National Network for Education Reform - NNER

National Network for Education Reform - NNER မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြေ?

ဤပညာရေးကွန်ရက်သည် နိုင်ငံလုံးဆိုင်ရာပညာရေးမူဝါဒ (National Education Policy) တစ်ရပ် ချမှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ပါသည်။

ကိုဗစ်၁၉ ကာလအတွင်းကျောင်းများဖွင့်လှစ်ရေးအပေါ် စိုးရိမ်ပူပန်မှုများရက်စွဲ။           ။ ၇၊ ဇူလိုင်၊ ၂၀၂၀ခုနှစ်။၂၀၂၀ ခုနှစ...
08/07/2020

ကိုဗစ်၁၉ ကာလအတွင်းကျောင်းများဖွင့်လှစ်ရေးအပေါ် စိုးရိမ်ပူပန်မှုများ
ရက်စွဲ။ ။ ၇၊ ဇူလိုင်၊ ၂၀၂၀ခုနှစ်။
၂၀၂၀ ခုနှစ်၊ ဇူလှိုင် (၂၁) ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊
ပညာရေး၀န်ကြီးဌာနမှ တရား၀င်သတင်းထုတ်ပြန်ထားခြင်းအပေါ် မတူကွဲပြားသည့်
သဘောထားများ၊ စိုးရိမ်ပူပန်မှုများ နှင့် ဝေဖန်‌မှုများ ရှိနေပါသည်။ ကျောင်းဖွင့်ရေးနှင့်ပတ်သက်ပြီး၊ ပြင်ဆင်စီမံထားမှုများကို တာဝန်ရှိသူများက အစည်းအဝေးများ၊
သတင်းမီဒီယာများတွင် ပြောဆိုမှုများရှိနေသော်လည်း၊ အများပြည်သူများကြား
ကျောင်းဖွင့်ရေးနှင့်ပတ်သက်ပြီး၊ ရှုပ်ထွေးမှုနှင့် စိုးရိမ်ပူပန်မှုတို့ ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် NNER ဒေသကွန်ရက်အဖွဲ့ဝင်များအနေဖြင့် ဆရာမိဘ၊ ကျောင်းသား၊ ပြည်သူတို့ထံမှသက်ဆိုင်ရာအစိုးရတာဝန်ရှိသူတို့
၏ပြင်ဆင်လုပ်‌‌ဆောင်မှုများနှင့်ပတ်သက်၍ သိလိုသောမေးခွန်းများကိုကောက်ယူခဲ့ပါသည်။ ထိုမေးခွန်းများထဲမှ အများဆုံးသိလိုသောမေးခွန်းများကို ကောက်နှုတ်တင်ပြလိုက်ရပါသည်။
(က) ကျောင်းဖွင့်ကြသည့် အခြားနိုင်ငံများ၏ အခြေအနေ နှင့် နှိုင်းယှဉ်သုံးသပ်ချက်များ
၁။ အခြားနိုင်ငံများ၏ ကျောင်းဖွင့်လှစ်မှု အခြေအနေများကို သုံးသပ်ချက် (နိုင်ငံအလိုက်
ကျောင်းဖွင့် သည့် အစီအစဉ် များတွင် အားနည်းချက်၊ အားသာချက်များကို လေ့လာမှု)ရှိပါသလား။
၂။ မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိသော မွမ်းမံပြင်ဆင်ထားမှုများ ရှိပါသလား။
၃။ ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်သည့်တိုင်၊ ‌ကျောင်းသားအုပ်စုများအတွင်း၊ ကူးစက်နိုင်ခြေ ရာခိုင်နှုန်းကို သုတေသန၊ စစ်တမ်းများဖြင့်၊ တွက်ချက်ခန့်မှန်းထားသည်များရှိပါသလား။
၄။ ပွင့်လင်းမြင်သာပြီး၊ တာ၀န်ခံမှုရှိသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အစီအမံများရှိပါသလား။ ထိုအစီအမံများကို သတင်းထုတ်ပြန် ပေးဖို့ ရှိပါသလား။
