Japanese Language Centre

Japanese Language Centre Japanese Language Centre

06/09/2024

မကြာမီ ကျောင်းပြန်ဖွင့်ပါတော့မယ်ခင်ဗျ။ ကျောင်းတတ်ချင်လို့ပဲ ဖြစ်ဖြစ်၊ အလုပ်နဲ့ပဲ သွားချင်လို့ပဲ ဖြစ်ဖြစ် အသေးစိတ်ကို စုံစမ်းမေးမြန်းနိုင်ပါပြီ။

095394124 🥰

Fairytale Housse In Tokyo, JapanHinohara in Tokyo 🌸
17/10/2023

Fairytale Housse In Tokyo, Japan

Hinohara in Tokyo 🌸

ကဲ ကလေးတိုရေ....ဒီတစ်ခေါက်‌တော့ ကိုယ်ခန္ဓာအစိတ်အပိုင်းလေးတွေကို အက္ခရာစဉ်လေးနဲ့ ကျက်ကြရအောင်နော်။ ခန်းဂျီးလေးတွေလည်း ကျက...
28/09/2023

ကဲ ကလေးတိုရေ....
ဒီတစ်ခေါက်‌တော့ ကိုယ်ခန္ဓာအစိတ်အပိုင်းလေးတွေကို အက္ခရာစဉ်လေးနဲ့ ကျက်ကြရအောင်နော်။ ခန်းဂျီးလေးတွေလည်း ကျက်ဖို့မမေ့ရဘူးနော်...

あたま 頭 ဦးခေါင်း

あご 顎 မေးစေ့

あし 足 ခြေထောက်

あしくび 足首 ခြေကျင်းဝတ်

い 胃 အစာအိမ်

うで 腕 လက်မောင်း

おしり お尻 တင်ပါး

おやゆび 親指 လက်မ

かお 顔 မျက်နှာ

かみ 髪 ဆံပင်

かた 肩 ပခုံး

かかと 踵 ခြေဖနောင့်

くち 口 ပါးစပ်

くちびる 唇 နုတ်ခမ်း

くすりゆび 薬指 လက်သန်းကြွယ်

こし 腰 ခါး

こゆび 小指 လက်သန်း

した 舌 လျှာ

しんぞう 心臓 နှလုံး

すじ 筋 ကြွက်သား

せなか 背 ကျော

つめ 爪 လက်သည်

つまさき つま先 ခြေချောင်း

て 手 လက်

てくび手首လက်ကောက်ဝတ်

なかゆび 中指 လက်ခလယ်

のど 喉 လည်ချောင်း

のう 脳 ဦးနှောက်

はな 鼻 နှာခေါင်း

は 歯 သွား

はら 腹 ဗိုက်

はい 肺 အဆုတ်

ひたい 額 နဖူး

ひざ 膝 ဒူး

ひじ 肘တံတောင်ဆစ်

ひとさしゆび 人差指 လက်ညှိုး

ふし 節 အဆစ်အမြစ်

ほお 頬 ပါး

ほね 骨 အရိုး

ゆび 指 လက်

ဂျပန်စာ အခြေခံလေးစိတ်ဝင်စားရင် #10လပိုင်းမှာ တန်းခွဲသစ်ရှိပါမယ်နော်။
အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။🤗🤗🤗

📲 09 4092 64722

皆さんこんにちわသူများတွေစာမေးပွဲ resultတွေကိုကြည့်ပြီးအားကျနေတယ်ဟုတ်အားကျတဲ့နေရာမှာပဲရပ်မနေပဲကိုယ်တိုင်ကြိုးစားဖို့အချိန်ရောက်ပ...
23/08/2023

