Sheikh Sharhid - Sayar Sharhid

Sheikh Sharhid - Sayar Sharhid دعوة إلى القرآن الكريم والسنة النبوية الشريفة

 #ဆယ်လီ(cele) #ဖြစ်ချင်သည့်ရောဂါ👇 #ဆိုရှယ်မီဒီယာပလက်ဖောင်းတွေများလာသည်နှင့်အမျှ လူတွေဟာ ထင်ပေါ်ကျော်ကြားမှုကို ခုံမင်လာက...
22/02/2025

#ဆယ်လီ(cele) #ဖြစ်ချင်သည့်ရောဂါ👇
#ဆိုရှယ်မီဒီယာပလက်ဖောင်းတွေများလာသည်နှင့်
အမျှ လူတွေဟာ ထင်ပေါ်ကျော်ကြားမှုကို ခုံမင်
လာကြတယ်။ ဆယ်လီဖြစ်ရေးအတွက် သာသနာ
၏သွန်သင်ချက်တွေကိုလည်း ဥပေက္ခာ ပြုလာ
ကြတယ်။တချို့ကလူတွေထံမှာဆယ်လီသတ်မှတ်
ခံရဖို့ ဘာသာရေးကိုလည်း ခုတုံးလုပ်ချင်လုပ်ပစ်
လိုက်ကြတယ်။ သူ့အတွက်က ဆယ်လီဖြစ်ဖို့အဓိက
ဖြစ်လာတယ်။ လူတွေပေးသည့် Love တို့ Likeတို့ကို
အလ္လာဟ့်ရဲ့Love ထက်ပို နှစ်သက်လာကြတယ်။
အဲ့သည်ဆယ်လီရောဂါဝင်သွားသူဟာ သူ့ဘဝရဲ့
အချိန်အများစုကို Tiktokမှာ YouTube channelမှာ
Videoတွေရိုက် Editပြန်လုပ်ရင်းလူတွေကြိုက်ဖို့
အတွက်သာအချိန်အကုန်ခံပါတော့တယ်။တချို့
သာသနာကိုဆန့်ကျင်သည့်အချက်‌တစ်ခုကိုအဆဲခံ
ရမယ်ဆိုတာသိသိနဲ့ကို ဆယ်လီဖြစ်ရေးအတွက်
Postတွေတင်ပြီး ်ယူကြတယ်။
အဲ့သည်လိုနဲ့ဆယ်လီဖြစ်ရေးအတွက် မိမိ profileကို
အခြေအနေတစ်ခုအထိတည်ဆောက်ပြီးနောက်
လူသိများလာသည့်အခါ အခွင့်ကောင်းယူပြီး စီးပွား
ရေးစလုပ်ပါတော့တယ်။ အဲ့သည်ရောဂါဟာဘယ်
အထိဆိုးလာသလဲဆိုရင် တချို့အရူးတွေမိန်းမကို
သွလာက်ပေးတာကအစ လူတွေအာရုံစိုက်ခံရဖို့
ဆိုရှယ်မီဒီယာကို အသုံးချလာကြတယ်။တချို့
ဆင်းရဲသားတွေကို အလှူပေးသည့်ပုံစံနဲ့ခုတုံးလုပ်
ပြီး ဆယ်လီရူးချင်သူတွေကိုလည်းတွေ့ရလိမ့်မယ်။
#အစ္စလာမ်ဆိုတာ အမည်သာကျန်ပြီး