၅။ အဂတိလိုက်စားမှုများ၊ အာဏာအလွဲသုံးစားပြုမှုများ ပေါ်ပေါက်လာပါကမည်ကဲ့သို့ကိုင်တွယ်ထိန်းကျောင်းမည်ဟူသော အစီအမံများရှိပါသလား။
(ခ) ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ
ပူးပေါင်းဆောင်ရွက်မှု
၁။ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးထောက်ကူပြု ဝန်ထမ်းများ၏ကူညီပံ့ပိုးမှုများ ရယူနိုင်သည့် အစီအမံများရှိပါသလား။
၂။ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း စီမံဆောင်ရွက်ပေးမည့်
ကျောင်းအုပ်များ၊ စာသင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်သက်ဆိုင်ရာ တာ၀န်ရှိသူများမှ မည့်သို့တာဝန်ယူ ပံ့ပိုးဆောင် ရွက်ပေးပါမည်လဲ။
၃။ကျောင်းများတွင် ကပ်ရောဂါအန္တရာယ်ကို တုန့်ပြန်လုပ်ဆောင်ရန် မြို့နယ်အဆင့်/ရပ်ရွာအဆင့်/ကျောင်းအဆင့် စီမံချက်များတွင် မိဘ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ (CSOs/CBOs) ပူးပေါင်း ဆောင်ရွက်ရန် အားပေးမှုရှိပါသလား။
၄။ Social distancing & Physical distancing အပါအဝင်ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအား လိုက်ပါလုပ်ဆောင်နိုင်မှုအပေါ် စောင့်ကြည့် ပံ့ပိုးနိုင်မည့်
အဖွဲ့များမှ ပါဝင်ဆောင်ရွက်မှုကို အားပေးပါသလား။
ကျောင်းနှင့် စာသင်ခန်း ပြင်ဆင်မှု
၁။ ကျောင်းထဲမဝင်မှီ၊ စစ်ဆေးကာကွယ်မှု လုပ်ငန်းများကို မည်သူတို့ကလုပ်ဆောင်ပါမည်လဲ။
၂။ ကျောင်းသန့်ရှင်းရေး (စာသင်ခန်း၊ ရေအိမ်၊ မုန့်စားတန်း) နှင့် ပက်သက်၍
ညွှန်ကြားချက်များအတိုင်း ရောဂါကာကွယ်ရေးအစီအမံများကို ကျောင်းတိုင်း အတိအကျလုပ်နိုင်ပါမည်လား။
၃။ ကျောင်းနှင့်စာသင်ခန်းများအတွက် ကိုဗစ်ကာကွယ်ရေး နည်းနာများ၊ လက်တွေ့လုပ်ဆောင်ရမည့်အရာများကို လက်တွေ့သရုပ်ပြသည့် လေ့ကျင့်သင်တန်းပေးမှုများ ရှိပါသလား။
၄။ ကျောင်းတက်၊ဆင်း (အိမ်နှင့်ကျောင်းအသွား၊အပြန်) လုပ်ရာတွင် social distancing ဖြစ်စေရန်
လိုအပ်သောအစီအမံများ ဆောင်ရွက်ထားမှုရှိပါသလား။ (အထူးသဖြင့်၊ ဘတ်စ်ကားဖြင့်ကျောင်းတက်၊ဆင်းလုပ်သည့်ဆရာ၊မများ၊ကျောင်းသူ၊သားများအတွက်လုံခြုံစိတ်ချရသည့်အစီအမံများဆောင်ရွက်ထားပါသလား)
အသုံးအဆောင် ပစ္စည်းများ
၁။ ညွှန်ကြားချက်အရ ဖွင့်လှစ်ထားရမည့် ကျောင်းကျန်းမာရေး ဆေးခန်းများကို အရေးပေါ်လိုအပ်သည့် ကာကွယ်ကုသရေးဆိုင်ရာ ထောက်ကူပြု ပစ္စည်းများပံ့ပိုးပေးသည့်အစီအမံရှိပါသလား။
