ဇင် တာရာ

ဇင် တာရာ

Share

နည်းပညာများနဲ့ ရသ စာပေများ ဖတ်ရှုနိ?

13/07/2024

Send a message to learn more

03/05/2024

ရခိုင်စာပေ မြန်မာနိုင်ငံအနှံ့သို့
မြန်မာစာပေအဖြစ်ဖြင့်ရောက်ရှိသွားရပုံ
သမိုင်း အကျဉ်း
**************************

မြန်မာရာဇဝင်များဖေါ်ပြချက်အရ " ပု-ပင်း-အင်း-တောင်-
ညောင်ရမ်းနောင်-ကုန်ဘောင်နှစ်ခေတ်တွဲ" ဟူသည်နှင့်
အညီ မြန်မာတို့တွင်
(၁) ပုဂံခေတ်
(၂) ပင်းယခေတ်
(၃) အင်းဝခေတ်
(၄) တောင်ငူခေတ်
(၅)ညောင်ရမ်းခေတ
်(၆) အမရပူရခေတ်
(၇) မန္တလေးခေတ် ဟူ၍ ခေတ်ကြီးခုနစ်ခေတ်ရှိခဲ့လေ
သည်။

ရခိုင်တို့တွင်" ဒွါ- ဝေ - ဓည- ပဒုတထား- ကျောက်လှေ
ကားဝေသာ- လေးမြို့လာ- သုံးဖြာမြောက်ဦးခေတ်" ဟူ
သည်နှင့်အညီသမိုင်းမတင်မှီ
(၁) ဒွါရာဝတီခေတ်
(၂) ဝေသာလီခေတ်ဟူ၍ နှစ်ခေတ်

သမိုင်းတင်ပြီးနောက်
(၃) ပထမဓညဝတီခေတ်
(၄) ဒုတိယဓညဝတီခေတ်
(၅) တတိယဓညဝတီခေတ်
(၆) ကျောက်လှေကားဝေသာလီခေတ်
(၇) လေးမြို့ခေတ်
(၈) ပထမမြောက်ဦးခေတ်
(၉) ဒုတိယမြောက်ဥိးခေတ်
(၁၀) တတိယမြောက်ဦးခေတ် ဟူ၍ ရှစ်ခေတ်
စုစုပေါင်း (၁၀) ခေတ်ရှိခဲ့လေသည်။

ထိုခေတ်အဆက်ဆက်တို့တွင် မြန်မာနိုင်ငံပုဂံကို
"ကြာ-အိုး-အံ-ပုဂံတည်" ဟူသောရာဇဝင်လင်္ကာအရ
ပျဉ်ပြားမင်းသည် မြန်မာသက္ကရာဇ်(၂၁၁) ခုတွင်တည်ထား
ခဲ့ပြီး ထိုနှင့်ခေတ်ပြိုင်ရခိုင်ပြည်၌ ယင်းမတိုင်မှီ(၃၁)နှစ်အလို
သက္ကရာဇ်(၁၈၀)ခုကပင် ခေတ္တသင်မင်းကြီးသည် လေးမြို့
ခေတ်ဦးပဉ္စာမြို့ကိုတည်ထားခဲ၍ စည်ပင်နေလြေီပီ။

ထိုပဉ္စာမြို့တည် ခေတ္တသင်မင်းကြီးနောက် သုံးဆက်
မြောက်ဖြစ်သော မင်းရင်ဖြူသည် သက္ကရာဇ်(၂၀၉) ခုတွင်
ပဉ္စလောဟာရတနာတို့ဖြင့် ဆင်းတုတော်တစ်ဆူကိုသွန်း
လုပ်ပူဇော်ခဲ့ပြီး ပလ္လင်တော်စမ္မခဏ်၌ ရက္ခဝဏ္ဏအက္ခရာခေါ်
ရခိုင်စာပေအက္ခရာဖြင့် ကောင်းမှုရှင်စာတမ်းထိုးထားခဲ့ပါ
သည်။ ဥာဏ်တော်မှာယခုအတိုင်းအတာဖြင့် ၁၄့၃လက်မ
မြင့်ကာ လက်ရှိ စစ်တွေမြို့ ခေါင်းလောင်းကျောင်းတွင်
ပူဇော်ခံလျှက်ရှိနေပါသည်။

