Device Consulting Group

Device Consulting Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Device Consulting Group, Education, Building 24/26, Room 4B/C, Race Course Condo, South Race Course Street, Tamwe Township, Yangon.

Device consulting group is a prospering management consultancy company for businesses in Myanmar with systematic and practical effectiveness as a trusted advisor to top management or as a hands-on coach for front line employees.

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟖 | 𝐒𝐞𝐬𝐬𝐢𝐨𝐧 3“စဉ်းစားတတ်ခြင်းကလည်း လေ့ကျင့်ရတဲ့ Skill တစ်ခုပါ” ။💬📅 ဒီနေ့ ...
23/08/2026

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟖 | 𝐒𝐞𝐬𝐬𝐢𝐨𝐧 3

“စဉ်းစားတတ်ခြင်းကလည်း လေ့ကျင့်ရတဲ့ Skill တစ်ခုပါ” ။💬

📅 ဒီနေ့ Session-3 မှာ Critical Thinking အကြောင်း လေ့လာရင်း Critical Thinking ဆိုတာ သူများပြောတာကို မယုံတာ မဟုတ်ပါဘူး။

✅ ယုံကြည်မယ့်အရာကို သက်သေနဲ့ စစ်ဆေးတတ်တာ၊ ပြဿနာကို ရှုထောင့်အမျိုးမျိုးကနေ မြင်တတ်တာ၊ကိုယ့်အတွေးကိုတောင် ပြန်မေးတတ်ဖို့ အလေ့အကျင့်လုပ်ရမဲ့အရာတစ်ခုပါ ။

✅ ကျွန်တော်တို့ဟာ နေ့စဉ်ဘဝမှာ ပြဿနာတစ်ခုဖြစ်လာရင် အဖြေကို မြန်မြန်ရှာဖို့ အာရုံစိုက်တတ်ကြတယ်။

✅ ဒါပေမယ့် Critical Thinking ဆိုတာ “အဖြေက ဘာလဲ?” ထက် “ဘာကြောင့် ဒီလိုဖြစ်တာလဲ?” ဆိုပြီး ဆန်းစစ်ရပါမယ်လို့ ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ ဆွေးနွေးတင်ပြခဲ့ပါတယ်။

💬 ဆရာကြီးဝေမျှ ပေးသွားတဲ့ 5 Why ဆိုတာကပြဿနာရဲ့ Root Cause အထိ ရောက်အောင် စူးစမ်းခြင်းဖြစ်ပါတယ် ။

💬ဒါဟာ ပြဿနာကို ခဏတာဖုံးအုပ်တာမဟုတ်ဘဲ ရေရှည်အတွက် တကယ့်အဖြေကို ရှာနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။

🌳ဥပမာ- အပင်တစ်ပင်ရဲ့ ကိုင်းတစ်ကိုင်း ကျိုးသွားတယ်ဆိုပါစို့။ကိုင်းကို ပြန်ချည်ပေးလိုက်ရုံနဲ့ ပြဿနာပြီးသွားပြီလား?

❓ဘာကြောင့်ကျိုးတာလဲ ၊လေပြင်းလို့လား၊အပင်အားနည်းလို့လား ၊ ရေမလုံလောက်လို့လား၊ အမြစ်မှာ ပြဿနာရှိလို့လား၊ ဒီလိုနဲ့ အပေါ်ယံကိုင်းကိုပဲ ပြုပြင်တာမဟုတ်ဘဲတကယ့် Root Cause ကို ရှာဖွေဖို့လိုပါတယ်။

💬 ဒါဟာ အလုပ်မှာလည်း အတူတူပါပဲ ….
Customer Complaint တစ်ခု၊Team Problem တစ်ခု၊Business Challenge တစ်ခု၊ကိုယ့်ဘဝထဲက ပြဿနာတစ်ခု ကို အပေါ်ယံမြင်တာနဲ့ ဆုံးဖြတ်လိုက်ရင် အဖြေက ခဏပဲ ဖြစ်နိုင်ပါတယ် ။

💡ဒါကြောင့် ဆရာကြီးပြောတဲ့ HOT – Higher Order Thinking ကို အသုံးချပြီး……

🔹 ရှုထောင့်အမျိုးမျိုးကနေ ကြည့်ပါ ။
🔹 Analysis လုပ်ပါ ။
🔹 မေးခွန်းထုတ်ပါ ။
🔹 Evidence ရှာပါ ။
🔹 နောက်ဆက်တွဲကို ကြိုစဉ်းစားပါ ။
🔹 ပြီးမှ ဆုံးဖြတ်ပါ ။

✅အရေးကြီးဆုံးက—
“What is the evidence?”
“What are the alternatives?”
“Why?”

ဒီမေးခွန်း ၃ ခုကို ကိုယ့်ဘဝမှာ ပုံမှန်မေးတတ်လာရင် ကိုယ့်ရဲ့ အတွေးပုံစံက ပြောင်းလာပါလိမ့်မယ်။

🧠ဦးနှောက်ဆိုတာလည်း အလေ့အကျင့်ပါ လေ့ကျင့်ရင် တိုးတက်လာပါတယ် ။

🗺️ Mind Mapping နဲ့ အတွေးတွေ၊အချက်အလက်တွေ၊ ဆက်စပ်မှုတွေကို မြင်သာအောင်ချိတ်ဆက်ကြည့်နိုင်ပြီး Time Boxing 🥊နဲ့ အချိန်ကန့်သတ်ပြီး အာရုံအပြည့်နဲ့ ပြဿနာကို ကိုင်တွယ်ပါ ။

♟️Chess / Strategy Games လိုမျိုး “ဒီဆုံးဖြတ်ချက်ပြီးရင် နောက်ထပ်ဘာဖြစ်နိုင်လဲ?” ဆိုပြီး အကွက်ကြိုစဉ်းစားတဲ့ အလေ့အကျင့်ကိုလည်း တည်ဆောက်သင့်ပါတယ် ။

🧩Mind Games, Puzzle, Sudoku, Strategic Games တွေလို စိတ်ကို စိန်ခေါ်တဲ့ လေ့ကျင့်မှုတွေက Memory, Focus, Logic နဲ့ Problem-Solving ကို တိုးတက်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

💬ဒါကြောင့်…ဘဝမှာ ပြဿနာတွေကို ရှောင်ဖို့ထက် ပြဿနာတွေကို ပိုကောင်းကောင်း စဉ်းစားဖြေရှင်းနိုင်တဲ့သူ ဖြစ်အောင် လေ့ကျင့်ကြပါလို့ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ သင်ကြားပို့ချပေးခဲ့ပါတယ် ။

👏ဆွေးနွေးပို့ချမှုအပြီးမှာ တက်ရောက်လာကြသော လုပ်ငန်းအသီးသီးကတာဝန်ရှိသူများရဲ့မေးခွန်းများကို ဆရာကြီးကပြန်လည်ဖြေကြားပေးခဲ့ပြီး Session 3 အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟖 | 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟐"Critical Thinking မရှိဘဲ ဆုံးဖြတ်ချက်ချတာဟာ ဝင်္ကဘာထဲမှာ မျ...
15/08/2026

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟖 | 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟐

