First AAT Training Provider in Myanmar

First AAT Training Provider in Myanmar

Share

First AAT Training Provider of Myanmar

Photos from MAS Education Center's post 27/04/2022

✨AAT Level 3 Diploma ၊ AAT Level 4 Diploma ရရှိထားသူများနှင့် အခုလက်ရှိ တက်ရောက်နေသူများ၏ AAT တက်ရောက်ရတဲ့ အတွေ့အကြုံလေးတွေ၊ တက်ရောက်ပြီးနောက် ဘယ်လိုတိုးတက်မှုတွေရှိလာတယ် ဆိုတဲ့ Honest Review လေးများ ❤


20/10/2020

🌟𝗔𝗔𝗧 𝗟𝗘𝗩𝗘𝗟 𝟰 ဘာကြောင့်တက်သင့်တာလဲ?🌟

⚜️ မကြာသေးခင် နှစ်များအတွင်းမှာ မြန်မာနိုင်ငံရဲ့ စာရင်းကိုင်ပညာရပ်ဝန်းမှာ အင်္ဂလန် (UK) အောင်လက်မှတ်ရတဲ့ (မြန်မာ လုပ်ငန်းရှင်များက အသိအမှတ်ပြုတဲ့) အောင်လက်မှတ်လို့ပြောရင် LCCI နဲ့ ACCA ဟာထင်ရှားပါတယ်။
⚜️ ၂၀၁၆ ကနေစပြီး မြန်မာနိုင်ငံ စာရင်းကိုင်ပညာရပ်ဝန်းကို AAT ဆိုတဲ့ အင်္ဂလန် (UK) အောင်လက်မှတ်ရတဲ့ Accounting Qualification တစ်ခု ပေါ်ပေါက်လာပါတယ်။

💁‍♀️ AAT Accounting Qualifications တွေထဲက 𝐀𝐀𝐓 𝐋𝐞𝐯𝐞𝐥 𝟒 (𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠) အကြောင်းကို အဓိက ပြောပြပေးသွားမယ်နော် ✨✨

✴️ စုစုပေါင်း ဘာသာရပ် (၆)ခုအောင်မှ Professional Diploma လက်မှတ်ရပါတယ်။
✴️ လုပ်သက် အတွေ့အကြုံ နဲ့ပေါင်းမှ MAAT ဆိုတဲ့ အသိအမှတ်ပြု အဖွဲ့ဝင်ဖြစ်သွားမှာပါ။

💁‍♀️ ဆိုတော့ (၆)ဘာသာ ကိုရှင်းပြပါမယ်။
မဖြေမနေ ဖြေရတဲ့ (၄)ဘာသာ နဲ့ ရွေးချယ်စရာ (၂)ဘာသာ ပါဝင်ပါတယ်။

🌟 မဖြေမနေ ဖြေရတဲ့ (၄) ဘာသာထဲမှာ
(𝟏) 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐨𝐟 𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬
(𝟐) 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 - 𝐁𝐮𝐝𝐠𝐞𝐭𝐢𝐧𝐠
(𝟑) 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 - 𝐃𝐞𝐜𝐢𝐬𝐢𝐨𝐧 & 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐬
(𝟒) 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 & 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐬 တို့ပါဝင်ပြီး၊

🌟 ရွေးချယ်လို့ရတဲ့ ဘာသာရပ်တွေကတော့
(𝟏) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐚𝐱
(𝟐) 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐓𝐚𝐱
(𝟑) 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐀𝐮𝐝𝐢𝐭
(𝟒) 𝐂𝐚𝐬𝐡 𝐚𝐧𝐝 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
(𝟓) 𝐂𝐫𝐞𝐝𝐢𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တို့ပါဝင်ပါတယ်၊
ရွေးချယ်စရာ (၅)ခုထဲက (၂)ခုအောင်ရင် ရပါတယ်၊ မိမိ ဆန္ဒရှိရင် (၅)ခုလုံး ဖြေလို့လည်းရပါတယ်။

AAT Level 4 က ဘယ်လိုလူတွေနဲ့ သင့်တော်သလဲလို့ တော်တော်များများက မေးလေ့ရှိပါတယ် 🤔❓

စာရင်းကိုင်ပညာ လေ့လာကြတဲ့ မြန်မာ ကျောင်းသူကျောင်းသား အားလုံးနဲ့ သင့်တော်ပါတယ်လို့ သိမ်းကြုံးပြီး ဖြေပေးလို့ရပါတယ် 👩‍🎓👨‍🎓✅
သူက မနိမ့်လွန်း မမြင့်လွန်းတဲ့ လူအများစု တက်နိုင်တဲ့ အဆင့်တစ်ခုမှာရှိပါတယ်...

