JSM Korean Language Academy

JSM Korean Language Academy "시작이 반이다 "

25/08/2026

အတူတူရှ်ိနေရင်းက အထီးကျန်လာတယ်လို့ ခံစားရရင် မိန်းကလေးတွေက လမ်းခွဲဖို့ ဆုံးဖြတ်ပါတယ် ဒါသည် ချစ်တာ မချစ်တာနဲ့ မဆ်ိုင်ပါဘူး ဆက်ဆံရေးတစ်ခုကို သည်းခံနိုင်သလောက် စောင့်ဆိုင်းပေးပါတယ် မရတော့ရင် လှည့်ထွက်လာခဲ့ကြတာ များပါတယ် ချယ်အင်းက အဲ့လိုကောင်မလေးမို့ သူက အခု အစီစဉ်မှာပါတော့ ဒီမှာ ပြန်အဆင်ပြေသွားနိုင်တာပဲဆို ပြောကြတော့ လက်ရှိသူ့မှာ ကောင်လေး အသစ်ရှိနေပါပြီတဲ့ အဲ့အချိန် တစ်ဖက်သူမှာက နောင်တတွေ အမှားတွေ တပွေ့ကြီးနဲ့ လက်မလွှတ်နိုင်ဖြစ်နေတုန်းဆိုတာ သူ့မျက်လုံးတွေက သက်သေပါပဲ 🥹

25/08/2026

လူက ရုံးမရောက်သေးဘူး လမ်းတင်ရှိသေး စိတ်က အိမ်ပြန်ရောက်နေပြီ 🤣

24/08/2026

အသက် ၂၀ ဝန်းကျင်အရွယ်မှာ တွေ့ခဲ့တဲ့သူကို တစ်သက်လုံး မမေ့နိုင်ဘူးတဲ့ ငယ်ရွယ်ချိန်မှာ တူ”ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်တွေက ဘယ်လိုလုပ်မေ့လို့လွယ်ပါ့မလဲ 🥹

ဒါလေးက SBS happy together အစီစဉ်မှာ ပါဝင်ထားတဲ့ duet performance လေးပါ အဆိုတော်ကောင်မလေးနဲ့ စန္ဒယားတီးတဲ့သူက ၈နှစ်ကြာ တွဲခဲ့တဲ့ ရည်းစားဟောင်းတွေပါ လမ်းခွဲပြီး သိပ်မကြာသေးတာပေမယ့် ဒီအစီစဉ်ပါမလားဆိုပြီး ကောင်မလေးက အရင်ကမ်းလှမ်းလို့ ကောင်လေးဘက်က အရင်ထဲက ကောင်မလေးဖြစ်ချင်ခဲ့တဲ့ အဆိုတော် အိမ်မက်ကို နောက်ဆုံးအချ်ိန် ဒီစင်မြင့်လေးမှာ တူတူဖျော်ဖြေပြီး သူတို့၂ယောက်ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ချင်လို့ဆို ပါဝင်ခဲ့ကြတာပါ သီချင်းစာသား ပျော်နေမှဖြစ်မယ်ဆိုတာလေးမှာ နောက်ဆုံးတစ်ကြောင်းကြ “မင်းကောပဲဆို ကောင်လေးထပြောတော့ ကိုယ်ပါ ငိုမိတယ် 😭
စန္ဒယား တီးနေတဲ့ တစ်ချိန်လုံးလည်း ကောင်မလေးကိုပဲ လှမ်းကြည့်နေခဲ့တာ တချို့ ချစ်ခြင်းတွေက တစ်ဘဝလုံးစာ သိမ်းထားလည်း ရတယ်ဆိုတာမျိုး ထင်ပါရဲ့ 🥺🩷

21/08/2026

အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားတဲ့အခါ တချို့နေ့ရက်တွေဟာ ပြန်မရနိုင်တော့ပေမယ့် လွမ်းမောဖွယ်ရာပါ 🥺
#환승연애