皆さん
こんにちわ
သူများတွေစာမေးပွဲ resultတွေကိုကြည့်ပြီးအားကျနေတယ်ဟုတ်
အားကျတဲ့နေရာမှာပဲရပ်မနေပဲကိုယ်တိုင်ကြိုးစားဖို့အချိန်ရောက်ပြီနော်။
ဝုန်းဝုန်း ဝုန်းဝုန်း လူတွေအများကြီးနဲ့ နားမလည်လိုက် မကြားလိုက်လို့ စိတ်ညစ်နေလား လူဦးရေက့သတ်ထားပြီး ထိထိရောက်ရောက်သင်ကြားပေးနေတဲ့ JLCရဲ့ (9)လပိုင်းတန်းခွဲသစ်လေးလာပါပြီနော်။🤗🤗

အတန်းတစ်တန်းကို လူဆယ်ယောက်သာကန့်သတ်ထားပြီး Senseiတွေကို သိလိုရာမေးပြီး ထိထိရောက်ရောက်သင်ယူချင်ရင်တော့ JLCကိုသာလှမ်းလာခဲ့ပါနော်။ အော် စကားမစပ် ဆူးလေ မြို့တော်ခန်းမနောက်ကျောတင်ဆိုတော့သွားလာရလည်းအဆင်ပြေသေးတယ်နော့။
အတန်းမှန်မှန်တက်ပြီးစာသေချာကြိုးစားလို့ကတော့စာမေးပွဲမအောင်မှာကိုမပူနဲ့ အတန်းမှန်ပြီးစာသေချာလိုက်လုပ်တဲ့ ကျောင်းသားတို့အတွက် အပတ်စဉ် examတွေလည်းရှိပြီး ဆုပေးတဲ့စနစ်ကိုလည်းကျင့်သုံးပါတယ်။ သတ်မှတ်ထားတဲ့ စာသင်ချိန်အတောအတွင်းမှာ အကြောင်းကိစ္စရှိလို့ အတန်းပျက်ခဲ့ရင်လည်း အခြားအတန်းချိန်တွေမှာ အခမဲ့ပြန်လာတက်နိုင်ပါသေးတယ်နော်။
နောက်ပီး သင်တန်းကြေးမှာလည်း level တစ်ခုစာအတွက် သုံးလစာသာ ခွဲသွင်းရမှာဆိုတော့ တန်လွန်းနေပါပြီနော်။ တစ်ကယ်တော့ level တစ်ခုစာအတွက်စာသင်ချိန် ကာလ (၄)လနီးပါးကြာမြင့်မှာဖြစ်တော့ တစ်လစာက freeပေါ့ ။ပုံမှန်သင်ရိုးတွေအပြင် ထပ်မံဖြည့်စွက်သင်ကြားပေးသွားမှာတွေကတော့ interview အတွက် မိမိကိုယ်ကိုမိတ်ဆက်ခြင်း (自己紹介) N4သင်တန်းသားများအတွက်interviewဖြေဆိုနည်း japanese songs, japanလူမျိုးတို့ရဲ့နေ့စဉ်နေထိုင်မှုဘဝတွေးခေါ်လေ့ရှိပုံ ပြင်ပဗဟုသုတတွေကိုပါထည့်သွင်းသင်ကြားပေးမှာဖြစ်လို့ ပျေ်ရွှင်စွာနဲ့သင်ယူဖို့JLCသို့လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်...
တနင်္လာနေ့က သင်တန်းပိတ်ရက်ဖြစ်လို့ နောက်တစ်ရက်မှreplyပြန်ပါမယ်။ သင်တန်းချိန်လေးတွေကတော့။

#(9)လပိုင်း N-5 Special Class

(Sat&Sun) #ရုံးချိန်လွတ်

ဖွင့်ရက်- 2.9.23

အချိန် - (1:00-4:00pm)

သင်တန်းကာလ - 4 months

(Tuesday & Wednesday)

ဖွင့်ရက်- 7.9.23

အချိန် - (9:00-12:00pm)

သင်တန်းကာလ - 4 months

အသေးစိတ်ဆက်သွယ်ရန်----

09- 4092 64722 ( 9:00-4:00)pm


21/08/2023

Big Congratulations To You All Passed…!!!
N-5/4 ✌️✌️✌️

皆さんこんにちはJLC Japanese Language Centre ကနေ (9)လပိုင်းမှာဖွင့်လှစ်ပေးမယ့်သင်တန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။🤗🤗ဂျပန်စာကိ...
26/07/2023

