Lancaster Education Centre

Lancaster Education Centre

Share

This is a private English language centre for students of all ages. We run varieties of English class

21/05/2026

📌 အသိပေးကြေညာခြင်းနှင့် ကျေးဇူးတင်လွှာ📌
မင်္ဂလာပါခင်ဗျာ...
ကျွန်တော်တို့ကျောင်းသည် ၂၀၀၈ ခုနှစ်မှ စ၍ Teacher Daw Khaing Khaing Tin ကိုယ်တိုင် ဦးစီးတည်ထောင် ကာ စနစ်တကျ ဖွင့်လှစ်ထားသော ကျောင်းဖြစ်ပြီး၊ ယနေ့တိုင် မိဘများနှင့် ကျောင်းသား/သူများ၏ ယုံကြည်မှုကို အပြည့်အဝရရှိထားသော British Council Partner ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်ခင်ဗျာ💁🏻

နှစ်ပေါင်းများစွာအတွင်း အောင်မြင်မှုမှတ်တိုင်များစွာအဖြစ် IELTS High Achiever များ နှင့် Cambridge Exam Grade A Pass ရရှိသူ ကျောင်းသား၊ ကျောင်းသူပေါင်းများစွာကို စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့ပြီး၊ လက်ရှိတွင်လည်း အရည်အသွေးမြင့်မားစွာဖြင့် ဆက်လက်ရပ်တည်လျက် ရှိပါတယ်💁🏻
ယခုတစ်လောတွင် ကျွန်တော်တို့ကျောင်းနှင့် အမည်ဆင်တူရိုးမှား page များနှင့် အကောင့်အချို့ ပေါ်ပေါက်နေသည်ကို သတိပြုမိပါသဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် လက်တွဲလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များ အမှတ်မမှားစေရန် အောက်ပါအတိုင်း အသိပေးလိုပါသည်။

ကျွန်တော်တို့ကျောင်း၏ တရားဝင် page /Telegram Channelနှင့်Tiktok Account များကို ယခုအသုံးပြုလျက်ရှိသော အမည်တစ်ခုတည်းဖြင့်သာ ဖွင့်လှစ်အသုံးပြုနေခြင်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နောက်ပိုင်းတွင် ပေါ်ထွက်လာသော အမည်ဆင်တူရိုးမှားများကြောင့် ရောထွေးမှုမရှိစေရန် 🙅🏻အထူးသတိပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ🧑🏼‍💼

ယနေ့အချိန်အထိ ကျွန်တော်တို့ကျောင်းအပေါ် ချစ်ခင်ယုံကြည်ပြီး သင်တန်းများ တက်ရောက်လျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် လက်တွဲဖော် လုပ်ငန်းရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🧑🏼‍💼🤗

20/05/2026

ကလေးတို့ရေ....
ဒီနေ့တော့ Musical Instruments နဲ့ပတ်သတ်တာလေးတွေလ့လာကြည့်ရအောင် 🎺🎻
✨ ဂီတဟာ လူအများကိုပျော်ရွှင်မှုပေးနိုင်သလို ကမ္ဘာတစ်ဝှမ်းနိုင်ငံများရဲ့ ယဉ်ကျေးမှုကိုလည်းချိတ်ဆက်‌ပေးနိုင်ပါတယ်။
✨ တူရိယာတစ်မျိုးမျိုးကိုသင်ယူခြင်းက အာရုံစူးစိုက်မှု၊ ဖန်တီးနိုင်စွမ်းနှင့် ယုံကြည်မှုကိုတိုးတက်စေပါတယ်။
✨ဒါကြောင့်တူရိယာပစ္စည်း‌လေးတွေအကြောင်း လေ့လာကြည့်ပြီး ကိုယ်သင်ယူချင်တဲ့ တူရိယာလေးတွေရှိရင်လည်း Comment မှာပြောပေးခဲ့ပါဦးနော် 🎼🎶


Photos from Lancaster Education Centre's post 29/04/2026

ကျောင်းပိတ်ရက်အသိပေးကြေညာခြင်း

၃၀-၄-၂၀၂၆ ( ကြာသပတေးနေ့) “ကဆုန်လပြည့်နေ့’’ နှင့် ၁-၅-၂၀၂၆ (သောကြာနေ့) သည် “အလုပ်သမားနေ့’’ ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် အဆိုပါနေ့များတွင် Lancaster Education Centre မှ ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအား ရပ်နားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