"Critical Thinking မရှိဘဲ ဆုံးဖြတ်ချက်ချတာဟာ ဝင်္ကဘာထဲမှာ မျက်စိမှိတ် လမ်းလျှောက်နေတာနဲ့ တူပါတယ်။" 🌀💡

အရာရာကို နက်နက်နဲနဲ စိစစ်နိုင်စွမ်းမရှိရင် ဘဝမှာရော အလုပ်မှာပါ လမ်းပျောက်တတ်ပါတယ်။ ဒီတစ်ပတ် ELS Session 2 မှာတော့ ဘဝရော အလုပ်ပါ အောင်မြင်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ Critical Thinking အကြောင်းကို ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က နက်နက်နဲနဲ ပို့ချဆွေးနွေးပေးသွားခဲ့ပါတယ်။ ✨

🧠 **Critical Thinking ရဲ့ အဓိက သော့ချက်များ**

* **ကိုယ့်အစွဲ (Biases) တွေကို သိရှိခြင်း** - လူတိုင်းမှာ အစွဲနဲ့ စွဲလမ်းမှုတွေ ရှိကြပါတယ်။ ဒါကို သတိမပြုမိရင် ဆုံးဖြတ်ချက်တွေ မှားယွင်းသွားနိုင်ပါတယ်။
* **အမှားကို လက်ခံရဲတဲ့ သတ္တိ** - မသိသေးတာကို ဆင်ခြေမပေးဘဲ လက်ခံဖို့နဲ့ အရာရာကို အလယ်အလတ်ကနေ မေးခွန်းထုတ် ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
* **သတင်းအချက်အလက် (Data) တွေကို ရိုးရှင်းအောင် တင်ပြခြင်း** - Data တွေကို အများနားလည်လွယ်အောင် အကျဉ်းချုံးပြီး ဥပမာများ၊ အားသာချက်များနဲ့ စနစ်တကျ ပြသနိုင်ရပါမယ်။

🎯 **Critical Thinking ကို လက်တွေ့ အသုံးပြုနိုင်မယ့် (၅) နေရာ**

📌 **၁။ Decision Making** - ဆုံးဖြတ်ခြင်းဆိုတာ ရွေးချယ်ခြင်းပါ။ သူများပြောတိုင်း မယုံဘဲ အကျိုးအကြောင်း ခိုင်လုံစွာနဲ့ ရွေးချယ်စရာ (Options) တွေ ဖန်တီးပြီး ဆုံးဖြတ်ရပါမယ်။

📌 **၂။ Problem Solving** - ကြီးမားတဲ့ ပြဿနာတွေကို သေးငယ်တဲ့ အပိုင်းလိုက် ခွဲထုတ်ရပါမယ်။ (ဥပမာ - အရောင်းကျရင် Root Cause Analysis နည်းလမ်းနဲ့ Cause, Problem, Symptoms တွေကို သေချာခွဲခြား သုံးသပ်တာမျိုးပါ)။

📌 **၃။ Conflict Resolution & Academic Research** - ငြင်းခုံမှုတွေ ကြုံရတဲ့အခါ မိမိအမြင်တစ်ခုတည်း မဟုတ်ဘဲ တစ်ဖက်သားရဲ့ အမြင်နဲ့ အတွေးကိုပါ မြင်အောင်ကြည့်ပြီး ညှိနှိုင်းရပါမယ်။

📌 **၄။ Public Speaking (လူထုရှေ့ တင်ပြခြင်း)** - ကြောက်ရွံ့နေမယ့်အစား ပရိသတ်နဲ့ "ရင်ခုန်သံချင်း တူအောင်" ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ လက်ခံလာအောင် တင်ပြရပါမယ်။

📌 **၅။ Analysis (ဆန်းစစ်လေ့လာခြင်း)** - အခြေခံကနေစပြီး အပိုင်းလိုက် ခွဲခြားလေ့လာကာ သက်သေခိုင်မာတဲ့ အဖြေကို ရှာဖွေရပါမယ်။

ဒါ့အပြင် ⚠️ သင်ခန်းစာယူစရာ ဖြစ်ရပ်မှန် Case Studies တွေအနေနဲ့ 🚗 Volkswagen ကားကုမ္ပဏီအကြောင်းနဲ့ 🚀 1999 ခုနှစ်မှာ NASA ရဲ့ Mars Climate Orbiter ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အသေးစိတ် မျှဝေဆွေးနွေးပေးခဲ့ပါတယ်။

💬 အမြဲတမ်း စိတ်ကို ဖွင့်ထားပြီး အကြောင်းနဲ့ အကျိုး ကိုက်ညီမှုရှိမရှိ မေးခွန်းထုတ်ဆန်းစစ်ဖို့လည်း လမ်းညွှန်ပေးခဲ့ပါတယ်။

ဆွေးနွေးမှုအပြီးမှာတော့ တက်ရောက်လာကြတဲ့ လုပ်ငန်းအသီးသီးကစီမံခန့်ခွဲသူများက မေးမြန်းကြတဲ့ လက်တွေ့အတွေ့အကြုံ မေးခွန်းတွေကို ဆရာကြီးက လက်တွေ့ဥပမာများနဲ့ယှဥ််ပြီး အကြံဉာဏ်တွေနဲ့ ပြန်လည်ဆွေးနွေးပေးခဲ့ပါတယ်။ ❤️

လာမယ့် ဩဂုတ်လ (၂၂) ရက်နေ့မှာ Session 3 - Developing Critical Thinking ခေါင်းစဉ်ဖြင့် ဆရာကြီးက ဆက်လက်ပို့ချသွားမှာဖြစ်တဲ့အတွက် တက်ရောက်နိုင်ဖို့ ကြိုတင်အသိပေးအကြောင်းကြားလိုက်ရပါတယ်။

မန္တလေးမြို့မှာ ဆရာဦးတင်ဇံကျော်ကိုယ်တိုင် ဆွေးနွေးပို့ချမယ့် 𝐌𝐨𝐝𝐞𝐫𝐧 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သင်တန်း * * * * * * * * * * ...
08/08/2026

