K&K サービス株式会 (K&K Services Co.,Ltd.)

K&K サービス株式会 (K&K Services Co.,Ltd.) ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက် အားထား၊ စုံစမ်းရာနေရာဖြစ်ပါသည်။

ဇူလိုင်လမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ဂျပန်စာN5အခြေခံတန်းခွဲမှ သင်တန်းသူများဖြစ်ပါတယ်ရှင်။စာတစ်လုံးချင်း၊ ဝေါဟာရတစ်လုံးချင်း...
15/07/2026

ဇူလိုင်လမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ဂျပန်စာN5အခြေခံတန်းခွဲမှ သင်တန်းသူများဖြစ်ပါတယ်ရှင်။

စာတစ်လုံးချင်း၊ ဝေါဟာရတစ်လုံးချင်းကို သင်ယူရင်း...
အနာဂတ်မှာ ဂျပန်နိုင်ငံသို့ လှမ်းနိုင်မယ့် အခွင့်အလမ်းတွေဆီကို အတူတကွ လျှောက်လှမ်းကြပါစို့။ 🇯🇵

📩 တန်းခွဲသစ်အတွက် ကြိုတင်စာရင်းပေးသွင်းလိုပါက Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

၂၀၂၆ခုနှစ်၊ ဇူလိုင်လ၊ ၁၂ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် RCခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာ့အလုပ်အကိုင် ကျွမ်းကျင်မှု လေ့ကျင...
13/07/2026

၂၀၂၆ခုနှစ်၊ ဇူလိုင်လ၊ ၁၂ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် RCခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာ့အလုပ်အကိုင် ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများပြပွဲတွင် K&K Services Co.,Ltd. အနေဖြင့် ပါဝင်ပြသခွင့်ရရှိခဲ့ပါတယ်။

ပြပွဲသို့ လာရောက်လေ့လာပြီး ဂျပန်နိုင်ငံနဲ့ပတ်သတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြသည့် ဧည့်သည်တော်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။💙

Congratulation 🎉 🎉 Tokutei Kaigo အင်တာဗျူးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြတဲ့ သင်တန်းသူများအားလုံးအတွက် အထူးဂုဏ်ယူဝမ...
08/07/2026

Congratulation 🎉

🎉 Tokutei Kaigo အင်တာဗျူးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြတဲ့ သင်တန်းသူများအားလုံးအတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ရှေ့ဆက်ရမယ့် အနာဂတ်မှာလည်း အောင်မြင်မှုတွေနဲ့ အခွင့်အလမ်းကောင်းတွေ ဆက်လက်ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🇯🇵✨

ဂျပန်နိုင်ငံသို့ အောင်မြင်စွာ ထွက်ခွာသွားကြပြီဖြစ်သည့် K&K ၏ သင်တန်းသူများ 🎉🇯🇵ဂျပန်နိုင်ငံသို့ Tokutei Kaigo ဗီဇာဖြင့် သ...
06/07/2026

ဂျပန်နိုင်ငံသို့ အောင်မြင်စွာ ထွက်ခွာသွားကြပြီဖြစ်သည့် K&K ၏ သင်တန်းသူများ 🎉🇯🇵

ဂျပန်နိုင်ငံသို့ Tokutei Kaigo ဗီဇာဖြင့် သွားရောက်လုပ်ကိုင်မည့် သင်တန်းသူ (၂) ဦးအား မနေ့က အောင်မြင်စွာပို့ဆောင်ပေးခဲ့ပါတယ်ရှင်။

K&K အနေဖြင့် သင်တန်းသားများ ဂျပန်နိုင်ငံသို့ စနစ်တကျ ရောက်ရှိနိုင်ရေးအတွက် သင်တန်းတက်ရောက်ခြင်းမှစ၍ လေဆိပ်အရောက် လိုအပ်သော လုပ်ငန်းစဉ် အစအဆုံးကို တာဝန်ယူ တာဝန်ခံမှုအပြည့်ဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးလျက် ရှိပါတယ်။

K&K ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပြီး ဂျပန်နိုင်ငံတွင် အဆင်ပြေချောမွေ့စွာဖြင့် မိမိတို့၏ အနာဂတ်ရည်မှန်းချက်ပန်းတိုင်များကို အမြန်ဆုံး ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။🤝✨

Congratulation 🎉 ပရိဘောဂလုပ်ငန်းဖြင့် အင်တာဗျူးအောင်မြင်သွားကြတဲ့ ညီမလေးနှစ်ယောက်အတွက် ထပ်တူထပ်မျှ ဝမ်းသာပီတိဖြစ်ရပါတယ်ရ...
03/07/2026

Congratulation 🎉 ပရိဘောဂလုပ်ငန်းဖြင့် အင်တာဗျူးအောင်မြင်သွားကြတဲ့ ညီမလေးနှစ်ယောက်အတွက် ထပ်တူထပ်မျှ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင် 🥰🎉

ဂျပန်မြေသို့ ရောက်ရှိတဲ့အခါမှာလည်း မိမိတို့မျှော်မှန်းထားတဲ့ အိမ်မက်တွေကိုဆက်လက်အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 💪❤️

02/07/2026

📚 JLPT စာမေးပွဲဖြေဖို့ ရက်ပိုင်းပဲ လိုတော့တယ်...စာတွေကို အားစိုက်ပြီး ကျက်နေချိန်မှာ စာမေးပွဲစည်းကမ်းတွေကို သတိမထားမိတာကြောင့် မလိုလားအပ်တဲ့ အမှားတွေဖြစ်ပြီး အမှတ်လျော့နိုင်ပါတယ်။ 😰