#ကဆုန်လပြည့်နေ့
#အလုပ်သမားနေ့

17/04/2026

✨ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာဆုမွန်ကောင်း ✨

သာသနာသက္ကရာဇ် ၂၅၆၉ ခုနှစ် နှင့် မြန်မာကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်၊ သောကြာနေ့ သို့ ကူးပြောင်းရောက်ရှိလာသော ဤမင်္ဂလာရှိလှသော နှစ်ဆန်းတစ်ရက်နေ့ အချိန်ခါသမယတွင် Lancaster Education Center ရဲ့ ချစ်ခင်ရပါသော ကျောင်းသားမိဘများ၊ သားငယ်သမီးငယ်လေးများနှင့်တကွ ခုနစ်ရက်သားသမီးအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း Lancaster Education Center မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်ရှင်🙏🏼 ✨

11/04/2026

💦 မုန့်လုံးလေးတွေ ရေပေါ်ပေါ်သလို၊ ပျော်ရွှင်မှုတွေလည်း ရင်ထဲပေါ်လာတယ်🤗✨
သင်္ကြန်အငွေ့အသက်လေးတွေနဲ့အတူ ကျွန်တော်တို့ Lancaster Education Center မှာလည်း သင်္ကြန်ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ "မုန့်လုံးရေပေါ်" အတူတူလုပ်ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ🥰

ကလေးတွေကသူတို့ရဲ့ ချစ်စရာကောင်းတဲ့ လက်ကလေးတွေနဲ့ ဂျုံမှုန့်လေးတွေကို မုန့်လုံးလေးတွေဖြစ်အောင် လုံးကြ၊ ထန်းလျက်ကလေးတွေ ထည့်ကြနဲ့ အရမ်းကို အလုပ်ရှုပ်နေကြတာ။ 😍

ကလေးတို့ရဲ့ ကြိုးစားမှု၊ ပျော်ရွှင်မှုနဲ့ စိတ်အားထက်သန်မှုတွေကို ပြသနေတဲ့ ဒီချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို မိဘ/ဆရာသမားများအားလုံး အပျော်တွေစိတ်ကြည်နူးမှုတွေကူးဆက်လာစေရန်ရည်ရွယ်၍ နှစ်သစ်ဆုမွန်ကောင်းနှင့်အတူ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းပြည့်စုံပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ🙏🏼🤗

10/04/2026

"ကျောင်းပိတ်ရက် ကြေငြာခြင်း"

နှစ်သစ်ကူး အတာသင်္ကြန်ကာလ ဧပြီလ (11) ရက်နေ့မှ (20) ရက်နေ့အထိ Lancaster Education Centre ရှိ On Campus နှင့် Online အတန်းများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကျောင်းသားများအားလုံးလည်း ကျောင်းပိတ်ရက်မှာ မိဘ ညီအကိုမောင်နှမ မိသားစုများနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း Lancaster Education Centre မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ❤️

Please be informed that all On Campus and online classes at Lancaster Education Center will be closed from April 11th to April 20th for the New Year Thingyan Festival. ❤️



03/04/2026

အတန်းလေး မကြာခင်စတော့မှာမလို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ရအောင်🤗

Intermediate Level မှာတင် လည်ထွက်နေပြီး ရှေ့ဆက်မတိုးနိုင်ဖြစ်နေတဲ့ "Intermediate Plateau" ဝေဒနာရှင်များအတွက်…🙄

English စာလေ့လာသူအများစုဟာ Basic နဲ့ Pre-Intermediate အထိကို အရှိန်ကောင်းကောင်းနဲ့ တက်လှမ်းနိုင်ကြပေမယ့်... Intermediate Level ရောက်ရင်တော့ လနဲ့ချီ၊ နှစ်နဲ့ချီပြီး ရှေ့မတိုးနိုင်ဘဲ တစ်နေတတ်ကြပါတယ်။
ဒါကို "Intermediate Plateau" လို့ ခေါ်ပါတယ်။ တိုးတက်မှုက ရှိနေပေမယ့် သိသာထင်ရှားတဲ့ Graph အတက်ကို မမြင်ရတော့ဘဲ တန့်နေသလို ခံစားရတာမျိုးပါ။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? 🤔
🙄လေ့လာတာ ကြာလာတော့ အရှိန်လျော့ပြီး ပျင်းလာတာ။
🙄ကိုယ့်ရဲ့ Vocabulary နဲ့ Structure တွေက အသစ်အဆန်း မဟုတ်တော့ဘဲ ထပ်တလဲလဲ ဖြစ်နေတာ။
🙄ထိရောက်တဲ့ လေ့လာမှု Resources နဲ့ နည်းလမ်းအသစ်တွေ မရှိတာ။
💡 Solution ကတော့ ရိုးရှင်းပါတယ်... ဒါပေမယ့် "တွန်းအား" လိုအပ်တယ်!
ဒီ Plateau ကြီးကို ဖောက်ထွက်ပြီး Advanced Level ဆီ တက်လှမ်းနိုLancaster Education Centerမှာ Intermediate Class လေး ရှိနေပါပြီ။ ✨