皆さん
こんにちは
JLC Japanese Language Centre ကနေ (9)လပိုင်းမှာဖွင့်လှစ်ပေးမယ့်သင်တန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။🤗🤗

ဂျပန်စာကို လုံးဝမထိတွေ့ဖူး သူတွေရော ဂျပန်စာကခက်‌တယ်ဆိုပြီး တဝက်တပျက်မှာ ရပ်ထားတဲ့သူတွေရောအတွက် ဂျပန်စာကို မခက်အောင်သင်ယူဖို့ ခုဖွင့်မယ့်တန်းခွဲသစ်လေးကနေ ကြိုဆိုပါတယ်‌နော်။ သင်ယူလိုစိတ်ကလေးသာယူလာခဲ့ပါ။ ဂျပန်စာတတ်ဖို့ ဂျပန်ရောက်ဖို့ JLC ကနေတာဝန်ယူပါတယ်။
JLCက 先生‌တွေက ဂျပန်စာကိုသင်ကြားရင်း ပျော်ရွှင်လာဖို့ ဘဝရဲ့မျှော်လင့်ချက်တွေမြင့်မားလာဖို့ကို ကူညီပေးမှာပါ။

စာသင်ကြားပေးရုံမဟုတ်ဘဲ ဘဝတလျောက်လုံးအတွက်အကျိုးဖြစ်ထွန်းစရာ စိတ်ဓာတ်ခွန်အား အကြံဉာဏ် ဘဝရဲ့နေထိုင်နည်းလမ်းတွေ ဆက်သွားရမယ့်လမ်းကြောင်း ဆက်ကြိုးစားရမယ့်အရာတွေကိုလည်း先生တွေကသင်ကြားပြသပေးသွားမှာပါ။
အလုပ်အကိုင်အခွင့်အလမ်းတွေပေါများတဲ့ ဆာကူရာမြေမှသင့်ကိုကြိုဆိုနေပါတယ်။ ကြိုးစားသူတိုင်းအတွက်နေရာရှိပါတယ် ။
ကျောင်းတက်ရင်း ၊အလုပ်လုပ်ရင်းဂျပန်စာကိုလေ့လာချင်သူများအတွက် (sat /sun) တန်းခွဲသစ်လေးကိုလည်း မှာထပ်မံဖွင့်လှစ်သွားပါမယ်။
N5အတန်းလေးမှာသင်ကြားပေးသွားမှာကတော့
ဂျပန်စာအခြေခံ hiragana katakana အလွယ်မှတ်နည်း
အချိန်‌၊ နေ့ရက်၊ နာရီ၊‌ ငွေကြေးရေတွက်ပုံ
Minna no nihongo ဖတ်စာအုပ်တစ်အုပ်လုံး
Kanjiအပြည့်အစုံ Listening, Reading,မေးခွန်းဟောင်း3စုံတို့ကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

ဂျပန်စာကို ခက်မယ်ထင်ရင် JLCသင်တန်းကျောင်းသို့လှမ်းလာခဲ့ပါနော်။ မှတ်လွယ် ကျက်လွယ်နည်းတွေနဲ့ တစ်ဉီးချင်းဆီကို အပြည့်အဝ ဝန်ဆောင်မှုပေးပီး သင်ကြားပေးပါမယ်နော်။ 🤗🤗

#(9)လပိုင်း N-5 Special Class

🎌N-5 Sat&Sun (ရုံးချိန်လွတ်)🎌
Start Date - 2.9.23
Time - (1:00-4:00pm) pm
သင်တန်းကာလ - 3.5Months

🎌N-5 (Tuesday & Wednesday)🎌
Start Date - 5.9.23
Time - (1:00-4:00pm) pm
သင်တန်းကာလ - 3.5Months

👉( 10 )ယောက်သီးသန့်တန်းခွဲသစ် မြန်မြန်လေးစာရင်းပေးသွင်းကြပါနော်။

☎️ 09- 4092 64722 ( 9:00-4:00pm)

