Nay Bagan Management Institute

Nay Bagan Management Institute

Share

“Our Vision is to develop community, companies, and corporate business, in terms of generating talent.

11/05/2026

Vacancy Announcement
===================

**Nay Bagan (Talent Sourcing)** is currently seeking
high-quality, skilled, and highly motivated candidates
with excellent interpersonal skills for positions at our
partner leading corporations.

✨ Position: General Manager (Male 1 Post)

📅 Working Days: Monday to Saturday

📍 Location: HlaingTharYar Township, Yangon.

💰 Salary: Negotiable

💼 Job Description (JD)

Sales & Marketing Oversight

• Supervise the Sales & Marketing Manager to meet monthly targets,

• analyze sales performance and customer feedback,

• manage customer complaints, conduct market research

• competitor analysis, and coordinate with logistics to ensure timely delivery.

Procurement, QC & Logistics Oversight

• Oversee procurement and QC operations through the supervisor

• ensure accurate SAP purchasing processes

• manage quality inspections and issue investigations

• coordinate rail and truck transportation for timely and efficient delivery.

HR, Admin & Secretarial Oversight

• Supervise administrative and HR functions

• Including license management

• employee records and payroll

• recruitment and welfare, and coordination of meetings and business travel.

How to Apply:

Interested candidates are invited to submit their CV,
including a **recent passport-sized photo** and
comprehensive personal details, through the
following channels:

* **Email:** [email protected]

* **Facebook:** Nay Bagan Page Chat Box

* **Viber:** 09 4222 88 703





11/05/2026

Photos from Nay Bagan's post 11/05/2026

11/05/2026

What is Professional?
=================

"Professional" (ပရော်ဖက်ရှင်နယ်) ဆိုတဲ့
စကားလုံးကို နေ့စဉ်နဲ့အမျှ ကြားဖူးနေကြပေမဲ့
တကယ့်အဓိပ္ပာယ်အစစ်အမှန်က ဘာလဲဆိုတာကို
ဝေခွဲမရဖြစ်တတ်ကြပါတယ်။ အများစုကတော့
Professional လို့ပြောရင် "အလုပ်ကို ကျွမ်းကျွမ်း
ကျင်ကျင်လုပ်နိုင်တာ" လို့ပဲ မြင်တတ်ကြပါတယ်။
တကယ်တော့ Professional ဖြစ်ခြင်းဆိုတာ
ကျွမ်းကျင်မှု (Skill) တစ်ခုတည်းတင်မကဘဲ
စိတ်နေစိတ်ထား (Mindset)၊ ကျင့်ဝတ် (Ethics)နဲ့
အပြုအမူ (Behavior) တို့ ပေါင်းစပ်ထားတဲ့
အနုပညာတစ်ခု ဖြစ်ပါတယ်။ Nay Bagan
(Talent Sourcing) ကနေပြီးတော့ Professional
တစ်ယောက်မှာ ရှိသင့်တဲ့ အဓိက အစိတ်အပိုင်း
၅ ခုကို ရှင်းပြပေးလိုက်ပါတယ်။

Professional တစ်ယောက်ဖြစ်ဖို့ဆိုတာ ရာထူးကြီးဖို့
မလိုပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ဘယ်လောက်
အထိ တန်ဖိုးထားသလဲဆိုတာကသာ အဓိက ဖြစ်ပါတယ်။

အဓိကအကျဆုံးကတော့ တာဝန်ယူမှု၊ တာဝန်ခံမှု
Responsibility & Accountability ရှိဖို့လိုအပ်ပါတယ်။
Professional တစ်ယောက်ဟာ မိမိလုပ်ရမယ့် အလုပ်ကို
အချိန်မီပြီးစီးအောင် လုပ်ဆောင်ရုံတင်မကဘဲ
အမှားအယွင်းရှိလာရင်လည်း အကြောင်းပြချက်မပေးဘဲ
တာဝန်ယူရဲသူ ဖြစ်ရပါမယ်။ ငါ့အလုပ်မဟုတ်ဘူး လို့
ငြင်းပယ်မယ့်အစား ဘယ်လိုကူညီပေးရမလဲ ဆိုတဲ့
စိတ်ဓာတ်ရှိသူကို ဆိုလိုပါတယ်။

စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြင်း Emotional Intelligence
ကလည်းအရေးကြီးပါတယ်။အလုပ်ခွင်မှာ ဖိအားတွေ
ကြုံလာရတဲ့အခါ ဒါမှမဟုတ် ဝေဖန်မှုတွေ ခံရတဲ့အခါ
စိတ်လိုက်မာန်ပါ မတုံ့ပြန်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့
အကောင်းဆုံး ဖြေရှင်းနိုင်စွမ်းဟာ Professional
တစ်ယောက်ရဲ့ ပြယုဂ်ပါ။ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို
အလုပ်ထဲမှာ ရောထွေးခြင်း မရှိတာကလည်း အရေးကြီးပါတယ်။

ကျင့်ဝတ်နဲ့ ရိုးသားမှု Integrity & Ethics အရေးပါပါတယ်။
ဘယ်သူမှ မမြင်တဲ့အချိန်မှာတောင် မှန်ကန်တာကို
လုပ်ဆောင်ခြင်းဟာ Professional ဆန်ခြင်းပါပဲ။ လုပ်ငန်း
လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းခြင်း၊ လုပ်ဖော်ကိုင်ဖက်တွေ
အပေါ် ရိုးသားခြင်းနဲ့ ကုမ္ပဏီရဲ့ မူဝါဒတွေကို လေးစား
လိုက်နာခြင်းတို့က ဂုဏ်သိက္ခာကို တည်ဆောက်ပေးပါတယ်။

စဉ်ဆက်မပြတ် သင်ယူနေခြင်း Continuous Improvement
ကတော့မရှိမဖြစ်ပါ။Professional တစ်ယောက်ဟာ အကုန်သိပြီးပြီ
လို့ ဘယ်တော့မှ မသတ်မှတ်ပါဘူး။ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့
အညီ နည်းပညာအသစ်တွေ၊ Skill အသစ်တွေကို အမြဲလေ့လာပြီး
ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နေသူ ဖြစ်ပါတယ်။

ဆက်သွယ်ပြောဆိုမှုနှင့် အမူအရာ Professional Communication
မှာလည်းစကားပြောဆိုတဲ့အခါ ယဉ်ကျေးပျူငှာခြင်း၊
အီးမေးလ်ရေးသားရာမှာ စနစ်ကျခြင်းနဲ့ အဝတ်အစား ဝတ်ဆင်ပုံ
ကအစ Professional ဆန်နေဖို့ လိုပါတယ်။ တစ်ဖက်လူကို
လေးစားမှုပေးခြင်းဟာ မိမိကိုယ်ကိုယ် လေးစားမှုရှိကြောင်း
ပြသရာရောက်ပါတယ်။

Professional ဖြစ်ခြင်းဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်
လို့ရတဲ့ အရာမဟုတ်ဘဲ နေ့စဉ်နေ့တိုင်း ကျင့်ယူရမယ့် အလေ့
အကျင့်တစ်ခု ဖြစ်ပါတယ်။ Professional တစ်ယောက်အဖြစ်
ရပ်တည်လာနိုင်လေလေ၊ အလုပ်အကိုင် အခွင့်အလမ်းကောင်း
တွေနဲ့ ထိုက်တန်တဲ့ လစာတွေက အလိုအလျောက် ရောက်ရှိ
လာလေလေပါပဲ။

Professional ဆန်တဲ့ အလုပ်ခွင်ကောင်းတွေဆီမှာ
စွမ်းဆောင်ရည်တွေကို ချပြချင်တယ်ဆိုရင်တော့
📩 **Nay Bagan (Talent Sourcing) ဆီကို အခုပဲ CV
ပေးပို့လိုက်ပါ။ Professional တွေကို စောင့်ကြိုနေတဲ့
ကုမ္ပဏီကောင်းတွေနဲ့ ချိတ်ဆက်ပေးပါရစေ။








07/05/2026

💻Informations ဆိုတာ AI ခေါတ်မှာ ဘယ်နေရာကရှာရှာ
ရှာဖွေလေ့လာသင်ယူလို့ရနေပါပြီ။ ဒါကြောင့် အတွေးအခေါ် ကို
ဖြစ်စေတဲ့ သင်တန်း ကိုသာ ရွေးချယ် သင်ယူ ဖို့အတွက်
တိုက်တွန်းလိုက်ပါရစေ။