Korean Daily Conversational Words 🇰🇷ဒီနေ့မှာတော့ မင်မင် သဘောကျရတဲ့ our beloved summer ☀️က်ို အခြေခံပြီး နေ့စဉ်သုံး စကားပ...
18/08/2026

Korean Daily Conversational Words 🇰🇷

ဒီနေ့မှာတော့ မင်မင် သဘောကျရတဲ့ our beloved summer ☀️က်ို အခြေခံပြီး နေ့စဉ်သုံး စကားပြောလေးတွေကို ဝေမျှပေးထားပါတယ် အားလုံး ကြားဖူးနေကြ ဖြစ်မယ်လို့လည်း ထင်ပါတယ်

ဇာတ်ကား ဒရမ်မာကြည့်တဲ့အခါ ကိုယ်တွေ စာလေ့လာရင်းနဲ့ ကြည့်တဲ့အခါ ပိုပြီး မှတ်မိပါတယ် ဒါကြောင့် Korean subtitles ပါတာလေးကြည့်ဖို့ တိုက်တွန်းပါရစေ 👐🏼💓

시 နဲ့ 시간 ဘယ်လိုကွာခြားလဲဆိုတာ အခုပဲ လေ့လာကြည့်လိုက်ကြရအောင် 🫶🏼시 ကတော့ သတ်မှတ်ထားတဲ့ အချိန်ကို ဆိုလိုတာပါ တစ်နာရီ နှစ်နာရ...
17/08/2026

시 နဲ့ 시간 ဘယ်လိုကွာခြားလဲဆိုတာ အခုပဲ လေ့လာကြည့်လိုက်ကြရအောင် 🫶🏼

시 ကတော့ သတ်မှတ်ထားတဲ့ အချိန်ကို ဆိုလိုတာပါ
တစ်နာရီ နှစ်နာရီ စသဖြင့်ပေါ့
ကိန်းဂဏန်း + 시
한 시 , 두 시
예문 : 지금 몇 시예요?
အခု ဘယ်နှနာရီလဲ
아침 8시에 학교에 가요.
မနက်၈နာရီမှာ ကျောင်းသွားတယ်
3시에 만나요 .
၃နာရီမှာ တွေ့ကြမယ်

시간 ကတော့ ကြာချိန်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်
ယေဘုယျအားဖြင့် အချိန်ရတယ် အချိန်ရှိတယ် မရှိဘူး ပြောချင်တဲ့အခါမျိုးမှာဆိုလည်း 시간 နဲ့ပဲ သုံးပါတယ်

ဥပမာ
시간이 없다 /있다 .
အချိန် မရှိဘူး / ရှိတယ်

시간이 많이 걸리다 .
အချိန် အများကြီး ကြာတယ်

시간이 지나가다.
အချိန်ကုန်သွားတယ်

시간이 필요하다.
အချိန်လိုအပ်တယ်

ကြာချိန်နဲ့လည်းတွဲသုံးပါတယ်
한 시간 တစ်နာရီကြာ
두 시간 နှနာရီကြာ

한 시간 공부했어요 .
1နာရီကြာ စာလေ့လာခဲ့တယ်

서울까지 세 시간이 걸려요.
ဆိုးလ်မြို့အထိ ၃နာရီကြာတယ်

ကဲ ဒီလောက်ဆို ကွာခြားချက်ကို သိပြီး သေချာသုံးနှုန်းတတ်လိမ့်မယ်လို့ထင်ပါတယ် 👐🏼

ဟပ်ပီး Friday လေးဖြစ်ပါစေ ယောရောဘွန်း 👐🏼
14/08/2026

ဟပ်ပီး Friday လေးဖြစ်ပါစေ ယောရောဘွန်း 👐🏼

12/08/2026

ရည်းစားမကျ သူငယ်ချင်းမကတဲ့ အခြေအနေလေးက ပိုရင်ခုန်ရတယ် 💁‍♀️

စာမေးပွဲ ဖြေဖို့ စလုပ်ပြီဆိုတာနဲ့ study plan ဆွဲဖို့ အရင်ဦးဆုံး လုပ်ရပါမယ် ဒါကြောင့် မင်မင်က ဒီနေ့မှာတော့ ဘယ်ကနေ စာစလုပ်...
10/08/2026