မန္တလေးမြို့မှာ ဆရာဦးတင်ဇံကျော်ကိုယ်တိုင် ဆွေးနွေးပို့ချမယ့် 𝐌𝐨𝐝𝐞𝐫𝐧 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သင်တန်း
* * * * * * * * * * * * * * * * * * * * * * * * * *
"မန်နေဂျာတစ်ယောက် ဖြစ်နေပြီ... ဒီထက်မက ပိုမိုကောင်းမွန်တဲ့ 𝐋𝐞𝐚𝐝𝐞𝐫 / 𝐌𝐚𝐧𝐚𝐠𝐞𝐫 တစ်ယောက် ဘယ်လိုဖြစ်လာမလဲ?"
💎စီးပွားရေးလောကနဲ့ နည်းပညာတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေသလိုပဲ… ခေတ်သစ်လုပ်ငန်းခွင်မှာ “စတင် ခေါင်းဆောင်ခွင့်ရဖို့” အပြင် “ဆက်လက် ဦးဆောင်နိုင်ဖို့” က စိန်ခေါ်မှုကြီးမားလာပါတယ်။
💎မိမိကလက်ရှိမှာ Team ကို ဦးဆောင်နေတဲ့ Manager တစ်ယောက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။နေ့စဉ်နဲ့အမျှ Targets တွေ ပြည့်အောင်လုပ်ရတယ်၊ လုပ်ငန်းခွင်ပြဿနာတွေကို ဖြေရှင်းရတယ်၊ အဖွဲ့အစည်း လည်ပတ်အောင် ထိန်းကျောင်းနေရတယ်။
စိတ်ထဲမှာ ဒီမေးခွန်းတွေကို ခပ်စိမ့်စိမ့် တွေးမိဖူးပါသလား…❓
🔷“မိမိရဲ့ လက်ရှိ Management စတိုင်က ယနေ့ခေတ် ဝန်ထမ်းတွေ၊ ခေတ်မီအဖွဲ့အစည်းတွေနဲ့ တကယ်ရော ကိုက်ညီရဲ့လား?”
🔷“မိမိ Team ကို ဒီထက်မက ပိုပြီး Productivity တက်အောင်၊ Inspire ဖြစ်အောင် ဘယ်လို စနစ်ကျကျ ဆွဲတင်ရမလဲ?”
🔷“အလုပ်တွေ မနိုင်မနင်းဖြစ်ပြီး ကိုယ်တိုင် Burnout မဖြစ်ဘဲ Smart ကျကျ ဘယ်လို စီမံမလဲ?”
🔷အရင်က အောင်မြင်ခဲ့ဖူးတဲ့ စီမံခန့်ခွဲမှု နည်းလမ်းအဟောင်းတွေဟာ ဒီနေ့ခေတ် လုပ်ငန်းခွင်စိန်ခေါ်မှုတွေအတွက် မလုံလောက်တော့ပါဘူး။
💯လက်ရှိ Position တစ်ခုမှာ ရောက်နေရုံနဲ့ မရပ်တန့်ဘဲ "ခေတ်မီဆန်းသစ်တဲ့ Management Methods တွေနဲ့ မိမိရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မြှင့်တင်ဖို့
🔷DBU International College ရဲ့ Founder & Chairman ဆရာဦးတင်ဇံကျော် ကိုယ်တိုင် "𝐌𝐨𝐝𝐞𝐫𝐧 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐌𝐞𝐭𝐡𝐨𝐝𝐬 𝐟𝐨𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧𝐬" သင်တန်းကို သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

သင်ကြားမည့်အကြောင်းအရာများ
•••••••••••••••••••••••••••••••••••••
✍🏻PART 1: Management Vs. Leadership
✍🏻PART 2: The 5 C's of Leadership
✍🏻PART 3: Leadership Principles
✍🏻PART 4: Step-by-Step Management Structure
✍🏻PART 5: Conflict Resolution
✍🏻PART 6: Workplace Relationships
✍🏻PART 7: Workplace Productivity

👨‍💼 ဘယ်သူတွေ တက်ရောက်သင့်လဲ?
✅ လက်ရှိ Management Position ယူထားပြီး မိမိ၏ ဦးဆောင်မှုစွမ်းရည်ကို ပိုမိုထက်မြက်အောင် အဆင့်မြှင့်တင်လိုသူများ
✅ Team Leader များ၊ Supervisor များ၊ Manager များ
✅ အဖွဲ့အစည်းကို ခေတ်မီစနစ်များဖြင့် တိုးတက်အောင် ဦးဆောင်လိုသော လုပ်ငန်းရှင်များ
✅ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်လိုသူများ

သင်ကြားပို့ချပေးမည့်ဆရာ
•••••••••••••••••••••••••••••
ဆရာဦးတင်ဇံကျော်
𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧 & 𝐅𝐨𝐮𝐧𝐝𝐞𝐫 - 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

သင်ကြားမည့်ပုံစံ
••••••••••••••••••
🤝 Two - Way Communication ဖြင့် အနီးကပ်သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

⏰သင်တန်းရက် နှင့် အချိန်⏰
•••••••••••••••••••••••••••
၆.၉.၂၀၂၆ (တနင်္ဂနွေနေ့)
နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀)အထိ

သင်တန်းကြေး
••••••••••••••
သင်တန်းသား (၁)ဦးလျှင် - ကျပ် ၃၅၀,၀၀၀/-

𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧
••••••••••••••••••••••••••••••
ဩဂုတ်လ (၂၀)ရက်နေ့ နောက်ဆုံးထားအပ်နှံသူများအတွက် တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀/- တည်းဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ် (လူဦးရေအကန့်အသတ်ဖြင့်သာ)။

အသိအမှတ်ပြုလက်မှတ် (Certificate)
•••••••••••••••••••••••••••••••••••••••••••
သင်တန်းပြီးဆုံးပါက 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကပေးအပ်သော Certificate ကိုရရှိမှာဖြစ်ပါတယ်။

သင်တန်းသင်ကြားပို့ချမည့်နေရာ
•••••••••••••••••••••••••••••••••••
Triumph Hotel -အောင်မြင်ခြင်းဟိုတယ်၊ မန္တလေးမြို့။
Corner of 26th & 57th street, Aung Myay Tharzan Township, Mandalay.

( #သင့်အတွက်နောက်မကျပါစေနှင့် )
အသေးစိတ်သိရှိလိုပါက …
:
09 42 100 7001, 09 88 263 1717

[email protected]





မန္တလေးမြို့မှာ 𝐓𝐡𝐞 𝐖𝐢𝐧𝐧𝐢𝐧𝐠 𝐌𝐢𝐧𝐝𝐬𝐞𝐭 𝐨𝐟 𝐇𝐢𝐠𝐡-𝐈𝐧𝐜𝐨𝐦𝐞 𝐒𝐚𝐥𝐞𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 သင်တန်း ကိုဆရာဦးတင်ဇံကျော်ကိုယ်တိုင်သင်ကြားပို့ချမ...
08/08/2026

မန္တလေးမြို့မှာ 𝐓𝐡𝐞 𝐖𝐢𝐧𝐧𝐢𝐧𝐠 𝐌𝐢𝐧𝐝𝐬𝐞𝐭 𝐨𝐟 𝐇𝐢𝐠𝐡-𝐈𝐧𝐜𝐨𝐦𝐞 𝐒𝐚𝐥𝐞𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 သင်တန်း ကိုဆရာဦးတင်ဇံကျော်ကိုယ်တိုင်သင်ကြားပို့ချမည်။
➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪ ➪
💯အလုပ်တစ်ခုကို ပင်ပန်းခံ ပုံမှန်ရောင်းနေရုံနဲ့ High-Income Salesperson မဖြစ်နိုင်ပါဘူး။ ရောင်းအားကောင်းသူနဲ့ ရောင်းအားမကောင်းသူကြားမှာ 'ရောင်းချတဲ့ နည်းလမ်း' နဲ့ 'စဉ်းစားတွေးခေါ်ပုံ (Mindset)' အဓိကကွာခြားနိုင်ပါတယ်။

📊 ဈေးကွက်ထဲမှာ ကုန်ပစ္စည်းကို "လိုက်ရောင်း" နေသူအဆင့်ကနေ ဖောက်သည်ကိုယ်တိုင် "ယုံကြည်စိတ်ချစွာ ဝယ်ယူချင်လာအောင်" စနစ်တကျ ဆွဲဆောင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုတာ ပါရမီတစ်ခုတည်းနဲ့ မရပါဘူး။