အားသာချက်တွေပြောပြပါမယ် 👍✨

(၁) ဖိအားမများဘူး

✳️ မြန်မာနိုင်ငံမှာ တော်တော်များများ LCCI Level 3 အထိ ပြီးအောင်တက်ကြတယ်၊ ပြီးရင် နောက်တဆင့် ဆက်တက်ဖို့ဆိုတာ ရွေးချယ်စရာ (၂) ခုထပ်ရှိတယ်ပေါ့ (အကြမ်းဖျဉ်းပြောတာပါနော်)
✳️ ACCA နဲ့ မြန်မာ CPA ပေါ့၊ (၂) ခုစလုံးက ပြောရရင် တကယ့် Professional တွေ၊ မြန်မာကျောင်းသားတွေထဲမှာ အဲ့ဒီ (၂)ခုကို ပြီးအောင် လုပ်နိုင်တဲ့သူ ရှိတော့ရှိတယ်၊ ရှားတယ်လို့ပြောရင် လွန်မယ် မထင်ဘူး၊
✳️ ဘာလို့လဲဆိုရင် အချိန် အတိုင်းအတာ တစ်ခုပေးရတယ်၊ ACCA အတွက်ဆိုရင် English skill က သာမန်ထက်နည်းနည်းတော့ ပိုလိုအပ်တယ်ဆိုတာ ငြင်းလို့မရပါဘူး၊
✳️ ဒီ (၂)ခု ကို ဆက်လုပ်ကြတဲ့ ကိုကို မမ အများစုဟာ အလုပ်တစ်ဖက်နဲ့၊ အိမ်ထောင်ကျသွားတဲ့သူဆို မိသားစု အရေးတစ်ဖက်နဲ့ ဆိုတော့ ဖိအားတွေများပါတယ်၊
✳️ ဒီတော့ ဉာဏ်ကောင်းပြီး စာတကယ်လုပ်နိုင်တဲ့ အခြားအချိန်ပေးစရာလည်းသိပ်မရှိတဲ့ လူနည်းစု အတွက်တော့ ဖိအားမများပေမဲ့ အများစုအတွက်က ဖိအားများပါတယ်၊ လမ်းတစ်ဝက်မှာ ရပ်နေကြရတာများပါတယ်၊ ကျနော်ပြောတာ အများစုအတွက်ပြောတာပါနော်၊
✳️ လိုရင်းပြောရရင် LCCI Level 3 ပြီးလို့ ဘာဆက်တက်ရမလဲ ဘာဆက်ပြီး လေ့လာသင့်သလဲဆိုရင် အသင့်တော်ဆုံးက ဖိအားမများပဲ further study လုပ်နိုင်တဲ့ AAT Level 4 ဖြစ်ပါတယ်။

✴️ AAT Level 4 ကို Sunday တစ်ရက်ပဲ အချိန်ပေးပါ၊ တစ်ပတ်ကို (၄)နာရီလောက် အတန်းတက်၊ ပုံမှန်စာလုပ်ရင် (၃)လကို တစ်ဘာသာ လောက်ပြီးပါတယ်၊ ကျန်တဲ့ (၆) ရက်ကို အလုပ်လုပ်ပါ၊ မိသားစုကို အချိန်ပေးပါ။

💁‍♀️✨ Work, Life and Education ကို Balance ဖြစ်အောင်နေနိုင်ပါတယ်၊

.................................................

(၂) စာမေးပွဲ

✳️ စာမေးပွဲက flexible ဖြစ်ပါတယ်၊ ကိုယ်စာရမှ ကိုယ်ဖြေပါ၊ စာမေးပွဲကြေးက အစောကြီးထဲက ကြိုသွင်းထားစရာ မလိုဘူး၊ ဖြေဖို့ သေချာပြီဆိုမှ (၅)ရက် တပတ်လောက်ကြို သွင်းပြီး ဖြေဆိုရတာပါ၊ ဖြေချင်တဲ့ အချိန် နဲ့ ရက် (မနက် နေ့လည်) (ရက်ရာဇာ၊ ပြဿဒါး) ကိုယ့်စိတ်တိုင်းကျပါ။
✳️ အခုလို ကိုဗစ်ဖြစ်နေတဲ့ အချိန်ရော ဖြေလို့ရလားလို့မေးရင် (Yes) လို့ဖြေပါရစေ၊၊ တစ်ယောက်ထဲဖြေလည်း စစ်ပေးပါတယ်။
✳️ နောက်တစ်ခုက Computer Based - online ဖြေရတာပါ၊ စာရွက်နဲ့ ရေးပြီး ဇယားကွက်ချပြီး ဖြေရတာမျိုးမဟုတ်ဘူး၊ Concept မိလား မမိဘူးလားဆိုတာကို အဓိက စစ်တာပါ၊ ဇယားကွက်တွေက အဆင့်သင့်ပါ။

.................................................

(၃) Register Fees and Annual Fees

✳️ ဘယ် Professional Body ပဲဖြစ်ဖြစ် အခုပြောတဲ့ (၂)ခု ပေးသွင်းရပါတယ်၊ သို့သော် AAT က မြန်မာ ကျောင်းသားတွေအတွက် အထူးအခွင့်အရေး ပေးထားပါတယ်၊ (၂)ခုလုံး Free ပါ။✳️ ဘယ်ချိန်အထိ Free ပေးထားမလဲဆိုတဲ့ မေးခွန်းကို ကျနော်လည်း မဖြေတတ်ပါဘူး၊
သို့သော် ကြာကြာပေးလေ ကိုယ့်မြန်မာတွေ အတွက် ကောင်းလေပေါ့၊ အချိန်ကြာကြာဆက်ရနေအောင် ကျွန်‌တော်ဆက်ကြိုးစားပေးသွားပါ့မယ်။

.................................................