ဒါကြောင့် စာမေးပွဲနေ့မှာ အမှားအယွင်းမရှိဘဲ ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုနိုင်ဖို့ မဖြစ်မနေသိထားသင့်တဲ့ "ဆောင်ရန် / ရှောင်ရန်" အချက်တွေကို ဒီဗီဒီယိုထဲမှာ စုစည်းမျှဝေပေးထားပါတယ်ရှင်။ ✅

💬 ဒီအချက်တွေထဲက ကိုယ်အရင်က မသိခဲ့တဲ့အချက် ဘယ်နှချက်ရှိလဲ? JLPT နဲ့ပတ်သက်ပြီး သိချင်တာရှိရင်လည်း Comment မှာ မေးထားခဲ့နိုင်ပါတယ်နော်။

စာမေးပွဲဖြေမယ့်သူငယ်ချင်းတွေကိုလည်း Share ပေးဖို့ မမေ့နဲ့နော်။ 🍀

26/06/2026

ဂျပန်နိုင်ငံက ဘာလို့ တိုးတက်ပြီး သန့်ရှင်းနေရတာလဲ? 🚂✨
အဖြေကတော့ စည်းကမ်း၊ လေးစားမှုနဲ့ အချိန်တိကျမှုတွေကို စနစ်တကျ လိုက်နာကြတဲ့ ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်လူနေမှုကျင့်ဝတ်တွေကြောင့်ပါပဲရှင်။
ဂျပန်သွားဖို့ ပြင်ဆင်နေတဲ့ သင်တန်းသားတွေအနေနဲ့ ဂျပန်ရောက်တဲ့အခါ အခက်အခဲမရှိ အသားကျသွားအောင် မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေကို ဒီဗီဒီယိုလေးမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။ ကြိုတင်ပြင်ဆင်ပြီး လေ့လာထားလို့ရအောင် ဗီဒီယိုလေးကို အခုပဲ Share ထားဖို့ မမေ့နဲ့ဦးနော်။ 🥰

#ဂျပန်လူနေမှုဘဝ #ဂျပန်ကျင့်ဝတ်

Training စားသောက်ကုန်ထုတ်လုပ်ငန်းအင်တာဗျူးမှာ အောင်မြင်သွားကြတဲ့ သင်တန်းသူများအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ 🎉✨ညီမလေးတို...
24/06/2026

Training စားသောက်ကုန်ထုတ်လုပ်ငန်းအင်တာဗျူးမှာ အောင်မြင်သွားကြတဲ့ သင်တန်းသူများအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ 🎉✨

ညီမလေးတို့ရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းတစ်ခုလုံးမှာလည်း အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။ 💕

မိမိတို့ရဲ့အနာဂတ်တွေကို ကိုယ်တိုင်ကြိုးစားအကောင်အထည်ဖော်နိုင်ဖို့အတွက် 𝐊&𝐊ရဲ့တန်းခွဲသစ်များကို 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင် 🥰

🎂 Happy Birthday to Our June Born! 🎉Juneလမှာ မွေးနေ့ကျရောက်ခဲ့ကြတဲ့ K&Kရဲ့ Team Members များအတွက် မွေးနေ့ပွဲလေးကို ပျော်...
23/06/2026

🎂 Happy Birthday to Our June Born! 🎉

Juneလမှာ မွေးနေ့ကျရောက်ခဲ့ကြတဲ့ K&Kရဲ့ Team Members များအတွက် မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

အလုပ်တာဝန်များကြားထဲကနေ အမှတ်တရအချိန်လေးတွေကို အတူမျှဝေခွင့်ရတာဟာ အဖိုးတန်တဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ။

မွေးနေ့ရှင်များအားလုံး ကျန်းမာပျော်ရွှင်ပြီး ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်သော နှစ်သစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🎈✨



‌andK

📚 N4 Final Exam ဖြေဆိုနေကြတဲ့ K&K သင်တန်းသားများ ✍️N4 Level ရောက်လာဖို့ သင်ခန်းစာတိုင်းကို စိတ်ရှည်စွာ သင်ယူခဲ့ရသလို စာမ...
22/06/2026

📚 N4 Final Exam ဖြေဆိုနေကြတဲ့ K&K သင်တန်းသားများ ✍️

N4 Level ရောက်လာဖို့ သင်ခန်းစာတိုင်းကို စိတ်ရှည်စွာ သင်ယူခဲ့ရသလို စာမေးပွဲတိုင်းကိုလည်း ကြိုးစားဖြတ်သန်းခဲ့ရပါတယ်။

ဒီနေ့တော့ အဲ့ဒီကြိုးစားမှုတွေရဲ့ ရလဒ်ကို Final Exam မှာ သက်သေပြနေကြပါပြီ။ 🌸

အောင်မြင်မှုဆိုတာ တစ်ရက်တည်းနဲ့ မရောက်နိုင်ပေမယ့် နေ့စဉ်ကြိုးစားမှုတွေကတော့ အိပ်မက်တွေဆီကို တဖြည်းဖြည်း နီးကပ်စေပါတယ်။ 🇯🇵✨

အားလုံး အောင်မြင်ကြပါစေ။ 💪

Address

No. 31/37, 6th Floor(No. 5), 54th Street(Lower Block), Shwe Kyaw Kyar Building, Botahtaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+9518397386

Alerts

Be the first to know and let us send you an email when K&K サービス株式会 (K&K Services Co.,Ltd.) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to K&K サービス株式会 (K&K Services Co.,Ltd.):

Shortcuts

Share