Innovista Institute

Innovista Institute We are providing Knowledge for the digital Era. Quality Training Provider for Finance, Accountancy and Management Professionals.

ဒီနေ့ခေတ် လို အရာအားလုံး အပြန်အလှန် ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ လုပ်ဆောင်ချက်တိုင်း မှာ ဒစ်ဂျစ်တယ်ခြေရာ တစ်ခုကို မဖြစ်မနေ...
06/10/2025

ဒီနေ့ခေတ် လို အရာအားလုံး အပြန်အလှန် ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ လုပ်ဆောင်ချက်တိုင်း မှာ ဒစ်ဂျစ်တယ်ခြေရာ တစ်ခုကို မဖြစ်မနေ ချန်ထား(ကျန်နေ) တတ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုကို တည်ဆောက် ထိန်းသိမ်းနိုင်ခြင်းဟာ အရေးပါတဲ့ လုပ်ငန်း အားသာ ချက်တစ်ခု ဖြစ်လာပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒစ်ဂျစ်တယ် ယုံကြည်မှု: ခေတ်မီလုပ်ငန်းများ၏ အခြေခံအုတ်မြစ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီနေ့ခေတ် လို အရာအားလုံး အပြန်အလှန် ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ လုပ်ဆောင်ချက်တိုင်း မှာ ဒစ်ဂျစ်တယ်ခြေရာ တစ်ခုကို မဖြစ်မနေ ချန်ထား(ကျန်နေ) တတ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုကို တည်ဆောက် ထိန်းသိမ်းနိုင်ခြင်းဟာ အရေးပါတဲ့ လုပ်ငန်း အားသာ ချက်တစ်ခု ဖြစ်လာပါတယ်။ ဒစ်ဂျစ်တယ် ယုံကြည်မှု (Digital Trust) ဆိုသည်မှာ သုံးစွဲသူများ၊ မိတ်ဖက်များနှင့် ဝန်ထမ်းများက လုပ်ငန်းရဲ့ ဒစ်ဂျစ်တယ်နည်းပညာများကို ယုံကြည်စိတ်ချခြင်း ဖြစ်သည်။

ဒစ်ဂျစ်တယ် ယုံကြည်မှု မရှိခြင်း နည်းပါးခြင်းကြောင့် လုပ်ငန်းပုံရိပ် ထိခိုက်နိုင်သည့်အပြင် ဖောက်သည်များ ဆုံးရှုံးသွားခြင်း ဥပဒေရေးရာ ပြစ်ဒဏ်များနှင့်ရင်ဆိုင်ရခြင်းများလည်း ကြုံတွေ့ နိုင်ပါတယ်။

၎င်းသည် ရိုးရိုး ဆိုက်ဘာလုံခြုံရေးသာ မဟုတ်ဘဲ၊ ဒေတာကိုယ် ရေးကိုယ်တာအချက် အလက် လုံခြုံမှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည် စိတ်ချရမှုနှင့် ကျင့်ဝတ် သိက္ခာအတိုင်း ဒေတာကိုင်တွယ်ခြင်း စသည်တို့ ပေါင်းစပ် ပါဝင်ပါတယ်။
ISACA (Information Systems Audit and Control Association) သည် ဒစ်ဂျစ်တယ် ယုံကြည်မှုကို လုပ်ငန်း၏ အဓိကမဟာဗျူဟာ အစိတ်အပိုင်း တစ်ခုအဖြစ် ရှုမြင်ထားပါတယ်။ ဤ ရှုထောင့်အရ ဒစ်ဂျစ်တယ်ယုံကြည်မှုသည် နည်းပညာ၊ လုပ်ငန်းစဉ်၊ ပုဂ္ဂိုလ် နှင့် ယဉ်ကျေးမှု ပေါင်းစပ်ပါဝင်ကာ တန်ဖိုးဖန်တီးမှု (Value Creation) အတွက် အရေးကြီးပြီး၊ ယုံကြည်စိတ်ချရမှု (Confidence) ကို ပေးပါတယ်။ ဆိုင်ဘာလုံခြုံရေးထက် ကျော်လွန်ပြီး ဒေတာအုပ်ချုပ်မှု (Data Governance)၊ ကျင့်ဝတ် (Ethics) နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်မှု (Privacy) တို့ကိုပါ ပေါင်းစပ်ထားပါတယ်။