#ကုရ်အာန်ဆိုတာ ထုံးတမ်းစဉ်လာအဖြစ်သာရှိတော့မည့်ခေတ်ကိုရောက်လာပါပြီး။လူတွေဟာ
အလ္လာ့ဟ်၏ စောင့်ကြပ်ကြည့်ရူခြင်းထက်လူတို့၏
စောင့်ကြပ်ကြည့်ရှူခြင်းကို ပိုနှစ်သက်လာကြတယ်။
တမန်တော်မြတ် ﷺက အိဗာဒသ်လုပ်သည့်နေရာ
မှာ မိမိက အလ္လာ့ဟ်ကို မြင်နေရသည့်အလားအိဗာ
ဒသ်လုပ်ရန်နှင့်ထိုသို့မဖြစ်နိုင်ပါက မိမိကို အလ္လာဟ်
က မြင်နေတော်မူသည့်အလား အိဗာဒသ်လုပ်ဖို့
မိန့်မှာခဲ့တယ်။ ကြည့်-ဗုခါရီကျမ်းဟဒီးစ်နံပါတ်50
သို့သော်လည်း အိဗာဒသ်တွေကိုပင် လူတွေမြင်ဖို့
အတွက်သာ အဓိကထားလုပ်လာကြတယ်။
မိမိ၏ခန္ဓာအချိုးအစားကို ဖုံးအုပ်ရန်အတွက်
ဝတ်ဆင်ခိုင်းသည့် "ဟိဂျာဗ်"ကိုလည်း လူတွေ
အမြင်မှာ လှဖို့အတွက်သက်သက်နဲ့ဝတ်လာကြ
တယ်။ ဒါတွေအားလုံးဟာ ဆယ်လီဖြစ်ချင်သည့်
ဖိသ်နဟ်တွေဖြစ်တယ်။ 👇
"ထင်ပေါ်ကျော်ကြားလို့သည့်(ဆယ်လီ)ဖိသ်နဟ်ဟာ
ဖန်ဆင်းခံများ၏ စောင့်ကြပ်ကြည့်ရှူမှုတိုးလာသည်
နှင့်အမျှဆယ်လီဖြစ်ချင်စိတ်ကလည်းတိုးလာလေ
လေဖြစ်တယ်။ ဖန်ဆင်းခံတို့စောင့်ကြပ်ကြည့်ရှူမှု
တိုးလာသည့်အခါ ဖန်ဆင်းရှင်၏စောင့်ကြပ်ကြည့်
ရှူမှုကိုခံယူလိုသည့်စိတ်ဟာ အားနည်းသထက်
အားနည်းလာပါလိမ့်မယ်။
#အလ္လာမဟ်အဗ်ဒုလ်အဇီးဇ်သွရီးဖွီ
ဒါကြောင့်ဘယ်အလုပ်ကိုမဆို အိခ်လာစ်မပါပါက
အပင်ပန်းခံလုပ်မနေပါနဲ့။ #ပလိုင်းပေါက်နဲ့ဖားကောက်ဆိုသလိုသာဖြစ်နေပါလိမ့်မယ်။
ကိယာမသ်နေ့မှာ ပထမဦးဆုံးငရဲမီးလောင်မြိုက်
မည့် ပုဂ္ဂိလ်(၃)ဦးဖြစ်တဲ့ အာလင်မ်|ရှဟီဒီနှင့်
ချမ်းသာကြွယ်ဝသူ သူဌေးတို့ဟာ မကောင်းတာ
လုပ်ပြီး ငရဲကျတာမဟုတ်ပါ။ ကောင်းတာကိုပဲ
အိခ်လာစ်မပါ ပြစားချင်လိုသည့်စိတ်များကြောင့်
ငရဲလားရသည်ကို သတိပြုပါ။🔴
Sheikh Sharhid - Sayar Sharhid

