ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်း Zabu Aung Private School

ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်း Zabu Aung Private School

Share

Strong Body, Strong Mind, Strong Future

18/08/2026

“အားလပ်ရက်မှာ ရေကူးရင်း အရပ်လည်းရှည်၊ သက်လုံလည်း ကောင်းစေဖို့"

သားသားမီးမီးတို့ရဲ့ အားလပ်ရက် စနေ၊ တနင်္ဂနွေနေ့တွေကို ဖုန်းနဲ့ စခရင်တွေရှေ့မှာပဲ ကုန်လွန်မသွားစေဘဲ ကျန်းမာရေးအတွက် ထိရောက်တဲ့ လှုပ်ရှားမှုလေးတွေ ဖန်တီးပေးချင်ပါသလားရှင်?

ဇမ္ဗူအောင် ရဲ့ Weekend Swimming Class လေးက ကလေးတို့ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။

ရေကူးခြင်းက သားသားမီးမီးတို့အတွက် ဘာတွေ အကျိုးရှိစေသလဲ?

အရပ်ရှည်ပြီး ခန္ဓာကိုယ် ပုံစံ မှန်ကန်စေတယ်။

ရေကူးတာဟာ ကြွက်သားနဲ့ အရိုးအဆစ်တွေကို
ဆန့်ထုတ်ပေးတာကြောင့် ကလေးတို့ အရပ်ရှည်စေပြီး ခန္ဓာကိုယ် Posture ကို လှပစေပါတယ်နော်။

နှလုံးနဲ့ အဆုတ် သက်လုံကို တိုးတက်စေတယ်။

အသက်ရှူစနစ်နဲ့ သက်လုံကို အပြည့်အဝ တည်ဆောက်ပေးလို့ မောလွယ်ခြင်း မရှိဘဲ
ကျန်းမာသန်စွမ်းစေပါတယ်။

အသက်ကယ် ကျွမ်းကျင်မှု (Life Skill) ရရှိတယ်။

ရေနစ်တဲ့ အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ်
ကာကွယ်နိုင်တဲ့ အရေးကြီးတဲ့ အလေ့အကျင့်ကို
ရရှိစေပါတယ်။

စိတ်လက် လန်းဆန်းပြီး အိပ်ရေးဝစေတယ်။

စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ညဘက်မှာလည်း
နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်ရှင်။

Weekend Swimming Class အတန်းသား/သူ အသစ်
စာရင်းလက်ခံနေပါပြီရှင်။

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များမှာ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ အသေးစိတ် အချိန်ဇယားနဲ့ သင်တန်းကြေးများကို သိရှိလိုပါက Page Chat Box (Inbox) မှတစ်ဆင့် အခုပဲ ဆက်သွယ် စုံစမ်း အပ်နှံနိုင်ပါတယ်ရှင်။

❝ ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း ❞ နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက

💌 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (ဒါမှမဟုတ်)
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟔
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟕 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 💁‍♀️

🏫 လိပ်စာလေးကတော့
အမှတ်(၅၁)၊ အေ/အေ ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

#ဇမ္ဗူအောင်

17/08/2026

❝အတင်းလည်း မကျပ်နဲ့၊ လုံးဝလည်း မလွှတ်လိုက်ပါနဲ့နော်❞

မင်္ဂလာပါရှင်... ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ မိဘတိုင်းလိုလို အခက်တွေ့ရတာက "ဘယ်လောက်ထိ ထိန်းရမလဲ" ဆိုတဲ့ အပိုင်းလေးပါပဲနော်။

အစွန်းနှစ်ဖက် မရောက်ဘဲ အလယ်အလတ် လမ်းစဉ် (Balance) လေးအတိုင်း သွားနိုင်ဖို့က အရမ်းအရေးကြီးပါတယ်ရှင်။

-» အစွန်းနှစ်ဖက် ရောက်သွားရင် ဘာတွေ
ဖြစ်လာနိုင်သလဲ?

