24/01/2024
ဒီသတင်းစာ ဖြတ်ပိုင်းလေးတွေ့မိတော့
ဘိက္ခုနီသံဃာဒိသေသ် ပဌမဆုံး(ဥဿယဝါဒိကာ သိက္ခာပုဒ်)သိက္ခာပုဒ်ကို ပြေးပြီး
အမှတ်ရမိတယ်....
ဇာတ်လမ်းအကျဉ်းက....မြတ်ဗုဒ္ဓ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေထိုင်စဉ်အခါက ဥပါသကာတစ်ယောက်ဟာ ဘိက္ခုနီသံဃာအား ဘဏ္ဍာတိုက်(ဘဏ္ဍာထားရာ အဆောက်အဦး)ကို ပေးလှူပြီး ကွယ်လွန်သွားတယ်....
သူ့မှာ သားနှစ်ယောက်ကျန်ခဲ့တယ်....
တစ်ယောက်က သဒ်ဓါတရားရှိ,သာသနာကိုကြည်ညိုတဲ့သူ....
တစ်ယောက်က သဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သူ....
အမွေခွဲကြတဲ့အခါ သဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားက ငါတို့ရဲ့ ဘဏ္ဍာတိုက်ကို
အမွေခွဲကြစို့"လို့ ပြောပါတယ်.....
သဒ်ဓါတရားရှိ,သာသနာကိုကြည်ညိုတဲ့သားက မင်း ဒီလိုမပြောနဲ့ ငါတို့အဖေက ဘိက္ခုနီသံဃာအား ပေးလှူထားပြီးသား"လို့ ပြောပါတယ်.....
သုံးကြိမ် သုံးခါ သဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားက ငါတို့ရဲ့ ဘဏ္ဍာတိုက်ကို
အမွေခွဲကြစို့"လို့ ထပ်ပြောလာတဲ့အခါ သဒ်ဓါတရားရှိ,သာသနာကိုကြည်ညိုတဲ့သားက
တကယ်လို့ ငါရခဲ့လျှင် ငါလည်း ဘိက္ခုနီသံဃာအား ပေးလှူမယ်"လို့ ကြံစည်ပြီး
အေး ခွဲကြတာပေါ့"လို့ ပြန်ပြောပါတယ်....
အမွေခွဲတဲ့အခါ သဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားက ထိုဘဏ္ဍာတိုက်ရသွားပါတယ်.....
သဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားက ဘိက္ခုနီတွေအထံသွားပြီး အရှင်မတို့ ထွက်သွားကြပါ ဒီဘဏ္ဍာတိုက်ဟာ ကျွန်တော့်ရဲ့ ဘဏ္ဍာတိုက်ဖြစ်ပါတယ်"လို့ ပြောပါတယ်....
ထုလ္လနန္ဒာအမည်ရှိတဲ့ ဘိက္ခုနီမက ထိုသဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားဖြစ်သူကို
အမောင် ဒီလိုမပြောပါနဲ့၊သင်တို့ရဲ့ အဖေဟာ ဘိက္ခုနီသံဃာအား ပေးလှူထားပြီးသား"လို့
ပြန်ပြောပါတယ်......
လှူပြီး/မလှူရသေးဘူး" ငြင်းကြခုံကြရင်း တရားရုံးရောက်သွားပါတယ်...
တရားသူကြီးတွေက အရှင်မ ဘိက္ခုနီသံဃာအား ပေးလှူထားတယ်လို့ ဘယ်သူ သိပါသလဲ"လို့
အသိသက်သေကို မေးပါတယ်.....
ထုလ္လနန္ဒာဘိက္ခုနီက ထိုတရားသူကြီးတွေကို အမောင်တို့ အသိသက်သေထားပြီး လှူသည်ကို
သင်တရားသူကြီးတို့သည် မြင်ရော မြင်ဖူးပါသလား?ကြားရော ကြားဖူးပါသလား?"လို့ ပြန်မေးပါတယ်...
တရားသူကြီးတွေက အရှင်မသည် အမှန်ကိုသာ ပြောပြီ"ဆိုပြီး ဘိက္ခုနီမတွေကို အနိုင်ပေးလိုက်ပါတယ်....
သဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားက အမှုရှုံးတော့ ဘိက္ခုနီမတွေကို နင်ပဲငါဆဆဲရေးပါတယ်...
ထုလ္လနန္ဒာဘိက္ခုနီက အမတ်တွေကို တိုင်,အမတ်တွေက ထိုသဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားကို ဒဏ်ရိုက်,ဒဏ်ရိုက်ခံရတာကို မကျေနပ်လို့ ဘိက္ခုနီကျောင်းအနီးမှာ
အာဇီဝကတွေအတွက် ကျောင်းဆောက်ပေးပြီး အာဇီဝကတွေကို ဘိက္ခုနီမတွေကို ထပ်ဆဲခိုင်း
ပါတယ်.....
ထုလ္လနန္ဒာဘိက္ခုနီက အမတ်တွေကို ထပ်ပြီးတိုင် အမတ်တွေက ထိုသဒ်ဓါတရားမရှိ,သာသနာကို မကြည်ညိုတဲ့သားကို ဖမ်းဆီးထောင်ချကြပါတယ်....