20/02/2025

#ခင်ဗျာ #ဗလီမလာရင်လည်း
#ခင်ဗျာအပြင် အခြားတစ်ယောက်က
ရောက်လာပါလိမ့်မယ်။
👉ခင်ဗျာ ကုရ်အာန်ကို မေ့ပစ်
ကျောခိုင်းထားရင်လည်း
👉ခင်ဗျာအပြင် အခြားတစ်ယောက်က
ကုရ်အာန်ကို သေချာအာရုံစိုက်ပြီး
အလွတ်ကျက်မှတ်ထားပါလိမ့်မယ်။
👉ခင်ဗျာဟာ မိမိကိုဖန်ဆင်းခဲ့သည့်
ဖန်ဆင်းရှင်နှင့်ဝေးကွာသွားရင်လည်း
👉ခင်ဗျာ အပြင်အခြားတစ်ဦးက ဖန်ဆင်းရှင်၏
အနီးဆုံးသို့ရောက်လာပါလိမ့်မယ်။
👉နောက်ဆုံး ခင်ဗျာ ဘာသာပျက်(မုရ်သဒ်)
ဖြစ်သွားရင်လည်း ခင်ဗျာအပြင် အခြားဘာသာ
ခြားတစ်ဦးက အစ္စလာမ်ကို လက်ခံပါလိမ့်မယ်။
#အဲ့သည်အခါ အမှန်တကယ် ဆုံးရူံးနစ်နာသူဟာ
#ခင်ဗျာသာ ဖြစ်တယ်ဆိုတာ သိလာပါလိမ့်မယ်။
#ကုရ်အာန်မှာအလ္လာဟ် ယခုလိုမိန့်တယ်။👇
وَاللَّهُ الْغَنِيُّ وَأَنتُمُ الْفُقَرَاءُ ۚ وَإِن تَتَوَلَّوْا يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوا أَمْثَالَكُم (38)
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်ဖြစ်တော်မူ၍ အသင်တို့သည် လိုလားတောင့်တသူများပင် ဖြစ်ကြသည်။ ထို့ပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြလျှင် အရှင်မြတ်သည် #အသင်တို့၏နေရာ၌ အခြားအမျိုးသားများနှင့် #လဲလှယ်တော်မူမည်။ ထို့ပြင် ထိုအမျိုးသားများသည် အသင်တို့နှင့် တူကြမည်မဟုတ်ပေ။ ကြည့်-ကုရ်အာန် (၄၇:၃၈)
#ဒါကြောင့်မိမိနောက်ဆုံးထွက်သက်အထိ
#သာသနာရေးမှာအလ္လာဟ်အသုံးချဖို့ ဒုအာလုပ်ပါ။
#ဘယ်သူနဲ့မှအစားထိုးလဲလှယ်ခြင်းမခံရဖို့လည်း
#ဆုပန်နေပါ။

Sheikh Sharhid - Sayar Sharhid

 #မဟရ်ဆိုတာ  #အမျိုးသမီးရဲ့ရပိုင်ခွင့်ဖြစ်တယ်။သူမ၏ခင်ပွန်းဖြစ်စေ|ဖခင်ဖြစ်စေ|ယောက္ခမဖြစ်စေဘယ်လူသားကမှ  #အဲ့သည်မဟရ်ကို လုယ...
19/02/2025