💠လက်တွေ့ကျတဲ့ 𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 𝐒𝐚𝐥𝐞𝐬 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤𝐬 တွေ၊ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐈𝐧𝐬𝐢𝐠𝐡𝐭 ကို ထိုးဖောက်နားလည်တဲ့ 𝐒𝐤𝐢𝐥𝐥𝐬 တွေနဲ့ မဆုတ်မနစ်တဲ့ 𝐖𝐢𝐧𝐧𝐢𝐧𝐠 𝐌𝐢𝐧𝐝𝐬𝐞𝐭 ကို ပေါင်းစပ်ကျင့်သုံးမှသာ လစဉ် 𝐒𝐚𝐥𝐞𝐬 𝐓𝐚𝐫𝐠𝐞𝐭 တွေကို အေးဆေးကျော်လွှားပြီး ဝင်ငွေမြင့်မားတဲ့ ထိပ်တန်း အရောင်းကျွမ်းကျင်သူ ဖြစ်လာမှာပါ။

💠ဒါကြောင့် စီးပွားရေးနယ်ပယ်မှာ ပြိုင်ဘက်တွေထက် သာလွန်ပြီး မိမိရဲ့ အရောင်းစွမ်းရည်နှင့် ဝင်ငွေကို မြှင့်တင်နိုင်ဖို့ ဆရာဦးတင်ဇံကျော် ကိုယ်တိုင် အနီးကပ် ပို့ချပေးမယ့် "𝐓𝐡𝐞 𝐖𝐢𝐧𝐧𝐢𝐧𝐠 𝐌𝐢𝐧𝐝𝐬𝐞𝐭 𝐨𝐟 𝐇𝐢𝐠𝐡-𝐈𝐧𝐜𝐨𝐦𝐞 𝐒𝐚𝐥𝐞𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥" အထူးသင်တန်းကို 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ စက်တင်ဘာလ (၅) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သင်ကြားပေးသွားမယ့် ခေါင်းစဉ်တွေကတော့ -
🗞️𝐏𝐚𝐫𝐭 𝟏 – 𝐐𝐮𝐚𝐥𝐢𝐭𝐢𝐞𝐬 𝐨𝐟 𝐚 𝐆𝐨𝐨𝐝 𝐒𝐚𝐥𝐞𝐬𝐩𝐞𝐫𝐬𝐨𝐧
🗞️𝐏𝐚𝐫𝐭 𝟐 – 𝐒𝐤𝐢𝐥𝐥𝐬 𝐭𝐡𝐚𝐭 𝐀𝐭𝐭𝐫𝐚𝐜𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬/𝐂𝐥𝐢𝐞𝐧𝐭𝐬
🗞️𝐏𝐚𝐫𝐭 𝟑 – 𝐓𝐡𝐞 𝐑𝐨𝐥𝐞 𝐨𝐟 𝐭𝐡𝐞 𝐒𝐚𝐥𝐞𝐬𝐩𝐞𝐫𝐬𝐨𝐧
🗞️𝐏𝐚𝐫𝐭 𝟒 – 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐒𝐞𝐥𝐥𝐢𝐧𝐠
🗞️𝐏𝐚𝐫𝐭 𝟓 – 𝐌𝐞𝐫𝐜𝐡𝐚𝐧𝐝𝐢𝐬𝐢𝐧𝐠
🗞️𝐏𝐚𝐫𝐭 𝟔 – 𝐒𝐞𝐫𝐯𝐢𝐜𝐢𝐧𝐠
🗞️𝐏𝐚𝐫𝐭 𝟕 – 𝐒𝐚𝐥𝐞𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 & 𝐑𝐞𝐥𝐚𝐭𝐞𝐝 𝐝𝐮𝐭𝐢𝐞𝐬
🗞️𝐏𝐚𝐫𝐭 𝟖 – 𝐇𝐚𝐧𝐝𝐥𝐢𝐧𝐠 𝐎𝐛𝐣𝐞𝐜𝐭𝐢𝐨𝐧𝐬
🗞️𝐏𝐚𝐫𝐭 𝟗 – 𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐒𝐚𝐥𝐞𝐬
🗞️𝐏𝐚𝐫𝐭 𝟏𝟎 – 𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 𝐂𝐚𝐥𝐥 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧
🗞️𝐏𝐚𝐫𝐭 𝟏𝟏 – 𝟖 𝐒𝐭𝐞𝐩𝐬 𝐒𝐚𝐥𝐞𝐬 𝐂𝐚𝐥𝐥 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧
🗞️𝐏𝐚𝐫𝐭 𝟏𝟐 – 𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 𝐂𝐨𝐮𝐧𝐭𝐞𝐫 𝐒𝐞𝐥𝐥𝐢𝐧𝐠 𝐏𝐞𝐫𝐬𝐨𝐧

ဘယ်သူတွေတက်ရောက်သင့်သလဲ။
✔︎ 𝐒𝐚𝐥𝐞𝐬 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 များ
✔︎𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 နဲ့ အနီးကပ်ဆုံး ဆက်ဆံရသူများ
✔︎𝐒𝐚𝐥𝐞𝐬 𝐓𝐞𝐚𝐦 ကို စနစ်တကျ ဦးဆောင်လိုတဲ့ 𝐓𝐞𝐚𝐦 𝐋𝐞𝐚𝐝𝐞𝐫 များ
✔︎𝐒𝐚𝐥𝐞𝐬 ကို အမှန်တကယ်နားလည်ပြီး အခြေခံကောင်းမွန်သော 𝐒𝐚𝐥𝐞𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 အဖြစ် ရပ်တည်လိုသူများ
✔မိမိလုပ်ငန်းခွင်မှာ အရောင်းပညာကို အောင်မြင်စွာ လက်တွေ့အသုံးချလိုသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။

သင်ကြားပို့ချပေးမည့်ဆရာ
••••••••••••••••••••••••••
ဆရာဦးတင်ဇံကျော် (Chairman : DBU International College)

သင်ကြားမည့်ပုံစံ
••••••••••••••••••
- Question & Answer တို့ဖြင့် အနီးကပ် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

⏰သင်တန်းရက် နှင့် အချိန်
••••••••••••••••••••••
၅.၉.၂၀၂၆ (စနေနေ့)
နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) အထိ

💎သင်တန်းကြေး
•••••••••••••••••
သင်တန်းသား (၁) ဦးလျှင် ကျပ် ၁၅၀,၀၀၀/-

#အထူးအခွင့်အရေး
•••••••••••••••••
ဩဂုတ်လ (၂၀) ရက်နေ့ နောက်ဆုံးထားအပ်နှံပါက
➭ (၅) ဦးနဲ့အထက် တက်ရောက်ပါက ကျပ် ၁၀၀,၀၀၀/-
➭ (၁၀) ဦး နဲ့ အထက် တက်ရောက်ပါက ကျပ် ၇၅,၀၀၀/- စသည်ဖြင့် 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။

🎯အသိအမှတ်ပြုလက်မှတ် (Certificate)
••••••••••••••••••••••••••
သင်တန်းပြီးဆုံးပါက 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကပေးအပ်သော Certificate ကိုရရှိမှာဖြစ်ပါတယ်။

သင်တန်းသင်ကြားပို့ချမည့်နေရာ
•••••••••••••••••••••••••••••
𝐓𝐫𝐢𝐮𝐦𝐩𝐡 𝐇𝐨𝐭𝐞𝐥 - အောင်မြင်ခြင်းဟိုတယ်၊ မန္တလေးမြို့။
Corner of 26th & 57th street, Aung Myay Tharzan Township, Mandalay.

