံဓာတ်ပုံ (၃)ပုံပူးတွဲ၍ လျှောက်ထား ရမည်။ ဓာတ်ပုံများသည် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ (အမျိုးသား) နှစ်သက်ရာဝတ်စုံကို အပြည့်အစုံဝတ်ဆင်၍ သပ်ရပ်စွာရိုက်ကူးထား သောဓာတ်ပုံ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူတို့ဖြင့် လျှောက်ထားရမည်။
၄။ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့လျှောက်ထားသူများသည် ပထမဘွဲ့၏ ဘွဲ့လက်မှတ်မိတ္တူကိုပါ တစ်ပါတည်းထည့်သွင်းလျှောက်ထားရမည်။
၅။ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့တက်ရောက် ယူမည့်သူများသည် ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာဝတ်စုံ၊ တိုင်းရင်းသား ဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ(အမျိုးသား)တို့ကို အပြည့်အစုံဝတ်ဆင်သူများကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။
၆။ ဘွဲ့တက်ရောက်ယူမည့်သူများအတွက် ဘွဲ့ဝတ်စုံငှားရမ်းခွင့်ထောက်ခံစာ၊ ဘွဲ့နှင်းသဘင်သို့ တက်ရောက်ခွင့်ပြုသည့် လက်မှတ်/ဧည့်လက်မှတ်များကို ၂၀-၁-၂၀၂၅ ရက်နှင့် ၂၁-၁-၂၀၂၅ ရက်နေ့များတွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမတွင် ထုတ်ပေးမည်ဖြစ်ပါသည်။
၇။ အသေးစိတ်အချက်အလက်များကို
WISE COLLEGE 09-422317269 (9 AM to 5 PM) စုံစမ်းနိုင်ပါသည်။
20/07/2024
ဝါဆိုလဘွဲ့
ပြုဗ္ဗာသဠ် ကြယ်ထွန်းလို့
လဝန်းတဲ့ သော်တာ
သည်ချိန်ကို ယုဂန်ဖျားက
နှစ်ပါး ရောင်ခြည်ဆိုက်
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ
ညှာတံက ငုံဖူး
ပုံးညက်ကယ်ခိုင်မင်းက
သင်းပျံ့လို့ကြူး။
စာဆိုတော်ဦးမင်း
06/06/2024
ပိုမိုခိုင်မာသော အနာဂတ်အတွက် Corporate Vs Supply Chain Management Program (Intensive Course) ကို စာရင်းပေးသွင်းတက်ရောက်နိုင်ပါပြီ ။
ဆရာ Dr.Dean Than Aung ကိုယ်တိုင်သင်ကြားမည် ဖြစ်သော Corporate Vs Supply Chain Management Program (Intensive Course) ကို တက်ရောက်ရန် စာရင်းပေးသွင်းနိုင်ပါပြီ…
ဒီ Program က Coporate Vs Supply Chain နယ်ပယ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေကြပြီး LSCMရဲ့ အကြောင်းကို လက်တွေ့ ကျွမ်းကျင်သည် အထိ သင်ယူလေ့လာ၊ နားလည်အသုံးချလိုတဲ့
Business Ownerများ၊ မိမိရဲ့ Skill ကို Upgrade လုပ်လိုတဲ့ Supervisor နှင့်အထက်ရာထူးများအတွက် သီးသန့်ဖွင့်လှစ် လိုက်တဲ့ Program ဖြစ်ပါတယ်။
အထူးသဖြင့်
- Head of Purchasing, Logistics Manager,Head of Ware House, Head of Distribution, Expansion Project Manager, Government Liaison Manager ရာထူးမှာ တာဝန်ထမ်းဆောင်မယ့်သူများ
- Corporate Company ကြီးများရှိ Supply Chain Management ရာထူးများတွင် တာဝန်ယူလုပ်ကိုင်ရန် Skill Upgrade လုပ်ထားချင်သူများ ၊
- အတွေ့အကြုံရှိပြီး ၊ နိုင်ငံတကာ Corporate FDI များတွင် Import / Export & LSCM Expatriate position ဖြင့် သွားရောက် အခြေချလုပ်ကိုင်လိုသော သူများ တက်ရောက်သင့်ပါတယ်။
About Program Mentor
Coporate FDI vs Supply Chain မှာ အနှစ် ၄၀ ကျော် အတွေ့အကြုံရှိတဲ့ ဆရာ Dr.Dean Than Aung မှ စာတွေ့ + လက်တွေ့အသုံးချနိုင်ရန် မျှဝေသင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းမှာဘာတွေလေ့လာသင်ယူရမလဲ ?