#မဟရ်ဆိုတာ #အမျိုးသမီးရဲ့ရပိုင်ခွင့်ဖြစ်တယ်။
သူမ၏ခင်ပွန်းဖြစ်စေ|ဖခင်ဖြစ်စေ|ယောက္ခမဖြစ်စေ
ဘယ်လူသားကမှ #အဲ့သည်မဟရ်ကို လုယူလို့မရဘူး။ထိမ်းမြားသည့်နေရာမှာ #အမျိုးသားများအဖို့
အမျိုးသမီးတွေကိုမဟရ်ပေးကိုပေးရမယ်လို့ကုရ်
အာန်ကသတ်မှတ်ထားတယ်။ 👇
قوله تعالى : (وَءاتُوا النِّسَاءَ صَدُقَاتِهِنَّ نِحْلَةً ) سورة النساء 4
ထို့ပြင် အသင်တို့သည် (အသင်တို့၏)ဇနီးမိန်းမများအား သူတို့၏(ထိမ်းမြားရန် သဘောတူထားသော)မဟရ်ပစ္စည်းကို ကြည်ဖြူစွာပေးကြပါ။
ကြည့်👉ကုရ်အာန် (၄:၄)
မဟရ်ပေးသည့်နေရာမှာ လက်ငင်းပေးသည်
ဖြစ်စေ|အကြွေးဖြစ်စေ သာသနာကခွင့်ပြုတယ်။
အကြွေးဖြင့်ခွင့်ပြုတာကလည်း နိကာဟ်ကိုလွယ်ကူ
စေရန်နှင့်ဇိနာတရားမဝင်လိင်ဖောက်ပြန်မှုကိုခက်
ခဲစေရန်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ထိမ်းမြားပြီး
နောက် အမျိုးသမီးဖြစ်သူက သတ်မှတ်မဟရ်ကို
ကျမ မရရှိမချင်း ကျမ ရှင်နဲ့မပေါင်းသင်းသေးဘူး
လို့ပြောလာရင်လည်းဘယ်သူမှသူမကိုတားလို့မရ
ဘူး။ဒါဟာသူမရဲ့အခွင့်အရေးဖြစ်တယ်။
#မဟရ်လုံးဝမပေးပဲ နိကာဟ်လုပ်ခွင့်မရှိဘူး။ပေးသည့်နေရာမှာလည်းအထက်ပါအာယသ်အရ ကြည်ဖြူစွာပေးရမယ်။ ပေးပြီးရင်တော့ #သက်ဆိုင်ရာဇနီးဖြစ်သူခွင့်မပြုပဲ လုံးဝမယူရဘူး။ရောင်းမစားရဘူး။
ကုရ်အာန်ကဆက်ပြီးယခုလိုမိန့်ကြားတယ်။👇
قال تعالى : ( فإن طبن لكم عن شيء منه نفسا فكلوه هنيئا مريئا ) . سورة النساء آية 4
၎င်းပြင် အကယ်၍ ထိုဇနီးမိန်းမများသည် ထိုမဟရ်ထဲမှ အချို့(သို့မဟုတ် အားလုံး)ကို အသင်တို့အတွက် ကြည်ဖြူစွာ စွန့်လွှတ်လိုက်လျှင် အသင်တို့သည် ထိုမဟရ်ကို မြိန်ရှက်စွာ စာသုံးကြပါ။
ကြည့်👉ကုရ်အာန် (၄:၄)
#ပြီးတော့အခြေအနေအရ လင်မယားကွဲကြပြီးဆိုရင် မဟရ်မပေးရသေးရင် လုံးဝပေးကိုပေးရမယ်။
မဟရ်အကြွေးနဲ့ယူပြီး စားချင်တာတွေစားပြီးနောက်
အဆင်မပြေလို့ကွာရှင်းကြချိန် မဟရ်ကို လုံးဝမပေး
ပဲ နောက်မိန်းမယူသွားသည့် လူယုတ်မာတွေလည်း
ရှိတယ်။တချို့ကျ မဟရ်ကိုတော့လက်ငင်းပေးခဲ့
သည့်အပြင် လင်မယားအဆင်ပြေတုန်း မိန်းမကို
လက်ဆောင်အဖြစ်ပစ္စည်းဥစ္စာတွေအများအပြား
ပေးခဲ့တယ်။ လင်မယားအဆင်မပြေဖြစ်ပြီးကွာ
ရှင်းကြတော့ #မိန်းမဖြစ်သူကို့သူ့ဟာသူဝယ်ပေး
ခဲ့သည့်ပစ္စည်းအကုန်ပြန်တောင်းယူတဲ့လူယုတ်
မာတွေကိုလည်းတွေ့ရလိမ့်မယ်။ 😡
#အဲ့သည်အကြောင်းကုရ်အာန်ကယခုလို့မိန့်
ကြားထားပြန်ပါတယ်။ 👇👇
وقال تعالى : ( وَإِنْ أَرَدْتُمُ اسْتِبْدَالَ زَوْجٍ مَكَانَ زَوْجٍ وَءَاتَيْتُمْ إِحْدَاهُنَّ قِنْطَارًا فَلَا تَأْخُذُوا مِنْهُ شَيْئًا أَتَأْخُذُونَهُ بُهْتَانًا وَإِثْمًا مُبِينًا(20) سورة النساء
