Sengrar Fashion Design Training Center And Online Class

Sengrar Fashion Design Training Center And Online Class သေသပ်လှပသော ဂျပန်နည်းပညာကို စိတ်ဝင?

応援してくれる皆様のおかげで、フォロワー2.5万人を達成しました!ずっと支援していただきありがとうございます。🙏🤗🎉
07/10/2023

応援してくれる皆様のおかげで、フォロワー2.5万人を達成しました!ずっと支援していただきありがとうございます。🙏🤗🎉

04/08/2023

ပို့စ်မတင်ဖြစ်တာကြာလို့ ကလေးတွေရဲ့ဖျော်ဖြေမူ့တင်ရင်း
ပေ့ချ်ကို ပြန်သုံး💕💕💕

30/11/2022


Happy Sweet December to you all💕💕🎉🎉🎊🥳

28/09/2022

အမေချုပ်တဲ့ဝတ်စုံလေးတွေဝတ်ပြီး ကြီးပြင်းလာတဲ့
သမီးလေး အမေချုပ်ပေးတဲ့ဝတ်စုံမဝတ်ရတာလည်းကြာပြီမို့
သမီးလေးအတွက်ရည်ရွယ်ပြီး ချုပ်မယ့်ဝတ်စုံလေးတွေ
မကြာမှီလာပါမည်💕💕💕

28/09/2022

မိမိအလုပ်ထက် သားသမီးတွေရဲ့အလုပ်က ပိုအရေးကြီးလာ
သောခါ စက်ခုံပေါ်ရောက်ဖို့ ကြန့်ကြာနေရခြင်း💕💕💕
ကျမရဲ့စက်ချုပ်တဲ့ပေ့ချ်လေး မပျက်သွားအောင်
ကလေးတွေရဲ့ပေ့ချ်က လှုပ်ရှားမူ့လေးတွေ လာတင်

အထည်တွေမချုပ်ဖြစ်သေးပေမယ့် ချုပ်ဖြစ်တဲ့ကူရှင်အဖုံးလေးတွေ အမှတ်တရတင်လက်မ ၅၀ ပတ်လည်ကူရှင်က ရောင်းတာသိပ်မတွေ့တာမို့  Sweety...
26/05/2022

အထည်တွေမချုပ်ဖြစ်သေးပေမယ့် ချုပ်ဖြစ်တဲ့
ကူရှင်အဖုံးလေးတွေ အမှတ်တရတင်

လက်မ ၅၀ ပတ်လည်ကူရှင်က ရောင်းတာသိပ်မတွေ့တာမို့ Sweety Home က Best တံဆိပ်ခေါင်းအုံးထဲက
စီလီကွန်ကိုအသုံးပြုပြီး လိုခြင်တဲ့အရွယ်အစားကိုပဲ
ချုပ်လိုက်တယ်

ကူရှင်အဖုံးကိုတော့ ပြည်တွင်းဖြစ် ချည်ထည်
၁၀-ကိုက်တအုပ် ၁၉,၀၀၀ ကျပ်တန်ရယ်
ကချင်ထည်တွေချုပ်ပြီး ပိုတဲ့အစတွေနဲ့စပ်ချုပ်ထားတာ
ပါ

စက်ချုပ်တတ်တဲ့ကျမအတွက်တော့
ကိုယ်ချုပ်နိုင်တဲ့လုပ်တတ်တဲ့အရာမှန်သမျှကို
အတတ်နိုင်ဆုံး ကိုယ်တိုင်ပဲချုပ်ဖြစ်ပါတယ်

အိမ်ထောင်ရှင်မိခင်တယောက်အတွက်
စက်ချုပ်တတ်ခြင်းက အိမ်ရဲ့အသုံးစရိတ်ကို
အများကြီးသက်သာစေတယ်လေ💕💕💕

လွန်ခဲ့တဲ့ ၉-နှစ်ကျော် ၁၀-နှစ်ဝန်းကျင်သားငယ်လေးကိုယ်ဝန်အချိန်မှာ ချုပ်ခဲ့တဲ့ဗိုက်ဖုံးအင်္ကျီ လည်ပင်းနဲ့လက်ကို မကွပ် မပြီ...
12/04/2022