( #သင့်အတွက်နောက်မကျပါစေနှင့် )
အသေးစိတ်သိရှိလိုပါက …
:
09 88 262 1717, 09 88 263 1717
09 88 264 1717, 09 42 100 7001

http://m.me/DCGMyanmar


[email protected]





💡 ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဟာ လုပ်ငန်းရဲ့ ရေရှည်အောင်မြင်မှုအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြ...
03/08/2026

💡 ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဟာ လုပ်ငန်းရဲ့ ရေရှည်အောင်မြင်မှုအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်"📈

📚 ခေတ်သစ်စီးပွားရေးမှာ အဖွဲ့အစည်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်Training & Development ဟာ မရှိမဖြစ် အရေးပါတဲ့ မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။

📊 **ကမ္ဘာ့စံချိန်စံညွှန်း ဒေတာများအရ ၄၁ % သော ဝန်ထမ်းများဟာ စနစ်တကျသင်တန်းပေးခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း မရှိပါက အလုပ်က ထွက်ခွာရန် စဉ်းစားကြပါတယ်။

📈 ဝန်ထမ်းလေ့ကျင့်ရေးမှာ စနစ်တကျ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီများက ပိုမိုမြင့်မားတဲ့ အမြတ်အစွန်း (Profitability)ကို ရရှိကြပါတယ်။

💯ထို့အတူ United 81 Co., Ltd. ကလည်း အနာဂတ်အတွက် အလားအလာရှိတဲ့ Team Leader များ၊ Supervisor များရဲ့ ကြီးကြပ်ကွပ်ကဲမှုစွမ်းရည် (Supervisory Skills)ကို ပိုမိုထက်မြက်လာစေဖို့ အလေးထားရင်းနှီးမြှုပ်နှံပြီး ယနေ့မှာ Future - Ready Supervisory Skills Development သင်တန်းကိုပြုလုပ်ခဲ့ပါတယ်။

🦅 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐅𝐨𝐮𝐧𝐝𝐞𝐫 & 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧 ဆရာဦးတင်ဇံကျော် ကိုယ်တိုင် အနီးကပ်၊ ထိရောက်စွာ သင်ကြားပို့ချပေးခဲ့တာကြောင့် တန်ဖိုးရှိတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများနှင့် နည်းဗျူဟာများကို ပြည့်ဝစွာ ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ 🌟

📌 ဘယ်လောက်ပဲ ကောင်းမွန်တဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ပါစေ… လုပ်ငန်းခွင်အတွင်း တကယ့် လက်တွေ့အကောင်အထည်ဖော်အသုံးချမှသာ မိမိကိုယ်တိုင်ပိုမိုတန်ဖိုးရှိလာမှာပါ။

✨ ဒါကြောင့် သင်တန်းကနေ ရရှိခဲ့တဲ့ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်မှာ အပြည့်အဝ အသုံးချပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်ကြလိမ့်မယ်လို့ 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကလည်း ယုံကြည်မျှော်လင့်ပါတယ်။ ✨

📝 အဖွဲ့အစည်းရဲ့ အနာဂတ်ခေါင်းဆောင်များကို စနစ်တကျ မြှင့်တင်ပေးနိုင်ရေးအတွက် အစစအရာရာ ပံ့ပိုးကူညီပြီး ဒီလို တန်ဖိုးရှိလှတဲ့ သင်တန်းကို အကောင်အထည်ဖော် စီစဉ်ပေးခဲ့ကြသော United 81 Co., Ltd. ရဲ့ဦးဆောင်သူများနဲ့ အကြီးတန်းစီမံခန့်ခွဲသူ တစ်ဦးချင်းစီတိုင်းကို အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါသည်။ 👏💐

🤝လူကြီးမင်းတို့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ Corporate Training Package များ သင်ကြားပေးလိုပါက 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကို ဆက်သွယ်ဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။🤝

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟖| 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟏 ယနေ့မှာတော့ ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်က ELS - Seaso...
01/08/2026

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟖| 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟏

ယနေ့မှာတော့ ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်က ELS - Season 18 ရဲ့ ပထမဦးဆုံးခေါင်းစဉ်ဖြစ်တဲ့ Critical Thinking Skill ကို စတင်ဆွေးနွေးပို့ချခဲ့ပါတယ်။​
ဆရာကြီးရဲ့ ဆွေးနွေးချက်များထဲက မှတ်သားစရာများကို ဝေမျှပေးလိုက်ရပါတယ်။

🧠 Critical Thinking ဘာကြောင့် အရမ်းအရေးကြီးတာလဲ။

နေ့စဉ်ဘဝမှာ အလျင်စလို ဆုံးဖြတ်ချက်တွေ၊ စိတ်လိုက်မာန်ပါ ပစ္စည်းဝယ်ယူတာတွေ (Impulsive Purchase) ကို ရှောင်လွှဲနိုင်ဖို့အတွက် Cleary & Rationally (ရှင်းလင်းပြတ်သားပြီး ယုတ္တိတန်စွာ) တွေးခေါ်ဖို့ လိုအပ်ပါတယ်။

တစ်ယောက်ယောက်ပြောတာကို နားမယောင်ဘဲ ကိုယ်တိုင် ဆင်ခြင်သုံးသပ်နိုင်တဲ့ "လွတ်လပ်တဲ့ အတွေးအခေါ်"ဟာ နေရာတိုင်းမှာ အရမ်းအရေးကြီးပါတယ်။

🧩 Critical Thinking ဆိုတာ Puzzle ဆက်
ရသလိုပါပဲ။ အပိုင်းအစတစ်ခုချင်းစီကိုကြည့်ရင် အဓိပ္ပာယ်မရှိဘူးလို့ ထင်ရပေမဲ့ သေချာဆက်စပ်ပြီး ပေါင်းစပ်လိုက်တဲ့အခါ အင်မတန်လှပတဲ့ Big Picture (ရုပ်ပုံလွှာအပြည့်)ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

💡 မိမိလုပ်ငန်းခွင်နဲ့ဘဝမှာ Critical Thinking က

၁။ Enhanced Problem-Solving Skills - ကိုယ်ရေးကိုယ်တာနှင့် ဘဝစိန်ခေါ်မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း။

၂။ Enhanced Communication - လုပ်ငန်းခွင်မှာ Presentation လုပ်တာ၊ အထက်လူကြီးနဲ့ ဆွေးနွေးတာ၊ ဝန်ထမ်းတွေနဲ့ ညှိနှိုင်းရာမှာ ပိုမိုပြေလည်ခြင်း။

၃။ Increased Self-Awareness - မိမိရဲ့ အားသာချက်၊ အားနည်းချက်ကို သိမြင်ပြီး အားသာချက်ကို ပိုမိုဆန်းသစ်အောင် လုပ်ဆောင်နိုင်ခြင်း။