မူလစမ္မခဏ်စာမှာ" သက္ကရာဇ်---၉ ခု ကဆုန်လဆန်း
၆ ရက် ၂လာ ၅နာရီကျော်----ရောက်-----ကြီးသွန်းအဲ
သည် ငင်္ရင်္မဖြူကောင်းမှု ပဉ္စလောဟာဖြင့်ပြီးပြည့်စုံသည်
ဘုရားပြုသောအကျိုဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသောဝ်
ဟူ၍ဖြစ်ပါသည်။

ဖြည့်စွက်အဓိပ္ပါယ်ဖေါ်ယူရလျှင် "သက္ကရာဇ် ၂၀၉ ခု
ကဆုန်လဆန်း ၆ ရက် တနင်္လာနေ့ ၅ နာရီကျော်အချိန်
ရောက် ဘုရားကြီးသွန်းအပ်သည် ပဉ္စလောဟာဖြင့်ပြီးပြည့်
စုံသည် ဘုရားပြုလုပ်ရသောအကျိုးအားဖြင့် ဘုရားမချွတ်
ဖြစ်စေသော်ဝ်" ဟူ၍ဖြစ်ပါသည်။

ဤကား ယနေ့မြန်မာစာပေဟူ၍သတ်မှတ်ခံထားရ
သော ရခိုင်စာပေကို ရခိုင်ဒေသ၌တွေ့ရသောအထောက်
အထားများစွာအနက်မှ တစ်ခုဖြစသည်။

ဤစာပေအက္ခဖြင့် မြန်မာတို့ဒေသ၌ ရှေးဦးစွာတွေ့ရှိရ
သောစာပေသက်သေမှာ မြစေတီကျောက်စာဖြစ်ပါသည်။
မြစေတီကျောက်စာကို ပုဂံပြည့်ရှင်အနော်ရထာ၏မြေး
ကျန်စစ်မင်း၏သားတော် ဇေယျခေတ္တရာဘွဲ့ခံ ရာဇကုမာရ
မင်းသားက ကောဇာ(၄၇၅)ခု (အေဒီ ၁၁၁၃)တွင်တည်
ထားခဲ့ကြောင်း ရာဇဝင်မှတ်တမ်းများကပြဆိုကြပါသည်။

အဆိုပါ စာပေနှစ်ခုကိုနှိုင်းယှဉ်လိုက်သောအခါ
မြစေတီကျောက်စာသည် မင်းရင်ဖြူဘုရားစမ္မခဏ်စာ
နောက် နှစ်ပေါင်း (၂၆၆)နှစ်ပင်နောက်ကျကြောင်း
တွေ့ရှိရပါသည်။

ဤသို့ဆိုလျှင် ပုဂံပြည်၌ ရှေးယခင်ကစာပေမရှိခဲ့လေ
သလောဟူငြားအံ့။ ရှိခဲ့ပါသည်။ ရှိခဲ့သောစာပေမှာ ပျူစာ
ပေဖြစ်ပါသည်။ ထိုပျူစာပေကိုလည်း မြစေတီကျောက်စာ
မှာပင်နောက်ဆုံးတွေ့ရခြင်းဖြစ်သောကြောင့် မြစေတီ
ကျောက်စာကို မြန်မာစာပေ၏အစ ပျူစာပေနိဂုံးဟု
သုတေသီများသတ်မှတ်ထားကြပါသည်။

ယင်းသို့ဖြစ်လျှင် မြစေတီကျောက်စာတွင် မှတ်တမ်း
တင်ရလောက်အောင်ဖွံ့ဖြိုးခဲ့သောပျူစာပေသည် ရုတ်တရက်
ပျောက်ကွယ်၍ ယခင်ကမရှိခဲ့ဘူးသောမြန်မာစာပေသည်
ကောင်းကင်ကကျလာသလို ချက်ချင်း အဘယ်ကြောင့်
ဖွံ့ဖြိုးပြီးသားပေါ်လာရပါသနည်း။ အကြောင်းကိုသမိုင်း
သက်သေရှာဖွေကြရမည်ဖြစ်ပါသည်။

