Active Learning Society

Active Learning Society "Learn Actively and Deeply" in yangon , Language Training , 09 4311 5202 , www.activelearningsociety.blogspot.com

Active English (Interactive English Classes)

English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

အခြေခံ မကောင်းခဲ့၍ English ဘာသာစကားကို ကြောက်နေသူများ
၂ လ မှ ၆ လ အတွင်း မိမိကိုယ် မိမိ ယုံကြည်စွာ ပြောဆိုရေးသားနိုင်ရန်
သင်ကြားပေးနေပါပြီ ...

သင်ကြားမှူ ပုံစံ

နှင့် မိမိ၏ တိုးတက်မှူ အပေါ်
စိတ်တိုင်းကျ ကျေနပ်မှူ မရှိပါက *** ၁၀၀ ရာခိုင်နှုန်း *** သင်တန်းကြေး
ပြန်လည်ပေးအပ်သွားမှာပါ...

Active Englishသင်တန်းမှာ English ဘာသာစကားသာမက ....
၁. လူငယ်များ အတွက် စိတ်ဓာတ် ၊ အတွေးအခေါ် နှင့်

ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမည့် သင်ခန်းစာများ ၊
၂. အလုပ်အကိုင် နှင့် စီးပွါးရေး အခွင့်အလမ်း ရှာဖွေနည်း သင်ခန်းစာများ ၊
၃. ထိရောက်စွာ တွေးခေါ်ကြံဆောင် လုပ်ကိုင်ခြင်း နည်းစနစ်များ ကို
ပေါင်းစပ် အားဖြည့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ....

( လက်တွေ့ မြန်မာနိုင်ငံမှာ အသုံးချနိုင်သော...
အသုံးချနေသော နည်းစနစ်များ ၊
ဗဟုသုတများကို ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ... )

ဘာသာစကားကို အသုံးချ အမှီပြု၍ လက်ရှိထက် ပိုမိုတိုးတက်အောင်မြင်လိုသည့်
အလုပ်ခွင်မှ လူငယ်လူလတ်များ ၊
ဘွဲ့ရခါစ ၊ တက္ကသိုလ် ဝင်တန်း အောင်ပြီး ခါစ လူငယ်များ ၊
ခေတ်စနစ်နှင့် အမှီလိုက်လိုသော ဖွင့်ထားသောစိတ် ရှိသည့် လူကြီးများ
အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်...

Call in sick ဆိုတာ - Phone your boss to say you can't come to work because you're sick.နေမကောင်း ဖြစ်နေလို့ သူဌေးကို ဖုန...
04/03/2016

Call in sick ဆိုတာ
- Phone your boss to say you can't come to work because you're sick.
နေမကောင်း ဖြစ်နေလို့ သူဌေးကို ဖုန်းဆက်ပြီး အလုပ်ကို မလာနိုင်ကြောင်း ပြောတာပါ ။
( အလွယ်ပြောရင်တော့ - ဖုန်းဆက်ပြီး ခွင့်တိုင်တာပေါ့ ။ )

A: Where is Bob? He's not at his desk.
ဘော့ဘ် ဘယ်မှာလဲ ? သူက သူ့ ( အလုပ် ) စားပွဲမှာ မရှိဘူး ။

B: He called in sick.
သူက ဖုန်းဆက်ပြီး ခွင့်တိုင်ထားတယ် ။

====

* English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်ပြီး
အသိပညာ နဲ့ အခွင့်အလမ်း အသစ်များကို ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။
:)

လေးစားလျက်
ကိုဇင်ဇေ ( Active English သင်တန်း )
< Ref : Language Success Press >

17/01/2016

အလုပ် တစ်ခု လုပ်တဲ့အခါ . . .