📚BMI က Foundation Of Human Resource Management
Online Course ကို၂၀၂၆ နှစ်ဦး ပညာဒါန အနေနဲ့ မည်သူမဆို
၅၀ % Discount နဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

HR တစ်ယောက်ရဲ့
စစ်မှန်တဲ့အတွေးအခေါ်၊
စစ်မှန်တဲ့လုပ်ငန်းခွင်အသုံးချနည်းတွေကို
ဒီ Foundation Course မှာလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်………………
HR Professional တယောက်အနေနဲ့
Human Resources Management ရဲ့

🏆Concept ကိုသင်ယူဖို့လိုပါတယ်။
📖Strategy သင်ဖို့လိုပါတယ်၊
👨‍💻Functions တွေရဲ့လက်တွေ့အနှစ်သာရ သင်ဖို့လိုပါမယ်၊
🏠Organizational Behavior အကြောင်းသိရပါမယ်။
📈Performance Management System သိဖို့လိုပါမယ်။
❤️Succession Plan သိဖို့လိုပါမယ်။

📦အခုလိုမျိုး HR ရဲ့ တကယ့် အတွေးအခေါ်နဲ့ Applicable
ဖြစ်တဲ့အပိုင်းတွေကိုလေ့လာသင်ယူချင်တယ်ဆိုရင်တော့

🏆 BAGAN Management institute ကနေ
Foundation Of Human Resource Management
Online Course မှာသင်ယူလေ့လာနိုင်ပါပြီ……။

🏆 သင်ကြားမယ့်ပုံစံကတော့ 8 နာရီကြာမြင့်မယ့်
Prerecording Video 53 ပုဒ်နဲ့Ebooks တွေပံ့ပိုးပေးပြီး
ကိုယ်ပိုင် အားလပ်ချိန်လေးတွေမှာကိုယ့်စိတ်ကြိုက်
သင်ယူနိုင်မယ့် သင်ကြားမှုပုံစံပဲဖြစ်ပါတယ်။
သင်ယူမှုပြီးမြောက်ရင်တော့ BMI နဲ့ ဆက်သွယ်ပြီး
Placement test ဖြေဆိုကာ Certificate ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

📖သင်ယူရမယ့်အကြောင်းအရာတွေကတော့

📝Understanding Organizational Objectives
📝Applicable Management In Action
📝Theories and Practices Of Leadership
📝Human Resource Management Concept and Application
တွေပဲဖြစ်ပါတယ်။

📦နောက်ထက် Benefit အနေနဲ့ အခု Online သင်တန်း
တတ်ရောက်သူတွေက BMI ကပြုလုပ်မယ့် မည်သည့် HR
သင်တန်းကိုမဆို 50% Discount ရရှိမှာဖြစ်ပါတယ်။

👨‍🏫 သင်ကြားပေးမယ့်ဆရာကတော့

Corporate လောက ထဲမှာ (18)နှစ်ကျော်ကျော်
💎Group Chief People Officer
💎HR Director
💎HR General Manager
💎Head Of HR
💎Group HR Manager
💎Head of Talent Development
💎Strategic Human Resource Manager အစရှိတဲ့
C Level နဲ့ Management Level တွေမှာ
လုပ်ငန်းခွင်အတွေ့အကြုံရှိပြီး
Corporate Training
သင်ကြားရေးအတွေ့အကြုံပြည့်ဝတဲ့
“ ဆရာ နေဇော်အောင် “ ပဲဖြစ်ပါတယ်။

📖တက်ရောက်သင့်သူများကတော့

👩‍💼🧑‍💼HR ပညာစိတ်ဝင်စားတဲ့လူငယ်တွေ
👩‍💼🧑‍💼HR ဌာနအတွင်းလုပ်ငန်းခွင်ဝင်နေတဲ့လူငယ်တွေ
👩‍💼🧑‍💼HR ဌာနအတွင်းရှိ ဝန်ထမ်းများကို ပြန်လည်သင်ကြားပေးလိုသူတွေနဲ့
👩‍💼🧑‍💼SME Business လုပ်ငန်းရှင်တွေအပြင်
👩‍💼🧑‍💼HR ကိုစိတ်ဝင်စားတဲ့မည်သူမဆို
တတ်ရောက်သင့်ပါတယ်။