1.Expansion Project Management
2.Logistics Management
3.Evolution of Purchasing,Logistics & SCM စသည့် Main Subject များပါဝင်မှာဖြစ်ပါတယ်။
Lecturer ၏ Learning & Applied theories များ အခြေခံ၍ Purchasing, LSCM ရှေ့လာမည့်တိုးတက်ပြောင်းလဲ မည့် lower down cost strategies များ နှင့် မတူညီသော Industry များတွင် Corporate technologies များကို မည်ကဲ့သို့ အကျိုးရှိစွာဖန်တီးလုပ်ဆောင်ခဲ့သည်များကိုလက်တွေ့ Results များပြသ၍ဆွေးနွေးပေးပါမှာဖြစ်ပါတယ်။
ဦးဆောင်နေသော Industry များဖြစ်သော FMCG(Beer,Whisky,Soft drinks,Energy drinks) များနှင့် Oil & Gas exploration (PSD), Hotel & Tourism, BOT စံနစ်များမှ အကြောင်းအရာများကို Data sharing, Q&A များဖြင့်အလေးထားမျှဝေသွားမည်ဖြစ်ပါသည်။
Curriculum မှာ ဘာတွေပါဝင်မလဲ?
MBA & PhD Courses များမှ ထုတ်နှုတ်ထားသော
Purchasing and LSCM Academic and Theories များ
LSCM and its evolution in CIM global courses မှ ထုတ်နှုတ်ချက်များ ကို
လက်တွေ့အသုံးချ Experienced Based Case Study များဖြင့် လေ့လာရမှာဖြစ်ပြီး ၊ သင်တန်းကာလ အတွင်း လက်တွေ့ရင်ဆိုင်နေရသော အခက်အခဲများကို ဆရာ နှင့်ဆွေးနွေးတိုင်ပင်နိုင်သော အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
Learning Hours - 3hrs / Weeks
Duration - 6 Weeks
ဇွန်လ ၂၃ တွင် စတင်မှာဖြစ်ပါတယ်။
Learning Mode
ရုံးချိန်ပြင်ပ အချိန်များ တွင် Zoom + On Campus ( Novotel Office Complex) သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက WISE College Executive Education မှ ပေးအပ်မယ့်
Corporate Vs Logistics and Supply Chain Management Program Completion Certificate ကို ရရှိမှာဖြစ်ပါတယ်။
Class Size
Batch 001 မှာ သင်တန်းသား ဦးရေ ၂၂ ဦးသာ လက်ခံမှာ ဖြစ်ပါတယ်။
သင်တန်းကြေး
၂၅၀၀၀၀ ကျပ်တိတိ
Refreshment - Coffee, Tea and Snacks included.