လွန်ခဲ့တဲ့ ၉-နှစ်ကျော် ၁၀-နှစ်ဝန်းကျင်
သားငယ်လေးကိုယ်ဝန်အချိန်မှာ ချုပ်ခဲ့တဲ့ဗိုက်ဖုံးအင်္ကျီ
လည်ပင်းနဲ့လက်ကို မကွပ် မပြီးပြတ်ပဲသိမ်းထားခဲ့တာ

ကျမအရပ်မှီလာတဲ့ သမီးလေးကိုပေးဝတ်ကြည့်တော့
အတော်ပဲမို့
နဂို လည်ပင်းခပ်ပြဲပြဲချုပ်ထားတာရယ် ပုခုံးအတိုင်းကြီး
နေတဲ့အတွက် သမီးရဲ့အတိုင်းနဲ့အဆင်ပြေအောင်
ရှေ့နောက်လည်ပင်းမှာ drape ထပ်တွန့်လေးထည့်ပြီး
ပခုံးနဲ့လည်ပင်းအနေတော်ဖြစ်အောင် ပြင်ပေးလိုက်တယ်

‼️‼️ကျမက ကိုယ်ဝန်လွယ်တဲ့ချိန် ဗိုက်သိပ်မထွက်တာမို့
ဒီဂါဝန်အတိုင်းနဲ့က မွေးခါနီးချိန်ထိဝတ်လို့ရပါတယ်
ဗိုက်ဖုံးအင်္ကျီဆိုပေမယ့် ခပ်ပွပွကြီးကြီးမဝတ်ချင်တဲ့အ
တွက်ကြောင့်
ပုံမှန်ဝတ်နေကျဂါဝန်အတိုင်းရဲ့ပက်တန်မှာ
ဗိုက်အတွက် နည်းနည်းပိုထည့်ဆွဲပေးထားတာပါ

သမီးလေးအတွက် ပုံစံတူအစိမ်းလေးတထည်ထပ်ချုပ်ဖြစ်တယ်ဒီတထည်လေးကိုတော့ လက်အရှည်နဲ့ကိုယ်ရှည်ကိုနည်းနည်းတိုပေးလိုက်တယ်လည်ပင်းကို...
10/04/2022

သမီးလေးအတွက် ပုံစံတူအစိမ်းလေးတထည်ထပ်ချုပ်
ဖြစ်တယ်
ဒီတထည်လေးကိုတော့ လက်အရှည်နဲ့ကိုယ်ရှည်ကို
နည်းနည်းတိုပေးလိုက်တယ်
လည်ပင်းကို နည်းနည်းပြန်ဝင်ပေးပြီး ခေါင်းစွပ်လို့ရအောင်
နောက်ခြမ်းလည်ပင်းကို ၆-စင်တီမီတာခွဲကြောင်းထည့်
ပေးပြီး ကြယ်သီးလေးတပ်ပေးလိုက်တယ်

💕💕 ပေါ့ပေါ့ပါးပါးနဲ့ အိမ်နေလည်းဝတ်… အပြင်ထွက်
ဝတ်လည်း လွတ်လပ်ပေါ့ပါးစတိုင်ကျတဲ့ ဂါဝန်လေး

‼️‼️ကချင်ထည်လေးတွေက မနှစ်က
သမီးလေးအတွက်ရည်ရွယ်ပြီး
မြစ်ကြီးနားကအသိဆရာမဆီကနေ
၂/၁၀၀ ချည်သားတကွင်းကို ၁၅၀၀၀~၁၆၀၀၀ ကျပ်နဲ့
၉-ထည်ဝယ်ထားတာ ၂-ကွင်းတော့ချုပ်ပြီးပြီ