အဖြစ်မှန်ကားဤသို့ပင်ဖြစ်ပါသည်။
ရခိုင်ပဉ္စာမြို့ (၁၂) ဆက်မြောက်ဘုရင် မင်းဘီလူးကို
ဝရောင်းငှက်ခေါ် အမတ်အသင်္ခယာပုန်စားသောကြောင့်
အိမ်ရှေ့မင်းသား မင်ရဲဘယသည် မိဖုရားစောပေါက်ညို
(ပေါက်ညိုမြ)နှင့် အမတ်ပညာရှိ အခြွေအရံပရိသတ်ကို
အတူခေါ်လျှက် သက္ကရာဇ်(၃၄၆) (အေဒီ ၉၈၄)တွင်
ဘူးရွက်မညှိုးလမ်းမှ ပုဂံပြည်သို့ရှောင်တိမ်းကာအနော်ရ
ထာမင်းစောထံ ခိုလှုံခစားခဲ့ပါ၏။(သက္ကရာဇ်ကွဲချက်ရှိ)

ထိုအချိန်ကား အနော်ရထာမင်းစောသည်ပုဂံပြည်တွင်
မူလကကိုးကွယ်နေသောအရေးကြီးသာသနာကို ဖြိုခွင်း
သုတ်သင်နေသောအချိန်ကာလဖြစ်၏။ ပုဂံပြည်သုံးစာပေ
ဖြစ်နေသော ပျူစာပေမှာ အရေးကြီသာသနာမှသင်ယူရ
သောစာပေဖြစ်နေ၏။ အရေးကြီးတို့သည် သူတို့၏ လုပ်ကြံဖန်တီးထားသောဝါဒမျာကို ပျူစာပေဖြင့်မှတ်တမ်း
တင်ထားကြ၏။ ထို့့ကြောင့် ပျူစာပေသည် ထိုအချိန်က
အရေးကြီးစာပေဖြစ်နေလေသည်။

အရေးကြီးသာသနာကိုသုတ်သင်ဖြိုခွင်းရာတွင် ပျူစာပေ
သင်ကြားရေးသည် ဘုရင်ကမျက်နှာသာမပေးသောရန်သူ့
စာပေအဖြစ်သတ်မှတ်ခံရသောကြောင့့် အရေးကြီစာပေများ
ကိုမီးရှို့ဖျက်ဆီးလိုက်ကြသောအခါ ပျူစာပေတို့သည် အရေး
ကြီးသာသနာနှင့်အတူ ချက်ချင်းရပ်ဆိုင်းကာ တိမ်ကော
ပျောက်ကွယ်သွားခဲ့ရလေသည်။ ဤကား ပျူစာပေ၏
နိဂုံးပင်ဖြစလေသည်။

အခြားတစ်ဖက်တွင်ကား ရခိုင်အိမ်ရှေ့မင်းသား မင်းရဲ
ဘယနှင့်အတူလိုက်ပါလာကြသောအမတ်ပညာရှိများသည်
လကျာ်မင်းနံ ရွှေဂူသာတို့ကဲ့သို့မင်းသားမင်းသမီးငယ်များ
နှင့် မိမိတို့၏သားငယ်သမီးငယ်မျာကို မိမိတို့ရခိုင်စာပေကို
သင်ကြားမြဲသင်ကြားလျှက်သာရှိနေကြ၏။ ထို အမတ်
ပညာရှိများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသောကြောင့်
ပိဋကတ်သုံးပုံကို ကျွမ်းကျင်စွာတတ်မြောက်ကြသူများဖြစ်၏

အနော်ရထာမင်းကြီးသည် သထုံမှ ပိဋကတ်တော်များ
ရလာသောအခါ ထိုပိဋကတ်တော်လာတရားတော်များကို
နားလည်နိုင်ရေး သင်ယူနိုင်ရေးအတွက် ကျွမ်းကျင်သူ
ပညာရှင်များအထူးလိုအပ်လာလေသည်။ ထိုအခက်အခဲ
ဟူသမျှကို ရခိုင်ပညာရှိအမတ်များက ကူညီသင်ကြား
ဖြေရှင်းပေးကြ၏။ ထိုအခါ ရာဇကုမာရတို့ကဲ့သို့မင်းသား
မင်းသမီးငယ်များ တိုင်သူပြည်သားတို့၏ကလေးသူငယ်များ
သည် ပိဋကတ်စာပေတတ်မြောက်ရေးအတွက် ရခိုင်ပညာရှိများထံမှသင်ယူကြ၏။