သူများ အထင်ကြီးဖို့ ရည်ရွယ်ပြီး
မလုပ်ပါနဲ့ ။

ကိုယ့်ကိုယ်ကို ကျေနပ် အားရစေဖို့သာ လုပ်ပါလေ ။

***
Don't do it to impress someone .
Do it to satisfy yourself.

ကိုဇင်ဇေ
ဘာသာပြန်
( Anonymous - DevRange Page)

♦အမှား မလုပ်ဖူးတဲ့ လူ ဆိုတာ အသစ် တစ်ခုမှ စမ်း မလုပ်ကြည့် ခဲ့လို့ပါ ။  #ကိုဇင်ဇေ ( ဘာသာပြန် )A person who never made a mi...
16/01/2016


အမှား မလုပ်ဖူးတဲ့ လူ ဆိုတာ
အသစ် တစ်ခုမှ စမ်း မလုပ်ကြည့် ခဲ့လို့ပါ ။
#ကိုဇင်ဇေ ( ဘာသာပြန် )

A person who never made a mistake
never tried anything new.
-Albert Einstein


English ဘာသာစကား အပါအဝင်
တစ်ခုခုကို လေ့လာ လေ့ကျင့်တဲ့အခါမှာ
မှားမှာ ကြောက်ပြီး တွန့်နေတတ်တာ ဟာ
ပထမဆုံး အမှားပါ ။

မှားချင်မှားပလေ့စေ
လုပ်ချင်သလို လုပ်မယ်ကွာ
ပြီးသွားရင် ပြီးရော ဆိုတာမျိုးက
ဒုတိယ အမှားပါ ။


(၁)
အမှား ကို မကြောက်ဘဲ ရဲရဲလုပ်
(၂)
မှားလေ့ရှိတာတွေကို သေချာမှတ်ထား
(၃)
- မသိလို့ မှားတာ ဆိုရင် သိအောင်လေ့လာ
- သိလျက်နဲ့ မှားတာဆိုရင် အမြဲ သတိလေးကပ်ပြီး နောင် အခါတွေမှာ မှန်အောင် ကြိုးစား

ဒီ အဆင့်တွေအတိုင်း လုပ်သွားနိုင်မှ
တကယ် စစ်မှန်တဲ့
ရေ ရှည်ခံတဲ့ တိုးတက်မှုကို ရမှာပါ ။


English ဘာသာစကားလေ့လာတဲ့ အခါမှာ
အဆင့် ၁ ကိုပဲ လိုက်နာပြီး ကျန်တာတွေကို
ဆက်မလုပ်တဲ့ လေ့လာသူတွေ တွေ့နေရတော့ အားမရ ဖြစ်နေမိတယ် ။

အဆင့် ၂ နဲ့ ၃ ကိုပါ လိုက်နာကျင့်သုံးကြည့်ကြဖို့
အကြံပေးပါရစေဗျာ :)


English ဘာသာစကား စွမ်းရည်က တွန်းဖွင့်ပေးလိုက်မယ့်
အသိပညာသစ်တွေ ၊ အခွင့်အလမ်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ . . . :)

လေးစားလျှက်
#ကိုဇင်ဇေ
Founder and Trainer


ဆရာကိုဇင်ဇေ မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ
ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk


အလားတူ သင်ခန်းစာများ ထပ်မံလေ့လာလိုပါက
www.ActiveEnglishMyanmar.com သို့ လာရောက်နိုင်ပါတယ် ။

14/01/2016


အားကစား နဲ့ ပတ်သက်လို့ စကားစမြည် ပြောတဲ့အခါ
အသုံးချနိုင်တဲ့ မေးခွန်းလေးတွေ တင်ပေးလိုက်ပါတယ် ။
- ကိုယ်ပိုင် အဖြေ အစားထိုးပြီး ဖြေကြည့်ပါ ။
- ကိုယ်တိုင်လည်း မြန်မာလို ကြည့်လိုက်ရုံ / စဉ်းစားလိုက်ရုံနဲ့
အဲ့ဒီ မေးခွန်းလေးတွေကို English လို ပြန်မေးနိုင်အောင် လေ့ကျင့်ပါ ။
:)