သမီးလေးအတွက်ချုပ်ပေးတဲ့  လူကြီးဆိုဒ် နံပါတ်-၉( M size ) ဂါဝန်လေးကို သမီး နဲ့ အတူ ကျမလည်းဝတ်ပြထားပါတယ်ကျမရဲ့ကိုယ်တိုင်းနဲ...
06/04/2022

သမီးလေးအတွက်ချုပ်ပေးတဲ့ လူကြီးဆိုဒ် နံပါတ်-၉
( M size ) ဂါဝန်လေးကို သမီး နဲ့ အတူ ကျမလည်း
ဝတ်ပြထားပါတယ်
ကျမရဲ့ကိုယ်တိုင်းနဲ့ဆို ဆိုဒ်နံပါတ်-၁၃ ( L size ) မှအဆင်
ပြေမှာပါ

သမီးလေးအတွက် နောက်တထည်ချုပ်တဲ့အခါ
လည်ပင်းပေါက်ကို နည်းနည်းကျဉ်းပြီး နောက်ခြမ်း
လည်ပင်းအခွဲကြယ်သီးတပ်ဖို့ပြင်ပေးရပါမယ်

လက်အရှည်ကိုလည်း ၅-စင်စီမီတာလောက်တိုပေးလိုက်
ရင် ပိုပြီးကြည့်လို့ကောင်းသွားပါမယ်

2022  မှာပထမဦးဆုံးချုပ်ဖြစ်တဲ့ ဂါဝန်လေးသမီးလေးက ၁၀-နှစ်ဆိုတဲ့ အရွယ်ရောက်လာပြီးကျမရဲ့အရပ်ကိုမှီလာတော့ ကလေးဆိုဒ်တွေချုပ်လိ...
04/04/2022

2022 မှာပထမဦးဆုံးချုပ်ဖြစ်တဲ့ ဂါဝန်လေး

သမီးလေးက ၁၀-နှစ်ဆိုတဲ့ အရွယ်ရောက်လာပြီး
ကျမရဲ့အရပ်ကိုမှီလာတော့ ကလေးဆိုဒ်တွေချုပ်လို့
အဆင်မပြေတော့ဘူး
လူကြီးအထည်ထဲက M- ဆိုဒ်ဝတ်နေရပြီမို့
ခုချုပ်တဲ့ ဂါဝန်ဆိုဒ်ထဲက နံပါတ် ၉-ဆိုဒ် ( M size )
နဲ့ချုပ်ပေးဖြစ်တယ်

ကိုယ်တိုင်းနဲ့မဟုတ်ပဲ အလွယ်တကူဆွဲပြီး
ချုပ်လို့ရတာမို့ စက်ချုပ်တတ်တဲ့သူတွေ ချုပ်ဝတ်လို့
ရအောင် ကျမဆွဲတဲ့ပက်တန်စာအုပ်ထဲက ပက်တန်ကို
တင်ပေးထားပါတယ်

ပုံထဲမှာ ဆိုဒ်နံပါတ် ၉ ၊ ၁၁ ၊ ၁၃ ဆိုပြီး ၃-မျိုးဆွဲပြထား
ပါတယ် 9 = M size
11 = ML size
13 = L size လို့သတ်မှတ်ထားပါတယ်

ကိုယ်အတိုင်းဇယားကိုလည်း တင်ပေးထားတဲ့အတွက်
မိမိအတိုင်းနဲ့ အနီးစပ်ဆုံးဆိုဒ်ကို ဆွဲလို့အဆင်ပြေပါ
မယ်

‼️‼️‼️ဂျပန်ပက်တန်စာအုပ်ထဲက ဂါဝန်က ဆွဲသားပါ
တဲ့အစနဲ့ချုပ်ထားပြီး ကျမက ကချင်ချည်သားပိတ်လေး
အသုံးပြုထားပါတယ်

Happy Chinese New Year ပါ🎉🎉🎊🎊ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ
31/01/2022

Happy Chinese New Year ပါ🎉🎉🎊🎊
ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေတို့ရေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sengrar Fashion Design Training Center And Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sengrar Fashion Design Training Center And Online Class:

Shortcuts

Share

Category