မိမိတို့ရဲ့ ဝန်ထမ်းများအတွက် အပ်နှံလိုသော Company များအတွက် ဝန်ထမ်း ၅ဦးအထက် အပ်နှံပါပြီး Corporate Discount ရယူနိုင်ပါတယ်။
Messenger မှာ စုံစမ်းပေးပါရန်။
AYA Banking, AYA Pay, KBZ Pay တို့မှငွေပေးချေနိုင်ပါတယ်။
သင်တန်းအတွက် စာရင်းပေးသွင်းရန် Messenger Box သို့မဟုတ်
WISE COLLEGE Office Number မှ တဆင့်ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
WISE COLLEGE
Executive Education
Room No.304, 3rd Floor,
Hotel Novotel Yangon Max,
Yangon, Myanmar
[email protected]
09 422 317 269 (မနက် ၉နာရီ - ညနေ ၅နာရီ )
( တနင်္လာနေ့တိုင်းရုံးပိတ်ပါတယ်)
22/05/2024
🌼ကဆုန်လဘွဲ့
စကားဝါ ငုံသင်းလို့
ကြယ်မင်းတဲ့ ဝိသာခါ
တိမ်ဘွေမှာ ရောင်ချည်ရွှန်း
ထွန်းတဲ့ ချိန်ခါ။
စုံကန္တာ
ဟေမာမြိုင်ထဲ
ရွှေကျေး ပျံသင်လို့
စံပျော်ရွှင် သည်ကို ကူးလို့ငယ်
မြူးကြစမြဲ။
သဖြန်လေးဆစ်
ဖိုးသူတော်ဦးမင်း
The yellow champac buds are fragrant.
Alpha Libra, the king of stars,
shines amid the clouds
in brilliant rays.
Translated by Mg Thar Noe
07/05/2024
မင်္ဂလာပါ…
လေးစားစွာဖိတ်ကြားအပ်ပါတယ်…
ဆရာ Dr.Dean Than Aung ကိုယ်တိုင်သင်ကြားပေးမှာဖြစ်သော Corporate Vs Logistics and Supply Chain Management Program ကို တက်ရောက်ရန် အခုဘဲ စာရင်းပေးသွင်းလိုက်ပါ…
Event Fees : ၅သောင်းကျပ်သာပေးသွင်းရန်။
WISE College မှာ စီစဉ်ပြီး ဆရာ Dr.Dean Than Aung မှ ပညာဒါနမျှဝေပေးသွားမည်ဖြစ်သော
Corporate Vs Logistics and Supply Chain Management Program
ကို မေလ ၁၂ ရက်နေ့ တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါ၍ စိတ်ဝင်စားသော စီးပွါးရေးလုပ်ငန်းရှင်များ ၊ Company အသီးသီးမှ စိတ်ပါဝင်စားသူများ Registration ပြုလုပ်၍ တက်ရောက်နိုင်ပါပြီ။
***နေရာကန့်သတ်ချက်ရှိသည့်အတွက် ပထမဦးဆုံး Registration ပြုလုပ်ထားသူ လုပ်ငန်းရှင် ၂၀ ဦးသာတက်ရောက်နိုင်ပါမည်။
Coffee and Snacks will be provided.
နေ့ရက်
12.5.2024 / Sunday
အချိန်
9:00 AM - 5:00 PM
နေရာ:
WISE College
Room No.304, 3rd Floor,
Hotel Novotel Yangon Max,
Yangon, Myanmar
Event Fees :
၅သောင်းကျပ်သာပေးသွင်းရန်။
AYA Banking, AYA Pay, KBZ Pay တို့မှငွေပေးချေနိုင်ပါတယ်။
သင်တန်းအတွက် စာရင်းပေးသွင်းရန် Messenger Box သို့မဟုတ် WISE COLLEGE Office Number မှ တဆင့်ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
For Inquiry and Registration
Wise College
Executive Education
☎️ 09-422317269 (9 AM to 5 PM)
Monday Close
📧 [email protected]
https://www.facebook.com/WiseCollegeMyanmar
02/05/2024
“Announcement for BMHD/ BMAD Assignment ”
BMHD12 / BMAD11 ဖြေဆိုအောင်မြင်ထားသော ကျောင်းသားများ
Final Assignment Title များ Page Messenger ကနေ ဆက်သွယ် ထုတ်ယူလို့ရပါပြီ။
BMHD/AD Program
01/05/2024
“Happy Workers’ Day”
🧑⚕️👷👩💻👨🏻🏫👩🏻🍳🧑🔧🧑✈️👩🏼🚀
A worker is a creator and a great asset to every nation.