❝လွန်ကဲစွာ တင်းကျပ်လွန်းရင် ❞

ကလေးမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့နည်းသွားတတ်ပါတယ်၊ ဖိအားတွေကြောင့် စိတ်ဒဏ်ရာ (Trauma) ရသွားနိုင်သလို မိဘအပေါ် အကြောက်တရားနဲ့ပဲ စည်းကမ်းလိုက်နာပြီး လျှို့ဝှက်ချက်တွေ များလာတတ်ပါတယ်ရှင်။

❝လုံးဝ လွှတ်ထားလွန်းရင် ❞

စည်းကမ်းမရှိတာ၊ အမှားအမှန် မခွဲခြားနိုင်တာမျိုး ဖြစ်လာနိုင်ပြီး ပြင်ပလောကရဲ့ စိန်ခေါ်မှုတွေကို
ရင်မဆိုင်ရဲဘဲ အလိုလိုက်ခံထားရတဲ့ ကလေး ဖြစ်သွားတတ်ပါတယ်ရှင်။

-»“သောကမများဘဲ မျှတစွာ ထိန်းကျောင်းနိုင်မယ့်
နည်းလမ်းလေးများ”

❝နွေးထွေးတဲ့ စည်းကမ်းလေးတွေ ထားပေးပါ ❞

စည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးပါ၊ ဒါပေမဲ့ ဒေါသနိုဝင်ဘဲ မေတ္တာနဲ့၊ အသိပညာပေးတဲ့ လေသံလေးနဲ့ ရှင်းပြပေးပါနော်။

❝သေချာ နားထောင်ပေးပါ၊ နေရာပေးပါ ❞

ကလေးရဲ့ ဆန္ဒနဲ့ ခံစားချက်ကို နားထောင်ပေးပြီး သူတို့ရဲ့ အသက်အရွယ်နဲ့ ကိုက်ညီမယ့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်လေးတွေ ပေးကြည့်ပါရှင်။

❝အမှားလုပ်ပိုင်ခွင့် ပေးထားပါ ❞

အမှားထဲကနေ သင်ခန်းစာပြန်ယူနိုင်အောင် ကူညီပေးပါ၊ အပြစ်ဒဏ်ပေးတာထက် သင်ယူမှုကို အဓိကထားပေးပါနော်။

ကလေးဆိုတာ ပုံသွင်းရမယ့် မြေကုလားမတ်စေ့
မဟုတ်သလို၊ လေတိုက်ရာ လွင့်ပါသွားရမယ့်
သစ်ရွက်ခြောက်လေးလည်း မဟုတ်ပါဘူးရှင်။

"နွေးထွေးတဲ့ လမ်းပြမှု" လေးနဲ့ အလယ်အလတ်အတိုင်း ထိန်းကျောင်းပေးခြင်းကသာ ကလေးအတွက် အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်ပါတယ် ❤️✨

#ဇမ္ဗူအောင် #ကိုယ်ပိုင်အထက်တန်းကျောင်း

16/08/2026

"ကလေးတွေ ဝါသနာပါရာကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးခြင်းဟာ အကောင်းဆုံးလက်ဆောင်ပါ”

မိဘတစ်ယောက် ဖြစ်လာရတဲ့ ခရီးစဉ်မှာ ကလေးကို ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း ပုံသွင်းမရတဲ့အခါ၊ မကြာခဏ ခြေကုန်လက်ပန်းကျပြီး ပင်ပန်းရတဲ့ အချိန်တွေ ရှိဖူးကြမှာပါ။

"ဒီကလေးလေးကို ဘာအတွက် မွေးခဲ့တာလဲ?"

"အမွေနဲ့ မျိုးဆက်ကို ဆက်ခံဖို့လား?

အသက်ကြီးရင် စောင့်ရှောက်ဖို့လား?"

ဆိုတဲ့ မေးခွန်းတွေ ရင်ထဲမှာ အဖြေရှာမရအောင်
မေးမိတာမျိုးလည်း ကြုံဖူးကြပါလိမ့်မယ်။

ဒီမေးခွန်းတွေကို အမှန်အတိုင်း လှစ်ဟကြည့်ရင် ကလေးဆိုတာ သူတို့ရဲ့ ဆန္ဒနဲ့ ဒီကမ္ဘာထဲကို ရောက်လာကြတာ မဟုတ်ပါဘူး။

သူတို့ကို ဒီဘဝထဲကို ခေါ်ဆောင်ခဲ့တာပါ။

ကလေးတစ်ယောက် ဘဝထဲ ရောက်လာတာဟာ
"ဒီကမ္ဘာကြီးရဲ့ မတွေ့ဖူးတာတွေကို တွေ့ကြုံဖို့၊
မစားဖူးတာတွေကို မြည်းစမ်းဖို့နဲ့ မမြင်ဖူးတာတွေကို ဖြတ်သန်းကြည့်ရှုဖို့" သာ ဖြစ်ပါတယ်။

✨ ဘာတွေကို အမှန်တကယ် သတိရသင့်သလဲ?