၂။ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊သားများအား အရည်အသွေး အာမခံချက်ရှိသော mask များထောက်ပံ့ကူညီ ပေးမှာပါလား။ WHO guideline နှင့်အညီ အသုံးပြု ရန် တိုက်တွန်း နှိုးဆော်ချက်များရှိပါသလား။
၃။ Maskတပ်ဖို့အခက်အခဲရှိသူများ(ရင်ကျပ်ပန်းနာ၊နှလုံးမကောင်း)အတွက် အခြားအစီအမံများရှိပါ သလား။
၄။ လက်ဆေးခြင်းအတွက် အရင်းအမြစ်များ (ရေ/လက်ဆေးကန်/ဆပ်ပြာ/အရက်ပြန်)ကျောင်းတိုင်း ပြည့်မီကြပါသလား။ အခက်အခဲကို မည်မျှပံ့ပိုးကူညီပေးပါသလဲ။
(ဂ) ရောဂါဖြစ်ပွားမှုကို တုန့်ပြန်လုပ်ဆောင်ရန် အစီအမံများ
၁။ကပ်ရောဂါအန္တရာယ်ရှိလာသောအခြေအနေတွင်ကျောင်းပြန်ပိတ်ရမည့်အခြေအနေနှင့် ဆက်လက်ဖွင့်လှစ်နိုင်သောအခြေအနေများကို ခွဲခြားသတ်မှတ်နိုင်သော အချက်များ ရှိပါသလား၊ မည်သို့ခွဲခြားမလဲ။
၂။ သာမန်ကျောင်းသားများတွင် ရောဂါ ရှိမရှိ၊ (ကျပန်း) စစ်ဆေးမှုများ (Random Sample Test)လုပ်ဆောင် ရန် အစီအစဉ်) ရှိပါသလား။
၃။သံသယဖြစ်ဖွယ် လက္ခဏာရှိသူတိုင်းကို၊ ကိုဗစ်၁၉ ရောဂါဟုတ်၊မဟုတ်၊ စစ်ဆေးမှုများလုပ်ဆောင်ပေးမလား။
၄။ ကျောင်းသားတဦးက ကိုဗစ် ၁၉ အတည်ပြုလူနာ ဖြစ်ခဲ့လျှင်
 ထိတွေ့ဆက်ဆံမှု ရှိသူများအားလုံးကို ဘယ်လိုအစီအမံများ ဆောင်ရွက်ပေးပါမလဲ။
 Quarantine ကိစ္စကို ဘယ်လို ဆောင်ရွက်မှာပါလဲ။
 Home Quarantine ထားမှာလား၊ Facility Quarantine ထားမှာလား။
၅။ ကိုဗစ် ၁၉ ရောဂါတွေ့ရှိသော ကျောင်းဧရိယာအတွင်းနှင့် အနီးနားတဝိုက် ရပ်ရွာဒေသများကိုရောဂါ ပြန့်မသွားအောင် မည့်သို့စီမံဆောင်ရွက်ထား ပါသလဲ။
(ဃ) အထူးခက်ခဲသော အခြေအနေများအတွက် စဉ်းစားချက်များ
၁။ ကျောင်းအလိုက် စီမံချက်များတွင် ရပ်ရွာအသိုင်းအဝိုင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများကပူးပေါင်း ပါဝင်ရန် ခက်ခဲသောဒေသများအတွက် မည်သည့်အစီအမံများရှိပါသလဲ။ (စစ်ဘေးရှောင်စခန်းများနှင့် ဒုက္ခသည် စခန်းများ)
၂။ ကျောင်းပြန်လည်ဖွင့်လှစ်ရန် အခက်အခဲရှိနေသော နေရာဒေသများ
(စစ်ဖြစ်နေသောဒေသများနှင့် စစ်ဘေးရှောင်စခန်းများ)အတွက်မည်ကဲ့သို့ဆောင်ရွက်သွားရန်ရှိပါသလဲ။
၃။ ပြန်လည်ဖွင့်လှစ်ရန် မစီစဉ်နိုင်သောကျောင်းများတွင် တက်ရောက်နေသောကျောင်းသားများ၏ပညာရေး သာတူညီမျှမှုအတွက် မည်ကဲ့သို့ဆောင်ရွက်သွားရန်ရှိပါသလဲ။
၄။ ကျောင်းဖွင့်ချိန်/ စာသင်ကြားချိန် မတူကွဲပြားမှုများစွာဖြင့် ကျောင်းဖွင့်လှစ်သောကြောင့် မညီမျှသောသင်ရိုးပေါက်မြောက်မှုနှင့် တတ်မြောက်မှုများအတွက် မည်သို့ စဉ်းစားပါသလဲ။