လုပ်ငန်းတွေအနေနဲ့ ဒီဂျစ်တယ်ယုံကြည်မှု ကို မဖြစ်မနေ တည်ဆောက် ကြရပါမယ်။ ဒီဂျစ်တယ် ယုံကြည်မှုကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရဘဲ ၊ အချိန်ယူပြီးတော့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

ဒီယုံကြည်မှုကို တည်ဆောက်ဖို့ အတွက် အဓိက နည်းလမ်းတွေကို အောက်မှာ ဖော်ပြထား ပါတယ်။

🔸ပွင့်လင်းမြင်သာမှု ထားရှိခြင်း

အဖွဲ့အစည်းက အသုံးပြုသူတွေရဲ့ ဒေတာတွေကို ဘယ်လိုစုဆောင်းလဲ၊ အသုံးပြုလဲ၊ ဘယ်လို ကာကွယ်ပေးလဲ ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြပါ။ သင့်ရဲ့ ကိုယ်ရေး အချက် အလက်မူဝါဒ (Data Privacy Policy) ကိုလည်း အသုံးပြုသူတွေ နားလည်လွယ်ဖို့နဲ့ ဖတ်ရတာ လွယ်ကူစေတဲ့ စကားလုံးတွေနဲ့ ရေးသားထားဖို့ လိုပါတယ်။

🔸လုံခြုံရေးကို ဦးစားပေးခြင်း

ဒစ်ဂျစ်တယ်ယုံကြည်မှုကို တည်ဆောက်ရာတွင် လုံခြုံရေးကို ဦးစားပေးခြင်းသည် အဓိကကျပြီး ၎င်းမှာ encryption, firewall, access control စတဲ့ နည်းပညာသက်သက်သာမကဘဲ၊ လူသားအရင်းအမြစ် နဲ့ အသိပညာမြင်းများမှုနဲ့ နှင့် ခိုင်မာသော လုပ်ငန်းစဉ်များပါ ပေါင်းစပ်ပါဝင် ဆောင်ရွက် နိုင်ရန်လိုအပ်ပါတယ်။

🔸မှန်ကန်ပြီး တာဝန်ယူသော ဆက်သွယ်မှု

အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတော့ တာဝန်ယူပါ။ အသုံးပြုသူတွေနဲ့ မိတ်ဖက်တွေကို အချိန်မီ အကြောင်းကြားပေးခြင်းဟာ ယုံကြည်မှုကို တိုးစေပါတယ်။ အဖြစ်မှန်ကို ဖုံးကွယ်မထားဘဲ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုခြင်းဟာ ပိုပြီး ယုံကြည်အားထား စရာ ကောင်းပါတယ်။

🔸ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းခြင်း

ဒေတာတွေကို မသင့်လျော်တဲ့နေရာမှာ အသုံးမချဖို့အတွက် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ထားပါ။ သင့်ရဲ့လုပ်ငန်း ဆောင်ရွက်မှု တိုင်းကို တာဝန်ယူမှုရှိရှိနဲ့ ကျင့်ဝတ် သိက္ခာအပေါ် အခြေခံပြီး လုပ်ဆောင်ပါ။ ဒီလိုလုပ်ဆောင်မှသာ ရေရှည်မှာ ယုံကြည်မှု တည်မြဲမှာ ဖြစ်ပါတယ်။

🔸တာဝန်ယူမှုနှင့် စီမံခန့်ခွဲမှု

လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးအတွက် တာဝန်တွေကို တိတိကျကျ သတ်မှတ်ထားပါ။ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့တွေဖြစ်တဲ့ စစ်ဆေး‌ရေး နဲ့ အန္တရာယ်စီမံခန့်ခွဲရေး အဖွဲ့ စတာတွေကိုလည်း ဖွဲ့စည်းထားရှိသင့်ပါတယ်။