ဒီလိုဖြစ်တာကို လူတွေက ကဲ့ရဲ့,လူတွေကဲ့ရဲ့သံကို ဘိက္ခုနီမတွေကကြားပြီး ကဲ့ရဲ့ကြ...
မြတ်ဘုရားထံမှောက် ထိုအကြောင်းအရာရောက်ရှိတဲ့အခါ မြတ်ဗုဒ္ဓက
ယာ ပန ဘိက္ခုနီ ဥဿယဝါဒိကာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ ဒါသေန ဝါ ကမ္မကာရေန ဝါ အန္တမသော သမဏပရိဗ္ဗာဇကေနာပိ၊အယံ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ"ဆိုပြီး သိက္ခာပုဒ်ပညတ်တော်မူပါတယ်.....
ဆိုလိုတာက....တရားစွဲဆိုမှု မလုပ်နဲ့....လုပ်လျှင် အာပတ်သင့်စေ"လို့ ပညတ်တော်မူပါတယ်...
မြတ်ဘုရားခေတ်ကလည်း ဒီလို ပြဿနာဖြစ်ဖူးသည်ဟု ဗဟုသုတအနေနဲ့ မှတ်သားကြပါ....
မေတ္တာဖြင့် အရှင်နရိန္ဒ(မင်းကွန်း)
ပါစိတ်ပါဠိတော် ၂၈၈/၂၈၉။
24/07/2017
လေးစား ကြည်ညိုရပါသော သာသနာ့ ဦးဆောင် ဆရာတော်ကြီး သီတဂူ ဆရာတော် (ထေရုပ္ပတ္တိအကျဉ်း)
☆☆☆☆☆☆☆☆☆☆☆☆☆☆☆
သီတဂူဆရာတော် ဦးဥာဏိဿရ (၁၉၃၆ခုနှစ်) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။
အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့ပါသည်။
အသက်(၁၅)နှစ် အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါသည်။
သက္ကရာဇ် ၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှ စ၍ ပိဋကတ် အခြေခံ ကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။
၁၃၂၂ - ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊ မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ် ကျမ်းစာများကို သင်ကြား ခဲ့ပါသည်။
၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များ သင်ကြား ခဲ့ပါသည်။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ ဘီအမ်အေ ကောလိပ် (မြန်မာ ဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက် ခဲ့ပါသည်။
၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ် ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါသည်။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့ပါသည်။
၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင် တည်ဆောက်ခဲ့ပါသည်။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်-သီတဂူ ရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ (တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ )
၁၃၄၇ - ၀ါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်ခဲ့ပါသည်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း (၂၀)ခန့်ဖြင့် ဆေးဝါး ကုသ ဒါနပြုလျှက် ရှိပါသည်။) ၁၃၅၁ - ဆေးရုံပြီးမြောက် (ကုတင်-၁၀၀ဆန့် ကျပ် သိန်း ၅၀၀ကျော် ကုန်ကျပါသည်။ )
ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါန အလှူတော် သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။
ဓမ္မဝီရ အရှင်ခမာဝုဓ မှ ကူးယူ၍
လေးစားကြည်ညိုဖွယ်ကောင်းသော သီတဂူဆရာတော်ကြီးအား အခြားသူငါ ကြည်ညိုနိုင်ရန် ဖော်ပြပါသည်
🙏🙏🙏
08/10/2016
ကူညီကြပါဦး
ပိဋကတ်သုံးပုံ နိဿ ယ အနက်ပေး စာအုပ်များ လိုချင်
လို့ link ရှာနေတာ အခု ထိ မတွေ့သေးဘူး။
ယခင် က ပိဋကတ် သုံးပုံ နိဿ ယ အနက်ပေး စာအုပ်များကို Samsung ဖုန်း အမျိုးစား Adobe Reader နဲ့
ကြည့် လို့ရပါတယ်။
ဖုန်း ပျောက်သွားလို့ Save ထားတဲ့ အရေးကြီး တဲ့
ဖိုင် တွေ နဲ့ ပိဋကတ် စာအုပ် များ က SD Card မှာ
ပါသွားလို့ အခက်တွေ့နေ ရပါတယ်။
Dhamma download.com link မှာ ရှာပါတယ်။
ပိဋကတ် သုံးပုံ နိဿ ယ အစုံ DVD Diss 01/02
တွေ့ပါတယ်။အဆင်မပြေပါဘူး။
PDF ဖိုင် နဲ့ ကြည့်လို့ ရနိုင်မယ့် download link ရှိရင်
လမ်းညွန် ပြ ပေး ကြ ပါဦး။ အရေးကြီးလို့ပါ။
9-10-2016
CNET Download - Free Software, Apps, Downloads, and Reviews
CNET Download.com provides free downloads for Windows, Mac, iOS and Android computers and mobile devices. Every category of desktop software and mobile apps, including security, utilities, games, video, and audio software.
07/02/2016
ပြာသိုလပြည့် ကျော် ၁၃ ရက် စနေ နေ့ ည
တရား ပုံရိပ် များ