1. Who's your favourite athlete? Why ?
မင်း အကြိုက်ဆုံး အားကစားသမားက ဘယ်သူလဲ ? သူ့ကို ဘာကြောင့် ကြိုက်တာလဲ ?

2. Who are three famous athletes in your country?
မင်းတို့ နိုင်ငံမှာ ကျော်ကြားတဲ့ အားကစားသမား ၃ ယောက်က ဘယ်သူတွေလဲ ?

3. Do you ever watch sports on TV? Which ones?
အားကစားပွဲတွေကို တီဗီ မှာ ကြည့်လေ့ရှိသလား ? ဘယ်ပွဲတွေ ကြည့်ဖြစ်လဲ ?

4. Do you ever watch sports live? Which ones?
အားကစားပွဲတွေကို တိုက်ရိုက် ကြည့်လေ့ရှိသလား ? ဘယ်ပွဲတွေ ကြည့်ဖြစ်လဲ ?

5.What are two sports you don't like?
မင်း မကြိုက်တဲ့ အားကစား ၂ ခု က ဘာတွေလဲ ?

6. What sport or ( fitness) activity do you want to try?
ဘယ် အားကစား ဒါမှမဟုတ် ကြံ့ခိုင်ရေး လှုပ်ရှားမှု ( လေ့ကျင့်ခန်း ) ကို မင်း စမ်း လုပ်ကြည့်ချင်လဲ ?

Notes :
athlete = ( Noun ) အားကစားသမား
try = ( Verb ) စမ်း လုပ်ကြည့်သည် ။ ( ဒီနေရာမှာ ကြိုးစားသည် လို့ အဓိပ္ပာယ် ယူလို့ မရပါ ။ )


English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်လာပြီး
အခွင့်အလမ်းကောင်းများ ၊ အသိပညာကောင်းများ ရယူနိုင်ကြပါစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
Founder & Trainer at Active English သင်တန်း

အလားတူ သင်ခန်းစာများကို အောက်ပါ page မှာ ထပ်မံလေ့လာနိုင်ပါတယ် ဗျာ :)
www.facebook.com/mmenglishlearning

=====

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။

အလုပ်သမား / အလုပ် လုပ်သူများ နှင့် ပက်သက်သော အခေါ်အဝေါ် အမျိုးမျိုး  :)  of  ♦ဆရာ ကိုဇင်ဇေ    မှ သင်ကြားသော English ဘာသာစက...
03/10/2015

အလုပ်သမား / အလုပ် လုပ်သူများ နှင့် ပက်သက်သော အခေါ်အဝေါ် အမျိုးမျိုး :)

of


ဆရာ ကိုဇင်ဇေ မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk


English ဘာသာစကားဆိုင်ရာ သင်ခန်းစာများကို
အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံဖြင့် အားမရဘဲ
သင်တန်းတက်ရောက်ပြီး စနစ်တကျ သေချာ လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။ :)
>>>
http://www.activeenglishmyanmar.com/2015/10/english-october-november.html?m=1

23/03/2015



If you have the power to make someone happy , Do it !
The world needs more of that.

လူတစ်ယောက် ကို ပျော်ရွှင်အောင် လုပ်နိုင်စွမ်းရှိရင် လုပ်သာ လုပ်လိုက်ပါ ။
ကမ္ဘာ ကြီးမှာ ဒါမျိုးတွေ ပို လိုတယ်လေ ။


တစ်ခါတလေမှာ ကျွန်တော်တို့ ဟာ ကျွန်တော်တို့မှာ
ကိုယ်ပိုင် စွမ်းအားတွေရှိနေတယ်ဆိုတာ မေ့နေတတ်ကြတယ် ။
ဘယ်လောက်ပဲ အားနည်းတဲ့ နိမ့်ကျတဲ့လူပဲ ဖြစ်နေပါစေ ...
ကိုယ့် အနီးနားမှာ ရှိတဲ့ လူတစ်ယောက်ယောက်ကိုတော့
ပျော်ရွှင်မှုလေး < ခဏတာဖြစ်ဖြစ် > ရအောင် လုပ်ပေးနိုင်မှာပါ ။
ရွှေတွေ ငွေတွေ ပုံပေးနိုင်မှ မဟုတ် ၊
အပြုံးလေးတစ်ချက် ဖြစ်ဖြစ်
အသိအမှတ်ပြု ချီးကျူးစကားလေး တစ်ခွန်းဖြစ်ဖြစ်
အားပေး နှစ်သိမ့်မှုလေး တစ်ခု ဖြစ်ဖြစ်
တစ်ခုခုတော့ တစ်ယောက်ယောက်ကို ပျော်ရွှင်အောင် ကျွန်တော်တို့ လုပ်ပေးနိုင်မှာပါ ။

