22/07/2026
က ဆရာ၊ဆရာမ အချို့အတွက် စီစဉ်ပေးတဲ့ 'FCE writing training for Teachers' မှာ Trainer Tr က ကိုယ့် ဆရာ၊ဆရာမတွေတော်ကြောင်း စကားဆက်စပ်မိရာကနေ ကိုယ်ထုတ်ထားတဲ့ စည်းကမ်းတွေကြောင့် ကိုယ်က သူတို့အတွက်တော့ 'ဘီလူးမကြီး' ဖြစ်နေနိုင်ကြောင်း ရယ်ရင်း ပြောမိတော့ Tr က ထိုင်နေရတဲ့ ခုံတွေ မတူတဲ့အခါ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရကြောင်းပြောပြတယ်။
အတန်းပြီးတော့ အိမ် သန့်ရှင်းရေးလုပ်နေရင်း တွေးကြည့်တော့..... တကယ်ပါပဲ…
လူတိုင်းရဲ့ ဘဝမှာ ကိုယ်စီယူထားတဲ့ role တွေက အများကြီးရှိကြတာပဲ။ အိမ်မှာဆို သားသမီးတစ်ယောက်၊ မိသားစုဝင်တစ်ယောက်။ အလုပ်မှာဆို ဆရာမတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ တစ်ခါတလေ ခေါင်းဆောင်တစ်ယောက်။
Role တစ်ခုချင်းစီမှာ မျှော်လင့်ချက်တွေ မတူဘူး။ တာဝန်တွေ မတူဘူး။ ဆုံးဖြတ်ချက်တွေ မတူဘူး။
လူတိုင်းကို အမြဲစိတ်ကျေနပ်အောင် လုပ်ပေးလို့ မရတဲ့ အချိန်တွေလည်း ရှိတယ်။ စည်းကမ်းတစ်ခုကို ကိုင်ထားရတဲ့အခါ၊ ကိုယ်က တချို့လူတွေအတွက် “တင်းကျပ်တဲ့သူ”၊ “အသည်းမာတဲ့သူ”၊ ဒါမှမဟုတ် “ဘီလူးမကြီး” လို့တောင် ထင်ခံရနိုင်တယ်။
ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်က ကိုယ့်အတ္တအတွက် မဟုတ်ဘဲ ကိုယ်ယူထားတဲ့ role ရဲ့ တာဝန်ကြောင့် ဖြစ်နေတတ်တာများတယ်။
ဒီနေ့တော့ လူတစ်ယောက်ကို အကဲဖြတ်မယ့်အစား သူ ဘယ် “ခုံ” ပေါ်မှာ ထိုင်နေရလဲဆိုတာကို အရင်စဉ်းစားကြည့်ဖို့ သင်ခန်းစာတစ်ခု ရလိုက်တယ်။
တစ်ခါတလေ… လူက ပြောင်းတာ မဟုတ်ဘူး။
သူ ထိုင်နေရတဲ့ “ခုံ” က ပြောင်းသွားတာပါ။