19/05/2026
🎈 SEC ရဲ့ အတွေးအမြင်သစ်တွေနဲ့ ဗဟုသုတဖလှယ်ကြတဲ့ အချိန်လေး... 💭
၂၀၂၆ ခုနှစ်၊ Term 2 ရဲ့ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ SEC (Saturday English Club) ရဲ့ ပျော်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ 📸
ပြီးခဲ့တဲ့အပတ်မှာ ကျောင်းသား၊ သူများနဲ့ ဆရာမတို့ဟာ Story တစ်ခုကို အခြေခံပြီး မိမိတို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ တက်တက်ကြွကြွ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ ဒါ့အပြင် အချင်းချင်း ရင်းနှီးမှုရစေတဲ့ Memory Game တွေ၊ အဖွဲ့လိုက် အကြံဉာဏ်ထုတ်ရတဲ့ Group Discussion တွေနဲ့ Question about life situations စတဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေကိုလည်း ပျော်ပျော်ပါးပါး ပြုလုပ်ခဲ့ကြပါတယ်ရှင်။ 📖🤝
အားလပ်ရက်မှာ အိမ်မှာပဲ ပျင်းမနေဘဲ ဗဟုသုတအသစ်တွေရရှိဖို့၊ အကျိုးရှိရှိ အချိန်ကုန်ဆုံးဖို့နဲ့ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံချင်တယ်ဆိုရင်တော့ Juniper Centre ရဲ့ SEC ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
⏰ အချိန် - နေ့လယ် ၁၂:၃၀ နာရီ မှ ၂:၀၀ နာရီအထိ
☎️ ဆက်သွယ်ရန်ဖုန်း - 09 4517 08165, 09 7688 11499
🏠 လိပ်စာ - အမှတ် 2(C)၊ ဓနသီရိကွန်ဒို၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ၈မိုင်၊ မရမ်းကုန်းမြို့နယ်။
(Junction 8 ဘေးကပ်ရပ်လမ်း၊ YKKO အပေါ်ထပ်)
နော်အပတ် SEC ရဲ့အစီအစဥ်ကို Juniper မှာ ဆုံကြရအောင်ရှင်!