Congratulations to all of the workers in a different field. 👷 👷
’Day
21/04/2024
Final Call For Enrollment 📣
“ စီးပွါးရေးလုပ်ငန်းရှင်များ နှင့် Sales and Marketing Professionals များတက်ရောက်သင့်တဲ့
Understanding Research in Marketing and Business Management ”
ဆရာဦးသူရိန်ငြိမ်း ကိုယ်တိုင်သင်ကြားမယ့် Understanding Research in Marketing and Business Management Online Learning Program တက်ရောက်ရန် စာရင်းပေးသွင်းနိုင်ပါပြီ...
Data Driven ခေတ်လို့ ခေါ်ဆိုလာကြတဲ့အထိ သတင်းအချက်အလက် ပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ချက်ချလုပ်ဆောင်မှုတွေက ယနေ့ခေတ် မှာ အရေးပါလာပါတယ်…
Business တွေမှာ အသုံးချတဲ့ Data တွေကို Business Research and Marketing Research တွေကနေရရှိပါတယ်…
ရရှိလာသော စျေးကွက်ရှာဖွေရေးဆိုင်ရာ Insight Data များကို အခြေခံပြီး စားသုံးသူများ၏ လိုအပ်ချက်နှင့် ပိုမိုကောင်းမွန်သော တန်ဖိုးကို ဖြည့်ဆည်းပေးသည့် ကမ်ပိန်းများနှင့် စားသုံးသူအတွက်အတွေ့အကြုံကောင်းများကို ဖန်တီးရန် အသုံးပြုလေ့ရှိပါတယ်။
Understanding Research in Marketing and Business Management Program က
Market Insights ကို အသေးစိတ်ပိုမို နားလည်အသုံးချလိုတဲ့ Business Ownerများ၊ မိမိရဲ့ BusinessSkill Set ကို Upgrade လုပ်လိုတဲ့ Sales and Marketing Personများ ၊ Business Research and Development နယ်ပယ်မှာ အခြေချလုပ်ကိုင်မယ့်သူများ အတွက် အထူးသီးသန့်ဖွင့်လှစ် လိုက်တဲ့ Online Learning Program ဖြစ်ပါတယ်။
Online Learning ဖြစ်တာကြောင့် မည်သည့်နေရာဒေသမှ မဆို ဝင်ရောက်လေ့လာသင်ယူနိုင်ပါတယ်။
သင်တန်းကာလ : ၃လ ( 25 April မှ 11 July )
သင်တန်းတက်ရောက်ရန် : ကြာသပတေးနေ့ တိုင်း Zoom ဖြင့်တက်ရောက်ရပါမည်။
အချိန် : ည ၇:၀၀ မှ ၈:၃၀ အထိ
သင်တန်းကြေး
၁သိန်း ၈သောင်း ကျပ်တိတိပေးသွင်းရမှာဖြစ်ပါတယ်။
Discount % :
Early Birds ၅ ဦး အတွက် 10%Discount
WISE Executive Education Program သင်တန်းသားအဟောင်း 10% Discount
AYA Banking, AYA Pay, KBZ Pay တို့မှငွေပေးချေနိုင်ပါတယ်။
သင်တန်းအတွက် စာရင်းပေးသွင်းရန် Messenger Box သို့မဟုတ်
WISE COLLEGE Office Number မှ တဆင့်ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
WISE COLLEGE
Executive Education
09 422 317 269
14/04/2024
BMHD12 / BMAD11 ဖြေဆိုထားသော ကျောင်းသားများ အောင်စာရင်းထွက်ပါပြီ။
အောင်စာရင်း အသေးစိတ် ကို Messenger ကနေ ဆက်သွယ်ထုတ်ယူပေးပါ။
Final Assignment Title များ နှင့် Deadline ကို 26.4.2024 တွင် ထုတ်ပြန်ပြီး ပေးပို့သွားမည်ဖြစ်ပါသည်။