(၄) စာမေးပွဲကင်းလွတ်ခွင့် (Exemption)

✳️ AAT Level 4 ပြီးထားတဲ့ သူက ACCA, CIMA, ICAEW တို့ကို ဆက်သွားတဲ့အခါ Foundation ဘာသာရပ်တွေကို စာမေးပွဲကင်းလွတ်ခွင့်ရပါတယ်။
ဥပမာ - ACCA အတွက်ဆိုရင် Part 1 (F1, F2, F3)

✳️ ကျွန်တော် သိရသလောက် စာမေးပွဲကင်းလွတ်ရုံတင်မကပါဘူး၊ စာမေးပွဲကြေးပါ ကင်းလွတ်တာပါ။

.................................................

(၅) ACCA ဆက်တက်ဖြစ်ရင် ဘာသာရပ်ဆက်စပ်မှု

✳️ AAT Level 4 ပြီးလို့ MAAT ဖြစ်ပြီးရင် ရပ်ထားပြီး အလုပ်ဆက်လုပ်နေလို့ရပါတယ်၊ လက်ထဲမှာ UK အသိအမှတ်ပြု Accounting Qualification တစ်ခုရထားပြီးပြီ၊ Ofqual အသိအမှတ်ပြုတယ်၊ QCF Level 4 Qualifications ဖြစ်တယ်၊
✳️ ACCA Part 2 ဆက်တက်မယ်ဆိုရင်လည်း ဘာသာရပ် ဆက်စပ်မှုအားသာချက်တွေရှိတဲ့အတွက် အခြားသူတွေထက် စာပိုလိုက်နိုင်လိမ့်မယ်လို့ယုံကြည့်ပါတယ်။

ဥပမာ -
✅ AAT Level 4 မှာ သင်တဲ့ Financial Statement of Limited Companies က ACCA F7 ကို အထောက်အကူဖြစ်စေပါတယ်၊
✅ AAT Level 4 မှာသင်တဲ့ Management Accounting - Budgeting နဲ့ Management Accounting - Decision & Controls က ACCA F5 ကို အထောက်အကူဖြစ်စေပါတယ်၊
ပိုပြီး ထူးခြားတာက ✨✨
✅ AAT Level 4 မှာ Business Tax သင်ခဲ့ရတဲ့ အတွက် ACCA F6 သင်တဲ့အခါ လွယ်ကူစေပါလိမ့်မယ်၊
✅ AAT Level 4 မှာ External Audit သင်ခဲ့ရတဲ့ အတွက် ACCA F8 သင်တဲ့အခါ လွယ်ကူစေပါလိမ့်မယ်၊
✅ AAT Level 4 မှာ report writing တွေကို ရေးခဲ့ရတဲ့ အတွေ့အကြုံက လက်တွေ့ အလုပ်တွေမှာလည်း reporting ရေးအား ပိုတက်လာစေသလို ACCA Part 2 မှာပါတဲ့ writing questions တွေကိုဖြေဆိုနိုင်ဖို့ confident ပိုရှိလာစေပါလိမ့်မယ်။

🌟အခု ကျနော့် AAT Level 4 ပြီးထားတဲ့ ကျောင်းသူတွေဆိုရင် ACCA Part 2 ထဲက တစ်ချို့ဘာသာရပ်တွေကို စတင်လေ့လာနေကြပါပြီ။

.................................................

(၆) Accounting Firm for SMEs

✳️ နောက်ထပ် အားသာချက် တစ်ခုကတော့ AAT Level 4 ပြီးတဲ့အခါ အသေးစား အလတ်စား လုပ်ငန်းငယ်လေးတွေကို စာရင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ အဆင့်ကိုရောက်ရှိသွားပါတယ်၊
✳️ အဓိက Accounting System and Controls ဆိုတဲ့ ဘာသာရပ်က အသေးစား အလတ်စား လုပ်ငန်းတစ်ခုရဲ့ System တစ်ခုလုံးကို ခြုံပြီး မြင်တတ်အောင် သင်ပေးလိုက်တယ်၊
✳️ လက်ရှိ System ရဲ့ အားသာချက် အားနည်းချက်တွေကို ပိုကောင်းအောင် အကြံပေးတတ်ဖို့ လေ့ကျင့်ပေးထားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်၊
✳️ ဆိုတော့ ကိုယ်ပိုင် လုပ်ငန်းလေးနဲ့ ရပ်တည်ချင်တဲ့ စာရင်းပညာရှင်တွေအတွက် အသင့်တော်ဆုံးပါ၊
(External Audit တော့လုပ်လို့မရပါဘူးနော်)