စာမေးပွဲ ဖြေဖို့ စလုပ်ပြီဆိုတာနဲ့ study plan ဆွဲဖို့ အရင်ဦးဆုံး လုပ်ရပါမယ် ဒါကြောင့် မင်မင်က ဒီနေ့မှာတော့ ဘယ်ကနေ စာစလုပ်းမလဲ ဘယ်လိုလုပ်ရမလဲ မသိတဲ့သူတွေ အတွက် ပြင်ဆင်ပေးထားတာလေး ရှိပါတယ် 🫶🏼

Daily Routine( Monday to Friday) 🕰️

ပထမလမှာ စာကြည့်ချိန် အနည်းဆုံး ၃နာရီကနေ ၄နာရီအထိ ရှိသင့်ပါတယ်

မိနစ် ၃၀ လောက်ကို မီးနင်း ကျက်ပြီး
ကျန် မိနစ် ၃၀ မှာ ကိုယ်နဲ့ မရင်းနှီးသေးတဲ့ သဒ္ဒါအသစ်တွေကို လေ့လာရပါမယ်

Reading ပုစ္ဆာတွေ လေ့ကျင့်ဖို့ ၄၅ မိနစ်လောက် အချိန်ယူဖတ်ဖို့ လေ့ကျင့်သင့်ပါတယ် တခါထဲ မသိ
တဲ့ မီးနင်းသဒ္ဒါကို ဒီမှာထဲက notes ထုတ်ပြီး နောက်
ရက်မှာ ပြန်ကျက်ရပါမယ်

နောက်ထပ် ၄၅ မိနစ်ကိုတော့ listening 👂 အတွက် အချိန်ပေးရပါမယိ ဒီနေရာမှာ မေးခွန်းနံပါတ် ပုံစံတူစုပြီးလေ့ကျင့်တာက ပိုထိရောက်ပါတယ်

စာမေးပွဲမှာ အမှတ်များများ ရဖို့ဆို writing ✍️ ကိုလည်း အခုထဲက ကြိုတင်လေ့ကျင့်ထားဖို့လိုပါမယ် အဲ့အတွက်လည်း မိနစ် ၃၀ လောက် အချိန်ပေးလေ့လာဖို့မမေ့ပါနဲ့

ပိတ်ရက် Sat & Sun သည် တစ်ပတ်စာ ကြည့်ခဲ့ မှတ်ခဲ့တဲ့စာတွေကို review ပြန်လုပ်ရမယ့် အချိန်ပါ မေးခွန်းနံပါတ် ဘယ်လောက်မှာ မှားတယ် ဘာလို့မှားတယ် စသဖြင့် အမှားလိုက်ရှာရပါမယ်

Listening Questions No 1 to 20
Reading Questions No 1 to 20
Writing Questions No 51,52

ဦးဆုံး ဒီနံပါတ်တွေကို ဖြေဆိုဖို့ လေ့ကျင့်ပြီး အမှားနည်းနိုင်သမျှ နည်းအောင် ဖြေပါ

ဒါက ဩဂုတ်လအတွက် ၂ပတ်စာလောက် လေ့ကျင့်ဖို့ အချိန်ဇယားဆွဲပေးထားတာပါ ထပ်ပြီး နောက်ထပ် နံပါတ်တွေအတွက်လည်း အသေးစိတ်ရှင်းပြပြီး study 📚 schedule ဆွဲပေးမှာမို့ ပေ့ချ်လေးကို like and follow 💁‍♀️လုပ်ပြီး စောင့်ကြည့်ပေးထားပါဦးနော် 👐🏼💓

07/08/2026

ကိုယ်ကြိုက်တဲ့ မင်းသားနဲ့ ကိုယ်နဲ့ တူတဲ့အချက်တစ်ခုရှာတွေ့ပြီ အဲ့တာ မအိပ်ခင်မှာ စိတ်ကူးယဉ်တာပဲ🤣

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when JSM Korean Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share