STI Student Community

STI Student Community STI likes no others

06/09/2018
STI Myanmar University မှ ပညာရေး နှင့် ကျန်းမာရေး ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ၊ Work Shop များကို အခါအားလျော်စွာ ကျင်း...
06/09/2018

STI Myanmar University မှ ပညာရေး နှင့် ကျန်းမာရေး ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ၊ Work Shop များကို အခါအားလျော်စွာ ကျင်းပပေးလျှက်ရှိပါသည်။ ယခုအခါတွင်လည်း "ပြည်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် ယုံကြည်မှုတည်ဆောက်ခြင်း" ခေါင်းစဉ်နှင့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ ဦးဆောင်ကာ အရေးပေါ်ဆေးကုသမှုပညာဌာနမှ ပါမောက္ခ ဒေါက်တာ မော်မော်ဦး၊ Victoria Hospital ၏ CEO ဒေါက်တာ ဒေါ်အေးအေးစန်း၊ Mandalar Hospital ၏ CEO ဦးစိုးမြင့် တို့နှင့်အတူ ဩဂုတ်လ (၂၆) ရက်နေ့ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအချိန်တွင် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း နဲ့ ဆရာစံ လမ်းထောင့်ရှိ ဆရာစံ ပလာဇာ (၅) လွှာမှာ စကားဝိုင်းဆွေးနွေးခဲ့ပါတယ်။
ထိုဆွေးနွေးပွဲသို့ ဆေးပညာရှင်ကြီးများ ဖြစ်ကြသော ပါမောက္ခဒေါက်တာ မောင်မောင်ဝင့် ၊ ပါမောက္ခဒေါက်တာမြင့်မောင်မောင် ၊ ပါမောက္ခဒေါက်တာဒေးဗစ်ကျော်တို့နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ ၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံအုပ်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ STI Myanmar Universiy မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၊ စိတ်ပါဝင်စားသော ပြည်သူလူထု နှင့် မီဒီယာများ တက်ရောက်ခဲ့ ကြပါသည်။

STI Myanmar University တွင် MSc. ( Nutrition and Deitetics) ၊ MSc. ( Public Health) ၊ MBA ( Hospital and Health Services Management ) အတန်းများအတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။

Address

Yangon
11052

Alerts

Be the first to know and let us send you an email when STI Student Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to STI Student Community:

Shortcuts

Share

Category