🔸စံများလိုက်နာကျင့်သုံးမှုနှင့် အသိအမှတ်ပြုမှု

ISO 27001 , COBIT စတဲ့ နိုင်ငံတကာ စံနှုန်းတွေ PCI DSS၊ HIPAA စတဲ့ industry စံတွေ စနစ်တကျ လိုက်နာ ဘို့လိုပါတယ်။ နိုင်ငံတကာစာများကို လိုက်နာကျင့်သုံးဘို့ လုပ်ငန်းငယ်တွေအနေနဲ့ခက်ပါလိမ်မယ် ကိုယ်လုပ်ငန်း ရဲ့ risk တွေ နဲ့ လျော်ညီတဲ့ Controls တွေကို ထားရှိဘို့လိုပါမယ်။ နိုင်ငံရဲ့ သက်ဆိုင်ရာ အဖွဲအစည်း တွေအနေနဲံလည်း နိင်ငံရဲ့လုပ်ငန်များနဲ့ လျောက်ညီတဲစံသတ်မှတ်ချက်တွေကိုပြဌာန်းနိုင်ဘိုလိုအပ်ပါတယ်။ နိုင်ငံတကာ စံများကိုလိုက်နာနိုင်မယ့်အဖွဲအစည်းတွေအနေနဲ့လညး ပြင်ပအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြု လက်မှတ်တွေ ကိုလည်း ရယူထားသင့်ပါတယ်။

🔸အချိန်ကြာရှည် တည်ငြိမ်မှု

သင့်ရဲ့ ဝန်ဆောင်မှု နဲ့ လုံခြုံရေးပိုင်းကို တည်ငြိမ်မှု ရှိနေစေခြင်းဟာ ယုံကြည်မှုကို တည်ဆောက်ရာ မှာ အရေးပါ ပါတယ်။ ရုတ်တရက်ဆိုသလို မူဝါဒတွေ ပြောင်းလဲတာ၊ စည်းမျဉ်းတွေ မကြာခဏ ပြောင်းလဲတာတွေကို မျိုးတွေ ရှောင်ကြဉ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို တသမတ်တည်း ထိန်းထားနိုင်ဘို့လည်းအရေးကြီးပါတယ်။

ဒစ်ဂျစ်တယ်ယုံကြည်မှု သည် ယခုခေတ် လုပ်ငန်းများအတွက် ရွေးချယ်စရာမဟုတ်တော့ဘဲ၊ မရှိမဖြစ် လိုအပ်သော အခြေခံအုတ်မြစ် တစ်ခု ဖြစ်လာပါပြီ။ အထက်ဖော်ပြပါ နည်းလမ်းများကို စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးခြင်းဖြင့်သာ ခိုင်မာသော ဒစ်ဂျစ်တယ်ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး၊ ရေရှည်တည်တံ့ခိုင်မြဲသော အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်ပါသည်။

ဒစ်ဂျစ်တယ် ယုံကြည်မှု (Digital Trust) ဆိုတာ သုံးစွဲသူတွေ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေက လုပ်ငန်းရဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို ...
01/10/2025

ဒစ်ဂျစ်တယ် ယုံကြည်မှု (Digital Trust) ဆိုတာ သုံးစွဲသူတွေ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေက လုပ်ငန်းရဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို ယုံကြည်စိတ်ချခြင်း ဖြစ်ပါတယ်။ ဒါက ဆိုက်ဘာလုံခြုံရေး သက်သက် မဟုတ်ဘဲ၊ ဒေတာကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှုနှင့် ကျင့်ဝတ်သိက္ခာအတိုင်း ဒေတာကိုင်တွယ်မှု အားလုံးလွမ်းခြုံပါဝင်ပါတယ်။

Digital Trust နဲ့ပါတ်သက်ပြီး ပိုပြီးသိအောင် ဆောင်းပါးတိုလေးရေးပါဦးမယ်

Don't Get Left Behind: Your Business Needs Digital Trust Now!
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Stop compromising ❗️❗️

In today's digital world, trust isn't optional—it's everything. Without it, you risk damaged reputation, lost customers, and hefty fines

Our ERP solutions are expertly designed to harmonize your business needs with advanced technological capabilities.

This integration isn't just efficient—it's the foundation for absolute digital trust, guaranteeing data integrity, superior security, and complete transparency.