❗မှတ်ချက် -
ညဏ်ကောင်း၊ စာတော်၊ E လည်းကောင်း၊ အချိန်လည်းပေးနိုင်တယ်ဆိုရင်တော့ တစ်မျိုးစဉ်းစားသင့်ပါတယ်၊ အဲဒါမျိုးက လူနည်းစု တစ်ချို့ပါ၊ ကျနော်က ကျနော်ရဲ့ စာရင်းကိုင်သင်တန်းလောကမှာ ၂၅နှစ်သက်တမ်း အတွေ့အကြုံအရ တွေးမိတာလေးတွေပြောပြတာပါ၊ ကျနော် ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသူကျောင်းသား အများစုဟာ နယ်ကဖြစ်ကြတယ်၊ အခြေခံပညာ အားနည်းကြတယ်၊ ငွေရေးကြေးရေး အားနည်းကြတယ်၊
အဲလို့ လူတွေနဲ့ ကြုံတွေ့ခဲ့ရတာမို့လို့ အခုလိုစဉ်းစားပြီး အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည့်တဲ့ AAT Level 4 ကို မြန်မာနိုင်ငံထဲကိုယူဆောင်လာပေးခဲ့ပါတယ်၊ ၂၅နှစ် အတွင်း LCCI, ACCA, AAT အကုန်လုံးကို သင်ခဲ့ပြီးတဲ့ အတွေ့အကြုံကို အခြေခံပြီး ရေးပါတယ်၊
ဆေးထိုးတာ၊ ဂျင်းထည့်တာ မပါဘူးဆိုတာ ကိုယ့်လိပ်ပြာကိုယ် လုံစွာနဲ့ အကြံပြုရုံ သက်သက်ပါ။

ကျေးဇူးတင်ပါတယ် 🌟
မြန်မာစာရင်းကိုင်ကျောင်းသူကျောင်းသားများအတွက် ဆက်လက်ကြိုးစားနေပါအုံးမည်။
သူရရှိန်
MAS Education Center

12/08/2020

"ယုံကြည်ချက်မြင့်မားပြီး အောင်မြင်တဲ့ စာရင်းကိုင်ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ AAT တက်ကြစို့"

သင်က မြန်မာပြည်တွင်းမှာ စာရင်းကိုင်ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူ တစ်ယောက်ဆိုရင် သင့် ပညာရပ်ကို အမြဲအဆင့်မြှင့်တင်ပေးနိုင်ဖို့လိုအပ်လာပါပြီ။

ပြောင်းလဲလာတဲ့နည်းပညာ တိုးတက်လာတဲ့ စာရင်းအင်းပညာရပ်တွေကြောင့် နောင်တွေ့ကြုံလာရမယ့် စိန်ခေါ်မှု တွေကို ယုံကြည်မှုရှိရှိ ရှေ့ဆက်နိုင်ဖို့ AAT 4 Single Subject ဘာသာရပ်များထဲက MABU ဘာသာရပ်က သင့်ကို များစွာ အထောက်အကူပြုစေနိုင်ပါတယ်။

*** Management Accounting Budgeting (MABU) ဘာသာရပ်မှာ ဘာတွေသင်မှာလဲ***

1. Budgeting အပိုင်းမှာဆိုရင် Forecasting Techniques သုံးပြီး Sales Budget ခန့်မှန်းပုံ
2. Functional Budget များဖြစ်တဲ့ Production Budget, Purchases Budget, Labour Budget များ ရေးဆွဲပုံ၊
3. Master Budget များဖြစ်တဲ့ Budgeted Profit and Loss, Budgeted Balance Sheet, Cash Budget ရေးဆွဲပုံ၊
4. ဆွဲထားပြီးသော Budget ကို Management ထံသို့ တင်ပြတဲ့အခါ ဘယ်လိုယူဆပြီး ဆွဲခဲ့သည့်အကြောင်း ရှင်းပြပြီး Approval တောင်းခံပုံ၊
5. Budget ရေးဆွဲနည်း အမျိုးအစားများ၊ Budget အတိုင်း ဖြစ်/မဖြစ် Monitoring and Control ပြုလုပ်ပုံများကို သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်လို့ရလဲ?
Industrial လုပ်ငန်းနဲ့ ပတ်သတ်ပြီး လုပ်ကိုင်နေရတဲ့ Accountant တွေ၊ Factory Accountant တွေ၊ AAT Level 3 အောင်မြင်ပြီးသားသူတွေ၊ LCCI Level 3 အောင်မြင်ပြီးသားသူတွေ တက်ရောက်နိုင်ပါတယ်။

လိပ်စာက?

Location - No (106/A), 1st Floor, Sanchaung Street, Sanchaung Township, Yangon.
Phone No – 09779922385, 09779922386, 09670024499

12/08/2020

"ယုံကြည်ချက်မြင့်မားပြီး အောင်မြင်တဲ့ စာရင်းကိုင်ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ AAT တက်ကြစို့"

သင်က မြန်မာပြည်တွင်းမှာ စာရင်းကိုင်ပညာရပ်နဲ့ အသက်မွေးဝမ်း ကျောင်းပြုနေသူ တစ်ယောက်ဆိုရင် သင့် ပညာရပ်ကို အမြဲအဆင့်မြှင့်တင်ပေးနိုင်ဖို့လိုအပ်လာပါပြီ။