ကလေးမှာ မိဘရဲ့ အိမ်မက်ကို ထမ်းပိုးဖို့ တာဝန်မရှိပါ

ကလေးဟာ မိဘဖြစ်ချင်တာတွေကို လိုက်လုပ်ပေးဖို့ သို့မဟုတ် မိဘလိုချင်တဲ့ ပန်းတိုင်တွေကို ရောက်အောင် တွန်းအားပေးဖို့ မွေးဖွားလာတာ မဟုတ်ပါဘူး။
သူတို့မှာ ကိုယ်ပိုင်ဘဝနဲ့ ကိုယ်ပိုင် ခရီးစဉ် ရှိပါတယ်။

ဝါသနာပါရာကို ပံ့ပိုးပေးခြင်းက အစစ်မှန်ဆုံး မေတ္တာပါ

မိဘတွေ ရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်း မသွားခိုင်းဘဲ ကလေး အမှန်တကယ် ဝါသနာပါတဲ့၊ စိတ်ဝင်စားတဲ့ အရာတွေကို လွတ်လပ်စွာ စမ်းသပ်ခွင့်နဲ့ လုပ်ဆောင်ခွင့် ပေးသင့်ပါတယ်။

ကိုယ် ဝါသနာပါရာကို လုပ်ဆောင်ခွင့်ရတဲ့ ကလေးဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာသလို ဘဝကိုလည်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ဘဝဆိုတာ ခဏတာ အတူတူ သွားကြတဲ့ ခရီးတစ်ခုပါ

တစ်ချိန်ကျရင် ထွက်ခွာသွားရမှာပါပဲ၊ သူတို့လည်း သူတို့လမ်းသူတို့ သွားကြရမှာပါ။

အားလုံးဟာ ဒီခဏတာ ခရီးစဉ်မှာ ခဏလေး လာဆုံတွေ့ကြတဲ့ ခရီးဖော်တွေသာ ဖြစ်ပါတယ်။

အဓိပ္ပာယ်ရှိတဲ့ အတူရှိပေးခြင်း

ကျောင်းကောင်းကောင်း၊ ပညာကောင်းကောင်းနဲ့
အရာရာ ပံ့ပိုးပေးနိုင်မှ အကောင်းဆုံး မိဘဖြစ်မယ်ဆိုတာ မဟုတ်ပါဘူး။

ကလေးတစ်ယောက်အတွက် အရေးကြီးဆုံးက သူ့ရဲ့ ကြီးထွားမှု ခရီးစဉ်မှာ မိဘက ဘယ်လောက်အထိ
နွေးထွေးစွာနဲ့ အမှန်တကယ် အတူရှိပေးခဲ့သလဲ
ဆိုတာပါပဲ။

ကလေးတစ်ယောက်ကို မိဘက ပေးရမယ့်
အကြီးမားဆုံး အရာဟာ "မျှော်လင့်ချက်တွေနဲ့ ဖိအား" မဟုတ်ဘဲ "လုံလောက်တဲ့ မေတ္တာ၊ ဘက်ပေါင်းစုံက ဝါသနာတွေကို ပံ့ပိုးပေးမှုနဲ့ အနီးကပ် ရှိပေးမှု"
သာ ဖြစ်ပါတယ်။

သူတို့ ဝါသနာပါရာ လမ်းကြောင်းပေါ်မှာ ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားခွင့်၊ သင်ယူခွင့် ပေးရင်းနဲ့ ခဏတာ ဆုံတွေ့ခွင့်ရတဲ့ ဒီဘဝလေးမှာ အတူတူ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းကြည့်ကြရအောင်နော်... ❤️💭

#ဇမ္ဗူအောင် #ကိုယ်ပိုင်အထက်တန်းကျောင်း

Photos from ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်း Zabu Aung Private School's post 15/08/2026

