14/07/2025
ကိုယ်တိုင် စီနီယာဖြစ်နေပြီ သူကိုယ်တိုင်လည်း ဂျူနီယာတွေကို လက်တွဲ ခေါ်နိုင်နေပြီ (၂၀၁၇ ကတည်းက သင်တန်းသူလေး)
ခုသင်တန်းတွေ ပြန်စတော့မယ်ဆိုတာနဲ့ Group ထဲမှာ အပြေးလာပြီး Review ရေးတော့တာပဲ
အမြဲတက်ကြွပြီး ကူညီတတ်သူလေးစိတ်ဓါတ်မှန်ကန်သူလေးပါ 😍
12/07/2025
ပြီးခဲ့တဲ့အပါတ်က Computer သွားဝယ်တော့ ဆိုင်မှာ ကိုယ်ဝယ်နေတုန်း တက္ကသိုလ် ကျောင်းသူကောင်မလေးတစ်ယောက် ရယ် သူငယ်ချင်းကောင်လေးတစ်ယောက်ရယ် ရောက်လာတယ်။
ကိုယ်ကလည်း ရတယ် ကလေးတွေ ဦးစားပေး ပြပေးလိုက်ပါဆိုပြီး ကိုယ့်ဘာကိုယ် ကွန်ပျူတာ လိုတာလေးတွေ စစ်နေလိုက်တယ်။
အဲ့မှာ ဆိုင်ဘက်က ဘာလိုတာလဲတွေ ဘာသုံးမှာလဲတွေ မေးတယ် အသေးစိတ် ရေးမပြတော့ပါဘူး
ဒါလေးယူမယ်တဲ့ ဆိုင်က ဟုတ်ကဲ့ ကိုယ်သုံးချင်တာလေးတွေ တခြား error ပါ မပါစစ်ကြည့်ပါတဲ့ဆို Computer ဘယ်က စဖွင့်ရမလဲမသိကြ (သိန်း ၂၀ ဝန်းကျင် ကွန်ပျူတာ ဝယ်သွားတယ်)
ပြောချင်တာက ခုမှစမှာ
ခုလိုခေတ်ကြီးမှာ ကွန်ပျူတာကို အနည်းဆုံး Basic လောက်တော့ ပညာသင်ယူနေသူတိုင်း တတ်ထားသင့်နေပါပြီ သင်တန်းကြေးဟာ ဖုန်းဘေလ် ဖိုးလောက်ပဲရှိပါတယ်။
ဟိုးအရင် ရွှေဈေး ၆ သိန်းဝန်းကျင် တုန်းက Computer Basic သင်တန်းကြေး ၂/၃ သောင်း ဝန်းကျင် ခု ရွှေဈေး သိန်း ၇၀ ဝန်းကျင်မှာ သင်တန်းကြေး ၅၀၀၀၀ ဝန်းကျင်ပဲရှိပါတယ် ( ပညာရေးဟာ လိုချင်သူအတွက် အရမ်းကြီး ဈေးမကြီး အလှမ်းမဝေးသေးပါဘူး)
ဒီဘက်ခေတ်မှာ တကယ်လေ့လာလိုသူက သင်တန်းမတက်ပဲ websites တွေကနေတောင် ကိုယ်တိုင် သင်ယူလို့ ရနိုင်နေတဲ့ ခေတ်ကြီးမှာGame တွေနဲ့ပဲ သာယာနေရင်တော့ နောက်ကျန်ခဲ့ဦးမှာပါပဲ ( မလိုချင်သူတွေအတွက်ကတော့ ဆင်ခြေတွေ ပေးလိူ့ရတာ အများကြီးပေါ့)
12/07/2025
သင်တန်းသင်တဲ့အမက အရမ်းသဘောကောင်းပါတယ်
၁ယောက်ချင်း သင်ရတော့ မသိတာလဲ သေချာမေးလို့ ရတယ် သင်တန်းပျက်လဲ စာလွတ်မှာ စိတ်မပူရဖူး
အမက သေချာသင်ပေးတဲ့ အပြင် ၁ခုချင်း ကိုယ်တိုင်တွက်ရတော့ သေချာနားလည်p ပိုမှတ်မိပါတယ်
သင်ကြားတာ ရှင်းလင်းp နားမလည်မချင်း လုပ်ငန်းခွင်ကပုံတွေနဲ့ပါ ပြp မျက်စိထဲပေါ်လာအောင် သင်ကြားပေးပါတယ်။