ရခိုင်ပညာရှိအမတ်များသည် ရခိုင်စာပေအက္ခရာဖြင့်
ပုဂံမင်းသားမင်းသမီးကလေးသူငယ်များကိုသင်ကြားပေး
ကြပါ၏။ ထို့ကြောင့်နောင်မကြာမှီ မြစေတီကျောက်စာမှ
မြန်မာစာပေ သည် မိုးကောင်းကင်မှ ဥပပတ်ပဋိသန္ဓေဖြင့်
နတ်သားနတ်သမီးကျလာဘိသကဲ့သို့ ဘွားကနဲ့ပေါ်ပေါက်
လာခြင်ဖြစ်ပါသည်။

ဤသို့ဖြင့် ရခိုင်စာပေသည် မြန်မာစာပေဟူသောအမည်သစ်ကိုခံယူလျှက် မြန်မာနိုင်ံ
အနှံ့ ပြန့်နှံ့သွားရပါသတည်း

ပညာပါရမီဆရာတော်(ဦးရာဇ်မြီ)
-----------------------------------------------------------------

ကျမ်းကိုး
(၁) သမန္တစက္ခုဒီပနီ(မံုံရွေးဇေတဝနဆရာတော်ကြီး)
(၂) ရခိုင်ရာဇဝင်သစ်ကျမ်း (အရှင်စန္ဒမာလာလင်္ကာရ)
(၃) မြစေတီကျောက်စာ(လှသမိန်)
(၄) ပုဂံခေတ်နိုင်ငံရေးသမိုင်း(ဒေါက်တာသန်းထွန်း)
(၅) တနေ့တလံ ပုဂံဘယ်ပြေးမလဲ(ဒေါက်တာသန်းထွန်း)
(၆) ကျောင်းသုံးမြန်မာရာဇဝင် (ဦးဘသန်း)
(၇) မင်းရင်ဖြူကောင်းမှု စမ္မခဏ်စာ
(၈) သာသနာလင်္ကာရစာတမ်း(မဟာဓမ္မသင်္ကြန်)်

Parami Saradaw ဆရာတော် ရေးသားသည်။

#ရခိုင်ပြည်နယ်မှထူးခြားဖြစ်စဉ်များ
#ရခိုင်ပြည်
#ရခိုင်စာပေ

Photos from EPC's post 22/12/2023
18/11/2023

အရေးကြီးပြီ ဂဂျီဂဂျောင် အပေါင်းတို့
သွေးစည်းစွာ K အတူ ရှူကြစို့

# ခွက်ဒစ်...ငြိမ်းချမ်းဦး😁

27/06/2023
09/06/2023

ကားပိုင်ရှင် အရှင်ဘုရားများ သို့
တပည့်တော်ရိုသေစွာ
လျှောက်ထားအပ်ပါသည် ဘုရား.......

နံပါတ်အဝါတပ် ယာဉ်တော်မြတ်ဖြင့်
လိုရာဌာနကြွမြန်းခြင်းမှာ
ကောင်းကင်ဈာန်ရ
ပျံကြွခြင်းမဟုတ်၍
အရှိန် လျော့၍
မောင်းတော်မူပါဘုရား။

လမ်း၏စည်းကမ်း
ဘယ်ခြမ်းညာခြမ်း
သတ်မှတ်ထား၍
မဇ္ဈိမပဋိပဋာ လမ်းစဉ်ကိုင်စွဲ
လမ်းလယ်မျဉ်းက
မောင်း၍မရပါအရှင်ဘုရား။

သတ္တဝါအများအပါ်
စာနာသနားလျှင်လည်း
ဘယ်ညာ မသိတဲ့ ရွာကငတိတွေကို
ကားမောင်းမခိုင်းစေလိုပါဘုရား......

တပည့်တော်
ငချွတ်စကားကို
အမျက်လည်း
မထားစေလိုပါ.....

ယောနိသောမနသိကာရကို နှလုံးသွင်း
အရှင်ဘုရားတို့ကားလာရင်
တပည့်တော်လိုအကောင်က
လမ်းဘေးဆင်းရှောင်ဖို့
အသင့်ပါဘုရား.....