ဒုန်းးးး ဒုန်းးး ဒုန်းးးး JLPT စာမေးပွဲကြီး  လာပါပီနော်.....🤗စာငပျင်းလေးတွေ စာဂျပိုးလေးတွေ နှိုးးးထကြပါတော့နော်...😝📣JLPT...
26/07/2023

ဒုန်းးးး ဒုန်းးး ဒုန်းးးး JLPT စာမေးပွဲကြီး လာပါပီနော်.....🤗

စာငပျင်းလေးတွေ စာဂျပိုးလေးတွေ နှိုးးးထကြပါတော့နော်...😝

📣JLPT 2023 December
လျှောက်လွှာလက်ခံခြင်းနှင့် ပတ်သက်၍ ကြေငြာချက် 📣

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)

Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)

Online System ဖြင့် လက်ခံခြင်း (ရန်ကုန် နှင့် မန္တလေး)
----
၁။ Online လျှောက်လွှာလက်ခံကာလ

Level N1 - ၁၄.၈.၂၀၂၃ (တနင်္လာနေ့) မှ ၁၆.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့)

Level N2 - ၁၄.၈.၂၀၂၃ (တနင်္လာနေ့) မှ ၁၆.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့)

Level N3 - ၁၄.၈.၂၀၂၃ (တနင်္လာနေ့) မှ ၁၆.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့)

Level N4 - ၁၇.၈.၂၀၂၃ (ကြာသပတေးနေ့) မှ ၂၂.၈.၂၀၂၃ (အင်္ဂါနေ့)
၁၉.၈.၂၀၂၃ (စနေနေ့)၊ ၂၀.၈.၂၀၂၃ (တနင်္ဂနွေနေ့) ရက်များ ပိတ်ပါသည်။

Level N5 - ၂၃.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့) မှ ၂၄.၈.၂၀၂၃ (ကြာသပတေးနေ့)

၂။ Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေ
Level အားလုံးအတွက် လူဦးရေ (၅၀,၀၀၀)ဦး

CV- Closed   Details Info-095157437 (Viber) 😉
11/07/2023

CV- Closed

Details Info-095157437 (Viber) 😉

HELLO🤗🤗 (8)လပိုင်းတန်းခွဲသစ်ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံရဲ့လည်ပတ်လို့အကောင်းဆုံး အလှပဆုံးဖြစ်တဲ့နေရာလေးတွေ ပြောပြပေးသွားမ...
04/07/2023

HELLO🤗🤗 (8)လပိုင်းတန်းခွဲသစ်

ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံရဲ့လည်ပတ်လို့အကောင်းဆုံး အလှပဆုံးဖြစ်တဲ့နေရာလေးတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်။
အလုပ်ကြောင့်ပင်ပန်းမှုတွေကို ဒီလိုနေရာလေးတွေ သွားရောက်လည်ပတ်ပြီး အပန်းဖြေလို့ရတာပေါ့နော်...
ပထမဦးဆုံးကတော့
(1) Kyoto ဖြစ်ပါတယ်။
ရှေးဟောင်းမြို့တော်ဖြစ်တဲ့ Kyotoမှာဆိုရင်
Fushimi Inariဘုရားကျောင်းက ဗဟုသုတလည်းရလို့
လည်ပတ်လို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။
Fushimi Inariနတ်ကွန်းရဲ့
အနီရောင်တိုရီတံခါးတွေကိုဖြတ်လျှောက်ကြည့်ပါ
အ့ဒီကနေတစ်ဆင့် Kibune ရွာကို
ရထားစီးပြီးလှပတဲ့ Kurama_deraဘုရားကျောင်းစီ
လမ်းလျှောက်သွားလို့လဲရပါတယ်။