ထို့ပြင် အကယ်၍ အသင်တို့သည် ဇနီးမိန််းမတစ်ဦး(ကို ကွာရှင်းပြီး သူမ)၏နေရာတွင် အခြားမိန်းမတစ်ဦးအား အစားထိုး(ထိမ်းမြား)ရန် ရည်ရွယ်လျှင်၊ အသင်တို့သည် ထို(ပထမ)ဇနီးကို #ပစ္စည်းအများအပြားပေးထားခဲ့လျှင်လည်း ထိုပစ္စည်းများထဲမှ #အနည်းငယ်မျှပင် ပြန်မယူကြနှင့်။ အသင်တို့သည် (အသင်တို့ပေးထားခဲ့သော) ပစ္စည်းများကို မဟုတ်မမှန် စွပ်စွဲပြီး ထင်ရှားသောပြစ်မှု (ကျူးလွန်ကာ)ပြန်ယူချင်ကြသလော။
ကြည့်👉ကုရ်အာန် (၄:၂၀)
#ဘာလို့ #ပေးပြီးသားတွေပြန်မယူသင့်တာလဲ။
ကုရ်အာန်က ယခုလို ဆက်၍မိန့်ပါတယ်။👇
وَكَيْفَ تَأْخُذُونَهُ وَقَدْ أَفْضَى بَعْضُكُمْ إِلَى بَعْضٍ وَأَخَذْنَ مِنْكُمْ مِيثَاقًا غَلِيظًا(21) سورة النساء
၎င်းပြင် အသင်တို့သည် ပစ္စည်းများကို မည်ကဲ့သို့ပြန်ယူကြမည်နည်း။ အမှန်စင်စစ် အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံခဲ့ကြပြီးဖြစ်သည်။ ၎င်းပြင် ထိုဇနီးမိန်းမများသည် အသင်တို့ထံမှ ခိုင်မာသော ကတိဝန်ခံချက်ကို ယူထားပြီးလည်းဖြစ်သည်။ ကြည့်-ကုရ်အာန် (၄:၂၁)
#တစ်နည်းပြောရရင် ယူတုန်းကပေးပြီး မယူချင်တော့ ပြန်တောင်းတာဟာ #စားပြီးနားမလည်တဲ့
လူယုတ်မာတွေရဲ့လုပ်ရပ်လို့ပြောနေတာဖြစ်တယ်။
အဲ့လိုသတ္တဝါတွေကို အမျိုးသမီးဖြစ်သူက ရှင်လည်း ကျမကိုယူထားချိန်မှာ ကျမဆီက ပေါင်း
သင်းဆက်ဆံပြီး စားခဲ့သည့်အရာတွေ အခုပြန်
လျော်ပေးလို့ပြောရင် ဘယ်လိုလျော်ပေးမလဲ။❓
နှမချင်းကိုယ်ချင်းစာစိတ်ထားကြည့်ပါ။
လောကမှာရှိတုန်း ခင်ဗျာကြိုက်သလောက်အမျိုး
သမီးအပေါ် မတရားကျုးလွန်ကာ မဟရ်ပြန်မပေး
ပဲနေချင်နေလို့ရမယ်။ ဒါပေမဲ့ ခင်ဗျာ တစ်နေ့နေ့
#တော့သေကိုသေရပါလိမ့်မယ်။ အဲ့သည်နေ့ရောက်
ရင်တော့ အကုန်အစားပြန်ပေးနိုင်ဖို့ပြင်ဆင်ထား
ပေတော့။ဟဒီးစ်တော်မှာနဗီကဘယ်အထိမိန့်ကြား
ထားသလဲဆိုရင် လောကမှာရှိတုန်းက #ဦးချိုရှိတဲ့
ဆိတ်တစ်ကောင်က အခြားဦးချိုမပါသည့်ဆိတ်
တစ်ကောင်ကို မတရားဝှေ့ထားပါကလည်းကိယာ
မသ်နေ့မှာ မုချအစားပြန်‌ေပးခံရမှာဖြစ်တယ်တဲ့။
لتؤدُّنَّ الحُقوقُ إلى أَهلِها يومَ القيامةِ ، حتَّى يُقتَصُّ للشَّاةِ الجَمَّاءِ ، مِنَ الشَّاةِ القَرناءِ بِنَطحِها.أخرجه مسلم (2582)
ကြည့်-မွတ်စ်လင်မ်ကျမ်းဟဒီးစ်နံပါတ် ၂၅၈၂
#ဒါကြောင့် ငါတော့ လုံးဝမသေတော့ဘူးလို့ယုံကြည်ထားရင် ကြိုက်သလိုသာလုပ်။ #သေမှာပဲလို့ယုံကြည်ထားရင် ဘယ်သူ့ကိုမှ ဘာအတွက်နဲ့မှ မတရားမလုပ်မိစေနဲ့။
Sheikh Sharhid - Sayar Sharhid