ပြောင်းလဲလာတဲ့နည်းပညာ တိုးတက်လာတဲ့ စာရင်းအင်းပညာရပ်တွေကြောင့် နောင်တွေ့ကြုံလာရမယ့် စိန်ခေါ် မှုတွေကို ယုံကြည်မှုရှိရှိ ရှေ့ဆက်နိုင်ဖို့ AAT 4 Single Subject ဘာသာရပ်များထဲမှ ETAU ဘာသာရပ်က သင့်ကို များစွာ အထောက်အကူပြုစေနိုင်ပါတယ်။

*** External Audit (ETAU) ဘာသာရပ်မှာ ဘာတွေသင်မှာလဲ***

1. Introduction to auditing
2. Auditing - the legal framework
3. Planning the audit assignment
4. Audit testing
5. Auditing accounting systems
6. Verification of assets and liabilities
7. Audit completion and audit reporting

AAT Level 4 ၏ External Audit ဘာသာရပ်ကို သင်ယူလေ့လာခြင်းအားဖြင့် External Audit ၏ အခြေခံသဘောတရားများ နားလည်ပြီး လက်တွေ့အလုပ်လုပ်သည့်အခါမှာလည်း များစွာအထောက်အကူ ရစေနိုင်ပါသည်။

ထို့အပြင် Further Study အဖြစ် ACCA သို့ CPA ဆက်လက်သင်ယူသည့်အခါ External Audit ဘာသာနှင့် ပါတ်သက်၍ များစွာ လွယ်ကူသွားစေပါလိမ့်မည်။

ဘယ်သူတွေ တက်လို့ရလဲ?
AAT Level 3 အောင်မြင်ပြီးသားသူတွေ၊ LCCI Level 3 အောင်မြင်ပြီးသားသူတွေ တက်ရောက်နိုင်ပါတယ်။

လိပ်စာက?
4 (BizFix Consultancy Office)
Location - No 526, 2nd Floor, Lower Kyimyinding Road, Kyimyinding Township, Yangon
Phone No – 09779922385, 09779922386, 09670024499

08/08/2020

အချိန်တိုတိုနဲ့ Professional Diploma ရရှိမည့် AAT Level 4 တန်းခွဲသစ်များ မကြာခင် ဖွင့်လှစ်ပါတော့မယ်။

AAT Level 4 သင်တန်းတွေကို LCCI Level 3 ဖြေဆိုထားသူများ၊ AAT Level 3 ဖြေဆိုထားသူများ တက်ရောက်နိုင် ပါတယ်။

ပုံမှန် အလုပ်ပိတ်ရက်တွေမှာ စီစဉ်ထားတာဖြစ်လို့ လုပ်ငန်းခွင်တစ်ဖက်နဲ့ သင်တန်းတက်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

AAT Level 4 ရဲ့ subject တွေဟာ ကိန်းဂဏန်း တွက်ချက်မှုတွေသာမက လုပ်ငန်းခွင်မှာ အမှန်တကယ်အသုံးချလို့ရနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ၊ ကျင့်ဝတ်တွေ process တွေကိုပါ လေ့လာ သင်ကြားခွင့်ရမှာ ဖြစ်တာ ကြောင့် စာရင်းကိုင် ရာထူးခြင်း တူရင်တောင် ဒီလို subject တွေ သင်ယူတက်မြောက်ထားတဲ့ သူက ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှုရှိနေစေမှာပါ။

AAT Level 4 သင်တန်းနဲ့ပတ်သက်ပီး အသေးစိတ် ထပ်သိချင်တာများရှိရင် ဖုန်း/Messenger တို့မှလည်း စုံစမ်း မေးမြန်းနိုင်ပါတယ်နော်။

သင်တန်း တက်ချင်ရင်တော့ အောက်ပါလိပ်စာနဲ့ဖုန်းနံပါတ်များမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

# Yangon (Center 1)
Location - No (184/186), 2nd Floor, 45th Street (Upper), Botahtaung Township, Yangon
📞 Phone: 09 7799 22385, 09 7799 22386, 09 8581000

# Yangon (Center 2)
Location - No (106/A), 1st Floor, Sanchaung Street, Sanchaung Township, Yangon.
📞 Phone: 09 7799 22387, 09 44800 5544

04/08/2020

AAT Level 3 မှာပါဝင်သော single subject တစ်ခုဖြစ်တဲ့ Final Accounts Preparation (FAPR) ဘာသာရပ်ကို MAS Education Center 4 တွင် သြဂုတ်လ (၆) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတော့မယ်။

📗 Final Accounts Preparation မှာဘာတွေသင်မှာလဲ
အဓိကအနေနဲ့ တစ်ဦးတည်းပိုင်လုပ်ငန်းနဲ့အစုစပ် လုပ်ငန်းတွေအတွက်
✅ Accounting concept
✅ Accounting framework
✅ လိုက်နာရမယ့် accounting standard
✅ Financial statement ရေးဆွဲ တည်ဆောက်ပုံ စတာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်သင့်လဲ?
LCCI Level 1,2 (or) AAT Level 2 တက်ရောက်ပြီးသူများ၊ စာရင်းကိုင်ပညာကို အခြေခံကျကျလေ့လာလိုသူများ၊ Accounting Concept နှင့်ပတ်သက်၍ အသေးစိတ်လေ့လာလိုသူများ တက်ရောက်သင့်ပါတယ်။