"ဝမ်းရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း”

ဇမ္ဗူအောင် ကျောင်းမှာ သားသားမီးမီးတို့နဲ့ မိဘများအားလုံး ရာသီဥတုအကူးအပြောင်းမှာ မလိုလားအပ်တဲ့ ဝမ်းပျက်/ဝမ်းရောဂါများ ကူးစက်ပြန့်ပွားခြင်းမှ
ကင်းဝေးစေဖို့အတွက် "ဝမ်းရောဂါ ကာကွယ်ရေးနှင့် သန့်ရှင်းသော လူနေမှုဘဝ" အသိပညာပေး ဟောပြောပွဲလေးကို မကြာသေးမီက အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ ကလေးတို့အတွက် လက်တွေ့ကျကျ လိုက်နာဆောင်ရွက်နိုင်မယ့် -

💧 မှန်ကန်သော နည်းလမ်းဖြင့် လက်ဆေးနည်း (၅) ဆင့်

🍲 သန့်ရှင်းဆတ်ဆက်သော အစားအသောက်နှင့် သောက်ရေသန့် သုံးစွဲပုံ

🧹 ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စည်းကမ်းရှိစွာ အမှိုက်စွန့်ပစ်ပုံ များကို ပျော်ရွှင်စရာ မေးခွန်း/အဖြေ ကစားနည်းလေးများနှင့်အတူ စနစ်တကျ မျှဝေပေးခဲ့ပါတယ်။

ကျောင်းသား/သူလေးတွေအနေနဲ့လည်း ကျန်းမာရေး အသိပညာတွေကို စိတ်ပါဝင်စားစွာ နားထောင်ကြပြီး လက်တွေ့ လက်ဆေးနည်းတွေကိုလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်လေးတွေ ဖြစ်လာဖို့အတွက် မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ သန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေကို အတူတကွ ပျိုးထောင်ပေးကြပါစို့နော်... 💪✨

📸 ဟောပြောပွဲအတွင်း ကျောင်းသား/သူလေးများ တက်ကြွစွာ ပါဝင်နေသည့် အမှတ်တရ ပုံရိပ်များကို ကြည့်ရှု အားပေးလိုက်ကြပါဦး❤️

#ဇမ္ဗူအောင်

15/08/2026

ဝမ်းရောဂါ ကာကွယ်ဖို့ အလွယ်ကူဆုံးနဲ့ စရိတ်
အသက်သာဆုံး နည်းလမ်း

လက်မသန့်ရှင်းဘဲ အစားအစာ၊ သောက်ရေနဲ့ အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်မိတာဟာ ရောဂါပိုးမွှားတွေကို မိမိဆီနဲ့ အခြားသူများဆီ အလွယ်တကူ
ကူးစက်စေနိုင်ပါတယ်။

ဒါကြောင့် ဝမ်းရောဂါနဲ့ ကူးစက်ရောဂါတွေကနေ
ကင်းဝေးဖို့ လက်ကို စနစ်တကျ မကြာခဏ
ဆေးကြောကြစို့...

🫧 မှန်ကန်သော လက်ဆေးနည်း (၅) ဆင့်

၁။ လက်ကို ဆပ်ပြာနှင့် ရေဖြင့် ဆေးပါ။

၂။ လက်ကို ဆပ်ပြာဖြင့် သေချာစွာ ပွတ်တိုက်ပါ။

၃။ လက်သည်းကြားထဲသို့လည်း ဆပ်ပြာဝင်အောင် ပွတ်တိုက်ပါ။

၄။ ရေသန့်သန့်ဖြင့် လက်ကို လောင်း၍ ဆေးပါ။

၅။ ဆပ်ပြာမရှိပါက သဲဆပ်ပြာ၊ ပြာ၊ ပြာရည်၊
ကင်းပွန်းသီး သို့မဟုတ် တရော်ရည် စသည်တို့ကို အသုံးပြုပါ။

