19/08/2026
🏆 A Journey of Excellence, A Moment of Pride 🏆
SKT International School – City Campus တွင် KG အတန်းမှစတင်ခဲ့ပြီး ယနေ့ IGCSE တွင် 7A* 1A ဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် Ma Thoon Nathar Aung ၏ အောင်မြင်မှုခရီးလမ်းကို SKT မိသားစုတစ်ခုလုံးမှ ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်။ ✨🏆
SKT International School – City Campus တွင် ငယ်စဉ် KG အရွယ်ကတည်းက စတင်ခဲ့သော ခရီးမှ IGCSE အောင်မြင်မှုအထိ ရောက်ရှိလာပြီး ယခုအခါ A Level ပညာရေးကို ဆက်လက်သင်ယူကာ မိမိ၏ အနာဂတ်အတွက် ဆက်လက်တိုးတက်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။ ယနေ့လို ထူးခြားတဲ့ ပညာရေးအောင်မြင်မှုကို ရရှိလာခြင်းဟာ မိမိရဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနဲ့ သင်ယူမှုအပေါ်ထားရှိတဲ့ စိတ်အားထက်သန်မှု တို့ရဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်ပါတယ်။ 🎓
ကျောင်းသား/ကျောင်းသူများကို ပညာရေးမှာ ထူးချွန်ရုံသာမက မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အနာဂတ်ကို ရည်မှန်းချက်ရှိရှိ ရင်ဆိုင်နိုင်တဲ့ လူငယ်များအဖြစ် မြင်တွေ့ရခြင်းက ကျွန်ုပ်တို့ SKT International School – City Campus အနေဖြင့် အထူးတန်ဖိုးရှိပါတယ်။ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ပိုမိုတောက်ပတဲ့ အောင်မြင်မှုများစွာနဲ့ ဆက်လက်ဆွတ်ခူးနိုင်ပါစေ။ 🌟
_______
From her very first steps at SKT International School – City Campus in KG to an outstanding achievement in IGCSE with 7A* 1A , this has been a truly special journey. ✨
Today, we celebrate Ma Thoon Nathar Aung with immense pride and heartfelt congratulations on her remarkable IGCSE success. 🏆🎓
From her early years in our KG classrooms to this significant academic milestone, she is now taking the next step into A Level at SKT International School – City Campus — continuing to grow, challenge herself and prepare for the opportunities ahead. 💫
Having grown and learned with SKT International School – City Campus throughout the years, her achievement is a meaningful reflection of the dedication, perseverance, and love for learning she has carried along the way.
As SKT International School – City Campus, one of our greatest joys is seeing our students grow into confident young individuals who are ready to embrace their future with purpose.
May this be the beginning of many more inspiring achievements ahead. 🌟
achievement