တက်ချင်ပြီဆိုရင် ဘယ်လိုစာရင်းပေးရလဲ?
ဖော်ပြထားတဲ့ ဖုန်းနံပါတ်၊ MAS page Messenger တို့မှလည်း ဆက်သွယ် စုံစမ်း စာရင်းပေးနိုင်ပါတယ်။

သင်တန်းတည်နေရာ
Center 4
အမှတ် ၅၂၆, ဒုတိယထပ်, အောက်ကြည့်မြင့်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်
09-779922385,09-779922386, 09-779922387, 09-448005544,

04/08/2020

AAT Level 3 မှာပါဝင်သော single subject တစ်ခုဖြစ်တဲ့ Management Accounting: Costing (MMAC) ဘာသာရပ်ကို MAS Education Center 2 တွင် ဇူလိုင်လ (၂၆) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါပြီ။

📗 Management Accounting Costing မှာဘာတွေသင်မှာလဲ
✅ Job Costing တွက်ပုံတွက်နည်း
✅ Process Costing တွက်ပုံတွက်နည်း
✅ Costing Method များ
✅ Break even point
✅ Long term /Short term decision making စတာတွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။

📋 ဘယ်သူတွေ တက်သင့်လဲ
LCCI Level 1,2 (or) AAT Level 2 တက်ရောက်ပြီးသူများ၊ စာရင်းကိုင်ပညာကို အခြေခံကျကျလေ့လာလိုသူများ၊ လက်ရှိ Assistant Accountant အဖြစ် လုပ်ကိုင်လိုသူများ၊ SME, Bank Staff, Accounting ပိုင်းလေ့လာလိုသူများ တက်ရောက်သင့်ပါတယ်။

တက်ချင်ပြီဆိုရင် ဘယ်လိုစာရင်းပေးရလဲ?
ဖော်ပြထားတဲ့ ဖုန်းနံပါတ်၊ MAS page Messenger တို့မှလည်း ဆက်သွယ် စုံစမ်း စာရင်းပေးနိုင်ပါတယ်။

သင်တန်းတည်နေရာ
Center 2
အမှတ် ၁၀၆ (A), ပထမထပ်, စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်
09-779922385,09-779922386, 09-779922387, 09-670024499,

04/08/2020

AAT Level 3 မှာပါဝင်သော single subject တစ်ခုဖြစ်တဲ့ Advanced Bookkeeping (AVBK) ဘာသာရပ်ကို MAS Education Center (1) တွင် သြဂုတ်လ (၁) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတော့မယ်။

👉Advanced Bookkeeping မှာဘာတွေသင်မှာလဲ
✍️Accounting process နဲ့ အလုပ်လုပ်ပုံတွေ
✍️Extended trial balance ရေးဆွဲပုံ
✍️Depreciation
✍️Accrual accounting prepayments
✍️Bank reconciliation
✍️Error
✍️Capital, Revenue expenditure စတာတွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်သင့်လဲ?
LCCI Level 1,2 (or) AAT Level 2 တက်ရောက်ပြီးသူများ၊ စာရင်းကိုင်ပညာကို အခြေခံကျကျလေ့လာလိုသူများ တက်ရောက်သင့်ပါတယ်။

တက်ချင်ပြီဆိုရင် ဘယ်လိုစာရင်းပေးရလဲ?
ဖော်ပြထားတဲ့ ဖုန်းနံပါတ်၊ MAS page Messenger တို့မှလည်း ဆက်သွယ် စုံစမ်း စာရင်းပေးနိုင်ပါတယ်။

သင်တန်းတည်နေရာ
Center 1
အမှတ် ၁၈၄-၁၈၆၊ ၄၅ လမ်း (အပေါ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်
09-779922385, 09-779922386, 09-670024499

04/08/2020

AAT Level 3 မှာပါဝင်သော single subject တစ်ခုဖြစ်တဲ့ Indirect Tax (IDRX) ဘာသာရပ်ကို MAS Education Center (1) တွင် သြဂုတ်လ (၂) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတော့မယ်။

Indirect Tax မှာဘာတွေသင်မှာလဲ?
✏️VAT လို့ အကြမ်းဖျင်းသိကြတဲ့ Indirect Tax မှာ အဓိကအနေနဲ့ ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး Value Added Tax (VAT) အလုပ်လုပ်ပုံ
✏️Return ဘယ်လိုတင်မလဲ
✏️ဘယ်ကုန်ပစ္စည်းအမျိုးအစားတွေက အခွန်ကင်းလွတ်ခွင့်ရှိမရှိ
✏️ဘယ်ကုန်ပစ္စည်းအမျိုးအစားတွေကို ဘယ်လိုအခွန်နှုန်းထားနဲ့ ပေးဆောင်ရမယ်
✏️အခွန်ရုံးတင်တဲ့ အခါ လုပ်ဆောင်ရမယ့် သဘောသဘာဝနဲ့ အချက်အလက် လိုအပ်ချက်တွေ စတာတွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်သင့်လဲ?
LCCI Level 1,2 (or) AAT Level 2 တက်ရောက်ပြီးသူများ၊ စာရင်းကိုင်ပညာကို အခြေခံကျကျလေ့လာလိုသူများ၊ အခွန်နှင့်ပတ်သက်၍ အသေးစိတ်လေ့လာလိုသူများ တက်ရောက်သင့်ပါတယ်။