ဒီ လုပ်ပေးနိုင်တာလေးကို ကျွန်တော်တို့ တကယ် တန်ဖိုးထား လုပ်ဖြစ်ခဲ့ကြရင်
ကမ္ဘာ ကြီးဟာ နေပျော်စရာ ပိုကောင်းလာမှာပါ ။

ဒီတော့ အပြစ်တင်နေတာတွေ ခဏရပ်
ကိုယ့်ပတ်ဝန်းကျင်ကို စပြီး ကိုယ်တိုင်က ကောင်းစေ /
ပျော်စေချင်ရင် တစ်ခုခုတော့ စလုပ်လိုက်ပါ ။
ကမ္ဘာ ကြီးက ဒါမျိုးတွေ ပို လိုနေတယ်လေ ။

:)

လေးစားလျှက်
ကိုဇင်ဇေ
( Founder & Trainer English )
09 4311 5202

====

Language Notes *

make ( object ) < Adjective > - တစ်စုံတစ်ယောက်ကို ဖြစ်အောင် လုပ်သည် / ဖြစ်စေသည်

make someone happy - ပျော်ရွှင်အောင် လုပ်သည် / ပျော်ရွှင်စေသည် ။
make someone sad - ဝမ်းနည်းစေသည် ။


♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။
smile emoticon

26/01/2015

"enough is enough"
---------------------------
Meaning:
You can say "enough is enough"
if you think someone shouldn't do something
because they've done it too many times already,
or because they've been doing it for too long.

လူတစ်ယောက် ဟာ တစ်စုံတစ်ခုကို ကြိမ်ဖန်များစွာ လုပ်ပြီးပြီ ။
ဒါမှ မဟုတ် အချိန် အကြာပြီး လုပ်နေခဲ့ပြီးပြီ ။ ( အခုလည်း ဆက်လုပ်နေတုန်း )
ကျွန်တော်တို့ အနေနဲ့ သူ ဒီလိုလုပ်နေတာကို ရပ်ပစ်လိုက်ဖို့ ကောင်းပြီလို့ ထင်တယ် ။
အဲဒီ အခါမှာ English လို ထိထိရောက်ရောက်လေး ပြောလိုတဲ့အခါ
" Enough is enough! "လို့ သုံးလိုက်ပါဗျာ ။

Example :
Look, enough is enough. He's borrowed £300 already.
ဟေ့ တော်သင့်ပြီ ကွ ။ သူ ချေးထားတာ ၃၀၀ ရှိနေပြီလေ ။

" တော်သင့်ပြီ ဟေ့ " လို့ ဘာသာပြန် မှတ်ချင် မှတ်နိုင်ပါတယ် ။
( ကျွန်တော့် အနေနဲ့တော့ English ဘာသာစကားကို ထိထိရောက်ရောက် လေ့လာချင်ပြီဆိုရင်
ဒီလို မြန်မာဘာသာပြန်တွေ ကျက်ပြီး မှတ်တာမျိုးကို သိပ် အားမပေးပါဘူး ။
အခြေခံ သိပ်အားနည်းလွန်းသူတွေ ကတော့ တစ်မျိုးပေါ့ ...)

လေးစားလျှက်
ကိုဇင်ဇေ ( Active English )


Active English သင်တန်း ရဲ့ Facebook Group ကို Join ချင်ရင်တော့
ဒီ link ကနေ တဆင့် Join လို့ ရပါတယ် ဗျာ ။
www.facebook.com/groups/activeenglishclass
===


Android ဖုန်း သုံးစွဲသူများကတော့ အောက်ပါ apk ကို
Download ချပြီး Install လုပ်ထားလိုက်ရုံနဲ့
တင်သမျှ စာတွေကို မလွတ်တမ်း ဖတ်နိုင်မှာ အသေအချာပါ ဗျာ ။
http://www.mediafire.com/download/739htjok7ua0g9q/Active_English.learning.for.myanmar-June26.apk