(2) Tokyo
Tokyoကတော့ senseiတို့သိထားပြီးသားဖြစ်တဲ့ ဂျပန်ရဲ့ခေတ်မီဆုံးမြို့တော်ဖြစ်ပါတယ်။
Tokyoမှာဆိုရင်မိုးမျှော်တိုက်များ၊
ဆူညံသောကစားဝိုင်းများ၊ ရူးသွပ်လောက်သော
လူငယ်fashionများနှင့် မယုံနိုင်လောက်အောင်
အရသာရှိတဲ့အစားအသောက်များကို ဒီမြို့မှာတွေ့ရမှာပဲ ဖြစ်ပါတယ်။

(3) Takayama
Takayamaက japanရဲ့အစွန်းပိုင်းရှိ အလွန်လှပသောမြို့ငယ်လေးဖြစ်ပီးလည်ပတ်လို့အကောင်းဆုံနေရာထဲက တစ်ခုဖြစ်ပါတယ်။
ရိုးရာသစ်သားအိမ်များ၊ ရောင်စုံနတ်ကွန်းများ၊
သပ်သပ်ရပ်ရပ်ပုံစံသစ်ပင်များနှင့် မြစ်ပေါ်ရှိ
အနီရောင်တောက်တောက်တံတားများဖြင့်
ပြည့်နေသောသမိုင်းဝင်နေရာဖြစ်လို့
နှစ်သက်မှာအသေချာပါပဲ။

(4) Hakone
ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနေရာတွေထဲကတစ်ခု
ဖြစ်တဲ့ Hakoneမှာ Ashi Lake ရှိပါတယ်။
Ashi ရေကန်ထဲကနေ ဂျပန်နိုင်ငံရဲ့ဖူဂျီတောင်ကိုလည်း
မြင်နိုင်ပါတယ်။ Ashiရေကန်အထက်
တိမ်တိုက်များမှ ထွက်လာသည့်ဖူဂျီတောင်ကို
ကြည့်ရတာဖော်ဆန်လှပါတယ်။

(5) Kanazawa
Kanazawa နိုင်ငံ၏အလှဆုံးဥယျာဉ်များ၊ ရင်သပ်ရှုုမောဖွယ်
ရဲတိုက်တစ်ခုနှင့် စူးစမ်းလေ့လာရန်အနုပညာ
ပြတိုက်များစွာလည်းရှိပါတယ်။ လက်ရာမြောက်သော
Gyokusen_en Garden တွင်
ရိုးရာလက်ဖက်ရည်လဲသောက်ကြည့်ပါ။

(6) Nikko
Nikkoသည် တိုကျိုမြို့မြောက်ဘက် နာရီအနည်းငယ်အကွာ တောင်တန်းများရှိ
ဘုရားကျောင်းနှင့် ယူနက်စကိုကမ်ဘာ့
အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး အေးမြသောအပန်းဖြေစခန်းတစ်ခုလဲ ဖြစ်ပါတယ်။

(7) Tsumago Kiso
Tsumago Kiso ချိုင့်ဝှမ်းရှိ Tsumagiရွာသည် ဂျပန်နိုင်ငံတွင် အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ထားသော ရိုးရာတောင်ရွာရှုခင်းအဖြစ် ကြည့်ရှုနိုင်ပါတယ်။

(8) Hiroshima
ဒုတိယကမ္ဘာစစ်အဏုမြူဗုံးခွဲခံရသော
နိုင်ငံဖြစ်ပါတယ်။ ဟီရိုရှိမားရဲ့ငြိမ်းချမ်းရေး
အထိမ်းမှတ်ပြတိုက်ကိုဝင်ရောက်လေ့လာနိုင်ပြီး
ပန်းခြံတွင်အဏုမြူဗုံးခွဲခံရသော
ဒုက္ခသည်များအား ဂါဝရပြုနိုင်ပါသည်။

ကယ်အလုပ်လည်းသွားလုပ်ရင်းပိတ်ရက်
အလည်ပတ်လှပတဲ့နေရာတွေမှာပင်ပန်းမှုတွေ
ဖြေဖျောက်ခဲ့နော်,,,,
ဂျပန်နိုင်ငံရဲ့ ဗဟုသုတအကြောင်းတွေ
အများကြီးပိုသိချင်တယ်ဆိုရင် JLC
သင်တန်းကျောင်းကိုလာဖို့မမေ့နဲ့နော်....