တက်ချင်ပြီဆိုရင် ဘယ်လိုစာရင်းပေးရလဲ?
ဖော်ပြထားတဲ့ ဖုန်းနံပါတ်၊ MAS page Messenger တို့မှလည်း ဆက်သွယ် စုံစမ်း စာရင်းပေးနိုင်ပါတယ်။

သင်တန်းတည်နေရာ
Center 1
အမှတ် ၁၈၄-၁၈၆၊ ၄၅ လမ်း (အပေါ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်
09-779922385, 09-779922386, 09-670024499

30/07/2020

AAT Level 3 မှာပါဝင်သော single subject တစ်ခုဖြစ်တဲ့ Indirect Tax (IDRX) ဘာသာရပ်ကို MAS Education Center (1) တွင် ဇူလိုင်လ (၃၀) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတော့မယ်။

Indirect Tax မှာဘာတွေသင်မှာလဲ?
✏️VAT လို့ အကြမ်းဖျင်းသိကြတဲ့ Indirect Tax မှာ အဓိကအနေနဲ့ ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး Value Added Tax (VAT) အလုပ်လုပ်ပုံ
✏️Return ဘယ်လိုတင်မလဲ
✏️ဘယ်ကုန်ပစ္စည်းအမျိုးအစားတွေက အခွန်ကင်းလွတ်ခွင့်ရှိမရှိ
✏️ဘယ်ကုန်ပစ္စည်းအမျိုးအစားတွေကို ဘယ်လိုအခွန်နှုန်းထားနဲ့ ပေးဆောင်ရမယ်
✏️အခွန်ရုံးတင်တဲ့ အခါ လုပ်ဆောင်ရမယ့် သဘောသဘာဝနဲ့ အချက်အလက် လိုအပ်ချက်တွေ စတာတွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်သင့်လဲ?
LCCI Level 1,2 (or) AAT Level 2 တက်ရောက်ပြီးသူများ၊ စာရင်းကိုင်ပညာကို အခြေခံကျကျလေ့လာလိုသူများ၊ အခွန်နှင့်ပတ်သက်၍ အသေးစိတ်လေ့လာလိုသူများ တက်ရောက်သင့်ပါတယ်။

တက်ချင်ပြီဆိုရင် ဘယ်လိုစာရင်းပေးရလဲ?
ဖော်ပြထားတဲ့ ဖုန်းနံပါတ်၊ MAS page Messenger တို့မှလည်း ဆက်သွယ် စုံစမ်း စာရင်းပေးနိုင်ပါတယ်။

သင်တန်းတည်နေရာ
Center 1
အမှတ် ၁၈၄-၁၈၆၊ ၄၅ လမ်း (အပေါ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်
09-779922385, 09-779922386, 09-670024499

25/07/2020

𝑴𝑨𝑺 𝑬𝒅𝒖𝒄𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒏𝒕𝒆𝒓 သည် မြန်မာနိုင်ငံ၏ 𝑭𝒊𝒓𝒔𝒕 𝑨𝑨𝑻 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈 𝑷𝒓𝒐𝒗𝒊𝒅𝒆𝒓✨ ဖြစ်ပါတယ်

🌟အင်္ဂလန်နိုင်ငံ (UK) အခြေစိုက် Association of Accounting Technicians (AAT) မှ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းများနှင့်အညီ စာရင်းကိုင်ပညာများကို သင်ကြားပို့ချပေးနေတဲ့ သင်တန်းကျောင်းတစ်ခုလည်းဖြစ်ပါတယ်

Covid-19 ကာလအတွင်း New Normal Lifestyle နှင့်အညီ Online သင်တန်းတွေကို မိတ်ဆက်ပေးချင်ပါတယ်👇👇

1️⃣ Foundation Certificate in Bookkeeping (AAT Level 2)
စာရင်းကိုင်ပညာ အခြေခံ(လုံးဝ)မရှိသူများ အတွက် အထူးသင့်လျော်တဲ့ Class တစ်ခုဖြစ်ပါတယ်... ✔️👍👍

2️⃣ Advanced Diploma in Accounting (AAT Level 3)
စာရင်းကိုင်ပညာ အခြေခံသင်တန်းဖြစ်တဲ့ LCCI Level 1,2 (သို့မဟုတ်) AAT Foundation Course (Level 2) တက်ရောက်ပြီးသူများအတွက်အထူး သင့်လျော်ပါတယ်...✔️👍👍

3️⃣ Professional Diploma in Accounting (AAT Level 4) အတန်းကတော့
LCCI Level 3 (သို့မဟုတ်) AAT Advanced Diploma (Level 3) တက်ရောက်ပြီးသူများအတွက် အထူးသင့်လျော်တဲ့ သင်တန်း ဖြစ်ပါတယ်...✔️👍👍