✍️ဖူးပွင့်သူ
11/07/2025
Page က active မဖြစ်တာကြာတော့ Reach ကကျတယ်ဆိုတာထက်ကို ပိုနေတော့ post တွေ တောက်လျှောက် တင်ဖို့လိုပါတယ်။
နားထားတဲ့ နှစ်ကလည်း အရမ်းကြာနေပြီမို့ သင်တန်းကလည်း တစိုက်မတ်မတ် ပြန်လုပ်မှ ရတော့မယ်။
တကယ်လို့များ သတင်းလေးတွေ ဖုံးသလိုဖြစ်သွားခဲ့ရင်လည်း နားလည်ပေးကြပါလို့ 🙏🙏🙏
11/07/2025
🔥 နည်းပညာခေတ်မှာ နောက်ကျကျန် မနေခဲ့ဖို့🔥
တစ်လ ၃၀၀၀၀ ( သုံးသောင်းကျပ်သာ)
💻အသက် ၈ နှစ်အထက် ကျောင်းသား/သူတွေ အတွက်လည်း special kids class ရှိပါတယ်။
💻 Computer မသုံးတတ်ရင် အလုပ်အကိုင်မှာ အခွင့်အလမ်းတွေ လျော့နည်းတတ်ပါတယ်!
👉 Microsoft Office (Word, Excel, PowerPoint)
👉 Internet & Email ကို အသုံးချသုံးတတ်ဖို့
👉 File များ စနစ်တကျ Save/Change/Delete/Protect လုပ်တတ်ဖို့
👉 Typing ကို Keyboard မကြည့်ဘဲ မြန်မြန်ဆန်ဆန် ရိုက်တတ်ဖို့ ဆိုတာတွေက အခြေခံကျတဲ့ ကျွမ်းကျင်မှုတွေပါ။
🚀 အခုလို နည်းပညာခေတ်မှာ
🔹 အလုပ်အကိုင်ရဖို့
🔹 Freelance လုပ်ဖို့
🔹 မိမိအတွက် အသုံးဝင်ဖို့
Computer သင်တန်းတက်ဖို့ အမှန်တကယ် လိုအပ်ပါတယ်
📢 စနစ်တကျ သင်ကြားပေးမယ့် Computer Basic Class ဖွင့်ထားပြီးပါပြီ။
🖥️ တက်ရောက်သူများအတွက် Online Zoom Class ဖြင့်လည်း သင်ကြားပေးနေပါပြီ။
🏠 မိမိအိမ်မှနေလည်း စနစ်တကျသင်ယူနိုင်တာမို့ အချိန်မရွေး တက်လို့ရပါတယ်။
📚 သင်ကြားမည့်အကြောင်းအရာများ -
✅ Microsoft Word / Excel / PowerPoint
✅ File Management, Logo & Background Change
✅ Password Setup & System Settings
✅ Typing Skills Improvement
✅ Internet & Email သုံးပုံသုံးနည်း
📌မိမိကလေးတွေကို ငယ်စဉ်ကတည်းက Computer ကို စနစ်တကျနဲ့ အခြေခံကနေစတင်သင်ကြားလိုသူများ
📌 အလုပ်မရှိသေးသူများ၊ အလုပ်လုပ်နေပြီး Tech Skill တိုးချင်သူများအတွက် Perfect Match!
📲 09454600021, 09798466382
📈 မိမိဘဝကို တိုးတက်အောင် Computer Skill နဲ့ Upgrade လုပ်ကြစို့!