💵သင်တန်းစျေးနှုန်းကတော့

မြန်မာငွေ ၁၀၀,၀၀၀ (တစ်သိန်း) ကျပ်သာ ကျသင့်ပြီးတော့
နှစ်ဦး ပညာ ဒါန အနေနဲ့ ၅၀% Scholarship Discount
ပေးမှာဖြစ်လို့ (၅၀,၀၀၀ ကျပ်) သာကျသင့်မှာဖြစ်ပါတယ်။

📝Registration လုပ်မယ်ဆိုရင်တော့

💥 Foundation Of HRM ကို တက်ရောက်ချင်သူတွေ
အနေနဲ့ စာရင်းပေးသွင်းလိုပါက
Messenger >> m.me/BaganManagementInstitute
Hot-Line >> 𝟎𝟗 𝟒 𝟐𝟐𝟐 𝟖𝟖 𝟕𝟎𝟑/ 𝟎𝟗 𝟒 𝟐𝟐𝟐 𝟖𝟖 𝟕𝟑𝟒 တို့ကိုလည်း
ဆက်သွယ်ပြီး ယခုပဲ စာရင်းပေးသွင်းနိုင်ပါပြီနော်။






29/04/2026

ဝန်ထမ်းတွေရဲ့ Performance ကျဆင်းနေတဲ့ ပြဿနာ
=====================================

Fish Bone Theory ကို အသုံးချပြီး
ဝန်ထမ်းတွေရဲ့ Performance ကျဆင်းနေတဲ့
ပြဿနာကို ဘယ်လိုအဖြေရှာမလဲဆိုတာ Case Study
ပုံစံမျိုးနဲ့ BCS ကနေပြီး မျှဝေရေးသားပေးလိုက်ပါတယ်။

ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ရည် Performance
ဘာကြောင့် ကျဆင်းနေတာလဲ?ဝန်ထမ်းတွေ အရင်လို
အလုပ်မတွင်တော့ဘူး၊ Target တွေ မပြည့်တော့ဘူးဆိုရင်
အပြစ်တင်တာထက် Fishbone Diagram ဆွဲပြီး
အရင်းအမြစ်ကို အတူတူရှာကြည့်ရအောင်နော်။

အရင်ဆုံး Man ဆိုတဲ့ လူသားအရင်းအမြစ်
ကနေရှာဖွေကြည့်ကြရအောင်။ Skill Gap နည်းပညာ
အသစ်တွေ သုံးလာရပေမဲ့ ဝန်ထမ်းက အဲဒီအတွက်
Training မရထားတာမျိုးရှိနေနိုင်ပါတယ်။အလုပ်တွေ
အရမ်းများနေပြီး နားချိန်မရှိလို့ စိတ်ရောကိုယ်ပါ
ပင်ပန်းနေတာလားဆိုတာလဲကြည့်ရပါမယ်။
အလုပ်အပေါ် စိတ်ပါဝင်စားမှု လျော့နည်းနေတာလား
ဆိုတာကိုလည်း အလုပ်ပြီးမြောက်မှုနဲ့တိုင်းတာနိုင်ပါတယ်။

နောက်တစ်ခုကတော့ Machine ဆိုတဲ့ စက်ပစ္စည်းနဲ့
နည်းပညာကိုတိုင်းတာနိုင်ပါတယ်။သုံးနေတဲ့ ကွန်ပျူတာတွေ၊
Software တွေက လေးလံနေပြီး အလုပ်လုပ်ရတာ
ကြန့်ကြာနေတာလားဆိုတာကို လေ့လာကြည့်ရပါမယ်။
Internet/Infrastructure ဆိုတဲ့ အင်တာနက်
လိုင်းမကောင်းတာ ဒါမှမဟုတ် ရုံးခန်းသုံး ပစ္စည်းတွေ
မစုံလင်တာမျိုးတွေမှာလဲအဖြေရှာသင့်ပါတယ်။

Method ဆိုတဲ့ လုပ်ထုံးလုပ်နည်း တွေလွဲမှားနေလား?
ဝန်ထမ်းက သူ့တို့ဆီက ဘာကို မျှော်လင့်ထားမှန်း
သေချာမသိတာ JD မရှင်းလင်းတာ တွေဖြစ်လာနိုင်ပါတယ်။
အလုပ်တစ်ခုပြီးဖို့ အဆင့်ဆင့်တွေ အရမ်းများနေပြီး
အချိန်ကုန်နေတာလားဆိုတာကိုလဲလေ့လာဖို့လိုပါတယ်။