 #ကုရ်အာန်ကျမ်းတော်မြတ်ဟာ 👇ကျွန်တော်တို့ရဲ့အသံကိုလည်း စည်းကမ်းသတ်မှတ်ပေးထားတယ်။ကုရ်အာန်မှာအရှင်မြတ်ကမိန့်တယ်။وَٱغْضُضْ م...
15/02/2025

#ကုရ်အာန်ကျမ်းတော်မြတ်ဟာ 👇
ကျွန်တော်တို့ရဲ့အသံကိုလည်း စည်းကမ်းသတ်မှတ်
ပေးထားတယ်။ကုရ်အာန်မှာအရှင်မြတ်ကမိန့်တယ်။
وَٱغْضُضْ مِن صَوْتِكَ.
👉ထို့ပြင် အသင်သည် အသင်၏အသံကို နှိမ့်ချပါ။
ကြည့် -ကုရ်အာန် (၃၁:၁၉)
ထို့အတူကုရ်အာန်က ကျွန်တော်တို့၏ လမ်းလျှောက်ရမည့်ပုံစံကိုလည်းစည်းကမ်းသတ်မှတ်ပေးထားတာကိုတွေ့ရပါမယ်။အလ္လာဟ်က မိန့်ကြားထားတယ်။
وَلَا تَمْشِ فِى ٱلْأَرْضِ مَرَحًا.
👉ထို့ပြင် အသင်သည် မြေပထဝီတွင် ကြွားဝါ၍ မလျှောက်နှင့်။ကြည့်-ကုရ်အာန် (၁၇:၃၇)
ပြီးတော့ကုရ်အာန်ကျွန်တော်တို့၏အကြည့်ကိုလည်း
စည်းကမ်းသတ်မှတ်ပေးထားတယ်။
وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِّنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا---
👉ထို့ပြင် အသင်(တမန်တော်)သည် ငါအရှင်မြတ်က ထို(ကာဖိရ်)များထဲမှ လူအမျိုးမျိုးကို လောကီဘဝ၏ ခမ်းနားထည်ဝါမှုအဖြစ် အကျိုးခံစားစေတော်မူခဲ့သော ပစ္စည်းဥစ္စာများဘက်သို့ အသင်၏မျက်စိနှစ်လုံးဖြင့် လုံးဝ မော်၍ပင် မကြည့်ပါနှင့်။ ကြည့်-ကုရ်အာန် (၂၀:၁၃၁)
တစ်ဖန်ကုရ်အာန်က ကျွန်တော်တို့ရဲ့ အကြားအာရုံ
နဲ့ပတ်သက်ပြီးလည်း စည်းကမ်းသတ်မှတ်ပေးထား
တာကို မြင်ရပါလိမ့်မယ်။
( وَلا تَجَسَّسُوا )
👉ထို့ပြင် အသင်တို့သည် (သူတစ်ပါး၏ ချွတ်ယွင်းချက်များအား)စပ်စုခြင်း မပြုကြနှင့်။
ကြည့်-ကုရ်အာန် (၄၉:၁၂)
ဒါ့အပြင်ကုရ်အာန်က ကျွန်တော်တို့ရဲ့အစားအသော
က်နဲ့ပတ်သက်ပြီးလည်းစည်းကမ်းသတ်မှတ်ပေး
ထားပါတယ်။
وَلَا تُسْرِفُوا--