19/02/2025
ရေနံချောင်းမြို့မှ Civil Engineer များအတွက်
👷🏻♂️အင်ဂျင်နီယာတစ်ယောက်အတွက်မဖြစ်မနေလိုအပ်တဲ့ Estimate👷🏻♀️
YCE မှာ သင်ကြားနေတဲ့ Estimate သင်တန်းများကိုဖော်ပြပေးထားပါတယ်✍️✍️✍️
ဖော်ပြထားတဲ့အတန်းအားလုံးတက်ရမှာလား 🤔🤔🤔
မလိုပါဘူး မိမိရဲ့ရည်ရွယ်ချက်နဲ့ ရှိထားတဲ့ knowledge and experience တွေကိုမေးမြန်းပြီး တက်သင့်တဲ့အတန်းကို ဆွေးနွေးတက်ရောက်စေတာပါ 🤗🤗
🍀Steel structure Estimate
☘️RC Estimate with all foundation type (pile, strip and Mat, etc..)
☘️Decoration & extra
☘️Quantity Surveying and Estimating
☘️Road and Bridge Estimate
အတန်းအားလုံးကို Hand Calculation and Excel နှစ်မျိုးလုံးနဲ့သင်ကြားပေးနေပါတယ်။👏👏👏
တွက်ပြီးသား File ကို Print ထုတ်ပြီး သင်ကြားပေးခြင်းမျိုးလား?
🙅♀️လုံးဝမဟုတ်ပါဘူး။ အစအဆုံးကိုယ်တိုင်တွက်ချက်ရတာပါ။
💥Detail Measurement, Builder’s Estimate, Abstract of cost, Bill of Quantity များအား Format and Table ဆွဲနည်းမှစပြီး Tender and Quotation တင်သည်ထိ သင်ကြားပေးသွားမှာပါ။
💥Site အတွင်း Management and Rebar Schedule များပါ သင်ကြားပေးနေတာပါ။
💥 Analysis of rage (Yellow book) မှ အသုံးများသော item များတင် list ထုတ်သင်ကြားပေးခြင်းမဟုတ်ပဲ စာအုပ်တစ်ခုလုံးရဲ့ သဘောတရားပါဝင်တဲ့ item အသေးစိတ်ရည်ညွှန်းချက်များကိုပါ ကိုယ်တိုင်စာအုပ်ကြည့်စေပြီး တွက်ချက်ရှင်းလင်းပြသခြင်းဖြစ်ပါတယ်။
💥site photos များနှင့်တွဲဖက်သင်ကြားပေးနေခြင်းဖြစ်ပါသည်။
📌မည်သည့်အဆောက်အဦ အမျိုးအစားအတွက်မဆို Estimate ကိုအခက်အခဲမရှိဖန်တီးနိုင်ပြီလား
📌အင်တာဗျူးများဖြေဆိုရာတွင်လည်းအားလုံးတိကျစွာဖြေဆိုနိုင်ပြီလား
📌Estimate တွက်ချက်ရာမှာအဓိကအသုံးပြုတဲ့ Microsoft excel ကိုကျွမ်းကျင်စွာဖြင့် Formula သွင်း link ချိတ်ပြီး Final BQ ထွက်သည်ထိ လျင်မြန်စွာပြုလုပ်ဖန်တီးလိုပါသလား။
📌 QS တစ်ယောက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်တွေကိုလည်း ရှင်းလင်းစွာသိရှိလိုပါသလား
📌Estimate တွက်ချက်ခြင်းကို Microsoft Excel ဖြင့် အခြေခံမှစပြီး သင်ကြားလိုပါသလား
ဖော်ပြပါအချက်များအားလုံးပြည့်စုံစေဖို့အတွက် YCE Training Center ဖြင့်ဆက်သွယ်ပါ
သင်တန်းနေရာ - ရွှေဘုံသာအရှေ့ ၊ GTI ကျောင်းအနီး
📲09-798466382, 09-454600021
Tea
13/09/2024
ကုသိုလ်လည်းရ ပညာလည်းရအောင် အစီအစဉ်လေးတစ်ခု ( 100% ရေဘေးသို့လှူပါမည်)