(8)လပိုင်းတန်းခွဲသစ် 🤗🤗

🌸 N-5 Sat&Sun #ရုံးချိန်လွတ်
Start Date -5.8.23
Time -9:00 to 12:00 pm

🌸 N-4 Tue&Wed
Start Date -2.8.23
Time -1:00 to 4:00 pm

👉လူဉီးရေ ကန့်သတ်ထားတဲ့အတွက် မြန်မြန်လေးစာရင်းပေးသွင်းကြပါနော်။

☎️ 09- 4092 64722 ( 9:00-4:00pm)


Mt fuji 🥰❣️😍
24/04/2023

Mt fuji 🥰❣️😍

Beautiful Cherry Blooming Park in Nara, Osaka ❤️
22/04/2023

Beautiful Cherry Blooming Park in Nara, Osaka ❤️

HELLO皆さん🤩こんにちは。N5 levelပြီးဆုံးပီးN4 levelဆက်တက်ချင်တဲ့ကျောင်းသားတို့အတွက် *JLC*ဂျပန်စာသင်တန်းမှ⛩️⛩️အဆင်ပြေပီးစာများများ...
21/04/2023

HELLO
皆さん🤩
こんにちは。
N5 levelပြီးဆုံးပီးN4 levelဆက်တက်ချင်တဲ့ကျောင်းသားတို့အတွက် *JLC*ဂျပန်စာသင်တန်းမှ⛩️⛩️
အဆင်ပြေပီးစာများများရမယ့်အတန်းသစ်လေးရှိပါတယ်ရှင့်။
တစ်ချို့N5 levelပီးသွားပါရဲ့စာတွေမကျေဘူး
けいတွေရောနေတယ်။
N5 တက်ပီးN4ဆက်မတက်သေးပဲကြားထဲနားပီးအဆက်ပြတ်နေတဲ့ကျောင်းသားတို့တွက်ပါအဆင်ပြေအောင်
N5တွေစာအရင်ပြန်နွှေးကြမယ်။
grammarတွေတစ်ခန်းပီးတစ်ခန်းပြန်ဆိုမယ်
けいတွေပြန်ကျက်ကြမယ်။ အကုန်ပြန်မှတ်မိ
လောက်ပီရပီဆိုတော့မှဂျပန်နိုင်ငံမှာစပီး
အရေးပါလာပီဖြစ်တဲ့ N4 levelကို
ထိထိရောက်ရောက်နဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
N4 levelလောက်တက်မြောက်ထားမယ်ဆိုရင်တောင်
kotobaတွေပိုသိလာမယ်။
grammarတွေပိုစုံလာမယ်။
ထမင်းစားရေသောက်ထက်ဂျပန်စာကို
တော်တော်များပြောတက်လာမှာသေချာပါပဲ
ဂျပန်ကိုကျာင်းနဲ့ပဲသွားသွားအလုပ်နဲ့ပဲ
သွားသွားအနည်ဆုံးN4 levelလောက်
တက်ထားနိုင်မှအဆင်ပြေမှာပါ။
အလုပ်တစ်ဖက်နဲ့ကျောင်းသားတို့တွက်လဲ
အဆင်ပြေအောင်အချိန်လေးတွေညှိပေးလို့ရပါတယ်ရှင့်။

📘 N4 ( Tue & Wed) Special class 📘
Date 9.5.2023
Time- 9:00-12:00 pm
Duration -3.5months

👉လူဉီးရေ ကန့်သတ်ထားတဲ့အတွက် မြန်မြန်လေးစာရင်းပေးသွင်းကြပါနော်။

☎️ 09- 4092 64722 ( 9:00-4:00pm)


Address

No (158/168) , Room No (17), Maharbandula Park Road, Middle Block, Kyauktada Township
Yangon
11182

Telephone

+959409264722

Website

Alerts

Be the first to know and let us send you an email when Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Japanese Language Centre:

Shortcuts

Share