၅။ ထိရှလွယ်အုပ်စုဝင်ကျောင်းသူ၊သားများ (ဥပမာ - မသန်စွမ်းသူများ) အတွက် မည်ကဲ့သို့ထည့်သွင်း၊ စဉ်းစား၊ ပြင်ဆင်၊ ဆောင်ရွက်သွားရန်ရှိပါသလဲ။
(င) သင်ကြား၊ သင်ယူမှုနှင့် သင်ရိုးဆိုင်ရာ စဉ်းစားဖွယ်များ
၁။ သင်ကြားရေး အချိန်ဇယား၊ သင်ရိုး၊ စစ်ဆေးရေးပုံစံများ လျှော့ချခြင်း၊ ပြောင်းလဲခြင်းအစီအစဉ်များ (အတန်းတိုင်းတွင်) ရှိပါသလား။
၂။ မိမိတို့ကလေးများကို ကျောင်းစာတွင် ပြန်လည်ကူညီပေးရန် မတတ်နိုင်သောမိဘများအတွက်မည်ကဲ့သို့ စီစဉ်ပေးနိုင်မည်နည်း။
၃။ မိသားစု ပံ့ပိုးမှု မရှိနိုင်သော ကလေးများအတွက် အိမ်လုပ်ငန်းပေးစနစ်သည်
ထိရောက်မှုရှိပါမည်လား။
(စ) ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်
၁။ မိမိတို့ကလေးများကို ကျောင်းပြန်အပ်ရန် စိတ်ချလုံခြုံမှုမရှိဟု ယူဆသည့် မိဘများအတွက် အခြားညှိနှိုင်းရေး အစီအမံများရှိပါသလား။
၂။ ကျောင်းဖွင့်လှစ်ရေးတွင် ဒေသအလိုက်၊ ကျောင်းအလိုက် ဆုံးဖြတ်နိုင်ခွင့်များနှင့် အဆင့်များ ရှိပါသလား။ ရှိလျှင် မည်သည့်အချက်များဖြစ်ပါသလဲ။
၃။ အစိုးရက ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာသော ကျောင်းများအား အရေးယူမည်ဟုပြောကြားထားသကဲ့သို့၊ ကျောင်းဖွင့်ရန် ဆုံးဖြတ်ခဲ့သည့် အစိုးရ၏ မူဝါဒဆိုင်ရာ အမှားအယွင်းများ
ရှိခဲ့လျှင်လည်း မည်ကဲ့သို့ တာဝန်ယူ၊တာဝန်ခံရန် စီစဉ်ထားပါသလဲ။
(ဆ) အခြားဘေးအန္တရာယ်များနှင့် ကိုဗစ် ၁၉ အလွန်
၁။ အလားတူ ကပ်ဆိုး (ဝါ) ထိခိုက်မှု ကြီးမားကျယ်ပြန့်သည့် အရေးပေါ် ဘေးအန္တရာယ်ကိစ္စများ ၊
(ဥပမာ- ရေကြီး၊ မီးလောင်၊ ငလျင်၊ စသည်) တို့ ဖြစ်ပေါ်လာခဲ့လျှင်၊ လိုအပ်လာမည့်
ကြိုတင်ပြင်ဆင်မှုများ လုပ်ထား ပါသလား။
၂။ ကိုဗစ် ၁၉ အလွန် (သို့) ကိုဗစ် ၁၉ ကြောင့် ပြောင်းလဲသွားသည့် အခြေအနေနှင့်
လိုက်လျောညီထွေရှိသည့် ခေတ်မှီနည်းပညာသုံး ပညာသင်ကြားရေးပုံစံများ၊ နည်းလမ်းများအားဆက်လက်ဖွံ့ဖြိုးသွားရန် ဆောင်ရွက် မည့် အစီအစဉ်များ ရှိပါသလား။
ကျောင်းဖွင့်ရေးကိုဆုံးဖြတ်ချက်ချခဲ့ကြသည့်တာဝန်ရှိသူများ၊အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရာတွင်ထည့်သွင်းစဉ်းစားနိုင်စေရန်နှင့် ကျောင်းများ ဖွင့်လှစ်ရာတွင် စိတ်ချလုံခြုံမှုရှိသည့် ပြင်ဆင်စီမံမှုများ ဆောင်ရွက်နိုင်ရန် အတွက် ဖော်ပြပါ မေးခွန်းများအား မိမိတို့ NNER အဖွဲ့မှ စုစည်းတင်ပြအပ်ပါသည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် - NNER