➡️ (AAT Level 3) နှင့် (AAT Level 4) မှာ
စုစု‌‌ပေါင်း ၆ဘာသာစီ သင်ကြားရမှာဖြစ်ပါတယ်
➡️ ဒါပေမယ့် တစ်ဘာသာချင်းစီ လေ့လာ သင်ယူနိုင်မှာဖြစ်လို့ စာမလိုက်နိုင်မှာကို စိတ်ပူစရာမလိုပါဘူးနော်🤓

🌟သင်ကြားမှုပြီးတဲ့အခါမှာလည်း UK မှ တိုက်ရိုက် စစ်ဆေးတဲ့ Online စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်
🌟ဘာသာရပ်‌တွေအားလုံး သင်ကြား အောင်မြင်ပြီးရင်တော့ UK မှ ချီးမြှင့်သော Advanced Diploma နှင့် Professional Diploma များကို ရရှိမှာ ဖြစ်ပါတယ်

👉မည်သူတွေတက်ရောက်သင့်သလဲ?

✅သင်တန်းကျောင်းကိုလာတက်ဖို့ အချိန်မပေးနိုင်သူများ
✅နယ်မှာနေထိုင်သူများ
✅Covid 19 ကြောင့် လူများတဲ့နေရာကို ရှောင်ရှားလိုသူတွေ
✅စာရင်းကိုင် ပညာကို အခြေခံကျကျလေ့လာချင်သူများ တက်ရောက်နိုင်ပါသည်။

Online ကနေသင်ရတာဖြစ်တဲ့အတွက်
နားလည်ပါ့မလား?😵
ကိုယ့်အတွက်အဆင်ပြေပါ့မလား?😖
နားမလည်တဲ့စာတွေကိုပြန်ရှင်းပြပေးမည့်လူရှိရဲ့လား?😰 ဆိုပြီး စိတ်ပူနေကြမယ်ထင်ပါတယ်

အဲ့တာတွေအတွက် မစိုးရိမ်ပါနဲ့ 🤔❌

🌟 ဆရာဦးသူရရှိန် ကိုယ်တိုင် သင်ကြားပေးတဲ့ ရှင်းလင်းချက် video ဖိုင်များနှင့်လေ့လာသင်ယူရမှာဖြစ်တဲ့အပြင် ကျောင်းသူတစ်ယောက်ချင်းစီအတွက် personal study guide တစ်ယောက်ချင်းစီလည်းထားရှိပေးမှာဖြစ်ပါတယ်💁‍♀️💁‍♀️

🌟 မိမိကိုယ်တိုင် သင်ယူလိုစိတ်ရှိပြီး အချိန်ပေးနိုင်ဖို့သာအဓိကပါ...

➡️ သင်တန်းကြေး၊ စာမေးပွဲကြေးနှင့်ပတ်သက်ပြီး အသေးစိတ် သိလိုပါက Chat Box ကတဆင့် စုံစမ်းနိုင်သလို

📞ဆရာဦးသူရရှိန် - MAS Education စာရင်းကိုင်ပညာ သင်တန်းကျောင်း ဖုန်း 09-779922385, 09-670024499 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

20/07/2020

အချိန်တိုတိုနဲ့ Professional Diploma ရရှိမည့် AAT Level 4 တန်းခွဲသစ်များ မကြာခင် ဖွင့်လှစ်ပါတော့မယ်။

AAT Level 4 သင်တန်းတွေကို LCCI Level 3 ဖြေဆိုထားသူများ၊ AAT Level 3 ဖြေဆိုထားသူများ တက်ရောက်နိုင် ပါတယ်။

ပုံမှန် အလုပ်ပိတ်ရက်တွေမှာ စီစဉ်ထားတာဖြစ်လို့ လုပ်ငန်းခွင်တစ်ဖက်နဲ့ သင်တန်းတက်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

AAT Level 4 ရဲ့ subject တွေဟာ ကိန်းဂဏန်း တွက်ချက်မှုတွေသာမက လုပ်ငန်းခွင်မှာ အမှန်တကယ်အသုံးချလို့ရနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ၊ ကျင့်ဝတ်တွေ process တွေကိုပါ လေ့လာ သင်ကြားခွင့်ရမှာ ဖြစ်တာ ကြောင့် စာရင်းကိုင် ရာထူးခြင်း တူရင်တောင် ဒီလို subject တွေ သင်ယူတက်မြောက်ထားတဲ့ သူက ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှုရှိနေစေမှာပါ။

AAT Level 4 သင်တန်းနဲ့ပတ်သက်ပီး အသေးစိတ် ထပ်သိချင်တာများရှိရင် ဖုန်း/Messenger တို့မှလည်း စုံစမ်း မေးမြန်းနိုင်ပါတယ်နော်။

သင်တန်း တက်ချင်ရင်တော့ အောက်ပါလိပ်စာနဲ့ဖုန်းနံပါတ်များမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

# Yangon (Center 1)
Location - No (184/186), 2nd Floor, 45th Street (Upper), Botataung Township, Yangon
📞 Phone: 09 7799 22385, 09 7799 22386, 09 8581000

# Yangon (Center 2)
Location - No (106/A), 1st Floor, Sachaung Street, Sachaung Township, Yangon.
📞 Phone: 09 7799 22387, 09 44800 5544

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon