28/03/2024
ထူးခြားအံ့အားသင့်ဖွယ် ကမ္ဘာ့စံချိန်တင်တွေကို ဖော်ပြပေးလေ့ရှိတဲ့ Guinness World Records 🔰
သားသားမီးမီးတို့ ငယ်စဉ်တုန်းက ကမ္ဘာ့အရပ်အရှည်ဆုံးလူ၊ ကမ္ဘာ့အကြီးဆုံး ပင့်ကူ စသဖြင့် ထူးဆန်းအံ့အားသင့်ဖွယ် World Record တွေ အကြောင်းကို ဖတ်ဖူးကြတယ်မလား ? 👀
ဒီလို 🔰World Record တွေကို ထုတ်ပြန်နေတာ Guinness World Records ဆိုတဲ့ Organization တစ်ခုက ဖြစ်ပါတယ်နော်။ Guinness World Records Org ဆိုတာ 📚 Guinness Book of Records ကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး အဲ့ဒီ စာအုပ်ဟာ World Record-breaking Achievements တွေကို မှတ်တမ်းတင်ဖော်ပြပေးလေ့ရှိပါတယ်။ ✅
အဲ့ဒီ Idea ကို စတင်ခဲ့တဲ့သူကတော့ 👨💼Guinness Brewery ရဲ့ Managing Director တစ်ယောက်ဖြစ်တဲ့ Sir Hugh Beaver ကနေပြီး 1950 အစာပိုင်းလောက်မှာ အကြံဉာဏ်ရလာခဲ့တာဖြစ်ပါတယ်။ 👨💼Beaver က အဲ့ဒီတုန်းက Party ပွဲတစ်ခုတက်နေခဲ့ပြီး အဲ့ဒီ Party မှာ သူ့နဲ့ တစ်ခြားသူတွေက “ကမ္ဘာ့အမြန်ဆုံးငှက်” အကြောင်းအငြင်းပွားခဲ့ကြရာမှ အဖြေမှန်ကို ဘယ်လို Reference Book ထဲမှာမှ ရှာလို့မတွေ့ဘဲ ပြီးဆုံးသွားတဲ့အတွက်ကြောင့် Beaver ကနေပြီး ဒီလို အချက်အလက်တွေကို တစ်နေရာတည်းမှာ ရှာတွေ့နိုင်အောင်ဆိုပြီး စာအုပ်ကို စတင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။💫
အခုဆိုလျှင် Guinness World Records က London, New York, Beijing, Tokyo and Dubai တစ်ဝှမ်းမှာ Ambassadors တွေ ရှိပြီး ကမ္ဘာတစ်ဝှမ်းက သတင်းပေးသူတွေနဲ့ လုပ်ရှားလျက်ရှိပါတယ်။ 💯Guinness World Records ကို နှစ်စဉ်ထုတ်ဝေလျက်ရှိပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဘာသာစကားပေါင်း ၂၃ မျိုးနဲ့ ဘာသာပြန်ထုတ်ဝေလျက်ရှိပါတယ်။ 😯
နောက်ထပ်လည်း ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းအချက်အလက်တွေကို တင်ပေးသွားမှာဖြစ်လို့ Page လေးကို စောင့်ကြည့်ပေးပါဦးနော်။