03/04/2026

"စက္ကူရောင်စုံလေးတွေကနေ ရုပ်ပုံအမျိုးမျိုး ဖြစ်လာတဲ့အခါ... ✨

Starters အတန်းက သားသားမီးမီးတို့ရဲ့ လက်ဖျားလေးတွေမှာ မျက်လှည့်ပြနေသလားအောက်မေ့ရပါတယ်။ ဒီနေ့ရဲ့ 'Shapes' သင်ခန်းစာမှာတော့ စာအုပ်ထဲကပုံတွေကိုကြည့်ရုံတင်မဟုတ်ဘဲ ကိုယ်တိုင် လက်တွေ့ဖန်တီးရင်း ပုံသဏ္ဌာန်တွေကို သင်ယူနေကြတာပါ..."💁🏻

🤔"ပုံသဏ္ဌာန်တွေကို သင်ကြားပေးရုံနဲ့ ကလေးတစ်ယောက်ရဲ့ တွေးခေါ်မှုကို ပြောင်းလဲနိုင်ပါသလား? 🤔

အဖြေကတော့ 'ပြောင်းလဲနိုင်ပါတယ်' ။ ကလေးတွေဟာ စာသင်ခန်းထဲမှသင်ယူလိုက်တဲ့ Shapes တွေကတစ်ဆင့် သူတို့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ မြင်တတ်လာကြပါတယ်...🤗

🎯"ဒီစက္ကူပြားလေးက အဝိုင်းဖြစ်တယ်၊ အိမ်က နာရီကလည်း အဝိုင်းပဲ၊ ဒါကြောင့် နာရီဟာ Circle ပုံစံပဲ" ဆိုတဲ့ Visual Recognition to Real-World Mapping 🔎🖇️ကို စတင်အသုံးပြုလာတတ်ပါတယ်။

စာတွေ့တင်မကဘဲ လက်တွေ့ပါ ကျွမ်းကျင်လာအောင် လေ့ကျင့်ပေးနေတဲ့ Lancaster Education Center ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ 🌈

26/03/2026

Intermediate Level မှာတင် လည်ထွက်နေပြီး ရှေ့ဆက်မတိုးနိုင်ဖြစ်နေတဲ့ "Intermediate Plateau" ဝေဒနာရှင်များအတွက်…🙄

English စာလေ့လာသူအများစုဟာ Basic နဲ့ Pre-Intermediate အထိကို အရှိန်ကောင်းကောင်းနဲ့ တက်လှမ်းနိုင်ကြပေမယ့်... Intermediate Level ရောက်ရင်တော့ လနဲ့ချီ၊ နှစ်နဲ့ချီပြီး ရှေ့မတိုးနိုင်ဘဲ တစ်နေတတ်ကြပါတယ်။
ဒါကို "Intermediate Plateau" လို့ ခေါ်ပါတယ်။ တိုးတက်မှုက ရှိနေပေမယ့် သိသာထင်ရှားတဲ့ Graph အတက်ကို မမြင်ရတော့ဘဲ တန့်နေသလို ခံစားရတာမျိုးပါ။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? 🤔
🙄လေ့လာတာ ကြာလာတော့ အရှိန်လျော့ပြီး ပျင်းလာတာ။
🙄ကိုယ့်ရဲ့ Vocabulary နဲ့ Structure တွေက အသစ်အဆန်း မဟုတ်တော့ဘဲ ထပ်တလဲလဲ ဖြစ်နေတာ။
🙄ထိရောက်တဲ့ လေ့လာမှု Resources နဲ့ နည်းလမ်းအသစ်တွေ မရှိတာ။
💡 Solution ကတော့ ရိုးရှင်းပါတယ်... ဒါပေမယ့် "တွန်းအား" လိုအပ်တယ်!
ဒီ Plateau ကြီးကို ဖောက်ထွက်ပြီး Advanced Level ဆီ တက်လှမ်းနိုLancaster Education Centerမှာ Intermediate Class လေး ရှိနေပါပြီ။ ✨

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Centre : 26 A Nawaday Road (3rd Floor), Dagon Township
Yangon

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00