15/12/2014

အကူအညီ တောင်း ဟန် ( ၁၀ ) မျိုး
----------------------------------------------

ကျွန်တော်တို့ အားလုံးဟာ တစ်ခါတလေမှာ အကူအညီ လိုတတ်ကြတာပဲပေါ့ ။
English စကားပြောရာမှာ အကူအညီလိုကြောင်းကို တိုက်ရိုက်ကြီး ပြောရင်
မယဉ်ကျေးသလို ဖြစ်တတ်တယ် ။
ဒီတော့ နည်းနည်းလေး ပျော့ပျော့ပြောင်းပြောင်း နဲ့
အကူအညီ တောင်းတဲ့ ပြောဟန်လေးတွေကို မှတ်သားထားရင်
ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ် ။
ကျွန်တော် အင်တာနက် ပေါ်က လေ့လာမိသလောက်ထဲက
သိထားသင့်တာလေးတွေကို ပြန်စုစည်းပေး လိုက်ပါတယ်ဗျာ ။

အကူအညီ တောင်း ဟန် ( ၁၀ ) မျိုး
--------------------------------------------
1. Can you give me a hand with this?
2. Could you help me for a second?
3. Can I ask a favour?
4. I wonder if you could help me with this?
5. I could do with some help, please.
6. I can't manage. Can you help?
7. Give me a hand with this, will you?
8. Lend me a hand with this, will you?
9. Could you spare a moment?
10. I need some help, please.

Reference : English Vocabulary websites

စာဖတ်သူတို့ရဲ့ Like & Share တစ်ချက်ဟာ
စာရေးသူတစ်ယောက် အတွက် အားဆေး တစ်ခွက်ပါ ။ :)


်ခန်းစာများ

ကိုဇင်ဇေ
Founder & Trainer English
09 4311 5202
www.facebook.com/MmEnglishLearning

English ဘာသာစကား ဆောင်းပါးများ သင်ခန်းစာများ ဖတ်ရှူရင်း
English ဘာသာစကားကို ထိတွေ့မှု မပြတ်စေဘဲ
Android App ကို ဒီ link ကနေ download ရယူနိုင်ပါတယ် ။

( http://www.mediafire.com/download/739htjok7ua0g9q/Active_English.learning.for.myanmar-June26.apk

04/12/2014

ကြာကြာ ဖုံး ကွယ် ထားလို့ မရတဲ့ အရာ ( ၃ ) ခု ရှိတယ် ...
- နေ ရယ်
- လ ရယ်
- အမှန် တရား ရယ်

Three things cannot be long hidden: the sun, the moon, and the truth.
- Buddha

ကိုဇင်ဇေ ( ဘာသာပြန် )
www.facebook.com/MmEnglishLearning

စာဖတ်သူတို့ရဲ့ Like & Share တစ်ချက်ဟာ
စာရေးသူတစ်ယောက် အတွက် အားဆေး တစ်ခွက်ပါ ။

17/11/2014

What are you going to have for lunch?
နေ့လည် စာ ဘာ စားကြ မတုန်းဗျ ?

:)

Just leave your comment ;)
ဒီစာရင်းထဲက စားချင်တာကို ကွန်းမန့် ပေးခဲ့ပါဗျာ ... :)

ကျွေးမလို့တော့ မဟုတ်ဘူးနော်
English vocabulary ပဲ လေ့ကျင့်ပေးတာ ။

:D

bacon
beef
chicken
cooked meat
duck
ham
kidneys
lamb
liver
mince or minced beef
sausages
pork
pork pie
sausage roll
turkey


https://www.facebook.com/mmenglishlearning

English ဘာသာစကား အမြဲ လေ့လာလိုသူများ အတွက် Active English သင်တန်း Page

I hope you agree :)
17/10/2014

I hope you agree :)

ဆိုရိုးစကား များမှ တဆင့် English ဘာသာစကားလေ့လာလိုသူများ အတွက်www.facebook.com/mmenglishlearning
18/09/2014

ဆိုရိုးစကား များမှ တဆင့်
English ဘာသာစကား
လေ့လာလိုသူများ အတွက်

www.facebook.com/mmenglishlearning

Address

Yangon

Alerts

Be the first to know and let us send you an email when Active Learning Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category