Secure Your Future. Learn More Today!
call us 09-765-383871 or mail us [email protected]




15/11/2023

FAMI သင်တန်းကျောင်းကို Codvid ကာလအစကတည်းကပိတ်ထားခဲ့တာ corporate training တွေကလွဲလို့ သင်တန်းတွေမဖွင့်ဖြစ်တာ အခု digital Era မှာ လိုအပ်တဲ့ Knowledge ဖြည့်ပေးနိုင်ဘို့နဲ့ Professional Certificate တွေ Internship နဲ့ တွဲ ‌နေတဲ့ လက်တွေ့ကို အခြေခံတဲ့ သင်တန်းတွေ ကို ပြန်လည်ဖွင့်လှစ်သင်ကြားဘို့ စီစဥ် နေပါတယ်။

သင်တန်းတွေကို IT, Finance နဲ့ Accounting ပညာရပ် တွေကို အဓိကထား သင်ကြားသွားပါမယ်။ ‌

ကျောင်းရဲ့အမည် ကိုလည်း Innovista Institute လိုပြောင်းလဲ ဖွင့်လှစ်သွားမှာပါ။
တက်ရောက်လို သောသင်တန်းများ လိုအပ် သော Knowledge တွေရှိရင် comment မှာ ရေးသားထားရန် ဖိတ်ခေါ် ပါတယ်။

Innovista Institue
knowledge for Digital Era

23/02/2023

Vacancy Announcement

Admin Assistance/ Receptionist (M/F) - 2 - Post
🔸 ဘွဲ့တခုခုရရှိပြီးသူဖြစ်ရမည်။
🔸 ကွန်ပျူတာ ကောင်းစွာအသုံးပြုနိုင်ပြီ Microsoft Excel / Word ကျွမ်းကျင်စွာ သုံးတတ်ရမည်။
🔸 ဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
🔸 ရန်ကုန်မြို့တွင်းသွားလာနိုင်သူဖြစ် ရပါမည်။
🔸 Receptionist တာဝန်ကို ပူးတွဲဆောင်ရွက်နိုင်နိုင်သူဖြစ်ရပါမည်

စိတ်ပါဝင်စား သူများသည် (၅.၀၃.၂၀၂၃) နေ့ နောက်ဆုံးထား၍ အီးမေးလ်လိပ်စာ [email protected] သို့ ကိုယ်ရေးအချက်အလက်များဖြင့် လျှောက်ထားနိုင်ပါသည်။ သိရှိလိုသည်များကို 09765383871 သိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

25/01/2023

BizSoft – Business Information Systems Ltd. ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။ အောက်တွင်ဖော်ပြ ထားသောလိုအပ်ချက်များနှင့် ကိုက်ညီသောစိတ်ပါဝင်စား သူများသည် (၀၅.၀၂.၂၀၂၃) နေ့ နောက်ဆုံးထား၍ အီးမေးလ်လိပ်စာ [email protected] သို့ ကိုယ်ရေးအချက်အလက်များဖြင့် လျှောက်ထားနိုင်ပါသည်။ သိရှိလိုသည်များကို 09765383871 သိုဆက်သွယ်မေးမြန်းနိုင်ပါသည်။ (Page messenger သို့ပေးပို့‌သောလျောက်လွှာများကို ထည့်သွင်းစဥ်းစားနိုင်မည်မဟုတ်ပါ)

Admin Assistance/Receptionist

🔸 ဘွဲ့တခုခုရရှိပြီးသူဖြစ်ရမည်။

🔸 ကွန်ပျူတာ ကောင်းစွာအသုံးပြုနိုင်ပြီ Microsoft Excel / Word ကျွမ်းကျင်စွာ သုံးတတ်ရမည်။

🔸 ဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။

🔸 ရန်ကုန်မြို့တွင်းသွားလာနိုင်သူဖြစ် ရပါမည်။

🔸 Receptionist တာဝန်ကို ပူးတွဲဆောင်ရွက်နိုင်နိုင်သူဖြစ်ရပါမည်

🔸 စနေ နှင့် တနင်္ဂနွေအလုပ်လုပ် နိုင်သူဖြစ်ရပါမည်။(တပါတ်လျက် တရက် နားရပါမည်)

30/12/2021
14/12/2021

A long list of top ten jobs that can be replaced by robotics and automation in 2022 with the integration of artificial intelligence and automated software. Check out how robotics and automation taking jobs in 2022.

Address

2nd Floor, 38th Street Plaza, Seikkantha Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959765383871

Website

Alerts

Be the first to know and let us send you an email when Innovista Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Innovista Institute:

Shortcuts

Share