RC Basic Estimate Class လေးသင်ပါမယ်။
သင်တန်းကြေး - ၇၀၀၀၀
သင်တန်းချိန် - Monday to Friday 10:00 to 12:00 am
သင်တန်းသား ၅ ဦးအနည်းဆုံးမှ စတင် သင်ကြားပါမည်။
Zoom Meeting ဖြင့်သင်ကြားပါမည်။
09/05/2024
Decoration Estimate စာအုပ်မှာ အကြောင်းအမျိုးမျိုးကြောင့် လောလောဆယ် ရရှိနိုင်ခြင်းမရှိသေးပါ။ Page Messenger တွင်လာရောက် မေးမြန်းထားသူများသောကြောင့် တစ်ဦးခြင်းဆီ မပြောတော့ပဲ Post တင်ပြောကြားလိုက်ရပါတယ်။
ထပ်မံရရှိမည့်အချိန်ကို ပြန်လည်ပြောကြားပေးပါ့မည်။ Item အသစ်များနှင့် အခြားအသေးစိတ် အချက်များပါ ထပ်တိုးထည့်ပေါင်းထားပါသည်။
02/01/2024
ရေးဆွဲခြင်း 📗
🏢လက်တွေ့ဆောက်လုပ်ရေးလုပ်ငန်းများ အဆင်ပြေအောင်မြင်စွာ ဖြစ်ပေါ်လာစေရန် ပထမဆုံး လုပ်ရမည့် လုပ်ငန်းမှာ Construction Plan ရေးဆွဲခြင်းပင်ဖြစ်သည်။
👷♀️Construction Plan ကိုဆုံးဖြတ်ရာတွင် Project Manager သာမကပဲ သက်ဆိုင်ရာတာဝန်ခံ အင်ဂျင်နီယာများ၊ ဝန်ထမ်းများပါ ပါဝင်သင့်သည်။
✅Construction Plan ရေးဆွဲရာတွင် Site အခြေအနေ အနေအထားများကို အခြေခံပြီး
👉Procedures - ဆောက်လုပ်မည့် လုပ်ငန်းစဉ်များ
👉Methods and Periods- ဆောက်လုပ်မည့် နည်းလမ်းများနှင့် ကာလ
👉 Safety Management & Cost - ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု
ကုန်ကျစရိတ်ထိရောက်စေမှုနှင့် သဘာဝပတ်ဝန်းကျင် အထိအခိုက် နည်းစေရေး
✅ကွန်ကရစ်လုပ်ငန်းများ စီမံခန့်ခွဲမှုတွင်
👉 Quality Control Test - အရည်အသွေးထိန်းသိမ်းမှုစမ်းသပ်ချက် အမျိုးအစားနှင့် အကြိမ်ရေ
👉ပစ္စည်းဝယ်ယူမှုအစီအစဉ်
👉စက်ယန္တရားများနှင့် လူအင်အား
👉ကွန်ကရစ်ဖျော်စပ်မည့်နည်းလမ်း
👉ဖြန့်ဝေမည့်အစီအစဉ်
👉ကွန်ကရစ်လောင်းခြင်းနှင့်အသားသေအောင်ပြုလုပ်ခြင်း
👉ပစ္စည်းသိုလှောင်မည့်နည်းလမ်းများ
👉ယာယီအဆောက်အအုံများ စသည်တို့ကို စီစဉ်ထားရန်လိုအပ်သည်။
17/12/2023
🔷Cement (ဘိလပ်မြေ)🔷
⭐️ တစ်ကုဗပေလျှင် ၉၄ ပေါင်မျှလေးသည်။ ထုထည်ဖြင့်ချိန်တွယ်လျှင် ၁၂" x ၁၂" x ၁၄" အရွယ်ရှိပုံးတွင် ဘိလပ်မြေအပြည့်ဖြည့်၍ မျက်နှာပြင်ညှိပြီးလျှင် ယင်းဘိလပ်မြေကို ပေါင် ၉၀ ရှိသည်ဟု ယူဆနိုင်သည်။
⭐️ ဘိလပ်မြေအမှုန့်ကို တစ်လက်မအတွင်း အပေါက် ၁၇၀ ပါသော ဇကာဖြင့်ချလျှင် ၁၀% ထက်ဇကာပေါ်တွင် မတင်ကျန်စေရ။
⭐️ကနဦးအိပ်ချိန်မှာ ၃၀ မိနစ်ထက်မစောချေ။ နောက်ဆုံးအိပ်ချိန်မှာ ၁၀ နာရီထက်နောက်မကျပါ။