‼️လက်ကို စင်ကြယ်အောင် ဆေးကြောခြင်းရဲ့ အကျိုးကျေးဇူး‼️

လူ့မစင်မှ ရောဂါပိုးများနှင့် ကြက်၊ ငှက်၊ တိရစ္ဆာန်များမှ ရောဂါပိုးများ ၊

အစားအသောက်၊ သောက်ရေနှင့် တိုက်ရိုက်ထိတွေ့မှုတို့မှတစ်ဆင့် အခြားသူများဆီ ရောဂါကူးစက်ပြန့်ပွားခြင်းကို ထိရောက်စွာ တားဆီးပေးနိုင်ပါတယ်။

ကျန်းမာရေးအတွက် မိမိမှစ၍ လက်ကို စနစ်တကျ သန့်ရှင်းစွာ ဆေးကြောကြပါစို့... 💪❤️

#ဇမ္ဗူအောင် #ကိုယ်ပိုင်အထက်တန်းကျောင်း

14/08/2026

"Free Class" တွေမှာ စာရင်းသွင်းပြီးကြပြီလား?

သားသားမီးမီးတို့ရဲ့ အားလပ်ရက် အချိန်တွေကို အဓိပ္ပာယ်ရှိရှိ၊ တက်ကြွလှုပ်ရှားစွာနဲ့ ကုန်လွန်စေဖို့
ဇမ္ဗူအောင် ကနေ Free Classes တွေကို စီစဉ်ပေးထားပါတယ်။

ဘယ်ကျောင်းက ကျောင်းသား/သူ မဆို လာရောက်
ပူးပေါင်း တက်ရောက်နိုင်ရုံတင်မကဘဲ...

🎁 အထူး Discount Promotion ကြီးပါ ရရှိဦးမှာပါ။

ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းတွေနဲ့အတူတူ
အတန်းအပ်နှံပါက သင်တန်းကြေး 20% Discount အထူးလျှော့ဈေး ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

🌟 ဇမ္ဗူအောင်ရဲ့ Weekend Classes တွေမှာ ဘာတွေ သင်ယူရမလဲ?

🥋 Karate Class

ကိုယ်ခံပညာ အခြေခံနှင့် စည်းကမ်း၊ သက်လုံ မြှင့်တင်ခြင်း

⚔️ Kendo Class

အာရုံစူးစိုက်မှု၊ မြန်ဆန်သော တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက် ရဲရင့်မှု

🥊 Boxing Class
ကြွက်သား သန်မာမှုနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု
သူငယ်ချင်းတွေနဲ့အတူတူ

ပျော်ပျော်ပါးပါး လေ့ကျင့်ရင်း ကျန်းမာကြံ့ခိုင်မှုနဲ့ ကိုယ်ခံပညာတွေကို စနစ်တကျ သင်ယူဖို့ အခွင့်အရေးကောင်းကြီးဖြစ်ပါတယ် ရှင် ။

ဒီလို Free Class တက်ရောက်ခွင့်နဲ့ 20% Discount အထူးအခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ Page Chat Box (Inbox) မှတစ်ဆင့် သားသားမီးမီးတို့အတွက် စာရင်းပေးသွင်း အပ်နှံလိုက်ပါနော်။

❝ ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း ❞ နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက

💌 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (ဒါမှမဟုတ်)
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟔
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟕 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 💁‍♀️

🏫 လိပ်စာလေးကတော့
အမှတ်(၅၁)၊ အေ/အေ ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

#ဇမ္ဗူအောင်

13/08/2026

"ပျော်ရွှင်စရာ အမှတ်တရတွေနဲ့အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ Weekend Classes Orientation ပွဲကြီး"

ဇမ္ဗူအောင် ရဲ့ Weekend Karate, Kendo & Boxing Classes များအတွက် Orientation ပွဲလေးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲနေ့မှာတော့ သားသားမီးမီးတို့ဟာ ကိုယ်ခံပညာ လေ့ကျင့်ခန်း အသစ်အဆန်းတွေကို စိတ်အားထက်သန်စွာနဲ့ ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆော့ကစားခဲ့ကြသလို ဆရာ/ဆရာမများ ကလည်း အထူးစိတ်ဝင်စားစွာ အားပေးခဲ့ကြပါတယ်။

🎁 အထူး Promotion သတင်းကောင်း!