၄။ Enhanced Creativity (4Cs Focus) - အကြောင်းအရာများကို ချိတ်ဆက်ပြီး ဒီထက်ကောင်းမွန်တဲ့ အကြံဉာဏ်များ ထွက်ပေါ်လာခြင်း။

၅။ Greater Adaptability - မတည်ငြိမ်တဲ့ အခြေအနေမှာ အပြောင်းအလဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ခြင်း။

၆။ Reduced Bias - မလိုအပ်သော အစွဲများကို ဖျောက်ဖျက်နိုင်ခြင်းစသည်တို့ကိုပိုမိုလုပ်ဆောင်နိုင်လာစေမှာဖြစ်ပါတယ်။

🚀 လက်တွေ့ဘဝနဲ့ လုပ်ငန်းခွင်မှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ

💯Challenge Own Assumptions:** ကိုယ့်ရဲ့ အတွေးအမြင်တွေကို အမြဲ ပြန်လည်စိန်ခေါ်ပါ။

💯 Think Holistically (Systems Thinking):မျဉ်းဖြောင့်အတိုင်း (Linear) တွေးတောခြင်းကနေ တစ်ခုလုံးကို ခြုံငုံစဉ်းစားပါ။

💯 Explore "What-If" Scenarios - "ဒီလိုဖြစ်လာရင် ဘာလုပ်မလဲ" ဆိုတဲ့ မတူညီတဲ့ အခြေအနေများကို ကြိုတင်တွေးဆပါ။

💯 Use Unconventional Approaches - သူများမတွေးမိတဲ့ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းများ (Outside The Box) ကို သုံးပါ။

💯 Reflect on Process, Not Just Outcome - ရလဒ်တစ်ခုတည်း မဟုတ်ဘဲ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ် (Process) ကို ပြန်လည်သုံးသပ်ပါ။

💯 Continuous Learning - ခေါင်းဆောင်မှုနှင့် တွေးခေါ်မှုဆိုင်ရာ သင်တန်းများ (Leadership Programs) ကို လေ့လာတက်ရောက်ပါ။

Critical Thinking ဆိုတာ မွေးရာပါမဟုတ်ဘဲ "စနစ်တကျ သင်ယူလေ့ကျင့်လို့ရတဲ့ အရည်အသွေး" တစ်ခုဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တစ်ခု ချပြီးတိုင်းလည်း "ငါ့ဆုံးဖြတ်ချက် မှန်ရဲ့လား" လို့ ပြန်လည်သုံးသပ် (Reflect) ဖို့ လိုအပ်ပါတယ်။ မိသားစု၊ အလုပ်ခွင်နဲ့ ပညာရေး နယ်ပယ်တိုင်းမှာ Critical Thinking ကို သေချာ အသုံးချနိုင်ကြပါစေ။

သင်တန်းအပြီးမှာ တက်ရောက်လာကြတဲ့ သင်တန်းသူ/သားများက မေးခွန်းများမေးမြန်းခဲ့ကြပြီး သင်တန်းအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

📣 လာမယ့် ဩဂုတ်လ (၈) ရက်နေ့မှာလည်း Components of Critical Thinking ခေါင်းစဉ်နဲ့ ဆက်လက်ပို့ချမှာမို့ တက်ရောက်နိုင်ဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်။



✨ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ✨🌕 ဓမ္မစကြာ တရားဒေသနာတော်၏ အေးမြသော အရိပ်အောက်တွင် လူသားအားလုံး စိတ်၏အေးချမ်းခြင်း၊ ကို...
29/07/2026

✨ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ✨

🌕 ဓမ္မစကြာ တရားဒေသနာတော်၏ အေးမြသော အရိပ်အောက်တွင် လူသားအားလုံး စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ စီးပွားလာဘ်လာဘများတိုးတက်ခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း Device Consulting Group မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏✨

🌸🕊️

DBU International College က ဖွင့်လှစ်ခဲ့တဲ့ “𝐅𝐮𝐭𝐮𝐫𝐞 - 𝐑𝐞𝐚𝐝𝐲 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫𝐲 𝐒𝐤𝐢𝐥𝐥𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭" သင်တန်းအောင်မြင်စွာပြီးဆုံးခ...
26/07/2026

DBU International College က ဖွင့်လှစ်ခဲ့တဲ့ “𝐅𝐮𝐭𝐮𝐫𝐞 - 𝐑𝐞𝐚𝐝𝐲 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫𝐲 𝐒𝐤𝐢𝐥𝐥𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭" သင်တန်းအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။
••••••••••••

👨‍💻👩‍💻အဖွဲ့အစည်းတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခုမှာ Supervisor ဆိုတာ အထက်က စီမံခန့်ခွဲသူများရဲ့ မဟာဗျူဟာများကို အောက်ခြေလက်တွေ့ ဦးဆောင်မောင်းနှင်ပေးရတဲ့ မရှိမဖြစ် တံတားတစ်စင်းဖြစ်ပါတယ်။

💯 DBU International College က ကြီးမှူးကျင်းပခဲ့သော (၁) ရက်တာ "Supervisory Skills Development သင်တန်းမှာ Founder & Chairman ဖြစ်သူ ဆရာကြီးဦးတင်ဇံကျော် ကိုယ်တိုင် လက်တွေ့အတွေ့အကြုံများနှင့်တကွ စနစ်တကျ ဦးဆောင်သင်ကြားပေးခဲ့တာဖြစ်ပြီး၊ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မည့် အရေးပါသော အနှစ်ချုပ် သင်ခန်းစာများကို အောက်ပါအတိုင်း ဝေမျှလိုက်ရပါတယ်။

1️⃣ ကြီးကြပ်သူတစ်ဦး၏ အခန်းကဏ္ဍနှင့် အရည်အသွေးများ (Role & Qualities of A Supervisor)

📌 Supervisor တစ်ဦးဟာ လုပ်ငန်းခွင်မှာ Leader (ခေါင်းဆောင်) ၊ Strategist (မဟာဗျူဟာချမှတ်သူ)၊ Role Model (စံပြပုဂ္ဂိုလ်)စသသည့် အခန်းကဏ္ဍပေါင်းများစွာကို ပီပြင်စွာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

📌 ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့ အဓိကအရည်အသွေးများအပြင် Vision (အနာဂတ်မျှော်မှန်းချက် ရှိခြင်း)၊ Ability & Enthusiasm (လုပ်ငန်းကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှု ရှိခြင်း) Integrity & Self - Confidence(ရိုးသားဖြောင့်မတ်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်း) စသည့် အရည်အသွေးများ ရှိရန်လိုအပ်ပါတယ်။

2️⃣ အခြေအနေပေါ်မူတည်၍ ခေါင်းဆောင်ခြင်း (Situational Theory)

📌 ဝန်ထမ်းတိုင်းဟာ လုပ်ငန်းအတွေ့အကြုံနှင့် စိတ်အားထက်သန်မှု မတူညီကြတဲ့အတွက် Situational Leadership သီအိုရီအရ ဝန်ထမ်းများ၏ လုပ်ငန်းခွင် အသင့်ဖြစ်မှု (Readiness Level) ပေါ်မူတည်၍ ခေါင်းဆောင်မှုပုံစံကို လိုက်လျောညီထွေစွာ လုပ်ဆောင်သင့်ကြောင်းကို ဆွေးနွေးပို့ချခဲ့ပါတယ်။