Material ဆိုတဲ့ အချက်အလက်နှင့် အထောက်အပံ့လဲ
လိုအပ်ပါတယ်။အလုပ်လုပ်ဖို့ လိုအပ်တဲ့ Data ဒါမှမဟုတ်
Information တွေကို အချိန်မီ မရရှိတာ။ Budget Constraint ဖြစ်တဲ့
လုပ်ချင်တဲ့ Plan ရှိပေမဲ့ အကောင်အထည်ဖော်ဖို့ Budget
အထောက်အပံ့ မရှိတာတွေလဲ ရှိနိုင်ပါတယ်။

Measurement ဆိုတဲ့ တိုင်းတာမှုစနစ် မှားယွင်းနေလား?
သတ်မှတ်ထားတဲ့ Target တွေက လက်တွေ့မကျဘဲ
အရမ်းမြင့်နေတာလား။အလုပ်လုပ်နေပေမဲ့ ကိုယ်လုပ်တာ
မှားလား၊ မှန်လားဆိုတဲ့ Feedback ကို အထက်လူကြီးဆီက
မရရှိတာမျိုးတွေရှိလား ဆိုတာကိုလဲ စိစစ်ဖို့လိုပါတယ်။

နောက်ဆုံး Mother Nature ဆိုတဲ့ ပတ်ဝန်းကျင်နဲ့
အခြေအနေ ကောင်းမွန်မှုရှိလားဆိုတာကိုလဲလေ့လာရပါမယ်။
ရုံးခန်းက ဆူညံလွန်းတာ ဒါမှမဟုတ် အလုပ်လုပ်ဖို့
စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ရှိနေတာတွေက လဲ
Performance ကျဆင်းစေနိုင်ပါတယ်။ ပြီးတော့ Personal
Issues၊ ဝန်ထမ်းရဲ့ မိသားစု ဒါမှမဟုတ် ကျန်းမာရေး
ပြဿနာတွေ ရှိနေတာလဲဖြစ်နိုင်ပါတယ်။

ပြဿနာရဲ့ အရင်းအမြစ်ကို မှန်ကန်စွာ သိရှိခြင်းက
ဖြေရှင်းနိုင်စွမ်းရဲ့ ၅၀ ရာခိုင်နှုန်းပါပဲ။



29/04/2026


FYI

Vacancy Announcement
==================

Nay Bagan (Talent Sourcing) နှင့် ချိတ်ဆက်ထားသော
ကုမ္ပဏီကြီးများမှ အရည်အသွေးမြင့် ကျွမ်းကျင် ပြီး
ကြိုးစားလိုစိတ်နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော
အောက်ပါဝန်ထမ်းများကိုခေါ်ယူလျက်ရှိပြီး……

Human Resource Manager Male/Female -(1)post
Assistant Human Resource Manager Male/Female -(1)post
Human Resource Executive Male/Female - (2)post

Job Description
============

၁။ ဝန်ထမ်းအင်အားစီမံခန့်ခွဲခြင်းနှင့် လူသစ်ခေါ်ယူခြင်း (Recruitment & Manpower Planning)

၂။ ဝန်ထမ်းရေးရာ မူဝါဒများနှင့် စည်းမျဉ်းများ ချမှတ်ခြင်း (Policy Formulation & Compliance)

၃။ စွမ်းဆောင်ရည် စီမံခန့်ခွဲမှုနှင့် လေ့ကျင့်သင်ကြားပေးခြင်း (Performance Management & Training)

၄။ လစာ၊ ခံစားခွင့်နှင့် ဝန်ထမ်းသက်သာချောင်ချိရေး (Payroll, Benefits & Compensation)

၅။ ဝန်ထမ်းဆက်ဆံရေးနှင့် လုပ်ငန်းခွင်ယဉ်ကျေးမှု (Employee Relations & Culture)

Job Specification
=============

- [ ] Graduate any discipline and HR Diploma is a must.
- [ ] 5 Years and above working experience for manager and assistant manager, 2 Years and above for executive
- [ ] Respective Professional knowledge is a plus
- [ ] Communication skills and pleasant personality is a adventages