ကွေ့ကြောမှာရပ်လို့
လမ်းကျဉ်းဆိုင်များတို့တွင်
ယာဉ်အကြာကြီးရပ်၍
ဈေးအကြာကြီးဝယ်တော်မမူပါနှင့်ဘုရား....

တပည့်တော်လိုအကောင်က
သံဃာ့ ဂုဏော အနန္တော ပါဘုရား။
😏😏😁😁
copy...

Crd

21/05/2023

တစ်ခါက ရွာတစ်ရွာမှာ ရွာဦး နတ်ကွန်းနံဘေး
ရေနှုတ်မြောင်းက ဖြတ်စီးနေတယ်။
နတ်ကွန်းထဲမှာ နတ်ရုပ်က မတ်တတ် ကိုယ်တော်ကြီး။

တစ်နေ့တော့ လူတစ်ယောက်ဟာ
မြောင်းဘောင်အတိုင်း လျှောက်လာပြီး
ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။

အဲ့မြောင်းထဲမှာကရေတော်တော်များနေတယ်။
ခုန်ကူးရအောင်ကလည်း မမီမကမ်းနဲ့။

မြောင်းထဲ ဆင်းကူးရင်လည်း ရေစိုမယ်။
ဒီလူကလည်း ခပ်ရွတ်ရွတ်ဆိုတော့
နတ်ကွန်းထဲက နတ်ရုပ်ကြီးကိုဆွဲချ
မြောင်းပေါ်ခွကျော်ထားပြီးမှနတ်ရုပ်ကြီးကို
တုံးတံတားလုပ်ပြီးမြောင်းကို ကူးသွားတယ်။

ဟိုဘက်ကမ်း အဆင်းမှာ နတ်ရုပ်ကြီး မျက်ခွက်ကိုတောင်
ဆောင့်နင်း သွားလိုက်သေးသတဲ့။

သိပ်မကြာလိုက်ပါဘူး။ လယ်သမားကြီး
တစ်ယောက် ရောက်လာတယ်။

သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာရွှံ့ခြေရာကြီး
ပေနေတာတွေ့တော့မျက်စေ့တောင် ပြာခနဲ ဖြစ်သွားပြီး
မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ခပ်၊
နတ်ရုပ်ကြီးကိုဆေး၊ မနိုင့်တနိုင်နဲ့,မ၊
နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ်။

အဲ့ဒီမှာ..သူ့ကိုမထီမဲ့မြင် လုပ်တယ်ဆိုပြီး
နတ်ကြီးက ဖမ်းစားတော့တာပဲ။

ဘယ်သူ့ကိုဖမ်းစားသလဲ ဆိုတော့
သူ့ကို ချနင်းသွားတဲ့လူကို မဟုတ်ဘဲ
အပင်ပန်းခံ နတ်ကွန်းထဲပြန်ထားတဲ့လယ်သမားကြီးကိုပါ။

အကြောင်းပြချက် Reason ကနတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ
အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပြီး
မပင့် မလျှောက်လို့တဲ့၊ နတ်ဆရာတွေက ဒီလိုပြောလို့
လယ်သမားကြီးခမျာဝက်တစ်ကောင်ပေါ်ပြီး ပူဇော်ရသတဲ့။

ဒါနဲ့ သူ့သူငယ်ချင်း နတ်တွေက
အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်။

" မင်းကွာ ..မင့်ကို တက်နင်းသွားတဲ့ကောင်ကိုတော့..
ဖမ်းမစားရဲဘူးပေါ့.."

ဒီတော့မှ ..အဲ့ဒီ မတ်တပ်ကိုယ်တော်နတ်ကြီးက.....ပြန်ပြောလိုက်တာက...

” ဟေ့ကောင်တွေ...ငပိန်းတွေကို ..
အနိုင်ကျင့်ရတာ လွယ်တယ်ကွ..
ငါ့ကိုတက်နင်းသွားတဲ့ကောင်ကို ...သွားဖမ်းစားမိရင်...
နောက်တစ်ခါဆို..ငါ့ကို မီးပါအရှို့ခံနေရမှာ... "

Crd original uploader

Photos from နာရေးကူညီမှုအသင်း-ရန်ကုန်'s post 20/05/2023
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


ဘောဂဗလလမ်း
Yangon
0012