📎အအိပ်မြန်သောဘိလပ်မြေ 👉 ရေစတင်ရောပြီး ၅မိနစ်အကြာတွင် အိပ်စပြုပြီး မိနစ် ၃၀ အကြာတွင် လုံးဝအိပ်သွားသည်။
📎 အအိပ်နှေးသော ဘိလပ်မြေ 👉 ရေစတင်ရောပြီး ၁ နာရီအကြာတွင် အိပ်စပြုပြီး နာရီ ၂၀ အကြာတွင် လုံးဝအိပ်သွားသည်။
📎ရိုးရိုးဘိလပ်မြေ 👉 👉 ရေစတင်ရောပြီး ၃၀ မိနစ်အကြာတွင် အိပ်စပြုပြီး ၁၀ နာရီအကြာတွင် လုံးဝအိပ်သွားသည်။
⭐️ ဘိလပ်မြေကို လက်ချောင်းဖြင့်ချေကြည့်၍ လွယ်ကူစွာကြေခြင်းမရှိလျှင် ယင်းဘိလပ်မြေကို သံကူကွန်ကရစ်လုပ်ငန်းများတွင် လုံးဝအသုံးမပြုရပေ။
⭐️ ဘိလပ်မြေအိတ်စီရာတွင် အမြင့် ၅အိတ်ထက် မပိုစေပဲ စီထားရပြီး အစိုဓါတ်နှင့်မထိတွေ့စေရန် တာပေါ်လင်ပိတ်ဖြင့်အုပ်ထားသင့်သည်။
17/12/2023
Estimate သင်တန်း (Online Class)
သင်တန်းကြေး - ၁၀၀၀၀၀/- ( Excel ပိုင်းပါ တွဲဘက်သင်ကြားပေးခြင်း)
သင်တန်းမည့်ပုံစံ - Zoom Meeting (Face to face) သင်ကြားပါမည်။
တစ်ပါတ်လျင် ၃ ရက် တစ်ရက်လျင် ၂ နာရီ သင်ကြားပါမည်။
☘️Decoration Estimate တွက်တာက Quantity takeoff လုပ်တာ(သို့) sqft or sqm ကောက်တာကိုပဲ သင်ပေးတာလား??? အမေးများကြတဲ့မေးခွန်းပါ😊😊😊
👉 Quantity takeoff ပဲသင်တာမဟုတ်ပါဘူး.....
Item တစ်ခုခြင်းရဲ့ Material and Labor cost တွက်ခြင်း
👉လုပ်ငန်းစဉ်တစ်ခုခြင်းအတွက် ကုန်ကျမည့် material and Labour စာရင်းတွက်ထုတ်ခြင်း
👉မည့်သည့် Design မျိုး Material မျိုးမဆိုတွက်ချက်နိုင်အောင် Thinking ပိုင်းများပါတွဲဖက်သင်ကြားပြသပေးခြင်းဖြစ်ပါတယ်။
👉site အတွက် လုပ်ငန်းလုပ်ဆောင်ပုံ အသေးစိတ်ကို လုပ်ဆောင်ပုံတစ်ဆင့်ခြင်းအလိုက် site photo များဖြင့် ရှင်းလင်းပြောကြားပေးခြင်းဖြင့် သင်ကြားပေးတာပါ။
📎Ceiling with design (Gypsum and plaster Board, T&G ceiling), Cornice and Beading
📎Light partition
📎Door and window
📎Kitchen Counter (Granite, Tiling, Door with ply)
📎Kitchen Cabinet (MDF board, Chip board, Ply)
📎Light Partition ( with shelf and slide door with ply and board )
📎Parquet Flooring
📎Floor Tiling
📎Wall Tiling
📎Wall Painting
📎Ceiling painting
📎Door Polishing
📎Window Painting
📎Polishing work
📎Iron Grill
📎Collasaple Iron Door ( ဘာဂျာ Door)
📎Fencing (Gate door and Iron Grill)
📎Driveway
📎Apron and Drain
📎Septic Tank
📎Ground Tank
📎Overhead Tank စတာတွေအားလုံးပါဝင်ပါတယ်...
09 4546 00021 ( Viber ) Page Messenger မှလည်း သိလိုသည်များမေးမြန်းစုံစမ်းနိုင်ပါသည်။