Buy 1 Get 2 (အတန်း ၁ တန်းအပ်ရုံနဲ့ ကျန် ၂ တန်း အခမဲ့တက်ရောက်ခွင့်) Promotion နဲ့အတူ 20% Discount ခံစားခွင့် အထူးအခွင့်အရေးများ ဆက်လက် ရရှိနိုင်ပါသေးတယ်။

🎥 Orientation ပွဲရဲ့ ပျော်ရွှင်စရာ မြင်ကွင်းလေးတွေကို အတူတကွ ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။

#ဇမ္ဗူအောင်

12/08/2026

International Youth Day (အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့) မှာ တက်ကြွလှုပ်ရှားနေကြတဲ့
Grade 5 တို့ရဲ့ 'ရန်ကုန်တိုင်းဒေသကြီး' နံရံကပ်စာစောင်"

ဒီနေ့ ကျရောက်တဲ့ International Youth Day
(အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့) မှာ ကလေးနဲ့ လူငယ်တို့ရဲ့ စွမ်းရည်၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုသောအားဖြင့် ဇမ္ဗူအောင် ရဲ့ Grade 5 ကျောင်းသား/သူလေးများက "ရန်ကုန်တိုင်းဒေသကြီး" ဆိုင်ရာ နံရံကပ်စာစောင်ကို လက်တွေ့ စည်းလုံးစွာ ပုံဖော်ခဲ့ကြပါတယ်။

မနက်ဖြန် စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ့် အနာဂတ် လူငယ်လောင်းလေးတွေဖြစ်တဲ့အတွက် ဒီလို ဗဟုသုတရှာဖွေမှုနဲ့ ဖန်တီးမှု လှုပ်ရှားမှုတွေကနေတစ်ဆင့်…

📍 မိမိတို့ ဒေသ၏ သမိုင်း၊ ပထဝီနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များကို ထိရောက်စွာ သင်ယူနိုင်ခြင်း၊

🤝 အသင်းအဖွဲ့လိုက် ခေါင်းဆောင်မှု၊ စည်းလုံးမှုနှင့် စိတ်ကူးများ ဖလှယ်တတ်သည့် စွမ်းရည်များ ရရှိခြင်း၊

🎨 အနုပညာ စိတ်ကူးဉာဏ်များကို ရဲရင့်စွာ လက်တွေ့ ပုံဖော်ရသဖြင့် ယုံကြည်မှု တိုးတက်လာခြင်း စသည့် အနာဂတ်အတွက် လိုအပ်သော Skill အသစ်များကို မြှင့်တင်နိုင်ခဲ့ပါတယ်။

မိမိတို့ တိုင်းဒေသကြီးအကြောင်းကို ရောင်စုံ စိတ်ကူးများဖြင့် စနစ်တကျ ပုံဖော်ထားသည့်
ကျောင်းသား/သူလေးများ၏ ကြိုးစားမှု ပုံရိပ်များကို
ဒီနေ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ဝမ်းမြောက်စွာဖြင့် ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။

💬 Comment မှာ အားပေးစကားလေးတွေ ပြောသွားပေးကြပါဦး။

အနာဂတ်ကို လှပအောင် ဖန်တီးကြမယ့် Grade 5 ကလေးလေးတွေအတွက် မိဘတို့ရဲ့ ဆုမွန်ကောင်းနဲ့ အားပေးစကားလေးတွေကို Comment မှာ ရေးသားမျှဝေခဲ့ကြပါဦးနော် 👇❤️✨

#ဇမ္ဗူအောင်

11/08/2026

ကလေးတို့၏ အနာဂတ်အတွက် Weekend Orientation ပွဲသို့ မေမေတို့အား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ပါတယ် ။

ကလေးရဲ့ ကျောင်းပိတ်ရက်တွေကို စည်းကမ်းရှိပြီး တက်ကြွတဲ့ အားကစားနည်းတွေနဲ့ ပုံဖော်ပေးချင်တဲ့ မေမေတို့အတွက် သတင်းကောင်း…

Karate ၊ Kendo နဲ့ Boxing အတန်းတွေကို စနစ်တကျ သင်ကြားပြသပေးမယ့် ဝါရင့် နည်းပြဆရာကြီးများစုံလင်စွာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး သင်တန်းတစ်ခုချင်းစီရဲ့ အကျိုးကျေးဇူးတွေ၊ စည်းကမ်းနဲ့ သင်ကြားရေးပုံစံတွေကို အသေးစိတ် ရှင်းလင်းပြောကြားပေးသွားမယ့် Weekend Orientation ပွဲလေးကို မနက်ဖြန် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်ရှင်။

