27/04/2026
ကြွေပြားကပ်ဖို့ လိုအပ်လာပြီ ဆိုရင် ကြွေပြားကပ်ကော်နှင့် ကပ်မလား သာမာန် သဲ၊ ဘိလပ်မြေရောပြီး ကပ်မလားဆိုတဲ့ ကိစ္စက စဥ်းစားဖို့ လိုလာပါပြီ။
သဲ၊ ဘိလပ်မြေရောပြီး ကပ်လဲ ရနေတာပဲ၊ ဘာလို့ အပိုအကုန်ခံပြီး ကြွေပြားကပ်ကော်ဝယ်သုံးနေမလဲ လို့ တွေးထင်ကြသူတွေလဲ ရှိမှာပါ။ ဒါဟာ ဘာနှင့်တူသလဲ ဆိုရင် တန်ဖိုးကြီးကားဝယ်စီးပြီးမှ နှမြောပြီး ဆီ၊ အင်ဂျင်ဝိုင် အညံ့စားတွေ ထည့်သုံးတာနှင့် တူပါတယ်။ အကျိုးဆက်ကတော့ တန်ဖိုးကြီးကားပျက်စီးပြီး ရေရှည်မခံဘူးပေါ့။
အဲဒီလိုပါပဲ၊ ကြွေပြားကပ်ရာမှာ တန်ဖိုးပိုကြီးတာက ကြွေပြား နှင့် လက်ခပါ။ ကြွေပြားကပ်ကော်သုံးရမှာ နှမြောပြီး သဲ၊ ဘိလပ်မြေနှင့်ပဲ ကပ်မယ်ဆိုရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။
ကြွေပြားကပ်ကော်နှင့် သာမာန်သဲ ဘိလပ်မြေရဲ့ အဓိက ကွာခြားချက်က စွဲကပ်အားပါ။ ကြွေပြားကပ်ကော်မှာ စွဲကပ်အားပေးနိုင်တဲ့ ကော်ဓာတ်ပါတဲ့ အတွက် ကြွေပြားပိုစွဲမြဲပြီး ရေရှည်ခံပါတယ်။ သာမာန် သဲ ဘိလပ်မြေမှာတော့ ကော်ဓာတ် လုံးဝမပါတဲ့အတွက် အကြမ်းမခံ ရေရှည်မခံပါဘူး။
နောက်ပြီးတော့ ဘိလပ်မြေရဲ့ သဘောက ရေစုပ်တဲ့ မျက်နှာပြင်မှာပဲ အလုပ်လုပ်တဲ့အတွက် ရေမစုပ်တဲ့ နှစ်ဖက်လှ ကြွေပြား(Homogeneous Tile, Porcelain Tile) တွေ ကို ကပ်လို့မရပါဘူး။ ချက်ချင်းပြန်ကွာပါတယ်။
နိုင်ငံခြားက တင်သွင်းလာတဲ့ ကြွေပြားကပ်ကော်တွေဟာ အရည်အသွေးကောင်းပေမယ့် စျေးနှုန်းမြင့်တဲ့အတွက် သုံးစွဲသူတွေအတွက် အဆင်မပြေပါဘူး။
BEST Tile Adhesive(ကြွေပြားကပ်ကော်) ကို အဆင့်မြင့် ဂျာမာန်နည်းပညာနှင့် ထုတ်လုပ်ထားတဲ့အတွက် အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အတွက် စျေးနှုန်းချိုသာပါတယ်။
အဲဒီလို စျေးနှုန်းချိုသာပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေးပေးနိုင်သောကြောင့် BEST Tile Adhesive(ကြွေပြားကပ်ကော်) ကို အထပ်မြင့်ကွန်ဒို စီမံကိန်းများနှင့် နိုင်ငံပိုင်စီမံကိန်းကြီးများတွင် ယုံကြည်စွာအသုံးပြုနေကြပါပြီ။
စီမံကိန်းကြီးတွေမှာ အရည်အသွေးကို အလေးထားတဲ့အတွက် စမ်းသပ်စစ်ဆေးမှုတွေ အများကြီးလုပ်ပြီးမှ လက်ခံပါတယ်။ BEST Tile Adhesive(ကြွေပြားကပ်ကော်) ရဲ့ အရည်အသွေးကို စီမံကိန်းကြီးတွေရဲ့ Third Party(QC) အရည်အသွေးစစ်ဆေးတဲ့အဖွဲ့ရှေ့မှာ On Site Test(ဆိုက်တွင်စမ်းသပ်မှု) လုပ်ပြပြီး မှတ်ကျောက်အတင်ခံပြီးပါပြီ။
စျေးနှုန်းချိုသာပေမယ့် အရည်အသွေးကောင်းမွန်တဲ့အတွက် ကြွေပြားရေရှည်ခံဖို့ စိတ်ချရတာမို့ ကြွေပြားကပ်ကော်သုံးဖို့ လိုအပ်လာရင် BEST ကို သတိရလိုက်ပါ။
09778596437
09774370661
ကိုဆက်သွယ်ပီးအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။