👉ထို့အပြင် အသင်တို့သည် မဖြုန်းတီးကြလေနှင့်။
ကြည့်-ကုရ်အာန် ၇း၃၁
ကုရ်အာန်က ကျွန်တော်တို့၏ စကားလုံးတွေနဲ့ပတ်
သက်ပြီးလည်းစည်းကမ်းသတ်မှတ်ပေးထားပြန်ပါ
တယ်။
وَقُولُوا لِلنَّاسِ حُسْنًا.
👉ထို့ပြင် လူသားတို့အား ကောင်းမွန်စွာပြောဆိုကြရမည်။ ကြည့်-ကုရ်အာန် ၂း၈၃
နောက်ဆုံး ကုရ်အာန်က ကျွန်တော်တို့ ဘဝနေထိုင်
မှုတစ်ခုလုံးနှင့်ပတ်သက်ပြီးလည်း စည်းကမ်းချက်
ထုတ်ပြန်ပေးထားပါတယ်။
فَاسْتَقِمْ كَمَا أُمِرْتَ.
👉သို့ဖြစ်ရာ အသင်သည် အသင့်အား အမိန့်ပေးထားသည့်အတိုင်း (သာသနာအပေါ်တွင်)ကြံ့ခိုင်စွာ ရပ်တည်နေပါ၊ ကြည့်-ကုရ်အာန် (၁၁:၁၁၂)
#ရှိုက်ခ်အဟ်မဒ်ဗင်န်အီစာအလ်မိအ်ဆွရာဝွီ
(ကုရ်အာန်ဟာ လူ့ဘဝတည်ဆောက်ပုံအလုံးစုံကို
ညွန်ကြားပြသပေးထားသည့်ကျမ်းတော်မြတ်ဖြစ်
တာမို့ ယခုလို ရှအ်ဗာန်လကနေစ၍ ရမဿွာန်
အထိကို ကုရ်အာန်ကျမ်းတော်မြတ်အား မြန်မာ
ဘာသာပြန်ဖြင့် တစ်ခေါက်လောက်ဖတ်ကြည့်ပါ။)
Sheikh Sharhid - Sayar Sharhid

 #လူသေသော်လည်း  #ကုသိုလ်မသေမည့် #အမလ်(၇)မျိုး ။မသေခင် ဒီ(၇)မျိုးအနက် သင်တတ်စွမ်းနိုင်တာကိုလုပ်ခဲ့ပါ။သေပြီးနောက် တစ်ဦးတစ်...
10/02/2025

#လူသေသော်လည်း #ကုသိုလ်မသေမည့်
#အမလ်(၇)မျိုး ။
မသေခင် ဒီ(၇)မျိုးအနက် သင်တတ်စွမ်းနိုင်တာကို
လုပ်ခဲ့ပါ။သေပြီးနောက် တစ်ဦးတစ်ယောက်က
သင့်ကို ကောင်းမှုကုသိုလ်တွေလုပ်ပေးမှာပဲဆိုပြီး
မျှော်လင့်ချက်မထားပါနဲ့။ အသေချာဆုံးက
မသေခင်ကတည်းက ပြင်ဆင်ခဲ့ပါ။
Sheikh Sharhid - Sayar Sharhid

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sheikh Sharhid - Sayar Sharhid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category