မေမေတို့သိရှိလိုသမျှ အသေးစိတ်မေးခွန်းများကိုလည်း ဆရာကြီးများနှင့် တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်တာကြောင့် အခွင့်အရေးကို လက်မလွှတ်ဘဲ ကြွရောက်ပေးပါရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ရပါတယ်။ 🤝

📅 နေ့ရက်: ၁၂ ရက်၊ ဩဂုတ်လ၊ ၂၀၂၆ (ဗုဒ္ဓဟူးနေ့)

⏰ အချိန်: ညနေ (၂:၃၀) နာရီမှ (၃:၃၀) နာရီအထိ

📍 နေရာ: ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း

❝ ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း ❞ နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက

💌 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (ဒါမှမဟုတ်)
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟔
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟕 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 💁‍♀️

🏫 လိပ်စာလေးကတော့
အမှတ်(၅၁)၊ အေ/အေ ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

#ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း
#ဇမ္ဗူအောင်


#တာမွေ

11/08/2026

“ကရာတေးတက်ရုံနဲ့ Kendo + Boxing အတန်း ၂ ခုပါ အခမဲ့ သင်ယူခွင့်ရမည့် အခွင့်အရေး”

အားလပ်ရက် စနေ၊ တနင်္ဂနွေနေ့တွေကို အဟောသိကံ
မဖြစ်စေဘဲ ကိုယ်ခံပညာစွမ်းရည်၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ သက်လုံ တို့ကို အပြည့်အဝ တည်ဆောက်ချင်ပါသလား?

ဇမ္ဗူအောင် ရဲ့ Weekend Classes မှာ မကြုံစဖူး
အထူး Promotion အဖြစ် Karate (ကရာတေး) အတန်း အပ်နှံတာနဲ့

⚔️ Kendo (ဂျပန်ဓားသိုင်းအတန်း)

🥊 Boxing (လက်ဝှေ့အတန်း)

ဆိုပြီး မိမိနှစ်သက်ရာ/လိုအပ်မည့် အတန်း (၂) တန်းကို အခမဲ့ (FREE) ထပ်မံ သင်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်! ✨

🌟 ဒီ အတန်း (၃) မျိုးကနေ ဘာတွေ ရရှိမှာလဲ?

Karate

ကိုယ်ခံပညာ အခြေခံ၊ စည်းကမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု

Kendo

အာရုံစူးစိုက်မှု၊ မြန်ဆန်သော တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက် ရဲရင့်မှု

Boxing

ကြွက်သား သန်မာမှု၊ ကာဒီယို သက်လုံနှင့် ခန္ဓာကိုယ် အဆီပိုများ လောင်ကျွမ်းမှု

တစ်နေရာတည်းမှာတင် ကိုယ်ခံပညာ အမျိုးအစားစုံကို စနစ်တကျ သင်ယူနိုင်မှာဖြစ်လို့ ကလေးများ၊ လူငယ်များနှင့် ကြံ့ခိုင်ရေး ဝါသနာရှင်များ အားလုံးအတွက် အထူးပင် သင့်တော်ပါတယ်။

⏰ နေရာအရေအတွက် ကန့်သတ်ထားပါသည်။

ဒီလို Buy 1 Get 2 အထူး အခွင့်အရေးကို လက်လွတ်
မခံဘဲ အချိန်ဇယားနှင့် သင်တန်းကြေး အသေးစိတ်ကို သိရှိလိုပါက Page Chat Box (Inbox) မှတစ်ဆင့် အခုပဲ ဆက်သွယ်စုံစမ်း အပ်နှံလိုက်ပါနော်။

❝ ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း ❞ နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက

💌 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (ဒါမှမဟုတ်)
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟔
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗 - 𝟒𝟎𝟏 𝟒𝟓𝟒 𝟖𝟑𝟕 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 💁‍♀️

🏫 လိပ်စာလေးကတော့
အမှတ်(၅၁)၊ အေ/အေ ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

#ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်း
#ဇမ္ဗူအောင်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


No. 51 A/A, Lay Daunk Kan Road, Tamwe Township
Yangon