25/03/2020

COVID-19 ကူးစက်ပုံနှင့် ကာကွယ်ပုံလိုရင်းတိုရှင်း

18/02/2020

၂၀၂၀ ခုနှစ်၊ ဖေေါ်ဝါရီ(၁၆) ရက်နေ့တွင်၊ NNER ကွန်ရက် (ရှမ်းပြည်နယ်- တောင်ပိုင်း) မှ စီစဉ်ကျင်းပခဲ့သည့် မိခင်ဘာသာစကားအ ခြေပြု၊ ဘာသာစကားစုံပညာရေး ( Mother Tounge Based Multilingual Educaiton- MTB MLE) ဆွေးနွေးပွဲသို့ NNER ၏ လူကြီးသူမများအဖွဲ့ (Elder Group) မှ ဆရာကြီး နိုင်ငွေသိန်း ပေးပိုခဲ့သည့် သတင်းစကား (Video Message) ဖြစ်ပါတယ်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ရဲ့ ရှမ်းတောင်ကွန်ရက်ကနေတာဝန်ယူကျင်းပတဲ့ မိခင်ဘာသာစကားအခြေပ...
18/02/2020

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ရဲ့ ရှမ်းတောင်ကွန်ရက်ကနေတာဝန်ယူကျင်းပတဲ့ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကိုးကန့်စာပေနှင့် ယဥ်ကျေးမှုခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ အစိုးရပညာရေးဌာနမှ ဆရာ/ဆရာမများ၊ တိုင်းရင်းသားပညာရေးဆောင်ရွက်နေသူများ၊ NNER အဖွဲ့ဝင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများအပါအဝင်စုစုပေါင်း(၇၂)ဖွဲ့နှင့် လူဦးရေ (၁၆၀)ခန့်တက်ရောက်ခဲ့ကြပါတယ်၊ ဆွေးနွေးပွဲတွင် ဘာသာစကားဆိုင်ရာအခက်အခဲကြောင့် တိုင်းရင်းသားကလေးငယ်များ ပညာသင်ကြားရာ၌ အခက်အခဲများရင်ဆိုင်တွေ့ကြုံကြရ၍ ကျောင်းမပျော်တော့ဘဲ ကျောင်းထွက်နှုန်းများနေခြင်း၊ မိခင်ဘာသာစကားနှင့် မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံပညာရေးကွာခြားချက်၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသင်ကြားရာ၌ ရင်ဆိုင်တွေ့ကြုံရနိုင်သည့် အကျိုးကျေးဇူး၊အခက်အခဲ၊ စိန်ခေါ်မှု၊ အခွင့်အလမ်းနှင့် အားသာချက်များကိုလည်း အုပ်စုဖွဲ့ဆွေးနွေးပြီး အဖွဲ့လိုက်ပြန်လည်တင်ပြခဲ့ကြပါတယ်။
ညနေပိုင်းမှာ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ကြပြီး SNLD ပါတီ ဒုဥက္ကဌ စိုင်းညွန့်လွင်၊ သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ရှမ်းအမျိုးသားပညာရေးကျောင်းဆရာဖြစ်သူ စိုင်းသန့်စင်၊ ဦးသိန်းနိုင်(မောက္ခပညာရေး)နှင့် ဆရာအောန်ဆန်(ငြိမ်းဖောင်ဒေးရှင်း) တို့တက်ရောက်ဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာသူများမှနေ၍ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။

17/02/2020
NNER ကိုယ်စားပြုကော်မတီအစည်းအ ဝေး ကို မတ်လ ၃၀၊ ၃၁ ရက်များတွင် မေတ္တာ စင်တာ (ပဲခူး) ၌ ကျင်းပလျက်ရှိပါတယ် ။NNER is holding...
30/03/2019

NNER ကိုယ်စားပြုကော်မတီအစည်းအ ဝေး ကို မတ်လ ၃၀၊ ၃၁ ရက်များတွင် မေတ္တာ စင်တာ (ပဲခူး) ၌ ကျင်းပလျက်ရှိပါတယ် ။

NNER is holding the representative committee meeting on March 30, 31 at Metta Center, Bago.
(Photos are from day one (30/3/19) meeting)

19/12/2018

အောက်ပါအကြောင်းအရာများကို ဆွေးနွေးသည့် ပညာရေးဆွေးနွေးပွဲ ကို မုံရွာမြို့၌ ဒီဇင်ဘာ ၁၃ ရက်နေ့တွင်ကျင်းပခဲ့သည် ။

၁။ ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်ကျင်း နှင့် ပညာရေး
Panelist : ဒေါက်တာဇော်မြင့်နီ၊ ဦးသန်းအေး ၊ Ms. Helen Dabu
Moderator : ဒေါက်တာဥမ္မာထွေး

၂။ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ကျောင်းသား၊ မိဘ တို့၏ အခန်းကဏ္ဍ
Panelist : ကိုတာ၊ ဦးကိုကိုလေး၊ ဦးသာအောင်
Moderator : ဒေါက်တာအာကာမိုးသူ