3️⃣ စီမံခန့်ခွဲမှု၏ အဓိကမဏ္ဍိုင်များနှင့် အချိန်ကို စီမံခန့်ခွဲခြင်း

📌 မန်နေဂျာ သို့မဟုတ် ကြီးကြပ်သူတစ်ဦး၏ အခြေခံတာဝန်မှာ မိမိ၏ ဝန်ထမ်များနဲ့ လုပ်ငန်းတာဝန်များကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက် အောင်မြင် အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

📌 Management ရဲ့အခြေခံ အချက်ဖြစ်တဲ့ Planning ၊ Organizing ၊ Leading ၊ Controlling ကို စနစ်တကျ အကောင်အထည် ဖော်သင့်ကြောင်းအပြင် စီမံခန့်ခွဲမှုမှာ လိုရာပန်းတိုင်ရောက်ရှိဖို့ SMART OBJECTIVE ရှိသင့်ကြောင်းကို လက်တွေ့သာဓကများနဲ့ ဆွေးနွေးပို့ချပေးခဲ့ပါတယ်။

🕰️ Time Management အရေးပါပုံနှင့် ဖြစ်စဉ်များကို အချိန်နဲ့တပြေးညီ ကြီးကြပ်နိုင်ဖို့ Daily/Weekly Plan ချမှတ်ခြင်း၊ Report များစနစ်တကျ လုပ်ဆောင်ခြင်းရဲ့အရေးပါမှုများကို အနီးကပ်သင်ကြားပို့ချပေးခဲ့ပါတယ်။

📌 မိမိလက်အောက်ငယ်သားများကို စီမံခန့်ခွဲရမှာလည်း လုပ်ငန်းကျွမ်းကျင်မှုရှိအောင်သင်ကြားပေးယုံသာမက လုပ်ချင်ကိုင်ချင်စိတ်အပြည့်ရှိစေဖို့ အနီးကပ်ကြီးကြပ်နိုင်မှသာ Supervisor တစ်ဦးအနေနဲ့ Business Result ကောင်းကို ရှိမှာဖြစ်ကြောင်းကို အသေးစိတ် ဆွေးနွေးပို့ချခဲ့ပါတယ်။

📈📊(၁) ရက်တာ သင်တန်းလေးဟာ ကြီးကြပ်သူနှင့် မန်နေဂျာများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ တိုးပွားစေရုံတင်မကဘဲ၊ မိမိတို့၏ အဖွဲ့အစည်းနှင့် လုပ်ငန်းခွင်တွင် လက်တွေ့တိုးတက် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရန်အတွက် အဖိုးတန်သော အခွင့်အလမ်းတစ်ခု ဖြစ်မယ်လို့ယုံကြည်ပါတယ်။

🙏တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား/သူများအားလုံး မိမိတို့ လုပ်ငန်းခွင်တွင် ထူးချွန်ထက်မြက်သော ခေါင်းဆောင် ကောင်းများ ဖြစ်လာကြပါစေကြောင်း 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။






👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟕 | 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟔အလုပ်ခွင်နဲ့ စီးပွားရေးနယ်ပယ်မှာ မရှိမဖြစ်လိုအပ်တဲ့ "Creativ...
25/07/2026

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟕 | 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟔

အလုပ်ခွင်နဲ့ စီးပွားရေးနယ်ပယ်မှာ မရှိမဖြစ်လိုအပ်တဲ့ "Creativity" (တီထွင်ဖန်တီးမှု) နဲ့ "Innovation" (ဆန်းသစ်တီထွင်မှု) သဘောတရားတွေကို ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက် က စိတ်ဝင်စားဖွယ် လေးနက်စွာ ဆွေးနွေးပို့ချပေးခဲ့ပါတယ်။

"Creativity is thinking up new things. Innovation is doing new things." — Theodore Levitt

* Creativity (တီထွင်ဖန်တီးမှု): စိတ်ကူးသစ်၊ အိုင်ဒီယာသစ်တွေကို စတင်စဉ်းစားမိခြင်း (Ideas) ဖြစ်ပြီး၊
* Innovation (ဆန်းသစ်တီထွင်မှု): ထိုစိတ်ကူးတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ကာ တန်ဖိုးတစ်ခုဖြစ်အောင် ဖန်တီးလိုက်တာဖြစ်ပါတယ်။

💡 အိုင်ဒီယာပဲရှိပြီး လက်တွေ့မလုပ်ရင် စိတ်ကူးယဉ်ရုံပဲ ဖြစ်ကျန်ခဲ့မှာဖြစ်သလို၊ အိုင်ဒီယာသစ်မပါဘဲ အကောင်အထည်ဖော်နေရင်လည်း အတုယူရုံ သို့မဟုတ် ရိုးအီနေတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်နေမှာပါ။ ဒါကြောင့် "Creativity + Innovation" တွဲလိုက်မှသာ စစ်မှန်တဲ့ တိုးတက်ပြောင်းလဲမှု (Transformation) ကို ရရှိစေမှာဖြစ်တဲ့အကြောင်းကို ဆရာကြီးက ဆွေးနွေးဝေမျှခဲ့ပါတယ်။

🧠 ဆန်းသစ်တီထွင်နိုင်စွမ်း ဆိုတာ မွေးရာပါပါမှ ရတာမဟုတ်ဘဲ အောက်ပါ စွမ်းရည် (၅) မျိုးကို လေ့ကျင့်ယူလို့ရကြောင်း ဆရာကြီးက လမ်းညွှန်ခဲ့ပါတယ် -
1. Associating (ချိတ်ဆက်စဉ်းစားခြင်း): မသက်ဆိုင်ဘူးလို့ ထင်ရတဲ့ မတူညီတဲ့ နယ်ပယ်တွေက အကြောင်းအရာတွေကို ပေါင်းစပ်ပြီး အိုင်ဒီယာသစ် ထုတ်ယူခြင်း။
2. Questioning (မေးခွန်းထုတ်ခြင်း): "ဘာလို့လဲ?"၊ "ဘာလို့ မရရမှာလဲ?"၊ "ဒီလိုသာဆိုရင်ရော?" ဆိုတဲ့ မေးခွန်းတွေနဲ့ မူလစံနှုန်းတွေကို စိန်ခေါ်ခြင်း။
3. Observing (လေ့လာစောင့်ကြည့်ခြင်း): သုံးစွဲသူတွေ၊ ပြိုင်ဘက်တွေနဲ့ ဝန်းကျင်ကို သေချာကြည့်ရှုပြီး လိုအပ်ချက်တွေကို ရှာဖွေခြင်း။
4. Networking (ကွန်ရက်ချိတ်ဆက်ခြင်း): မတူညီတဲ့ အတွေ့အကြုံရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အမြင်သစ်တွေ ရယူခြင်း။
5. Experimenting (စမ်းသပ်လုပ်ဆောင်ခြင်း): အိုင်ဒီယာတွေကို လက်တွေ့ စမ်းသပ်ကြည့်ပြီး ဘာတွေ အဆင်ပြေလဲဆိုတာ လေ့လာခြင်း။