လျောက်ထားလိုသူများသည်

မကြာခင်ကရိုက်ကူးထားသောPassport ဓါတ်ပုံနှင့်
တကွ ကိုယ်ရေးအချက်အလက်များကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့လျောက်ထားနိုင်ပါသည်။





29/04/2026


FYI

Vacancy Announcement
==================

Nay Bagan (Talent Sourcing) နှင့် ချိတ်ဆက်ထားသော
ကုမ္ပဏီကြီးများမှ အရည်အသွေးမြင့် ကျွမ်းကျင် ပြီး
ကြိုးစားလိုစိတ်နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော
အောက်ပါဝန်ထမ်းများကိုခေါ်ယူလျက်ရှိပြီး……

Sales Manager Male/Female -(1)post
Sales Executive Male/Female -(3)post
Sales Girls Male/Female - (5)post

Job Specification
=============

- [ ] Graduate any discipline and Professional Diploma is advantage.
- [ ] 5 Years and above working experience for manager and 2 Years and above for executive
- [ ] Respective Professional knowledge is a plus
- [ ] Communication skills and pleasant personality is a adventages

လျောက်ထားလိုသူများသည်

မကြာခင်ကရိုက်ကူးထားသောPassport ဓါတ်ပုံနှင့်
တကွ ကိုယ်ရေးအချက်အလက်များကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့လျောက်ထားနိုင်ပါသည်။





29/04/2026

📖💎 အလုပ်အသစ်" ဆိုတာ
ဘဝရဲ့ စာမျက်နှာသစ်တစ်ခုပါပဲ!

အလုပ်ရှာရတာ ခက်ခဲနေသလား?
ဘယ်ကစရမှန်း မသိဖြစ်နေလား?
Nay Bagan (Talent Sourcing) က
အကောင်းဆုံး တံတားတစ်စင်းအဖြစ်
ရှိနေပေးနေပါတယ်။

အရည်အချင်းရှိဖို့ပဲ လိုပါတယ်။
ကျန်တာကို Nay Bagan က တာဝန်ယူမှာပါ။

✨ CV အခမဲ့ တင်ထားရုံနဲ့ကိုက်ညီတဲ့
အလုပ်တွေရှိတိုင်းအမြန်ဆုံး ဆက်သွယ်ပေးမှာပါ။
ဒီနေ့ပဲအနာဂတ်အတွက် ခြေလှမ်းတစ်လှမ်း
လှမ်းလိုက်ပါ​တော့…..နော်……။

CV တင်ထားချင်တယ်ဆိုရင်တော့………။

မကြာခင်ကရိုက်ကူးထားသောPassport ဓါတ်ပုံနှင့်
တကွ ကိုယ်ရေးအချက်အလက်များကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့လျောက်ထားနိုင်ပါသည်။





29/04/2026


FYI

Vacancy Announcement
==================

Nay Bagan (Talent Sourcing) နှင့် ချိတ်ဆက်ထားသော
ကုမ္ပဏီကြီးများမှ အရည်အသွေးမြင့် ကျွမ်းကျင် ပြီး
ကြိုးစားလိုစိတ်နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော
အောက်ပါဝန်ထမ်းများကိုခေါ်ယူလျက်ရှိပြီး……

Office Staff JLPT N3 pass Male/Female -(1)post
Delivery Male -(2)post
Senior Sales Female - (1)post
Page Admin Female -(2)post
HR Officer Male/Female -(1)post
Accountant AP/AR Female -(4)post
Sr Accountant(Restaurant) Male/Female -(1)post
MD Driver Male -(1)post
Customer Coordinator Female -(2)post
Digital Marketing Male/Female -(1)post
Graphic designer Male/Female -(1)post
Tax Manager Male/Female -(1)post
Senior Tax Accountant Male/Female -(1)post
Associate Tax Accountant Male/Female -(1)post
Senior Accountant Male/Female -(1)post
Junior Accountant Male/Female -(1)post

📲လျောက်ထားလိုသူများသည်

မကြာခင်ကရိုက်ကူးထားသောPassport ဓါတ်ပုံနှင့်
တကွ ကိုယ်ရေးအချက်အလက်များကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့လျောက်ထားနိုင်ပါသည်။





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon