EC Private High School

EC Private High School The Prestigious School of Future Leaders : Excellence in Body, Speech and Mind : Quality Education Founded in 1998 by Dr. Saw Hla Phyu
(1)

29/07/2026

✅ တစ်သတ်တာအမှတ်တရကုသိုလ်
🔹 ဓမ္မစကြာအခါတော်နေ့ (ဝါဆိုလပြည့်)
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင်
ရင်သွေးတပည့်များ
သီတင်းသီလဆောက်တည်ကြလျက်
“ဓမ္မစက္ကပဝတ္တနသုတ်" တရားတော်ပူဇော်🙏
🔹 အတန်းပညာလည်း တက္ကသိုလ်ဝင်တန်း
မြန်မာတစ်နိုင်ငံလုံးပထမ၊ Top-Ten
🔹 ကုသိုလ်ရေးလည်း ထူးချွန်ကြသည့်
လိမ္မာကြသော တပည့်လေးများအတွက်
ပီတိဖြစ်ရပါသည်။
🔹 အစွန်းတရားနှစ်ခုကို ဖယ်ခွါလျက်
အလယ်လမ်းဖြစ်သော မဂ္ဂင်ရှစ်ပါးကို
ကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

🔹 On the Auspicious Day of
the Full Moon of Waso,
Devoted disciples are diligently observing
the Buddhist Lent
at the sacred Shwedagon Pagoda,
venerating the noble sermon,
Dhammacakkappavattana Sutta. 🙏

🔹 In academics,
they have excelled at the university
entrance level, ranking first
in the whole Myanmar and the Top-Ten.

🔹 In acts of merit,
graceful and well-disciplined students
have also demonstrated
exceptional dedication —
a source of deep joy and pride.

🔹 May they strive to walk
the Noble Eightfold Path,
distancing themselves from two extremes,
and earnestly cultivate the middle way
through their own mindful practice.

19/07/2026

✅ အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ

19/07/2026
✅ ဂုဏ်ယူဝမ်းမြောက်ခြင်း✅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်       တက္ကသိုလ်ဝင်တန်းမှတ်တမ်း🔹 ဖြေဆိုသူ                               ၁၁၅...
29/06/2026

✅ ဂုဏ်ယူဝမ်းမြောက်ခြင်း
✅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်
တက္ကသိုလ်ဝင်တန်းမှတ်တမ်း

🔹 ဖြေဆိုသူ ၁၁၅ ဦး
🔹 အောင်မြင်သူ ၁၀၄ ဦး
🔹 ဂုဏ်ထူးရရှိသူ ၅၉ ဦး
🔹 ပြန်လည်ကြိုးစားမည့်သူ ၁၁ ဦး
🔹 အောင်ချက်ရာနှုန်း ၉၀.၄၃ %
🔹 ဂုဏ်ထူးရာနှုန်း ၅၆.၇၃ %
🔹 ပြင်ပဖြေအောင်ချက်ရာနှုန်း ၁၀၀ %

✅ (၅) ဘာသာဂုဏ်ထူးရှင် ၅ ဦး
(၄) ဘာသာဂုဏ်ထူးရှင် ၁၃ ဦး
(၃) ဘာသာဂုဏ်ထူးရှင် ၁၉ ဦး
(၂) ဘာသာဂုဏ်ထူးရှင် ၁၄ ဦး
(၁) ဘာသာဂုဏ်ထူးရှင် ၈ ဦး

✅ တစ်နှစ်ပတ်လုံး လိမ္မာယဉ်ကျေးပြီး
ရိုးသားကြိုးစားခဲ့ကြသည့် ရင်သွေးတပည့်များ၏
တောက်ပသော အနာဂတ်များအတွက်
မိဘများနှင့်ထပ်တူ
ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း

✅ မုဒိတာ
𝐆𝐫𝐚𝐝𝐞 𝟏𝟐 တတိယနှစ်
အောင်မြင်မှုများရရှိခဲ့ကြသည့်
ကျောင်းသားကျောင်းသူများ
ဆရာကြီးဆရာမကြီးများနှင့်ထပ်တူ
အီးစီကျောင်းသားကျောင်းသူများ၊
ဆရာဆရာမများက
ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း

(𝐆𝐫𝐚𝐝𝐞 𝟏𝟐 ပထမဆုံးနှစ်
မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးပထမ
𝐓𝐡𝐞 𝐖𝐡𝐨𝐥𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐢𝐫𝐬𝐭 နှင့်
အောင်ချက်ရာနှုန်း ၁၀၀% ဂုဏ်ပြုပွဲ
အမှတ်တရ)
𝐖𝐲𝐧𝐝𝐡𝐚𝐦 𝐆𝐫𝐚𝐧𝐝 𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐨𝐭𝐞𝐥