🛠 ဒါ့အပြင် Innovative Thinking ကို လက်တွေ့ မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းများ
* First Principles Thinking: မူလအတိုင်း ပုံသေမတွေးဘဲ အခြေခံအကျဆုံး အချက်အလက်တွေအထိ ခွဲခြမ်းစိတ်ဖြာပြီး အစကနေ ပြန်လည် စဉ်းစားခြင်း။
* Blue Ocean Strategy: ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက် (Red Ocean) ကနေ ခွဲထွက်ပြီး သုံးစွဲသူအတွက် တန်ဖိုးသစ်ပေးနိုင်မယ့် သီးသန့်ဈေးကွက်သစ် (Blue Ocean) ဖန်တီးခြင်း။
* SCAMPER Technique: Substitute, Combine, Adapt, Modify, Put to another use, Eliminate, Reverse နည်းလမ်းများဖြင့် စီမံခန့်ခွဲခြင်း။
* Design Thinking & 5 Whys: သုံးစွဲသူရဲ့ လိုအပ်ချက်ကို ဗဟိုပြုပြီး ပြဿနာ၏ အဓိက အမြစ်တွယ်နေသော အကြောင်းအရင်း (Root Cause) ကို မေးခွန်းမေးကာ ရှာဖွေခြင်း။တို့ကို လက်တွေ့လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းဆွေးနွေးခဲ့ပါတယ်.
❓ ဆရာကြီး၏ ပို့ချချက်အပြီးတွင် တက်ရောက်သူများနှင့် အမေးအဖြေများ ပြုလုပ်ခဲ့ပါတယ် -

စိန်ခေါ်မှုတွေနဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာ ပြောင်းလဲမှုတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ဖို့ ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက် လမ်းညွှန်ခဲ့တဲ့ Creative & Innovative Thinking တွေကို နေ့စဉ်အလုပ်ခွင်မှာ အသုံးချနိုင်ကြပါစေ။👍

📣 လာမယ့် Executive Leadership Seminar - Season 18 : Critical Thinking မှာလည်း အသစ်အသစ်များကို သင်ယူလေ့လာနိုင်ဖို့ DBU International College က ဖိတ်ခေါ်လိုက်ရပါတယ်။

ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်ကိုယ်တိုင်ပို့ချမယ့် 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 - 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐞𝐦𝐢𝐧𝐚𝐫 ••••••••••••••••••••••🧠 အချက်...
20/07/2026

ဆရာကြီးပါမောက္ခဒေါက်တာအောင်
ထွန်းသက်ကိုယ်တိုင်ပို့ချမယ့် 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 - 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐞𝐦𝐢𝐧𝐚𝐫
••••••••••••••••••••••
🧠 အချက်အလက်တွေ များပြားလာတဲ့ခေတ်၊ AI က အဖြေတွေ ပေးနိုင်တဲ့ခေတ်မှာ လူတစ်ယောက်ကို ထူးခြားစေတဲ့အရာက အချက်အလက်ဘယ်လောက်သိလဲ ဆိုတာမဟုတ်တော့ပါဘူး။

👩‍🏫 သိထားတဲ့ အချက်အလက်တွေကို ဘယ်လိုဆန်းစစ်မလဲ၊ ဘယ်လိုချိတ်ဆက်စဉ်းစားမလဲ၊ ဘယ်လိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမလဲ ဆိုတဲ့ Critical Thinking စွမ်းရည်ပဲ ဖြစ်ပါတယ်။

🧠Critical Thinking ဟာလုပ်ငန်းခွင်
အတွင်းသာမက -
✅အခြေအနေတစ်ခုကို ဘက်စုံသုံးသပ်နိုင်စေတယ်။

✅သတင်းအချက်အလက် အမှန်အမှားကို ခွဲခြားနိုင်စေတယ်။

✅အမြင်ကွဲပြားမှုတွေကြားမှာ Reasoning နဲ့ ဆုံးဖြတ်နိုင်စေတယ်။

✅ပြဿနာတစ်ခုရဲ့ အရင်းခံအကြောင်းရင်းကို ရှာဖွေနိုင်စေတယ်။

✅ခေါင်းဆောင်မှု၊ Communication နဲ့ Decision Making ကို ပိုမိုထိရောက်လာစေတယ်။

𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 ကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်က 𝐄𝐋𝐒 𝐒𝐞𝐚𝐬𝐨𝐧 𝟏𝟖 – 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 ခေါင်းစဉ်ဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ် ။

🗓️ခေါင်းစဉ်နှင့်နေ့ရက်များ

🎨Session 1: Critical Thinking Skills (1st August 2026)

🎨Session 2: Components of Critical Thinking (8th August 2026)

🎨Session 3: Developing Critical Thinking (15th August 2026)

🎨Session 4: Overcoming Lack of Critical Thinking (22nd August 2026)

🎨Session 5: Advanced Critical Thinking (29th August 2026 )

🎨Session 6: Critical Thinking and Problem Solving (5th September 2026)

🎯ဘယ်လိုလူတွေတက်ရောက်သင့်လဲ

🌐Project ဦးဆောင်သူများနှင့် စီမံကိန်းရေးဆွဲသူများ။

🌐Career မှာ ရာထူးတိုးပြီး အောင်မြင်မှုအသစ်များရှာဖွေနေသည့် professional များ ။

🌐ဌာနအသီးသီးကို ဦးဆောင်နေသည့် မန်နေဂျာများ ၊ ကြီးကြပ်ရေးမှူးများ ။

🌐မိမိကိုယ်ကို Critical Thinking မြှင့်တင်လိုသူများ ။

ဆွေးနွေးပို့ချပေးမည့်ဆရာ
•••••••••••••••••••••••••
ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက် (𝐁𝐨𝐚𝐫𝐝 𝐨𝐟 𝐓𝐫𝐮𝐬𝐭𝐞𝐞𝐬 - 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞)

🗓️နေ့ရက်များ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၊၈၊၁၅၊၂၂၊၂၉ရက်နေ့။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့။

🕰️အချိန်
••••••••••
⏳နံနက် ၉:၀၀ မှ ၁၀:၃၀ နာရီအထိ

💻Learning Mode
•••••••••••••••••••
📌Zoom

𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧
••••••••••••••••••••••
🏆ပထမဦးဆုံးအပ်နှံသူ (၂၀)​ဦးအတွက် သင်တန်းကြေး ၅၀% သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။

အသိအမှတ်ပြုလက်မှတ် ( )
•••••••••••••••••••••••
🏆 ခေါင်းစဉ်အားလုံး တက်ရောက်ပြီးစီးပါက ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက် နှင့် ဆရာဦးတင်ဇံကျော်တို့၏ လက်မှတ်များပါရှိတဲ့ 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ တရားဝင်အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် 𝐄𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ကို ပေးအပ်ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက -
: ☎️ 09 42 100 7001 / 09 88 263 1717


http://m.me/DCGMyanmar

[email protected]


🏠Building No.7, Myanma Gonyi, Upper Pansodan Street, Mingalar Taung Nyunt, Yangon





Address

Building 24/26, Room 4B/C, Race Course Condo, South Race Course Street, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 05:30

Telephone

959 42100 7002

Website

Alerts

Be the first to know and let us send you an email when Device Consulting Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Device Consulting Group:

Shortcuts

Share

Category