၃။ အသက်မွေးဝမ်းကျောင်းပညာရေး
Panelist: ဒေါက်တာ ကျော်ငြိမ်းအေး ၊ ဦးအောင်စိုး
Moderator : ဒေါက်တာစန်းစန်းရှိန်

ဒီဇင်ဘာ ၁၆ - မုံရွာ(၆) လတစ်ကြိမ်ပုံမှန်ကျင်းပသည့် NNER ကွန်ရက်အစည်းအဝေးကို Glorious Monywa Hotel မှာ ယနေ့ နံနက် ၉ နာရီမှ...
16/12/2018

ဒီဇင်ဘာ ၁၆ - မုံရွာ
(၆) လတစ်ကြိမ်ပုံမှန်ကျင်းပသည့် NNER ကွန်ရက်အစည်းအဝေးကို Glorious Monywa Hotel မှာ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပနေတာဖြစ်ပါတယ် ။

Happening Now.ဒီဇင်ဘာ ၁၅ - မုံရွာပညာရေးဆွေးနွေပွဲ စတင်ကျင်းပ‌
15/12/2018

Happening Now.
ဒီဇင်ဘာ ၁၅ - မုံရွာ

ပညာရေးဆွေးနွေပွဲ စတင်ကျင်းပ‌

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်"ပညာရေးဆွေးနွေးပွဲ"သို့ လေးစားစွာဖိတ်ကြားအပ်ပါတယ် ။အချိန်     - န...
10/12/2018

"ပညာရေးဆွေးနွေးပွဲ"

သို့ လေးစားစွာဖိတ်ကြားအပ်ပါတယ် ။

အချိန် - နံနက် (၈း၃၀) နာရီ မှ ညနေ (၄) နာရီအထိ
နေ့ရက် - ဒီဇင်ဘာ (၁၅)၊ ၂၀၁၈ ။
နေရာ - မြို့တော်ခန်းမ ၊ မုံရွာမြို့ ။

ကြိုတင်စာရင်ပေးသွင်းရန်မလိုပါ။ စိတ်ပါဝင်စားသူအားမည်သူမဆို တက်ရောက်နိုင်ပါသည် ။

NNER နှင့် နော်ဝေ အခြေစိုက် SAIH ( နော်ဝေကျောင်းသားများနှင့် ပညာရှင်များ အပြည်ပြည်ဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့) တို့ပူးတွ...
09/12/2018

NNER နှင့် နော်ဝေ အခြေစိုက် SAIH ( နော်ဝေကျောင်းသားများနှင့် ပညာရှင်များ အပြည်ပြည်ဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့) တို့ပူးတွဲ၍ Policy Advocacy and Campaign Workshop ကို ၂၀၁၈ ဒီဇင်ဘာ ၃ ရက်မှ ၅ ရက် အထိ ရန်ကုန်မြို့မှာ ၃ ရက်တာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဒေသအသီးသီးမှ ကျောင်းသားသမဂ္ဂများ၊ တိုင်းရင်းသားကျောင်းသားအဖွဲ့အစည်း နှင့် လူနည်းစုကျောင်းသားအဖွဲ့အစည်းမှ ကိုယ်စားလှယ်အချို့ - စုစုပေါင်း (၂၀) ဦးခန့် - ကိုဖိတ်ကြား၍ workshop ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

NNER နှင့် နော်ဝေ အခြေစိုက် SAIH ( နော်ဝေကျောင်းသားများနှင့် ပညာရှင်များ အပြည်ပြည်ဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့) တို့ပူးတွ...
09/12/2018

NNER နှင့် နော်ဝေ အခြေစိုက် SAIH ( နော်ဝေကျောင်းသားများနှင့် ပညာရှင်များ အပြည်ပြည်ဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့) တို့ပူးတွဲ၍ Policy Advocacy and Campaign Workshop ကို ကျောင်းသားသမဂ္ဂများနှင့် ပြုလုပ်။

NNER အတွင်းရေးမှူး ဦးစိုးထွန်းမှ ကြိုဆိုနှုတ်ဆက်စကားပြော ။

အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၅ ရက် အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါတယ် ။ မြန်မာနိုင်ငံ ဒေသအသီးသီးရှိကျောင်းသားသမဂ္ဂများနှင့် တိုင်းရင်းသားလူငယ်အဖွဲ့အချို့ မှ ကိုယ်စားလှယ် (၂၀) ခန့် တက်ရောက်ခဲ့ကြပါတယ် ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when National Network for Education Reform - NNER posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to National Network for Education Reform - NNER:

Shortcuts

Share

Category