13/06/2026

Ambitions

29/05/2026

#ဓမ္မောဟဝေရက္ခတိဓမ္မစာရီ

G12 ဖြေခါနီးတစ်ပတ်အလို

မနက်စောစော အဆောင်မှာ ဆရာက ကလေးတွေနဲ့အတူ မနက်စာနေ့စဉ်စားပါတယ်။ ဆရာ့ရှေ့က နေရာလွတ်ကလေးမှာ အတော်ဆုံးသမီးလေးက လာထိုင်ပြီး ဆရာ့ကိုပြုံးပြတယ်။ ဆရာကလည်း ဖြည်းဖြည်းလေးပြုံးပြပြီး မျက်စိလေးပိတ်ပြီး စကားဆိုတယ်။

သမီး …

#ကတံဗုဒ္ဓဿသာသနံ ဆိုတဲ့စကားမြတ်ကို

ဘုရားရှင်ရဲ့အဆုံးအမတွေလိုက်နာကျင့်သုံးပြီးလို့ ရဟန်းကိစ္စပြီးတဲ့ ရဟန္တာအရှင်မြတ်တွေက “ငါဟာ ဘုရားရှင်ရဲ့သာသနာတော်မှာ ပြုဖွယ်ကိစ္စတွေပြုပြီးပြီ” လို့ ဆိုလေ့ရှိတယ်လို့ ဆရာမှတ်သားဖူးတယ်။

အဲသလိုပဲ သမီးဟာ တစ်နှစ်တာလုံး အဆောင်မှာ ဆရာဆရာမတွေအားလုံးအပေါ်မှာ သူတော်ကောင်းတို့ရဲ့ ဂုဏ်ရည်ဖြစ်တဲ့ ဆုံးမလွယ်ခြင်း #သောဝစဿနဂုဏ် အပါအဝင် တပည့်ကောင်းတို့ရဲ့ပြုဖွယ်တွေ ပြုခဲ့တယ်။ အဆောင်နေသူငယ်ချင်းတွေအပေါ်မှာ စာတွေရှင်းပြတတ်ပြီး မေတ္တာထားခြင်း၊ #ခန္တီစ သည်းခံခြင်းစတဲ့ မိတ်ဆွေကောင်းတို့ရဲ့ ပြုဖွယ်တွေပြုခဲ့တယ်။

အဆောင်မှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းလေးတွေအပေါ်မှာလည်း ဘယ်တော့မှ မလေးမစားမပြုပဲ လေးလေးစားစားကြင်ကြင်နာနာပြုမူဆက်ဆံခဲ့ဆိုတာဆရာတစ်နှစ်ပတ်လုံးတွေ့မြင်ခဲ့ရတယ်။

သမီးပြုဖွယ်ကိစ္စတွေကို ကောင်းစွာဖြည့်ဆည်းခဲ့တာဆရာဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်သမီး

သမီးအတွက် ဒီ Grade 12 စာမေးပွဲသာမက ဘဝတစ်လျှောက်လုံးသမီးဖြစ်ချင်တဲ့ ဆရာဝန်ကြီးဖြစ်ပြီး ကိုယ်ရော၊ စိတ်ရောချမ်းသာတော့မှာသေချာတယ်သမီး။ သမီးတစ်ဘဝလုံးအတွက် ဆရာစိတ်ချတယ်သမီး။

အဲဒါ #ဓမ္မောဟဝေရက္ခတိဓမ္မစာရီ ပဲသမီး
တရားကျင့်သူကို တရားကစောင့်ရှောက်တာ သဘာဝပဲသမီး။ #ဆရာ့ကိုယ်တွေ့လည်းဖြစ်ပါတယ်သမီး

ကျောင်းဆရာတစ်ယောက်အနေနဲ့ မချမ်းသာပေမယ့် တပည့်တွေကို ကြိုးစားစေချင်လွန်းလို့ နှစ်စကတည်းက ဆရာကတိပေးထားတဲ့အတိုင်း #မြန်မာတစ်နိုင်ငံလုံးပထမရတဲ့ သမီးအကိုကြီးတုန်းကလိုပဲ #အောင်စာရင်းထွက်တဲ့နေ့မှာပဲ ဆုချီးမြှင့်မယ်နော်။

Credit to Saya S

Thanks Saya NC. 🙏

✅ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့      ကျောင်းနေအရွယ်ကလေးအားလုံး       ကျောင်းအပ်နှံကြပါစို့✅ ကျောင်းအပ်နှံရေ...
24/05/2026

✅ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့
ကျောင်းနေအရွယ်ကလေးအားလုံး
ကျောင်းအပ်နှံကြပါစို့

✅ ကျောင်းအပ်နှံရေးသီတင်းပတ်

✅ ၂၅-၅-၂၀၂၆ ရက်နေ့မှ ၃၁-၅-၂၀၂၆ ရက်နေ့ထိ

🔹 Placement Test (အထူးအစီအစဉ်)
24/05/2026

🔹 Placement Test (အထူးအစီအစဉ်)

Address

6 A, Natmauk Road, Tarmway Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959264200057

Website

Alerts

Be the first to know and let us send you an email when EC Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to EC Private High School:

Shortcuts

Share

Category